အခန်း (၃၁)
Vol. 3 Ch. 31
ကြယ်အစုအဝေးမြို့တော်
ထိုအခါ သူရဲကောင်းသုံးဖော်လို့ အမည်တွင်သော ထျန်းယီတို့သည် ချက်ချင်းပင် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကျစ်ယန်သည် ဒီတစ်ကြိမ်မှာတော့ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအားတချို့ သိသိသာသာ တိုးဝင်လာခြင်းကို ခံစားလိုက်ရ၏။
ကျစ်ယန်သည် ထိုနေရာတွင် ချက်ချင်းပင် ထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းကို စစ်ဆေးလိုက်သည်။ အမှောင်ညမျက်စိဆေးပင်တွင် ထျန်းယီတို့ သုံးယောက်၏ ကျင့်ကြံခြင်းစွမ်းအားများရောက်ရှိနေခြင်းကို ကျစ်ယန်သည် သိရှိသွားခဲ့၏။
ကျစ်ယန်သည် အခြေအနေကို နားလည်သွားပြီး အမှောင်ညမျက်စိဆေးပင်ရှိ ကျင့်ကြံခြင်းစွမ်းအားများကို သူ့စွမ်းအားများအဖြစ် စုပ်ယူ ပေါင်းစပ်လိုက်လေသည်။ ကျစ်ယန်သည် ဝိညဥ်ပလ္လင်အဆင့်၃ ရောက်ရှိနေသော ထျန်းယီတို့ ၃ယောက်ရဲ့ စွမ်းအားများကို ရရှိပြီးနောက် ဝိညဥ်ပလ္လင့်အဆင့်၈ကိုပင် ခုန်တက်သွားခဲ့၏။
ကျစ်ယန်သည် သူ့ရဲ့ရွှေရောင်လျှပ်စီးဓားကို ပြန်ထုတ်ကာ လေခွင်းဂိုဏ်းသို့ ပျံသန်းလာခဲ့သည်။ လေခွင်းဂိုဏ်းရဲ့ ခြံဝန်းထဲတွင် ဂိုဏ်းသားပေါင်းများစွာသည် စုဝေးနေကြ၏။ သူတို့သည် ဆရာတူအမချင်းတန်ကို နှုတ်ဆက်နေကြခြင်းပင် ဖြစ်သည်။
ကျစ်ယန်သည် ချင်းရန်လီသို့ အနားကို လျင်မြန်စွာ ဆင်းသက်လာခဲ့၏။ ချင်းရန်လီသည် လက်နှစ်ဖက်ဆုပ်ကာ "သခင်လေး.....နောက်ဆုံးတော့ မင်းရောက်လာပြီပဲ "လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ခေါင်းသာငြိမ့်ပြလိုက်၏။ ချင်းရန်လီသည် ဝမ်ရှောက်ဂိုဏ်းကို သွားဖို့အတွက် လေခွင်းဂိုဏ်းမှ မွေးမြူထားသော
ဧရာမဌက်ကြီးအား ထုတ်ခေါ်ခိုင်းလိုက်သည်။ ထိုဌက်ကြီးပေါ်တွင် တာဝန်ရှိသူတစ်ယောက်ကလဲ လိုက်ပါလာခဲ့၏။
ချင်းရန်လီသည် "သခင်လေး......ဒီခရီးစဥ်မှာ ကျေးဇူးပြုပြီး ချင်းတန်ကို စောင့်ရှောက်ပေးပါအုံး " လို့ ပြောလိုက်သည်။ ချင်းတန်သည် သူ့အဖေလက်မောင်းအား ဆွဲကိုင်လှုပ်လိုက်ပြီး "အဖေ.....ချင်းတန်က ကလေးမဟုတ်တော့ပါဘူး " လို့ ပြောလိုက်၏။
ချင်းရန်လီသည် "အချိန်မစောတော့ဘူး ချင်းတန် ၊ ဝမ်ရှောက်ဂိုဏ်းကို သမီးဝင်နိုင်မယ်လို့ အဖေယုံကြည်တယ် " လို့ ပြောကာ ဌက်ကြီးပေါ်သို့ တက်ခိုင်းလိုက်သည်။ ကျစ်ယန်သည် ဌက်ကြီးပေါ်သို့ ရောက်ရှိနေပြီဖြစ်၏။
ချင်းတန်သည် မျက်ရည်စလေးများဖြင့် "အဖေ.......ကျန်းမာရေးဂရုစိုက်နော် ၊ အဖေဂုဏ်ယူရအောင် ချင်းတန်အကောင်းဆုံးကြိုးစားမှာပါ " ဟု ပြောကာ ဌက်ကြီးပေါ်သို့ ခုန်တက်လာခဲ့သည်။
ကျစ်ယန်တို့ဌက်ပေါ်သို့ ရောက်ရှိသည်နှင့် ဧရာမဌက်ကြီးသည်
လျင်မြန်သော အရှိန်နှုန်းနဲ့ လေပေါ်သို့ ပျံသန်းတက်သွားခဲ့၏။
အောက်တွင်ကျန်ရစ်ခဲ့သော လေခွင်းဂိုဏ်းသားများသည် ချင်းတန်ကို ကြည့်ကာ "ဆရာတူအမချင်းတန်က ဝမ်ရှောက်ဂိုဏ်းရဲ့ ဂိုဏ်းသူတစ်ယောက်ဖြစ်လာမယ်လို့ ငါယုံကြည်တယ် "လို့ အချင်းချင်းပြောနေခဲ့ကြလေသည်။
ဧရာမဌက်ကြီးရဲ့အရှိန်နှုန်းသည် အလွန်မြန်ဆန်သဖြင့် ကျစ်ယန်တို့သည် မီးနဂါးမြို့တော်ကို ခဏလေးနဲ့ပင် ကျော်ဖြတ်သွားခဲ့၏။
ကျစ်ယန်သည် ဌက်ပေါ်၌ ရှိနေစဥ်ကာလတွင် စိတ်ဝိညဥ်ကမ္ဘာထဲကိုဝင်ကာ ဒန်ကိုးပါး ဆေးလုံးကို သောက်၍ ကျင့်ကြံမှုကို မြှင့်တင်နေခဲ့သည်။
အချိန်သည် တစ်ရက်ကုန်ဆုံးပြီးနောက် ကျစ်ယန်သည် အလွန်ပင် နေရာကျယ်ပြန့်သော အလယ်ပိုင်းဒေသရှိ ကြယ်အစုအဝေးမြို့တော်ရဲ့ မြို့တံခါးပေါက်သို့ ရောက်ရှိလာခဲ့၏။ ကြယ်အစုအဝေးမြို့တော်သည် ဟုန်တိုင်းပြည်ရဲ့ အဓိကမြို့တော်ပင် ဖြစ်ပြီး အင်အားကြီးမားသော သူတွေသာ နေထိုင်၍ ရသော နေရာဖြစ်သည်။
ကျစ်ယန်သည် ဝိညဥ်ပလ္လင်အဆင့်၉ကို ရောက်ရှိရန် သိပ်မလိုတော့ပေ။ ကျစ်ယန်နဲ့ ချင်းတန်သည် လေခွင်းဂိုဏ်းအကြီးအကဲကို နှုတ်ဆက်ကာ ကြယ်အစုအဝေးမြို့တော်အတွင်းကို ဝင်လာခဲ့ကြ၏။
ကျစ်ယန်တို့သည် ဝင်လာပြီးနောက် စည်းကားသိုက်မြိုက်နေသော လူပင်လယ်ကြီးကို တွေ့လိုက်ရသည်။
ကြယ်အစုအဝေးမြို့တော်တွင် တိုက်ခိုက်ရေးကွင်းပြင်ကြယ်တစ်ခုရှိ၏။ လက်ရှိတွင်လဲ လူ၂ယောက်သည် သူတို့ရဲ့ ပဋိပက္ခပြသာနာကို ဖြေရှင်းရန် တိုက်ခိုက်ရေးကွင်းပြင်တွင် ရောက်ရှိနေကြခြင်းပင် ဖြစ်သည်။
တစ်ယောက်သည် ဝမ်ရှောက်ဂိုဏ်းမှ တျန်းကျန်းမင်ပင်ဖြစ်ပြီး
နောက်တစ်ယောက်ကတော့ နတ်ဆေးဂိုဏ်းမှ ဟွမ်မုဟုန်ပင် ဖြစ်၏။ သူတို့ နှစ်ဦးလုံးရဲ့ လက်ထဲတွင်လဲ ဓားတစ်ချောင်းအား ကိုင်ဆောင်ထားကြသည်။
ချင်းတန်သည် ထိုပြိုင်ပွဲကို စိတ်ဝင်စားဖို့ ကြည့်ရှုချင်သော်လည်း ကျစ်ယန်မှာ ရပ်နားခြင်း မရှိတဲ့အတွက် ကျစ်ယန်နောက်ကိုသာ လိုက်သွားခဲ့၏။ ကျစ်ယန်တို့သွားမည့် လမ်းရှေ့တွင် ဖက်တီးကြီးတစ်ယောက်သည် လက်တစ်ဖက်ဖြင့် တားလိုက်သည်။
ဖက်တီးကြီးသည် ရွှေဒင်္ဂါးထုတ်အား ကျစ်ယန်ကို ပစ်ပေးလိုက်ပြီး "ကောင်လေး......ငါတို့သခင်လေးက လူစုစည်းနေတဲ့အတွက် မင်းအဲ့ရွှေဒင်္ဂါးထုတ်ယူပြီး ငါ့နောက်လိုက်ခဲ့ " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ဖက်တီးကြီးအား ရွှေဒင်္ဂါးထုတ်ပြန်ပေးလိုက်ပြီး တခြားလမ်းတစ်ဖက်ကို လှည့်ထွက်သွားခဲ့သည်။
ဖက်တီးကြီးသည် ကျစ်ယန်တို့ကို ဒေါသအကြည့်ဖြင့် ရပ်ကျန်ခဲ့၏။
ကျစ်ယန်သည် ကြယ်အစုအဝေးမြို့ထဲမှာ နောက်ခံကောင်းကောင်းရှာဖွေဖို့ တွေးနေခဲ့သည်။ ကျစ်ယန်နဲ့ ချင်းတန်းသည် အနားယူရန်အတွက် တည်းခိုခန်းတစ်ခုအား ဝင်လာခဲ့၏။
ဆိုင်ရှင်သည် ကျစ်ယန်နဲ့ ချင်းတန်ရဲ့ အနေအထားကို အဝေးမှ အရင်ကြည့်လိုက်သည်။ ကျစ်ယန်သည် အခန်းလွတ်နှစ်ခန်းရှိသေးလားလို့ ဆိုင်ရှင်ကို မေးလိုက်၏။ ဆိုင်ရှင်သည် ရွှေဒင်္ဂါးများ ရေတွက်နေရင်း "၅သောင်းတန် စျေးအကြီးဆုံးပဲ တစ်ခန်းပဲကျန်တော့မယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ရွှေဒင်္ဂါးထုတ်အား ခုံပေါ်သို့ တင်လိုက်ပြီး "ချင်းတန်........နင်ဒီမှာပဲ အနားယူလိုက်ပါ "လို့ ပြောလိုက်၏။
ဆိုင်ရှင်သည် ရွှေဒင်္ဂါးထုတ်အားမြင်တဲ့အခါ ယူလိုက်ပြီး "သခင်လေး.....ဒီမှာသော့ပါ "လို့ ပြောကာ သော့နံပါတ်တစ်ခုအား ပေးလိုက်သည်။
သော့သည် တည်းခိုခန်းပိုင်ရှင်လက်ထဲမှ တခြားလူတစ်ယောက်ရဲ့ လက်ထဲသို့ ရောက်ရှိသွား၏။ ထိုလူသည် သော့အား ကြည့်လိုက်ပြီး ရွှေဒင်္ဂါးထုတ်အား တည်းခိုခန်းပိုင်ရှင်ကို ပစ်ပေးလိုက်သည်။ ဆိုင်ရှင်သည် ထိုလူကို တွေ့တဲ့အခါ "သခင်လေးတန်နန်း......အဲ့အခန်းက ဒီကသခင်လေးတို့ ယူပြီးသွားပါပြီ " လို့ ပြောလိုက်သည်။
တန်နန်းလို့ ခေါ်သောလူသည် သူ့လက်ထဲမှ ဓားအား လက်ဖြင့် ပွတ်သပ်နေလိုက်ပြီး "မင်းတို့နှစ်ယောက်ဒီနေရာက အမြန်ဆုံး ထွက်ခွာသွားလိုက်တော့ မဟုတ်လို့ကတော့ ငါ့ကို ရက်စက်တယ်မပြောနဲ့"လို့ ပြောလိုက်၏။
ထိုချိန်မှာပဲ ကျစ်ယန်သည် လျှပ်စီးခြေလှမ်းနဲ့အတူ တန်နန်းအနားကို ရောက်ရှိသွားပြီး လည်ပင်းအား ဆွဲကိုင်မြှောက်လိုက်သည်။ ကျစ်ယန်သည် တန်နန်းလက်ထဲမှ သော့ကို ပြန်ယူလိုက်ပြီး "မင်းဘယ်သူလဲတော့ငါမသိဘူး ၊ ဒါပေမယ့် ငါ့ကို မတရားတာ လာလုပ်ရင်တော့ ငါမင်းကို ဒီလောကကြီးထဲကနေ အပြီး ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်ဆိုတာ မင်းယုံလား " လို့ ပြောလိုက်ပြီး တည်းခိုခန်း အပြင်သို့ လွင့်ပစ်လိုက်၏။
တန်နန်းသည် လမ်းမပေါ်သို့ ကျရောက်သွားခဲ့ပြီး ပြန်ထကာ "ဒီနေ့လုပ်ခဲ့တဲ့အရာအတွက် မင်းနောင်တကောင်းကောင်းရစေရမယ် "လို့ ပြောကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။ ကျစ်ယန်သည် အခန်းသော့အား ချင်းတန်ကို ပေးလိုက်ပြီး အပြင်သို့ ပြန်၍ ထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည် ကြယ်အစုအဝေးမြို့တော်ထဲတွင် ရှိသော မှော်အဂ္ဂိရတ်ဆရာဌာနချုပ်ကြီးအား ရှာဖွေနေခဲ့သည်။ စုရှင်းရွယ်လို့ မိန်းကလေးသည် ကျစ်ယန်ကို မြင်တဲ့အခါ ကျစ်ယန်အနားကို လျင်မြန်စွာ ပြေးသွားကာ "မင်္ဂလာပါ....သခင်လေး၊ ရှင်းရွယ်ကို မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်ကို လမ်းညွန်ပေးလို့ ရမလား " လို့ မေးလိုက်၏။
ကျစ်ယန်သည် ခေါင်းခါလိုက်ကာ "စိတ်မကောင်းပါဘူးမိန်းကလေး.....ငါလဲမှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်ကို ရှာဖွေနေတာပဲ " လို့ ဆိုလိုက်သည်။ စုရှင်းရွယ်သည် ပြုံးသွားခဲ့ပြီး "ကောင်းတာပေါ့.....အဲ့ဆို ရှင်းရွယ်တို့ တူတူ ရှာကြရအောင် " လို့
ပျော်ရွင်စွာဖြင့် ပြောလိုက်၏။