← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

လန်ယုတည်းခိုခန်း

ယွင်တိုက်သည် ​ငွေအဆင့်၂ မှော်အဂ္ဂိရတ်ဆေးဆရာပင် တစ်ယောက်ပင်ဖြစ်ပြီး ဟုန်တိုင်းပြည်ရှိ အတော်ဆုံး အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဆို မမှားပေ။

ဖုံတိုက်သည် ယွင်တိုက်၏ တပည့်တစ်ယောက်ဖြစ်သလို ​မြေးတစ်ယောက်လဲ ဖြစ်၏။ ဖုံတိုက်ရဲ့ အဖေ အန်တိုက်သည်လည်း ကြေးအဆင့်၅ အဂ္ဂိရတ်ပညာရှင် တစ်ဦးပင် ဖြစ်နေသေးသည်။ ဟုန်တိုင်းပြည်ရဲ့ တော်ဝင်မျိူးနွယ်တစ်ယောက်ကပင် ဖုံတိုက်အား နှုတ်နဲ့ပင် မစော်ကားရဲပေ။

ဂူလောင်သည် ဖုံတိုက်ကို မြင်တဲ့အခါ ကြည့်မရသော်လည်း "သခင်လေးဖုံရဲ့ လူတွေဆိုမှတွေ ပြောနေစရာမလိုတော့ပါဘူး " လို့ ကောင်းကောင်းမွန်မွန်ပင် ပြောလိုက်၏။ ထိုအခါ ဖုန်ဂျီသည် ဖုံတိုက်ရဲ့ နားကို သွားလိုက်ပြီး "သခင်လေးဖုံ........အဲ့ကောင်ကို ဘယ်လိုဆက်လုပ်မှာလဲ " လို့ ပြောလိုက်သည်။

ဖုံတိုက်သည် ဒေါသထွက်စွာအကြည့်ဖြင့် "တိတ်စမ်း.....ဆောက်ရူးတစ်ကောင်ကိုတောင် မင်းတို့ အနိုင်မယူနိုင်ဘူးမလား " လို့ ဖုန်ဂျီအား ဆူဟောက်လိုက်၏။ ဖုန်ဂျီသည် တစ်ခွန်းမှ မဟရဲတော့ပေ။ ဂူလောင်သည် ကျစ်ယန်အား ဖမ်းချုပ်ခိုင်းလိုက်၏။

ရွှေရောင်လျှပ်စီးအလင်းတန်းလေးသည် လျှပ်တစ်ပြက်အတွင်း ကျစ်ယန်အား ဖမ်းချုပ်မည့် လူနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဂူလောင်သည် သူ့လူများ အတိုက်ခံလိုက်ရသဖြင့် ဒေါသထွက်စွာဖြင့် အရပ်လေးမျက်နှာကို ပတ်ကြည့်လိုက်ပြီး "ဘယ်သူလဲ......သတ္တိရှိရင် ထွက်ခဲ့စမ်း " လို့ အော်လိုက်သည်။

ထိုချိန်မှာပဲ ငွေရောင်တံဆိပ်ပြားတစ်ခုသည် ဂူလောင်ရဲ့ ဘေးရှိ ကျောက်တိုင်ကြီးပေါ်သို့ ထိုးစိုက်သွား၏။ ဂူလောင်သည် ချက်ချင်းပင် ငွေတံဆပ်ပြားလေးအား ပြေးကြည့်လိုက်ပြီး "အကြီးအကဲချုံရဲလား.....အဲ့သခင်လေးက ဘယ်သူမို့လို့ အကြီးအကဲကိုယ်တိုင်တောင် လှုပ်ရှားရတာလဲ " လို့ တစ်ယောက်ထဲ ရေရွတ်လိုက်သည်။

ဂူလောင်သည် သူ့လူတွေအား ခေါ်ကာ လှည့်ပြန်မလို့ ဟန်ပြင်လိုက်၏။ ဖုံတိုက်သည် မျက်နှာပျက်သွားပြီး "ခေါင်းဆောင်ဂူ......မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်မှာ ပြသာနာရှာတဲ့လူကို ခုလိုပဲ လွှတ်ပေးတော့မလို့လား " လို့ မြန်မြန်ပင် ပြောလိုက်သည်။

ဂူလောင်သည် ပြုံးလိုက်ပြီး ဘာမှမပြောတော့ဘဲ သူ့လူတွေနဲ့ အမြန်သာ ထွက်ခွာသွားတော့၏။ ချုံရဲ့ဆိုသူမှာ ဓားကောက်ဂိုဏ်း၏

အကြီးအကဲ၁ ပင်ဖြစ်တဲ့အပြင် နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူပင် ဖြစ်သည်။

ထိုလို ဆရာကြီးတောင် ထွက်လှုပ်ရှားရတဲ့အတွက် ကျစ်ယန်သည် သာမန် လူမဖြစ်နိုင်ဘူးလို့ ဂူလောင်သည် ခန့်မှန်းပြီးသွားပြီ ဖြစ်၏။ ဂူလောင်တို့ ထွက်ခွာသွားတဲ့အခါ မုံတိုက်သည် "မင်းကံကောင်းသွားတယ်မှတ်ပါ "လို့ ကျစ်ယန်အား ကြိမ်းဝါးကာ သူ့လူတွေနဲ့ ထွက်ခွာ၍ သွားလေသည်။

ကျစ်ယန်သည် ဆေးအမယ်တချို့ကို ဝယ်လိုက်ပြီး မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်မှ ထွက်ခွာလာခဲ့၏။ ကျစ်ယန်ထွက်ထွက်လာခြင်းမှာပဲ မုံတိုက်သည် သစ်ပင် အကွယ်တစ်ခုမှ ကြည့်ကာ "မင်းကို ဘယ်သူတွေ ကာကွယ်အုံးမလဲ ငါသိချင်သေးတယ် " လို့ တီတိုး ပြောဆိုလိုက်သည်။

ကျစ်ယန်သည် ဓားပျံတစ်ခုကို ထုတ်ကာ သူနေမည့် တည်းခိုခန်းတစ်ခုအား ရှာဖွေလိုက်၏။ မှော်အဂ္ဂိရတ်ဆေးဆရာဌာနချုပ်နဲ့ အလွန်ဝေးကွာသော နေရာတစ်ခုကို ရောက်တဲ့အခါ ကျစ်ယန်သည့် သူ့နားတွင် လူတစ်ချို့လိုက်ပါလာသည်ကို သိရှိခံစားလိုက်ရသဖြင့် ပြုံးလိုက်ပြီး မြေပြင်ကို သက်ဆင်းလိုက်သည်။

ထိုအခါ ဓားပျံများဖြင့် လူ၁၀ယောက်သည် ကျစ်ယန်ရဲ့ ပြေးပေါက်များကို ပိတ်လိုက်ပြီး "မင်းရဲ့ သိုလှောင်ကွင်းလက်စွပ်ငါတို့ကို ပေးပြီး ကိုယ့်ဘာသာ အေးဆေးသတ်သေမလား ၊ ဒါမှမဟုတ် ငါတို့မင်းကို နှိပ်စက်ညှင်းပန်းပြီး မင်းရဲ့သိုလှောင်ကွင်းကို လုယူရမလား " လို့ ပြောလိုက်၏။

ကျစ်ယန်သည် သူ့ရဲ့ဓားပျံအား သိမ်းထားလိုက်ပြီး "မင်းတို့ကို ခိုင်းတာ မုံတိုက်မလား......ဘာလို့ သူကိုယ်တိုင်မပါလာရတာလဲ " လို့ အေးဆေးပင် ပြောလိုက်သည်။ ထိုအခါ သံမျက်နှာဖုံးအုပ်ထားသော လူတစ်ယောက်သည် "မင်းကအရိပ်အပါး နားမလည်တဲ့ကောင်ပဲ သေပေတော့ "လို့ ပြောကာ သူ့ရဲ့ ဓားဖြင့် ကျစ်ယန်အား ခုတ်ချလိုက်၏။

ကျစ်ယန်သည် လွယ်ကူစွာဖြင့် ရှောင်လိုက်ပြီး "မင်းတို့အဆင့်လောက်နဲ့ ငါ့ကို သတ်နိုင်မယ်ထင်နေတာလား " လို့ အေးစက်စွာ အသံဖြင့် ပြောလိုက်ပြီး စိတ်ဝိညဥ်ထိန်းချုပ်ခြင်းကျင့်စဥ်ကို အသုံးပြုလိုက်သည်။

ဓားပျံပေါ်တွင် ရှိနေသောလူများသည် သဏ္ဍာန်မဲ့ရွှေဝါရောင်စွမ်းအင်ကြီးရဲ့ ချုပ်နှောင်ခြင်းကို ခံလိုက်ရတဲ့အခါ "စိတ်ဝိညဥ်ထိန်းချုပ်ခြင်းဆရာလား " လို့ ကြောက်လန့်စွာဖြင့် အော်ဟစ်နေရင်း မြူမှုန်အဖြစ် ပေါက်ကွဲကာ သေဆုံးသွားကြ၏။

ထိုလူ၁၀ယောက်လုံးသေဆုံးသွားတဲ့အခါ ကျင့်ကြံခြင်းစွမ်းအင်များသည် အမှောင်ညမျက်စိဆေးပင်ရဲ့ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ကျစ်ယန်သည် သေဆုံးသွားသောလူများရဲ့ ဓားတွေနဲ့ သိုလှောင်ကွင်းတွေကို သိမ်းလိုက်ပြီး သူ့ဓားအား ထုတ်ကာ

ဆက်လက်ပျံသန်းသွားခဲ့၏။ လူတစ်ယောက်သည် သူ့အား ချောင်းကြည့်နေတာ သိသော်လည်း ကျစ်ယန်သည် ပြုံးစွာဖြင့် ထွက်ခွာလာခဲ့သည်။

မှော်အဂ္ဂိတ်ဆေးဆရာဌာနချုပ်ရဲ့ အခန်းတစ်ခုတွင် မုံတိုက်သည် ရေနွေးကြမ်းအား မော့နေရင်း သတင်းကောင်းအား စောင့်ဆိုင်းနေခဲ့သည်။ ထိုချိန်မှာပဲ လူတစ်ယောက်သည် ကမန်းကတန်း ပြေးဝင်လာပြီး "သခင်လေး......သခင်လေး ၊ အခြေအနေမကောင်းတော့ဘူး " လို့ ထိပ်လန့်တကြားဖြင့် ပြောလိုက်၏။

မုံတိုက်သည် သူရေနွေးခွက်လေးအား ခုံလေးပေါ်သို့ တင်လိုက်ပြီး "ငါ့ကို သေချာပြောစမ်း မင်းဘာဖြစ်လာတာလဲ " လို့ သူ့နောက်လိုက်အား မေးလိုက်သည်။ ထိုလူသည် ဖြစ်ပျက်သွားခဲ့သော အကြောင်းများ ပြောလိုက်၏။

မုံတိုက်သည် သူခုံအား လက်ဖဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ပြီး

"ဘာ.......တန်နန်းတို့ အဖွဲ့အားလုံး အဖမ်းခံလိုက်ရတယ် ဟုတ်လား" လို့ ​ဒေါသပေါက်ကွဲစွာဖြင့် ပြောလိုက်သည်။ ချင်းတန်နေသော တည်းခိုခန်းအား တန်နန်းတို့အဖွဲ့ လာရောက်ပြသာနာရှာနိုင်မည် ထင်သဖြင့် ကျစ်ယန်သည် လန်တုံဟောက်အား စေခိုင်းထားခြင်းပင် ဖြစ်၏။

မုံတိုက်ဒေါသထွက်နေစဥ်မှာပဲ ဖုန်ဂျီသည်လည်း ပြေးဝင်လာခဲ့ပြီး

"သခင်လေး......ကယ်ပါအုံး ၊ ကျွန်တော်တို့ စေလွှတ်လိုက်တဲ့လူ အားလုံး အသတ်ခံလိုက်ရပြီ" ဟု ကြောက်လန့်တကြားဖြင့် ​ပြောလိုက်လေသည်။

မုံတိုက်သည် ရူးခါသလိုပင် ဖြစ်သွားပြီး "အဲ့ကောင်က ဘယ်သူလဲ ......ဘာလို့ သူက ငါ့ထက်သာလွန်နေရတာလဲ " လို့ အံကြိတ်စွာပင် ပြောလိုက်၏။ ဖုန်ဂျီသည် မပြောရဲပြောရဲဖြင့် "သခင်လေး.....ဒီကိစ္စကို အကြီးအကဲအန်တိုက်နဲ့ တိုင်ပင်သင့်တယ် " လို့ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

မုံတိုက်သည် ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် "ဟုတ်တယ် ဒီကိစ္စကို အဖေနဲ့ငါအရင်ဆုံး တိုင်ပင်ရမယ်" လို့ ရေရွတ်ကာ သူထိုင်နေသော အခန်းတွင်းမှာ ချက်ချင်းထွက်ခွာသွားခဲ့၏။

တခြားတစ်ဖက်တွင် ကျစ်ယန်သည် လန်ယုလို့ ရေးထားသော တည်းခိုခန်းကို တွေ့တဲ့အခါ ဆင်းသက်လာခဲ့သည်။ နှင်းဆီအနီရောင်ပွင့်ကြီး ပန်ထားသော မိန်းမပျိုတစ်ယောက်သည် ကျစ်ယန်ကို မြင်သည်နှင့် အပြင်ဘက်ကို ထွက်လာကာ "မင်္ဂလာပါသခင်လေး.......လန်ယုတည်းခိုဆောင်ကနေ ကြိုဆိုပါတယ် " လို့ ချွဲနွဲကာ ပြောလိုက်၏။

အချိန်သည် မှောင်လာပြီဖြစ်၍ ကျစ်ယန်သည် ထိုတည်းခိုခန်းတွင်သာ ဝင်ဌားလိုက်သည်။ ကျစ်ယန်သည် တည်းခိုဆောင်အတွင်းသို့ ဝင်သည်နှင့် ထူးဆန်းသော ရံနံအချို့အား ခံစားနေရ၏။ ကျစ်ယန်သည် အခန်းတစ်ခန်းအတွင် ကျသင့်သော ငွေဒင်္ဂါးများ ပေးလိုက်ပြီး အခန်းအတွင်းသို့ ဝင်လာခဲ့သည်။

ကျစ်ယန်အခန်းအတွင်းသို့ ဝင်ပြီး သိပ်မကြာမှာဘဲ အခန်း တံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် တံခါးဖွင့်ပေးပြီး "ဘာကိစ္စရှိလို့လဲ " လို့ မေးလိုက်သည်။

အမျိူးသမီးငယ်သည် လင်ဗန်းလေးထဲတွင် ကင်ပြီးသား ကြက်ပေါင်နဲ့ အရက်အိုးလေး နှစ်အိုးကို ကိုင်ဆောင်ထားကာ " ဒီတွေက ကျွန်မတို့တည်းခိုခန်းမှာ ဌားသူတိုင်းအတွက် အလကားကျွေးတာပါရှင့် " လို့ ပြောကာ ကျစ်ယန်အား ပေးလိုက်၏။

All Chapters