← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

သားရဲသခင်ဂိုဏ်းသားများ

ကျစ်ယန်သည် ကြက်ပေါင်နဲ့ အရက်အိုးအား ယူပြီးသည်နှင့် အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ ဟန်ဟွားလို့ ခေါ်သော အပြင်ဘက်မှ အမျိူးသမီးငယ်သည် ကျစ်ယန်အား ပေးပြီးသည်နှင့် ပြုံးစွာဖြင့် အခန်းတစ်ခုသို့ ပြန်သွားခဲ့၏။

ဟန်ဟွားအခန်းတစ်ခုထဲကို ရောက်သည်နှင့် အခန်းထဲတွင် ရှိနေသော ပုဝါဖြူတပ်ဆင်ထားအမျိူးသမီး များစွာထဲမှ ဂူးယွင်လို့ ခေါ်သော မိန်းကလေး သည် "ဟန်ဟွား......ဘယ်လိုလဲ " လို့ မေးလိုက်သည်။ ဟန်ဟွားသည် ပြုံးလိုက်ပြီး "ဟန်ဟွားဘဝမှာ ဘယ်တုန်းက မအောင်မြင်တာ ရှိဖူးလို့လဲ " လို့ ပြောရင်း လွတ်နေသော ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်၏။

ချန်လွာလို့ ခေါ်သော မိန်းကလေးငယ်သည်လည်း "မမဟန်ဟွား......ဒီတစ်ခါသခင်လေးက ချောချောလေးနော် မမဟန်ဟွားလုပ်ရက်လို့လား " လို့ မေးလိုက်သည်။ ဟန်ဟွားသည် ကင်းမြှီးကောက်ကြီးကို လက်ဖဝါးပေါ်သို့ တင်လိုက်ပြီး "ငါ့ရဲ့ကောင်လေးကြီးထွားဖို့အတွက် ငါဘာမဆိုလုပ်မှာပဲ "လို့ ပြောလိုက်၏။

ကျစ်ယန်သည် အခန်းထဲကို ရောက်သည်နှင့် သူ့ရရှိလာသော ဆေးအမယ်တွေကို ကြည့်လိုက်ပြီး " ပင်လယ်ရေလှိုင်းသုံးဆင့်ဆေးလုံး ဖော်စပ်ဖို့ အချိန်ရောက်ပြီ ထင်တယ် " လို့ ဆိုကာ ဆေးအမယ်တွေနဲ့အတူ စိတ်ဝိညဥ်ကမ္ဘာအတွင်းသို့ ဝင်လာခဲ့သည်။

ကျစ်ယန်သည် ဆေးမီးဖိုအိုးအား ထုတ်လိုက်ပြီး ဆေးအမယ်များစတင် သန့်စင်နေခဲ့၏။ ပင်လယ်ရေလှိုင်းသုံးဆင့်ဆေးလုံးသည် အဆင့်မြင့် ဆေးလုံးမျိုးဖြစ်သဖြင့် ကျစ်ယန်သည် နဂိုကထက်ပို အာရုံစိုက်ကာ ဆေးအမယ်များအား သန့်စင်နေခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှာပဲ ရေလှိုင်သုံးဆင့်ပုံသဏ္ဍာန်ပါရှိသော ဆေးလုံးလေး တစ်လုံးသည် ဆေးမီဖိုအိုးထဲမှ ထွက်လာခဲ့၏။ ကျစ်ယန်သည် ဆေးလုံးလေးအား ဖမ်းဆုပ်ယူကာ နေရာအနှံကြည့်လိုက်ပြီး ချက်ချင်းပင်မျိုချလိုက်သည်။

ကျစ်ယန်သည် ဝိညဥ်ပလ္လင်အဆင့်၉ကို ထိုးဖောက်နိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေခဲ့၏။အချိန်တစ်နာရီအတွင်းမှာပဲ ပင်လယ်ရေလှိုင်းသုံးဆင့်ဆေးလုံးမှ ရရှိသောစွမ်းအားနဲ့ အမှောင်ညမျက်စိဆေးပင်မှ ရရှိသော ကျင့်ကြံခြင်းစွမ်းအားများကြောင့် ကျစ်ယန်သည် ဝိညဥ်ပလ္လင်အဆင့်၉ကိုပင် ထိုးဖောက်သွားနိုင်ခဲ့သည်။

ကျစ်ယန်သည် ပြင်ပကမ္ဘာသို့ ပြန်လည်ထွက်လာခဲ့ပြီး "ကြည့်ရတာ ငါကျင့်ကြံမှုအဆင့်မြင့်လာတာနဲ့ နောက်တစ်ဆင့်ကို ထိုးဖောက်နိုင်ဖို့ တဖြည်းဖြည်းခက်ခဲလာတော့မယ်ထင်တယ် " လို့ ရေရွတ်လိုက်၏။

ကျစ်ယန်သည် အရက်အိုးနဲ့ ကြက်ပေါင်ကို ကြည့်လိုက်ပြီး "ဒီညတော့ ငါ့အနားယူဖို့ အချိန်တန်ပြီ " လို့ ပြောကာ အရက်အိုးနဲ့ကြက်ပေါင်ကို ကိုင်ကာ လက်တစ်ဖက်စီတွင် ကိုင်ကာ ကုတင်ပေါ်တွင် လှဲချလိုက်သည်။

ကျစ်ယန်သည် အရက်အိုးအား တစ်ငုံ မော့ချလိုက်သည်နှင့် အခန်းအပြင်ဘက်တွင် ရှိသောလူသည် ချက်ချင်းပင် ထွက်ခွာသွား၏။ ကျစ်ယန်သည် ထိုလူထွက်ခွာသွားသည်နှင့် ပြန်ထိုင်လိုက်ပြီး အရက်အား ပါးစပ်အတွင်းမှ ပြန်ထုတ်လိုက်သည်။

ကျစ်ယန်သည် သူစွမ်းအားကို အရက်အိုးအတွင်းသို့ ထည့်လိုက်ပြီး "ငါထင်တဲ့အတိုင်းပါပဲလား " လို့ ပြောကာ အရက်အိုးအား ​ကြမ်းပြင်ပေါ်သို့ လွှတ်ချလိုက်ပြီး ကုတင်ပေါ်တွင် ပြန်အိပ်လိုက်၏။

ကျစ်ယန်သည် သူ့အခန်းရှေ့တွင် လူတစ်ယောက်ရှိနေသည်ကို အစောကတည်းကပင် သိရှိပြီးသားဖြစ်သည်။ ထို့ကြောင့် ဟန်ဆောင်၍ အရက်အိုးအား မော့သောက်ခဲ့ပြခြင်းပင် ဖြစ်၏။

ကျစ်ယန်အခန်းရှေ့ရှိ လူသည် ချက်ချင်းပင် ဟန်ဟွားတို့နေသော အခန်းကို ရောက်လာခဲ့ကြသည်။

ကျစ်ယန်သည် အရက်အိုးအား မော့သောက်လိုက်ပြီလို့ ကြားသည်နဲ့ ဟန်ဟွားသည် ထလိုက်ပြီး "နင်တို့အားလုံး ငါ့ကိုဒီမှာခဏစောင့် နေ " လို့ ပြောလိုက်၏။ ဟန်ဟွားသည် သူ့မျက်နှာတွင် အပြုံးများဖြင့် ကျစ်ယန်အခန်းဆီသို့ တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့သည်။

ဟန်ဟွားသည် ကျစ်ယန်၏ အခန်းတံခါးကို ဖွင့်လိုက်သည်နဲ့ မြေပြင်ပေါ်တွင် ကျကွဲနေသော အရက်အိုးနဲ့ အိပ်ယာပေါ်တွင် ငြိမ်နေသော ကျစ်ယန်ကို တွေ့လိုက်ရ၏။ ဟန်ဟွားသည် အေးစက်စွာသော အပြုံးဖြင့် ကျစ်ယန်အနားကို ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။

ဟန်ဟွားသည် သူ့လက်ဖဝါးဖြန့်လိုက်တဲ့အခါ ကင်းမြှီးကောင်တစ်ကောင်သည် ပေါ်ထွက်လာခဲ့၏။ ဟန်ဟွားသည် ကင်းမြှီးကောင်အား ကျစ်ယန်ပေါ်သို့ ပစ်သွင်းလိုက်သည်။ သို့သော် ကင်းမြှီးကောက်သည် ကျစ်ယန်ရဲ့ တစ်ပေအကွာခန့်တွင် ရပ်တန့်သွား၏။

ကျစ်ယန်သည် အိပ်နေရာမှ လျှပ်စီး​အရှိန်ဖြင့် ဟန်ဟွားရဲ့ လည်ပင်းကို ဆုပ်ကိုင်လိုက်ကာ လေပေါ်သို့ မြှောက်တင်လိုက်သည်။ ဟန်ဟွားသည် သူ့လက်ဖဝါးအတွင်းမှ အစိမ်းရောင်အဆိပ်ငွေ့များ ထုတ်လွှတ်လိုက်၏။

အစိမ်းရောင်အဆိပ်ငွေ့များသည် စက္ကန့်ပိုင်းအတွင်း အခန်းအတွင်း ပြည့်နှက်သွားလေသည်။ ကျစ်ယန်သည် အဆိပ်ငွေ့များထဲတွင် ဘာမှပင် မဖြစ်သေးတာကြောင့် ဟန်ဟွားတစ်ယောက်ရူးခါသွား၏။

ထိုချိန်မှာပဲ တခြားမိန်းကလေးများသည် အခန်းအတွင်းကို ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် ဟန်ဟွားအား နံရံထောင့်တစ်ခုအား လွှတ်ပစ်လိုက်ပြီး "မင်းတို့က ဘယ်သူတွေလဲ " လို့ အေးစက်စွာဖြင့် ပြောလိုက်၏။

ဂူးယွင်တို့အဖွဲ့သည် ဟန်ဟွားအား အရင်ပြေးထူလိုက်ပြီး ဆေးတစ်လုံးအရင်တိုက်လိုက်သည်။ အငယ်ဆုံးမိန်းကလေးဖြစ်သော ချန်လွာသည် သူ့လက်ဖဝါးပေါ်သို့ မြွေပါတစ်ကောင်အား ဆင့်ခေါ်လိုက်ပြီး "မမဟန်ဟွားကို ဒဏ်ရာရအောင်လုပ်တဲ့အတွင် ရှင့်ကို အပြစ်ပေးရမယ် " လို့ ဆိုကာ မြွေပါဖြင့် ကျစ်ယန်အား တိုက်ခိုက်လိုက်သည်။

သို့သော် မြွေပါသည်လည်း ကျစ်ယန်ရဲ့ အနားကို မကပ်နိုင်ခဲ့ပေ။

ကျစ်ယန်သည် ချန်လွာအား သူ့စွမ်းအားဖြင့် ဆုပ်ယူကာ လည်ပင်းအား ညှစ်လိုက်ပြီး "မဖြေသေးရင် မင်းတို့အားလုံး မနက်ဖြန်နေကို မြင်ရမယ်မထင်နဲ့တော့ "လို့ ပြောလိုက်၏။

ထိုအခါ ဂူးယွင်သည် ဒူးထောက်လိုက်ပြီး သားရဲသခင်ဂိုဏ်းနဲ့ ပက်သက်သော အကြောင်းအရာများအား ရှင်းပြလိုက်လေသည်။ သားရဲသခင်ဂိုဏ်းသည် သားရဲတွေနဲ့ ချိတ်ဆက်ကာ ကျင့်ကြံရသော ဂိုဏ်းတစ်ခုပင် ဖြစ်၏။

ဂူးယွင်တို့အဖွဲ့သည် သားရဲသခင်ဂိုဏ်းတွင် အဆင့်နိမ့်တပည့်များသာ ဖြစ်သေးသည်။ သခင်နဲ့သွေးချိတ်ဆက်ထားသော သားရဲကောင်သည် ဒဏ္ဍာရီအဆင့်မရောက်ရှိသေးခင်အထိ သခင်နဲ့ ပူးပေါင်း၍ မရသေးပေ။

သားရဲများအား ကနဦးသားရဲအဆင့် ၊ ဒဏ္ဍာရီသားရဲအဆင့် နဲ့ နတ်ဆိုးသားရဲအဆင့် ဟု၍ အဆင့်၃မျိုးခွဲခြားထား၏။ ကနဦးသားရဲအဆင့်သားရဲသည် သခင်ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်၍ အသုံးပြု၍ မရနိုင်ပေ။

ဟန်ဟွားတို့သည် သူတို့သားရဲများအား ဒဏ္ဍာရီအဆင့်ကို ရောက်နိုင်ဖို့ လူသားများရဲ့ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုနေကြခြင်းပင် ဖြစ်၏။ သို့သော် သူတို့သည် ကနဦးသားရဲအဆင့်မှ မကျော်ဖြတ်နိုင်သေးပေ။

ကျစ်ယန်သည် ချန်လွာအား ပစ်ချလိုက်ပြီး "မင်းတို့အားလုံးရဲ့ သိုလှောင်ကွင်းထားခဲ့ပြီး ဒီနေရာက အမြန်ဆုံး ထွက်သွားတော့ " လို့ ဆိုလိုက်၏။ ဟန်ဟွားတို့သည် တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြသည်။

သိုလှောင်ကွင်းများမပေးလျှင် ကျစ်ယန်မှ သူတို့အား အမှန်တကယ် သတ်ပစ်နိုင်သောကြောင့် ဟန်ဟွားတို့သည် သိုလှောင်ကွင်းများ ပေးကာ ထွက်ပြေးသွားကြ၏။

ကျစ်ယန်သည် ဟန်ဟွားတို့ ထွက်ခွာသွားသည်နှင့် သိုလှောင်ကွင်းချိတ်ဆက်ထားမှုများကို သူ့စွမ်းအားဖြင့် ဖျက်ဆီးလိုက်ပြီး တစ်ကွင်းချင်း လိုက်လံစစ်ဆေးလိုက်သည်။ ဟန်ဟွားတို့ထံမှ များစွာသော ရတနာများအား ကျစ်ယန်သည် ရရှိလိုက်၏။

ကျစ်ယန်သည် ထူးဆန်းစွာ ရှိသော စာလိပ်နှစ်လိပ်အား တွေ့ရှိသွားခဲ့သည်။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာအတွင်းကို ဝင်ကာ ထိုစာလိပ်နှစ်လိပ်အား ဖတ်ရှု့လိုက်၏။ ထိုစာလိပ်နှစ်ခု ကျစ်ယန်လက်ထဲအတွင်းမှ ရုတ်တရက် ပေါင်းစပ်၍ သွားပြီး လေပေါ်သို့ တက်သွားကာ လှည့်ပတ်နေလေသည်။

All Chapters