လက်နက်သခင်များအသင်းမှ အာမခံမှု
Vol. 90 Ch. 1247
“ယူယူ ဒီနေ့လမ်းပေါ်မှာသတ်လိုက်တဲ့လူတွေရဲ့ သရုပ်မှန်ကို မင်းသိထား လား” ဟော်ချန်းဒုန်မေးလိုက်သည်။
“သိပါတယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
“မစိုးရိမ်ဘူးလား”
“စိုးရိမ်တယ် ဒါပေါ့ စိုးရိမ်တာပေါ့ နှစ်ဖက်လုံးက အင်အားကြီးပြီး ရပ်တည်နိုင်ကြတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါပေမဲ့ ကျွန်မအရင်က ပြောဖူးပါတယ် ကျွန်မရဲ့ အသည်းကွဲတောင်ကြားကို ထိတဲ့သူကို သေချာပေါက် ပြန်ပေးစမ်းခိုင်းရမှာပဲ”
“ဟားဟား မင်းပုံစံကိုကြည့်ရတာ နည်းနည်းမှစိုးရိမ်တဲ့ပုံမပေါက်ဘူး” ဟော်ချန်းဒုန် ထိုအရာကိုမြင်နိုင်သည်။ ရှီမာယူယူသည် ကြောက်ရွံ့သည်ဟု ပြောသော်လည်း အဘယ့်ကြောင့် သူမမျက်နှာတွင် တစိုးတစိမှပြသခြင်းမရှိ သနည်း။
“ဒါကို ချီးကျူးတယ်လို့ မှတ်ယူလို့ရမလား” ရှီမာယူယူသည် ပြုံးပြီးပြော လေသည်။
“ယူယူ နင် ပြုံးနိုင်သေးတာလား ပညာရှိစံအိမ်တော်နဲ့ ဝူမျိုးနွယ်တို့က သာမန် အင်အားတွေမဟုတ်ဘူး၊ အဲနှစ်ဖက်လုံးကို တစ်ခါတည်းနဲ့ နင် ပြစ်မှား လိုက်တာလေ ဒါပေမဲ့ ပြုံးနိုင်သေးတယ်နော် အကုန်လုံးရှေ့မှာ သူတို့ကို သတ်ခဲ့ တာ သူတို့မျက်နှာကိုရိုက်လိုက်တာနဲ့မတူဘူးလား တစ်ဖက်ကသိရင် နင့်ကို ပြဿနာရှာမှာပဲ” ရှောင်ဟုန်သည် စိုးရိမ်တကြီး ပြောလေသည်။
“ဟုတ်တယ် သူတို့ရောက်လာတာကို စောင့်ရမှာပေါ့” ရှီမာယူယူ ပြော လိုက်သည်။
“ဘယ်လိုဖြစ်ပြီး…” ရှောင်ဟုန်သည် စိုးရိမ်လျက်ရှိသည်။ “နင်က ဘယ်သူ့ကိုမှခေါ်လာတာမဟုတ်ဘူး ဟိုဘက်က နင့်ကိုလာရှာရင် ဘယ်မှာ သွားပုန်းမှာလဲ”
“ဟုန်အာ ပြောတာမှန်တယ်” ဟော်ချန်းဒုန် ပြောလိုက်သည် “လက်နက် မြို့တော်မှာဆိုရင် မင်းရဲ့လုံခြုံရေးကို အာမခံနိုင်တယ် ဒါပေမဲ့ ဒီနေရာက ထွက်သွားတာနဲ့ ကျုပ်တို့လာရင်တောင် သူတို့က လေးစားမှာမဟုတ်ဘူး”
“ဒါဆိုရင် ကျွန်မ ဦးလေးတို့ကိုပဲဒုက္ခပေးရတော့မယ် ဦးလေးဟော် ကျွန်မ မြို့ထဲမှာရှိတုန်းတော့ ဂရုစိုက်ပေးပါဦး” ရှီမာယူယူ ပြောလိုက်သည်။
“မိန်းကလေး ထွက်သွားတာနဲ့ တစ်ခုခုဖြစ်မှာကိုမစိုးရိမ်ဘူးလား” ဟော်ချန်းဒုန်သည် သူမ တည်ငြိမ်မှုကို တွေ့ရသည် “ဒီမှာ နည်းနည်းလောက် ကြာအောင် ဘာလို့မနေတာလဲ၊ ဒါပြီးသွားရင် ပြန်လိုက်ပို့ပေးပါမယ်၊ သူတို့က လက်နက်သခင်များအသင်းကိုတော့ လေးစားသမှုပြလောက်မှာပါ”
“အဲလိုဆိုရင် ဦးလေးတို့ကို တခြားအင်အားစုတွေနဲ့ ဆန့်ကျင်တဲ့နေရာမှာ ဝင်ပါသလိုဖြစ်မသွားဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ဦးလေးဟော် ဒီမြို့ မှာနေတုန်းကို ကျွန်မ လုံခြုံရေးကို ကာကွယ်ပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ နောက်ပိုင်းဖြစ်တာတွေကိုတော့ ကျွန်မတို့ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပါတယ်”
“ယူယူ ဝူမျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်က သူတို့လူတွေအများကြီးခေါ် လာကြတယ်” ရှောင်ဟုန် ပြောလိုက်သည်။
“လူတစ်ယောက်က လူအများကြီးမလိုပါဘူး သန်မာရင်ကိုလုံလောက်ပြီ လေ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အရေအတွက် ကိုပဲကြည့်မယ်ဆိုရင် အနိုင်ရသူက ဘယ်သူလဲဆိုတာ သေချာတာမဟုတ်ဘူး လေ”
သူမ စာချုပ်သားရဲများထဲတွင် ဂဠုန်များ၏ဘုရင်ရှိသည်ကို သူတို့ပြန် တွေးမိလိုက်ကြသည်။ သူမသာ ငှက်မျိုးနွယ်များကို စုဆောင်းလိုက်ပါက အင်အားကြီးမားသော တပ်ဖွဲ့ဖြစ်သွားပေမည်။
“ဒါဆိုလည်း ကောင်းပြီလေ၊ မြို့ထဲမှာ မင်းလုံခြုံအောင်လို့ တခြား အင်အားကြီးနှစ်ခုကို သွားချော့လိုက်ဦးမယ်” ဟော်ချန်းဒုန်သည် ထပြီးထွက် သွားလေသည်။
ရှီမာယူယူလည်းထကာ ဟော်ချန်းဒုန်ကို လေးနက်စွာအရိုအသေပေး ပြီးနောက် ပြောလိုက်သည် “ကျေးဇူးတင်ပါတယ် ဦးလေးဟော်”
ထိုဦးလေးဟု အမည်တပ်ခြင်းသည် သူမဆီမှကြားသမျှထဲတွင် အနွေးထွေးဆုံးဖြစ်သည်ကို ဟော်ချန်းဒုန်သတိပြုမိသည်နှင့် ကျယ်လောင်စွာ ရယ်မောကာ မြေပေါ်မှလူကိုခေါ်ပြီးထွက်သွားလေသည်။
သူသည် ရှီမာယူယူဆီသို့အရင်လာကာ ကျန်အင်အားကြီးနှစ်ခုကို နှစ်သိမ့် ရန်လိုသေးသည်။ အချိန်မှာ တန်ဖိုးရှိသည်။
လက်နက်သခင်များအသင်းမှလူများကို ပို့ပြီးနောက်တွင် အားလုံးသည် ဧည့်ခန်းသို့ပြန်ကြလေသည်။
“မင်း ငါ့အကူအညီကိုလိုပြီး ငါက မင်းကိုအကြွေးတင်အောင်လုပ်လို့ရ မယ်ထင်နေတာ ကြည့်ရတာ မလိုဘူးထင်တယ်” မိုယွိသည် ခုံတွင်ထိုင်ပြီး တစ်ချိန်လုံးမထပေ။
ရှီမာယူယူသည် ကျွင်းမျိုးနွယ်နှင့် မရင်းနှီးသော်လည်း သူ၏ အပြုအမူကို မြင်သောအခါ သူတို့သည် မဆိုးလှဟု ခန့်မှန်းမိသည်။
“ရှင် ဒီလောက်အကူအညီပေးချင်နေရင်လည်း အခွင့်အရေးပေးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“…”
မိုယွိ ဆွံ့အသွားသည်။ သူဘယ်တုန်းက သူမကို အတင်းကူညီချင်နေလို့ လဲ။
ဒီလောက်အရှက်ရစရာကို သူ ဘယ်လိုလုပ်လုပ်နိုင်ရတာလဲ။
“ယူယူ တောင်ကြားကလူတွေ လာဖို့လိုမလား” ဝေကျိရွှီ မေးလိုက်သည်။
“မိုယွိရှိနေတာကို ဘာလို့တခြားသူကိုလိုတော့မှာလဲ ဟုတ်တယ်မလား” ရှီမာယူယူသည် မိုယွိ သူမကို အမှန်တကယ်ကူညီလိုသည့်အတိုင်း ပြုံးပြလေ သည်။
“အဲဒါ အကုန်လုံးငါ့အမှားတွေပါ” ဘိုင်ရှန်းသည် အပြစ်ရှိသလိုခံစားရလေ သည် “ဒီကိုလာရင် ပြဿနာဖြစ်မယ်ဆိုတာ သိတာကို လာပြီးကြည့်ချင်နေ သေးတယ်”
ဤနေရာသည် သူအရင်ကလာဖူးသော နေရာဖြစ်သည်။
သူ ကိုယ့်ကိုယ်ကိုအပြစ်တင်နေသည်ကို ရှီမာယူယူ မြင်သောအခါ အစော ပိုင်းက ဖြစ်ထားသောဒေါသများသည် အနည်းငယ်လျော့သွားသည်။ “ဒီကိုလာ ရင် အဘိုးမှာကိစ္စတစ်ခုခုရှိလိမ့်မယ်လို့ ကျွန်မတို့ခန့်မှန်းပြီးသားပါ ဒါပေမဲ့ မေးဖို့အခွင့်အရေးမရှိခဲ့ဘူး၊ ဒီလိုဖြစ်သွားမယ်လို့ထင်မထားဘူး ကဲ အရမ်းကြီး မခံစားနဲ့တော့၊ ဒီကိစ္စတွေက အဖိုးအပြင်မထွက်တာနဲ့မဖြစ်မဲ့ကိစ္စတွေမဟုတ် ဘူး၊ အဖိုးရဲ့ အမုန်းတရားတွေကို လက်တုန့်ပြန်ဖို့ ကျွန်မတို့ကူညီပေးမယ် ဒါ ဒီအတိုင်းပြောတဲ့စကားတွေမဟုတ်ပါဘူးနော်”
“ဒါပေမဲ့ အချိန်ကောင်းမဟုတ်သေးဘူး” ဘိုင်ရှန်း ပြောလိုက်သည်။
လက်ရှိမှာ သူမတွင် ဝိညာဉ်စွမ်းအင်မရှိကာ အန္တရာယ်ကျလာလျှင် တောင် သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းမရှိပေ။ သူမသာ ဒဏ်ရာရလျှင် တောင်ကြားက ညီအစ်ကိုများနှင့််သူ့ကိုယ်သူကိုပင် မျက်နှာပြရဲမည်မဟုတ်ပေ။
အခုချိန်တွင် အရင်ကကဲ့သို့မဟုတ်တော့ဘဲ သူမသည် သူ၏ မိသားစု ကဲ့သို့ဖြစ်နေလေပြီ။
“စိတ်ချပါ ဒီမှာဆရာကြီးတစ်ယောက်လုံးရှိနေမှတော့ အဆင်ပြေမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဆရာကြီး ဟုတ်လား”
“မိုယွလေ သူလက်တစ်ချက်ဝှေ့လိုက်တာနဲ့ အကုန်လုံးကြေမွသွားမယ်” ရှီမာယူယူ ရှင်းပြလေသည်။
“ဟင်း ငါ့ထင်မြင်ချက်ကိုတောင် မမေးဘဲနဲ့ကို” မိုယွိ ပြောလိုက်သည် “ငါက အဲလိုတွေ့ကရာ ဝင်စွက်ဖက်တတ်တဲ့လူလား”
“ဟုတ်လား… ဒါဆိုလည်း အဲဒါကိုမေ့လိုက်တော့ ကျွန်မဘာသာဖြေရှင်း ဖို့ စဉ်းစားရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီအချိန်အတွင်းကို အလုပ်များမှာဖြစ်လို့ လက်ဖက်ရည်ကို ကိုယ့်ဘာသာပဲ ကျိုလိုက်တော့နော်… အစတုန်းကတော့ ဒါကိုကူညီပေးရင် အရင်က မသောက်ဖူးတဲ့လက်ဖက် ခြောက်တချို့ပေးမလို့ပဲ အခုတော့ ကြည့်ရတာမလိုတော့ဘူးထင်တယ်၊ ဘယ် လိုပဲဖြစ်ဖြစ် ရှင်ကကျွန်မကို ကူညီမှာမှမဟုတ်တာ”
“….”
အားလုံးသည် ဆွံ့အသွားကြသည်။ ဒီခြိမ်းခြောက်မှုက တည့်တိုးဖြစ်လွန်း တယ်။ သူမမှာ ပါးနပ်မှုနည်းနည်းလေးတောင် ရှိရဲ့လား။ တစ်ဖက်ကလူက တစ္ဆေလောကက လွှမ်းမိုးနိုင်တဲ့အင်အားကြီးတစ်ခုက လူပဲ၊ ဒီလို ခြိမ်းခြောက် တာကို သူက လက်ခံပါ့မလား။
သို့သော် တစ်ယောက်သောသူသည် မိုယွိကို ငါးစာဟပ်မလား မဟပ် မလားဆိုသည်ကို သိချင်သည့်မျက်လုံးများဖြင့် စူးစူးဝါးဝါးကြည့်နေလေသည်။
တခြားသူ၊ တခြားသော ငါးစာဆိုလျှင် မိုယွိ ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ထိုလူသည် သူအသိအမှတ်ပြုသည့်လူဖြစ်နေကာ ငါးစာသည် အရင်က မမြည်းစမ်းဖူးသော လက်ဖက်ရည်အမျိုးအစားဖြစ်နေသည်။ သေးငယ်သော ခြိမ်းခြောက်မှုမဟုတ်သော်လည်း သူသည် ငါးစာကိုဟပ်လိုက်သည်။
သူ အသိအမှတ်ပြုတဲ့သူ ဖြစ်ပေးပါလို့ သူမကို ဘယ်သူကတောင်းဆိုလို့ လဲ။
“မင်း အသက်ရှင်ဖို့ကိုပဲ ငါသေချာအောင်လုပ်ပေးမယ် တခြားဟာတွေကို ငါ ဂရုမစိုက်ဘူး” မိုယွိ ပြောလိုက်သည်။
“သဘောတူတယ်” ရှီမာယူယူသည် စားပွဲကိုအသာအယာရိုက်ပြီး ပျော်ရွှင်စွာ ပြောလေသည် “ကောင်းပြီ အဘိုးဘိုင် အခုစိုးရိမ်ဖို့မလိုတော့ဘူး”
“ဒါပေမဲ့ အဲလူတွေက အရင်ကအဘိုးဘိုင်ကို ထိခိုက်အောင်လုပ်ထားတာ ရှောင်ချီ အလွတ်မပေးနိုင်ဘူး” ရှောင်ချီ ပြောလိုက်သည်။
“ဘယ်လိုလုပ် လွှတ်ပေးမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ လောဖို့မလိုဘူး၊ ငါတို့သတင်းအရင်စုံစမ်းရမယ် ရန်သူကိုသိထားတာက တိုက်ပွဲ တစ်ရာကို အနိုင်ရနိုင်တယ်”
“ဟုတ်တယ်” ဝေကျိရွှီ ပြောလိုက်သည် “လူဘယ်လောက်လာတယ် ဘယ်လိုလူမျိုးတွေလာတယ် ဘယ်လောက်အားကောင်းလဲဆိုတာ သူတို့ သတင်းကိုသိထားရမယ်”
“အဲဒါကမလွယ်ဘူးလား ပျားတွေကိုသာခိုင်းလိုက်ရင်ရပြီ” ရှောင်ချီ ပြော လေသည်။
“ဟုတ်တယ် ပြန်လာတဲ့လမ်းမှာ ပျားတွေကိုလွှတ်ပြီးပြီ အဘိုးဘိုင်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပေမဲ့ ငါ့ပျားတွေက သတင်းစုံစမ်းရင်းသိပြီးပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ အဲဒါကို စောစောစီးစီး စဉ်းစားမိတယ်ပေါ့” ရှောင်ချီသည် သူမကို လေးစားသည့်အကြည့်ဖြင့်ကြည့်လေသည်။
သူမ ဒီအတိုင်းသာပြောလိုက်ခြင်းဖြစ်သည်။ ယူယူက အဘိုးဘိုင်ကိစ္စကို ဘာလို့ စိတ်ထဲမှာထည့်မထားရမှာလဲ။
***