← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်

ကျစ်ယန်နဲ့စုရှင်းရွယ်သည် ကံကောင်းစွာနဲ့ပင် ဆေးအမယ်များ ဆေးလုံးများရောင်းသော ဆိုင်အသေးလေးကို တွေ့ရှိသွားခဲ့သည်။ ကျစ်ယန်တို့ကို မြင်တဲ့အခါ အသက်၄၀ကျော် လူကြီးတစ်ယောက်

ထွက်ရှိလာခဲ့၏။

ထိုယင်းလန်လို့ ခေါ်သော လူသည် ယပ်တောင်တစ်ချောင်းအား ယပ်ခတ်စွာဖြင့် ဆိုင်ခန်းအတွင်းမှ အပြင်သို့ ထွက်လာခဲ့သည်။ ကျစ်ယန်သည် လက်နှစ်ဖက်ပင် ဆုပ်ကာ "မင်္ဂလာပါ အကြီးအကဲ......ကျွန်တော်တို့ မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်ကို သွားချင်လို့ပါ " လို့ ရိုသေစွာဖြင့် ပြောလိုက်၏။

ထိုလူသည် ကျစ်ယန်နဲ့စုရှင်းရွယ်ကို ကြည့်လိုက်ပြီး "ဆေးဆရာဌာနချုပ်ကို ညွှန်ပြဖို့တော့ မခက်ပါဘူး ၊ ဒါပေမယ့် မင်းတို့ငါ့ကို တစ်ခုတော့ ပြန်ကူညီရမယ် " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် "အကြီးအကဲပြောကြည့်ပါ ၊ ကျွန်တော်ကူညီနိုင်ရင် ကူညီပါ့မယ့် " လို့ ပြောလိုက်၏။

ယင်းလန်သည် ရုတ်တရယ် "ဟားဟားဟား......ငါ့ကိုကူညီရမယ်ဆိုတာ တခြားအရာမဟုတ်ပါဘူး မင်းတို့ ငါဆီက ဆေးအမယ်နဲ့ဆေးလုံးတွေကို အားပေးဖို့ ပြောတာပါ " လို့ ရယ်မောကာ ပြောလိုက်သည်။

ကျစ်ယန်သည် ပြုံးလိုက်ပြီး ရွှေဒင်္ဂါးများအား ယင်းလန်ကိုပေးကာ "အကြီးအကဲက အတော်ပွင့်လင်းတာပဲ ၊ ကျွန်တော်တို့ကို ဆေးဆရာဌာနချုပ်ကိုပဲ ညွှန်ပြပေးပါ " လို့ ဆိုလိုက်၏။

ယင်းလန်သည် ရွှေဒင်္ဂါးများ ရရှိသည်နှင့် မှော်အဂ္ဂိရတ်ဆရာဌာနချုပ်ရဲ့ တည်နေရာကို ညွှန်ပြလိုက်လေသည်။

ကျစ်ယန်သည် သူ့ရဲ့ ရွှေရောင်လျှပ်စီးဓားအား ထုတ်လိုက်ပြီး စုရှင်းရွယ်ကို တက်ခိုင်းလိုက်၏။ စုရှင်းရွယ်သည် ခေါင်းငြိမ့်လိုက်ပြီး ကျစ်ယန်ရဲ့ အင်္ကျီနောက်စလ​ေးကို ကိုင်ကာ လိုက်လာခဲ့သည်။

ကျစ်ယန်တို့သည် အင်မတန်ပင် လူစည်ကားသော မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်ကို ရောက်လာခဲ့၏။

မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်တွင် လူများစွာ စည်းကားနေခဲ့သည်။ အသက်၃၀အရွယ်ပင် ရှိသော မိန်းမပျိူတစ်ယောက်သည်

ကျစ်ယန်အနားကို ရောက်ရှိလာပြီး "မင်းတို့ နှစ်ယောက်က ဘာကိစ္စနဲ့ ဆေးဆရာဌာနချုပ်ကို ရောက်ရှိလာတာလဲ " လို့ မေးလိုက်၏။

စုရှင်းရွယ်သည် မိန်းမပျိူအား လက်နှစ်ဖက်ဆုပ်ကာ "မင်္ဂလာပါ....အကြီးအကဲ ၊ ရှင်းရွယ်က အကြီးအကဲဟူရဲ့ တပည့်သစ်တစ်ယောက်ပါ " လို့ ပြောလိုက်သည်။ မန်ဟွမ်ရီလိုခေါ်သော အမျိုးသမီးသည် "ဟူချွမ်းကို ပြောတာလား "လို့ စုရှင်းရွယ်ကို ​မေးလိုက်၏။

စုရှင်းရွယ် ခေါင်းငြိမ့်ကာ " ဟုတ်ပါတယ်.......အကြီးအကဲဟူချွမ်း ပါ"လို့ ဖြေလိုက်သည်။ မန်ဟွမ်ရီသည် လက်ဖျောက်တီးလိုက်ပြီး မိန်းကလေးငယ်တစ်ယောက်ကိုခေါ်လိုက်ပြီး စုရှင်းရွယ်အား ဟူချွမ်းဆီကို ခေါ်ဆောင်သွားဖို့ စေခိုင်းလိုက်၏။

စုရှင်းရွယ်သည် ကျစ်ယန်အား နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

မန်ဟွမ်းရီသည် "မင်းကရော ဘယ်သူကို လာရှာတာလဲ "လို့ ကျစ်ယန်အား မေးလိုက်၏။ ကျစ်ယန်သည် လူရှုပ်နေသဖြင့် တခြားနေရာမှာ စကားပြောလို့ ရမလားလို့ မေးလိုက်သည်။

လူတစ်ယောက်သည် မန်ဟွမ်းရီနောက်မှ ရောက်ရှိလာပြီး "မင်းကဘယ်သူမို့လို့ တခြားနေရာမှာ စကားပြောချင်နေရတာလဲ " လို့ လေသံခပ်မာမာဖြင့် ပြောလိုက်၏။ မန်ဟွမ်းရီသည် ကြေးအဆင့်၃ မှော်အဂ္ဂိရတ်ဆေးဆရာမတစ်ယောက်ပင် ဖြစ်သည်။

ထိုချိန်မှာ နောက်ထပ် လူတစ်ယောက်သည် ကျစ်ယန်နောက်ကို ရောက်ရှိလာပြီး ကျစ်ယန်ကို သေချာကြည့်ကာ "မင်း....မင်းက မသေသေးဘဲ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ " ဟု အံ့အားသင့်စွာ ပြောလိုက်၏။

ထိုလူကတော့ လန်တုံဟောက်ပင် ဖြစ်သည်။မန်ဟွမ်းရီသည် လန်တုံဟောက်အား လက်နှစ်ဖက်ဆုပ်ကာ " အကြီးအကဲတုံဟောက်က......ဒီကောင်လေးကို သိနေတာလား " လို့ မေးလိုက်၏။ လန်တုံဟောက်သည် မန်ဟွမ်းရီအား ပြန်ဖြေကြားမနေဘဲ "ငါဒီကောင်လေးနဲ့ ဆွေးနွေးစရာရှိတယ် ၊ မင်းတို့ လုပ်စရာရှိတာ လုပ်လို့ ရပြီ " လို့ ဆိုလိုက်သည်။

လန်တုံဟောက်ရဲ့ အခန်းထဲတွင် ကျစ်ယန်နဲ့ လန်တုံဟောက် နှစ်ယောက်သာ ရှိနေခဲ့၏။ လန်တုံဟောက်သည် "ကျစ်ယန်......မင်းငါ့ကို ဖုံးကွယ်ထားတာတွေ အမှန်တိုင်း ပြောပြသင့်ပြီထင်တယ် " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် လျှပ်တစ်ပြက်အတွင်းပင် ရွှေဝါရောင်မှော်အဂ္ဂိရတ်ဝတ်စုံကို ပြောင်းဝတ်လိုက်ပြီး "အကြီးအကဲတုံဟောက်......ကျွန်တော်ခင်ဗျားကို ရှင်းပြဖို့ လိုသေးလား " လို့ မေးလိုက်၏။ လန်တုံဟောက်တစ်ယောက် အစပိုင်းတွင် မျက်လုံးပြူးမျက်စံပြူး ဖြစ်သွားသည်။

ထို့နောက် သတိရသွားပြီး ခုံပေါ်မှဆင်းကာ ဒူးတစ်ဖက်ထောက်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ "တုံဟောက်......အကြီးအကဲကို မလေးမစားလုပ်မိတာတွေအတွက် တောင်းပန်ပါတယ်" လို့ ကျစ်ယန်အား ကြောက်လန့်စွာဖြင့် ပြောလိုက်၏။

ရွှေဝါရောင်မှော်အဂ္ဂိရတ်ဝတ်စုံသည် ငွေအဆင့်၅အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို ဆိုလိုခြင်းဖြစ်သည်။ ကျစ်ယန်သည် လန်တုံဟောက်အား ပြန်ထခိုင်းလိုက်ပြီး သူ့အကြောင်းအား လို့ဝှက်ထားပေးဖို့နဲ့ ကိစ္စတစ်ခုအား ဆောင်ရွက်ပေးဖို့ ပြောလိုက်၏။

လန်တုံဟောက်သည် ကျစ်ယန်အား အရိုအသေပြုကာ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ကျစ်ယန်သည် သူ့ဝတ်ရုံအား ပြန်သိမ်းလိုက်ပြီး ထိုအခန်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့၏။ ကျစ်ယန်သည် သူ့ရဲ့ကျင့်ကြံခြင်းကို အဆင့်မြင့်တက်ရန်အတွက် ဆေးအမယ်များကို လိုက်လံဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်တွင် များစွာသော ဆေးအမယ်များကို တွေ့လိုက်ရတဲ့အတွက် ကျစ်ယန်သည် သဘောကျသွား၏။

ထိုချိန်တွင် ကြာပွတ်တစ်ခုသည် ကျစ်ယန်ရဲ့ မျက်နှာရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။

ကျစ်ယန်သည် လျင်မြန်စွာဖြင့် ကြာပွတ်အား ဆွဲကိုင်ထားလိုက်၏။ ကျစ်ယန်သည် နောက်သို့ လှည့်ကြည့်လိုက်တဲ့အခါ အဖြူရောင်ခမောက်များ ဆောင်းထားသော လူတစ်စုကို တွေ့လိုက်ရသည်။

ဖုန်ဂျီလို့ ခေါ်သောလူသည် သူ့ကြာပွတ်အား ကျစ်ယန်မှ စုပ်ကိုင်ထားသဖြင့် "ဆောက်ရူးကောင်.......ငါ့ကြာပွတ်အား လွတ်စမ်း " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ကြာပွတ်အား ဆောင့်ဆွဲလိုက်တဲ့အခါ ဖုန်ဂျီသည် ကျစ်ယန်ရှေ့သို့ ပစ်လဲကျသွားသည်။

ကျစ်ယန်သည် ဖုန်ဂျီခေါင်းအား တက်နင်းချလိုက်ပြီး "နောက်တစ်ကြိမ်ငါ့ကို ရန်စမယ်ဆိုရင် မင်းတို့အားလုံး အသက်ရှင်ရဖို့ မမျှော်လင့်နဲ့ " လို့ ပြောကာ ဂုတ်က ဆွဲ၍ သူ့လူတွေရှိကို ပစ်ပေါက်လိုက်၏။

ထိုချိန်မှပဲ ဓားကောက်ဂိုဏ်းမှ လူများသည် ကျစ်ယန်တို့ ဘေးကို လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဓားကောက်ဂိုဏ်းသည် မှော်အဂ္ဂိတ်ဆေးဆရာဌာနချုပ်နဲ့ မဟာမိတ်ဖွဲ့ထားသော ဂိုဏ်းပင်ဖြစ်သလို အဂ္ဂိရတ်ပညာရှင်များကို လိုက်လံ ကာကွယ်ရသောဂိုဏ်းဆိုသည်လဲ မမှားပေ။

ဂူလောင်လို့ခေါ်သော လူသည် ဒေါသထွက်စွာဖြင့် "မင်းတို့အားလုံးက အတော်အတင့်ရဲနေကြတာပဲ ၊ မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်မှာတောင် ရန်ဖြစ်ရဲတဲ့အတွက် မင်းတို့အားလုံးကို ငါမှတ်လောက်အောင် ပညာပေးရမယ် ၊ ချွင်ရန်း........သူတို့အားလုံးကို

ချက်ချင်းခေါ်သွားကြ "လို့ ပြောလိုက်၏။

ထိုချိန်မှာပဲ "ကျေးဇူးပြုပြီး ခေါင်းဆောင်ဂူက ကျွန်တော်မျက်နှာထောက်ပြီး ကျွန်တော့်လူတွေကို လွှတ်ပေးလို့ ရမလား " ဆိုတဲ့ အသံနဲ့အတူ လူတစ်ယောက်သည် လမ်းလျှောက်ကာ ခန်းမကြီးအတွင် ဝင်လာခဲ့သည်။

ထိုလူကို တွေ့တဲ့အခါ ဘေးနားရှိ ဆေးလုံးများ ဝယ်နေသူများသည် "အဲ့တာသခင်လေးဖုံမုန်မလား.......သူက ဆရာကြီးယွင်ရဲ့ အားကိုးနဲ့ ပြသာနာရှာနေကြပဲလေ"လို့ တီတိုးစွာ ပြောနေကြ၏။ ဆရာကြီးယွင်ဆိုသူမှာ ဟုန်တိုင်းပြည်တွင် ရှိသော မှော်အဂ္ဂိဆေးဆရာဌာနချုပ်၏ ဥဣဋ္ဌ ယွင်တိုက်ပင် ဖြစ်သည်။

All Chapters