← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ရွှေရောင်လျှပ်စီးဓားအားသန့်စင်ခြင်း

ရှောင်လိန်သည် ခဏတာ တွေဝေနေလေသည်။ ထိုချိန်မှာ ကျစ်ယန်သည် ဒန်ကိုးပါးဆေးလုံးရဲ့ ဆေးကျမ်းပါ ထုတ်ပေးမယ်လို့ ပြောလိုက်၏။ ဒန်ကိုးပါး ဆေးလုံးလို့ ကြားတဲ့အခါ ရှောင်လိန်သည် "အကြီးအကဲ......ရှင်စနေတာ မဟုတ်ပါဘူးနော် " လို့ ​မယုံနိုင်စွာမေးလိုက်သည်။

ကျစ်ယန်သည် စာလိပ်အလွတ်နှစ်ခုနဲ့မှင်စုတ်တံအား ယူခိုင်းလိုက်၏။ ရှောင်လိန်သည် ကျူရွယ်အား မြန်မြန်သွားယူခိုင်းလိုက်သည်။ ကျူရွယ်သည် ခဏလေးအတွင်းမှာပဲ စာလိပ်အလွတ်နှစ်ခုနဲ့ မှင်စုတ်တံတစ်ချောင်းအား ယူလာကာ ကျစ်ယန်ရှေ့ရှိ စားပွဲခုံလေးပေါ်သို့ တင်ပေးလိုက်၏။

ကျစ်ယန်သည် စာလိပ်နှစ်ခုအား စိတ်ဖြင့် ထိန်းချုပ်လိုက်သည်နှင့် စာလိပ်တွေသည် လေပေါ်သို့ တည်ငြိမ်စွာ ရောက်ရှိသွားသည်။ ကျစ်ယန်သည် မှင်စုတ်တံအား စုပ်ယူလိုက်ပြီး များစွာသော ရွှေရောင်စကားလုံးပေါင်း များစွာကို စက္ကန့်ပိုင်းအတွင်းမှာပဲ စာလိပ်ပေါ်သို့ ရေးချလိုက်၏။

ခဏအကြာမှာပင် ကျစ်ယန်သည် စာလိပ်နှစ်ခုအား ချက်ချင်းပင် ရှောင်လိန်ထံသို့ လွဲပြောင်းပေးလိုက်သည်။ ရှောင်လိန်သည် ချက်ချင်းပင် စာလိပ်တစ်လိပ်အား ဖွင့်ကြည့်လိုက်ပြီး မယုံနိုင်စွာဖြင့် ကျစ်ယန်မျက်နှာအား ပြန်ကြည့်လိုက်၏။

ကျစ်ယန်သည် ထလိုက်ပြီး "ငါတို့ကိစ္စပြီးပြီမလား......မင်းဘက်က ဘယ်လိုဆောင်ရွက်ပေးမလဲ ငါသိချင်တယ် " လို့ ပြောလိုက်သည်။

ရှောင်လိန်သည် နောက်စာလိပ်တစ်ခုအား ဖွင့်မကြည့်တော့ဘဲ သိုလှောင်ကွင်းထဲသို့ သိမ်းလိုက်ပြီး "အကြီးအကဲ.....ခုလက စပြီး အကြီးအကဲရဲ့ ရပိုင်ခွင့်ကို ရှောင်လိန် ထိန်းသိမ်းထားပေးပါ့မယ် ၊ အကြီးအကဲအချိန်မရွေး မိန်ရတနာခန်းမမှာ လာရောက် ထုတ်ယူလို့ရပါတယ် "လို့ ပြောလိုက်၏။

ကျစ်ယန်သည် မီးနဂါးမြို့တော်ကနေ မကြာခင်ထွက်ခွာတော့မှာ ဖြစ်တဲ့အတွက် လိုအပ်သည့် ဆေးအမယ်တချို့နဲ့ ရတနာပစ္စည်းတချို့ကို ယူဆောင်၍ ရှောင်လိန်တို့နဲ့ နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

ကျစ်ယန်သည် ညတွင်းချင်းပဲ နောက်ထပ်တစ်နေရာကို ဦးတည်၍ လာခဲ့၏။ ထိုနေရာကတော့ လက်နက်သန့်စင်ခြင်းမျှော်စင်ပင် ဖြစ်သည်။ လက်နက်သန့်စင်ခြင်းမျှော်စင်သည် သေးငယ်သော်လည်း မီးနဂါးမြို့တော်ထဲတွင် အထွပ်အမြတ်နေရာတစ်ခုပင် ဖြစ်၏။

ကျစ်ယန်ရောက်ရှိသောအချိန်သည် မနက်မိုးလင်းဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။ ကျစ်ယန်ရောက်ရှိလာတဲ့အခါ လူတစ်ယောက်သည် အပေါ်ထပ်မှ ကြည့်ကာ ပြုံးနေခဲ့၏။ ဝူရွင်းလိုခေါ်သောလူသည် ပြုံးစိစိဖြင့် "သခင်လေး မင်းရောက်လာတာအချိန်ကိုက်ပဲ.....ငါမင်းကို သတင်းကောင်းပြောစရာရှိတယ် "လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ထိုလူအား တစ်ချက်ကြည့်လိုက်ပြီး "မင်းငါ့ကို လက်နက်သန့်စင်ခြင်းခန်းမကိုပဲ လိုက်ပို့ပေးလို့ ရမလား " လို့ ပြောလိုက်၏။ထိုလူသည် ကြောင်အသွားပြီး "ငါလိုက်ပို့ပေးပါ့မယ် "လို့ ပြောကာ ရှေ့ကနေ ခေါ်ဆောင်သွားခဲ့သည်။

ဝူရွင်းသည် သွားရင်းဖြင့် "သခင်လေး......ငါတို့လက်နက်သန့်စင်ခြင်းမျှော်စင်မှာ ခန်းမတွေအပေါ်မူတည်ပြီး စျေးနှုန်းခွဲထားတယ် "လို့ ပြောလိုက်၏။ ကျစ်ယန်သည် အေးဆေးပင် လိုက်၍ "အကောင်းဆုံးအခန်းကိုပဲ ငါ့ကိုလိုက်ပို့ " လို့ ပြောလိုက်သည်။

ဝူရွင်းသည် အခန်းတစ်ခုရှေ့သို့ ရောက်တဲ့အခါ "သခင်လေး.....ဒီအခန်းရဲ့ တန်ဖိုး တစ်နာရီကို ရွှေဒင်္ဂါး ၁သိန်းကျပါတယ် " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ရွှေဒင်္ဂါးတစ်ထုပ်အား ဝူရွင်းကို ပေးလိုက်ပြီး "မင်းသွားလို့ ရပြီ "လို့ ပြောကာ အခန်းအတွင်းသို့ ဝင်သွားခဲ့သည်။

ကျစ်ယန်သည် အခန်းထဲတွင် ရတနာငါးမျိုးပါသောအစီအရင်ဖွဲ့စည်းပုံကို တွေ့လိုက်၏။ ကျစ်ယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ရတနာငါးမျိုးရှိ စွမ်းရည်များ ထွက်ပေါ်လာပြီး တစ်ခုနဲ့ တစ်ခု ပေါင်းစပ်ကာ အစီအရင်စက်ဝိုင်း တစ်ခု ထွက်ပေါ်လာလေသည်။

ကျစ်ယန်သည် သိုလှောင်ကွင်းထဲမှ သွမ်ကျောက်သတ္တုနက်အား

ထိုအစီအရင် စက်ဝိုင်းပေါ်သို့ တင်လိုက်၏။ ထို့နောက်ကျစ်ယန်သည် ထိုင်ချလိုက်ပြီး သူလက်ချောင်းများကို အဆက်မပြတ်လှုပ်ရှားလိုက်သည်။

တစ်မိနစ်ကြာပြီးနောက် သွမ်ကျောက်သတ္တုနက်သည် စတင်၍ တဖြည်းဖြည်း အရည်ပျော်လာခဲ့၏။ ထိုချိန်မှာ ဝူရွင်းသည် အဖိုးအိုတစ်ယောက်ဆီသို့ လျင်မြန်စွာသွားခဲ့ပြီး ကျစ်ယန်သည် သူ့စကားကို နားမထောင်ဘဲ လက်နက်သန့်စင်ခြင်းခန်းမကိုသာ ဌားသွားတဲ့အကြောင်း ပြောပြလိုက်သည်။

အဖိုးအိုသည် သူကိုင်ထားသော ဖန်ခွက်အား ကွဲကြေအောင် ဆုပ်ကိုင်လိုက်ပြီး "လက်စသတ်တော့.....မင်းကလဲ လက်နက်သန့်စင်သူတစ်ယောက်ပဲလား " လို့ အံကြိတ်ကာ ပြောဆိုလိုက်၏။ ဝူရွင်းသည် ကြောက်ကြောက်လန့်လန့်ဖြင့် အဖိုးအိုကို အရိုအသေပြုကာ အခန်းငယ်မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

တစ်ဖက်မှာတော့ ကျစ်ယန်သည် သွမ်ကျောက်သတ္တုနက်အား လျှပ်စီးသွေးကြောစွမ်းအားကို ထည့်ပေါင်းစပ်ကာ ရွှေရောင်လျှပ်စီးဓားအဖြစ် သန့်စင်ပြီးပြီဖြစ်၏။ ကျစ်ယန်သည် သူ့လက်ညိုးထိပ်မှ သွေးနဲ့ အစီအရင် စက်ဝိုင်းရေးဆွဲပြီး ရွှေရောင်လျှပ်စီးနဲ့ ချိတ်ဆက်အသက်သွင်းလိုက်သည်။

ရွှေရောင်လျှပ်စီးဓားလေးသည် ကျစ်ယန်ရဲ့ ထိန်းချုပ်မှုအတိုင်း လေပေါ်တွင် ဝဲပျံနေခဲ့၏။ ကျစ်ယန်သည် ဓားအား သူ့လက်ဖဝါးအတွင်းသို့ စုပ်ယူလိုက်ပြီး "ဒီဓားနဲ့ဆို ငါရဲ့စွမ်းအားကို ဖြုန်းတီးပစ်စရာမလိုတော့ဘူး " လို့ ပြောကာ ဓားအား ထည့်သိမ်းလိုက်ပြီး အခန်းအတွင်းမှ ထွက်လာခဲ့သည်။

နေရောင်ပေါ်ထွက်ခါစ အချိန်တွင် ကျစ်ယန်သည် လက်နက်သန့်စင်ခြင်းမျှော်စင်မှ အပြင်ဘက်သို့ ထွက်ခွာလာခဲ့၏။ လူသုံးယောက်သည် ကျစ်ယန်နောက်မှ အဆက်မပြတ် လိုက်နေခဲ့သည်။

ကျစ်ယန်သည် သူ့နားကို လူတစ်ချို့ ချဥ်းကပ်လာသည်ကို ခံစားမိသဖြင့် ရွှေရောင်လျှပ်စီးဓားအား ထုတ်ကာ ဓားပေါ်သို့ တက်၍ ချက်ချင်းပင် ပျံသန်းသွားခဲ့၏။

ကျစ်ယန်ပျံသန်းသွားသည်နှင့် လူ၃ယောက်သည်လည်း သူတို့ဓားတွေကို ထုတ်ကာ ကျစ်ယန်နောက်သို့ အဆက်မပြတ်လိုက်ကြလေသည်။ ထိုလူသုံးယောက်ထဲမှ ထျန်းယီလို့ ခေါ်သောသူသည် "မင်းအဆင့်နဲ့ ငါ့တို့ သူရဲကောင်းသုံးဖော်လက်ထဲက လွတ်မြောက်မယ်ထင်နေတာလား " လို့ ရေရွတ်ကာ ကျစ်ယန်နောက်သို့ အဆက်မပြတ်လိုက်နေခဲ့၏။

တောင်ခြေတစ်ခုသို့ ရောက်တဲ့အခါ ကျစ်ယန်သည် ရပ်နားလိုက်သည်။ ကျစ်ယန်သည် ဓားပျံပေါ်မှ ဆင်းလိုက်၏။ လူသုံးယောက်သည် ချက်ချင်းပင် ကျစ်ယန်ဆင်းသော နားကို ရောက်ရှိလာကြသည်။

ထျန်းယီသည် လက်ဖြန့်ကာ "ယွမ်ကျောက်သတ္တုနက်...... ငါတို့ကို ပေးပြီး မင်းရဲ့ကျင့်ကြံမှုကို ဖျက်ဆီးလိုက် "လို့ ပြတ်သားစွာ ပြောလိုက်၏။ ကျစ်ယန်သည် သူ့ဓားအားသိုလှောင်ကွင်းထဲသို့ သိမ်းလိုက်ပြီး "မင်းတို့ကို ဘယ်သူခိုင်းတာလဲ ပြောပြရင် မင်းတို့ရဲ့ အသက်ကို ငဲ့ညာပေးမယ်"လို့ ​အေးစက်စွာ အသံကြီးဖြင့် ပြောလိုက်သည်။

ထျန်းယီသည် ကျစ်ယန်စကားကို ကြားတဲ့အခါ "ဟားဟားဟား......မီးနဂါးမြို့တော်ထဲမှာ ငါတို့ကို ခုလိုပြန်ပြောရဲတာ မင်းပထမဦးဆုံးပဲ "လို့ အော်ဟစ်ရယ်မောကာ ပြောလိုက်၏။ ကျစ်ယန်သည် ချက်ချင်းပင် ကြောက်စရာကောင်းသော စိတ်ဝိညဥ်ထိန်းချုပ်ခြင်း စွမ်းအားဖြင့် ထျန်းယီသို့ သုံးယောက်အား ထိန်းချုပ်လိုက်လေသည်။

ထျန်းယီသည် အလွန်ကြောက်စရာပင်ကောင်းသော ဖိအားအရှိန်အဝါစွမ်းအားကြောင့် လှုပ်ရှား၍ မရတော့တဲ့အခါ "စိတ်ဝိညဥ်ထိန်းချုပ်ခြင်း စွမ်းအားလား " လို့ ကြောက်လန့်တကြား ပြောလိုက်၏။

ကျစ်ယန်သည် ထျန်းယီသို့ အနားအား အေးဆေးပင် လမ်းလျှောက်လာခဲ့ပြီး "ငါ့ကို ပြောလို့ ရပြီလား......" လို့ ပြောလိုက်သည်။ ထျန်းယီသည် တုန်လှုပ်စွာဖြင့် "အကြီးအကဲကျူးဖေ

....." လို့ ပြောပြီးသည်နှင့် ကျစ်ယန်သည် မျက်လုံးမှိတ်ချလိုက်၏။

All Chapters