အခန်း (၃၅)
Vol. 3 Ch. 35
သားရဲကမ္ဘာအတွင်းသို့ ဝင်သွားခြင်း
ကျစ်ယန်သည် သူ့စွမ်းအားများ ကာကွယ်ဖို့ အဆင်သင့် လုပ်ထားလိုက်၏။ ထိုချိန်မှာပဲ စာလိပ်နှစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး ဧရာမ နဂါးကြီးတစ်ကောင်သည် ထွက်ပေါ်လာလေသည်။ နဂါးကြီးသည် အလွန်ပင် ရှည်းလျားတဲ့အပြင် မျက်လုံးကြီးများမှာ အလွန်ပင် ကြောက်လန့်စရာကောင်းနေခဲ့၏။
နဂါးကြီးသည် ကျစ်ယန်ကို မြင်တဲ့အခါ ကြောက်လန့်ဖွယ်ရာ ဟိန်းဟောက်သံကြီးဖြင့် "ဟားဟားဟား......ငါ့နောက်ဆုံးတော့ အဲ့အစီအရင်စာလိပ်ထဲက လွတ်မြောက်နိုင်ခဲ့တဲ့အပြင် ငါအတွက်ခန္ဓာကိုယ်တစ်ခုပါ အဆင်သင့် ရှိနေပြီပဲ " လို့ ကျယ်လောင်စွာ ရေရွတ်လိုက်သည်။
ကျစ်ယန်သည် အခြေအနေမဟန်သည်ကို သိလိုက်ရပြီး အစွမ်းကုန်တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။ နဂါးကြီးထံမှ လာသော စွမ်းအားအရှိန်အဝါဖိအားကြောင့် ကျစ်ယန်သည် ခြေထောက်များပင် တုန်နေခဲ့သည်။
နဂါးကြီးသည် လေဟာနယ်မှ ချက်ချင်းပင်ပျောက်သွားပြီး ကျစ်ယန်ရှေ့တည့်တည့်မှ ပြန်ပေါ်လာကာ "......မင်းခန္ဓာကိုယ်ကို ငါယူပြီး ဒီကမ္ဘာပေါ်မှာ ငါသာ အင်အားအကြီးဆုံးသူဖြစ်လာစေရမယ်"လို့ ပြောကာ ကျစ်ယန်အသိဉာဏ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ဖို့ ကြိုးစားလိုက်၏။
သို့သော် ထိုချိန်မှာပဲ ပင်လယ်ရေမျက်နှာပြင်အတွင်းမှ ရွှေရောင်စကားလုံးပေါင်းများစွာမှာ သံကြိုးသဖွယ်ထွက်ရှိလာခဲ့ပြီး ဧရာမနဂါးကြီးအား ချုပ်နှောင်သွားခဲ့သည်။
နဂါးကြီးသည် သူ့စွမ်းအင်များ ချိတ်ပိတ်ခံလိုက်ရတာကို သိရှိသွား၏။ နဂါးကြီးသည် သူ့မျက်လုံးတစ်စုံဖြင့် ထူးဆန်းသော စွမ်းအားများကို ကြည့်လိုက်တဲ့အခါ "နတ်ဘုရားနယ်မြေက စွမ်းအားလား......မဖြစ်နိုင်တာ ဒီလူသားက ဘယ်လိုလုပ် နတ်ဘုရားစွမ်းအားမျိုးပိုင်ဆိုင်နေတာလဲ " ဟု ထိပ်လန့်စွာဖြင့် ရေရွတ်လိုက်သည်။
ထိုချိန်မှာပဲ ပင်လယ်ရေမျက်နှာပြင်ကြီးသည် တုန်ခါသွားပြီး သားရဲအရှင်သခင်ကျင့်စဥ်နဲ့ပက်သက်သည့် နက်နဲသောအကြောင်းအရာများသည် ကျစ်ယန်ရဲ့ အသိဉာဏ်ပင်လယ်ထဲကို ရောက်ရှိသွားခဲ့၏။
ရှည်လျားကြီးမားသော နဂါးကြီးသည် လေပေါ်တွင် မပျံသန်းနိုင်တော့ ကျစ်ယန်ရှေ့ရှိ ရေမျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။
ကျစ်ယန်သည် နဖူးတည့်တည့်မှ သွေးစက်အား ထုတ်လိုက်ပြီး နဂါးကြီးရဲ့ နဖူးတည်တည့်သို့ ထည့်သွင်းလိုက်လေ၏။
နဂါးကြီးသည် ရုန်းကန်ချင်ပေမယ့် လက်ရှိသူ့အခြေအနေမှာ သာမာန်နဂါးတစ်ကောင်နဲ့ မခြားနားတော့ပေ။ စက္ကန့်ပိုင်းအတွင်းမှပဲ ကျစ်ယန်နဲ့ နဂါးကြီးသည် သွေးသည် ပေါင်းစပ်သွားတဲ့အခါ ရွှေရောင်သံကြိုးကြီးများသည် အလိုအလျောက် ပျောက်ကွယ်သွား၏။
နဂါးကြီးသည် စိတ်ပျက်စွာနဲ့ပဲ "မင်းလိုအင်အားနည်းတဲ့လူသားတစ်ယောက်က ငါ့သခင်ဖြစ်လာလိမ့်မယ်လို့ ငါအိပ်မက်တောင် မမက်ဖူးဘူး " လို့ ဆိုလိုက်သည်။ ကျစ်ယန်သည် မျက်လုံးဖြင့် နဂါးကြီးအား ကြည့်လိုက်တဲ့အခါ နဂါးကြီးသည် "လုံရှန်း......မှားသွားပါတယ် သခင် " လို့ အမြန်ပြန်ပြောလိုက်၏။
ကျစ်ယန်သည် နဂါးကြီးအား ဘယ်သူဘယ်ဝါလဲဆိုတာ မေးမြန်းလိုက်သည်။ နဂါးကြီးသည် နတ်ဆိုးအဆင့်နဂါးတစ်ကောင်ဖြစ်ပြီး လူသားတွေကမ္ဘာအား သိမ်းပိုက်ရန် ကြိုးစားခဲ့ဖူး၏။ သို့သော် ကောင်းကင်မှ နတ်ဘုရားငါးပါး ဆင်းသက်လာခဲ့ပြီး သူ့အား တိုက်ခိုက်၍ ချုပ်နှောင်ကာ ကာ စာလိပ်၂ခုထဲတွင် ပိတ်နှောင်ထားခဲ့ကြောင်း ပြောပြလိုက်သည်။
နှစ်ပေါင်းထောင်ချီလာတဲ့အခါမှတော့ စာလိပ်၂ခုသည် သာမာန်ရတနာတစ်ခုထက် မပိုခဲ့တော့ကြောင့် သားရဲသခင်ဂိုဏ်းထဲသို တဖြည်းဖြည်း ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်၏။ ကျစ်ယန်သည် သူ့ရှေ့ရှိနဂါးကြီးမှာ လူသားကမ္ဘာကိုပင် သိမ်းပိုက်ဖို့ ကြိုးစားခဲ့သူဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။
ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ် အတွင်းမှ ထွက်ကာ ဓားပျံဖြင့် ပျံသန်းထွက်ခွာလာခဲ့၏။ ချင်းတန်သည် ကျစ်ယန်လာသည်ကို မြင်သော်အခါ "သခင်လေးကျစ်ယန်......ချင်းတန်တို့ ဝမ်ရှောက်ဂိုဏ်းကို သွားဖို့ အချိန်တန်ပြီ ထင်တယ် " လို့ ဆိုလိုက်သည်။
ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး နှစ်ယောက်သား ဓားပျံဖြင့် ထွက်ခွာလာခဲ့၏။ ဝမ်ရှောက်ဂိုဏ်းရှိ နေရာတစ်ခုတွင် အလွန်ပင် ထူထပ်နေသော လူပင်လယ်ကြီး တစ်ခုအား ကျစ်ယန်သည် တွေ့လိုက်ရသည်။
ထိုချိန် လေထဲတွင်အလိုအလျောက်ပျံသန်းလာသော လူလေးယောက်ကို ကျစ်ယန်တို့သည် တွေ့လိုက်ရ၏။ ထိုလူတွေကို တွေ့တဲ့အခါ လူပင်လယ်ကြီးထဲမှ "အဲ့တာဝမ်ရှောက်ဂိုဏ်းရဲ့ ဆရာအကြီးအကဲလေးဦးပဲ " လို့ အော်ဟစ်ပြောဆိုလိုက်ကြသည်။
ထိုလေးဦးလုံးမှာ နတ်ဝိဇ္ဇာအဆင့်ကို ရောက်ရှိနေသဖြင့် ဝမ်ရှောက်ဂိုဏ်းမှာ သာမာန်ဂိုဏ်းမဖြစ်နိုင်ကြောင်း ကျစ်ယန်မှာ သိရှိသွား၏။ နတ်ဝိဇ္ဇာအဆင့်ရှိသော လူလေးယောက်သည် လေဟာနယ်တွင် ရပ်တန့်လိုက်ပြီး သူ့တို့လက်ချောင်းများကို လှုပ်ရှား၍ ဒိုင်ဗားရှင်းတစ်ခုအား ဖန်တီးလိုက်သည်။
ထိုလေးယောက်ထဲမှ ရန်ခဲ့လို့ ခေါ်သော အကြီးအကဲသည် ဝမ်ရှောက်ဂိုဏ်းကို ဝင်နိုင်ဖို့အတွက် လိုအပ်သည့် အရည်အချင်း ရှိမရှိကို စမ်းသပ်ရန် လိုအပ်ကြောင်း ရှင်းပြလိုက်၏။ ယှဥ်ပြိုင်သူအားလုံးသည် ဒိုင်ဗားရှင်းရဲ့ တခြားတစ်ဖက်တွင်ရှိသော သားရဲကမ္ဘာကို သွားကာ သားရဲမှော်အမြူတေကို စုဆောင်းရမည် ဖြစ်ပြီး အချိန်တစ်ရက်အတွင်း ပြန်ထွက်လာရမည် ဖြစ်သည်။
ရန်ခဲ့သည် သူ့သိုလှောင်ကွင်းလက်စွပ်အတွင်းမှ ကျောက်စိမ်းအမိန့်ပြားများစွာကို လူပင်လယ်ကြီးအား ခွဲဝေပေးလိုက်၏။ လူပင်လယ်ကြီးသည် ကျောက်စိမ်းအမိန့်ပြားကို သွေးနဲ့ချိတ်ဆက်လိုက်ကြပြီး ဒိုင်ဗားရှင်းထဲသို့ ခုန်ဝင်သွားကြလေသည်။
ကျစ်ယန်သည် ချင်းတန်အား ဂရုစိုက်ဖို့ ပြောလိုက်ပြီး ဒိုင်ဗားရှင်းထဲ ခုန်ဝင်လာခဲ့၏။ ဒိုင်ဗားရှင်းရဲ့ တခြားတစ်ဖက်ကို ရောက်တဲ့အခါ နေရာသည် တစ်ဦးနဲ့တစ်ဦး မတူညီကြပေ။
ကျစ်ယန်သည် သားရဲကမ္ဘာအတွင်းကို ရောက်တဲ့အခါ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "သားရဲတိရစ္ဆာန်ဆိုပေမယ့် သူတို့လဲ အသက်နဲ့ပဲလေ အနည်းဆုံးတော့ ငါသူတို့အသက်ကို ချန်ထားပေးသင့်တယ် " လို့ ရေရွတ်ရင်း လျှပ်စီးအလျင်နှုန်းဖြင့် သားရဲကောင်တွေကို ရှာဖွေလိုက်၏။
ကျစ်ယန်သည် ခဏလေးအတွင်းမှာပင် ကနဦးသားရဲအဆင့်သာရှိသော သားရဲမှော်အမြူတေများစွာကို ရရှိသွားခဲ့သည်။ ကျစ်ယန်သည် အလံနက်ထောက်ကာ တားမြစ်ထားသော နေရာတစ်ခုကို တွေ့တဲ့အခါ နောက်ပြန်လှည့်ဖို့ လုပ်လိုက်၏။
ထိုချိန်တွင် လူတစ်ယောက်သည် သစ်ပင်ပေါ်မှာထိုင်နေရင်း "မင်းရထားတဲ့ သားရဲမှော်အမြူတေပေးပြီး သားရဲကမ္ဘာထဲက ထွက်ခွာသွားတော့ မဟုတ်လို့ကတော့ မင်းရဲ့အသက်ကို သားရဲကမ္ဘာထဲမှာ ထားခဲ့ရလိမ့်မယ် " လို့ ပြုံးပြုံးရွင်ရွင် ပြောလိုက်သည်။
ကျစ်ယန်သည် တိုက်ခိုက်မည့်ချိန်မှာ နတ်ဆိုးအဆင့်နဂါးဖြစ်သော လုံရှန်းသည် "သခင်........လုံရှန်းဖြေရှင်းလိုက်ရမလား " လို့ မေးလိုက်၏။
ကျစ်ယန်သည် လက်တစ်ဖက်နောက်ပစ်ကာ "ဒီလို အမှိုက်ကောင်လောက်တော့ ငါအင်အားအများကြီးသုံးစရာတောင်မလိုဘူး " လို့ ပြောကာ ကျင့်ကြံခြင်းစွမ်းအားကို သံကြိုးအဖြစ် အသွင်ပြောင်းလဲပြီး သစ်ပင်ပေါ်ရှိ လူအားတိုက်ခိုက်လိုက်သည်။
သစ်ပင်ပေါ်ရှိ တိုက်ရှီသည် သူ့ဓားအား ထုတ်လိုက်ပြီး "မင်းက ငါနဲ့ကစားချင်မှတော့ အပျင်းပြေငါက ကစားပေးရမှာပေါ့ " လို့ ဆိုကာ သူ့ဓားအား မွေ့ရမ်းကာ ဖျက်စီးခြင်းဓားသွားကျင့်စဥ်ဖြင့် ရွှေရောင်သံကြိုးစွမ်းအား ကြီးအား ခုခံတိုက်ခိုက်လိုက်၏။
ကျစ်ယန်ရဲ့ ရွှေရောင်သံကြိုးစွမ်းအားမှာ သူ့ဓားအား ချုပ်နှောင်သွားဖြင့် တိုက်ရှီသည် ဓားအား စွန့်လွတ်၍ နောက်သို့ ထွက်ပြေးလိုက်၏။ သို့သော် တိုက်ရှီသည် ရုတ်တရက် တစ်ကိုယ်လုံး ရပ်တန့်သွားပြီး သူ့ရဲ့စွမ်းအားများအားလုံး ချိတ်ပိတ်ခံလိုက်ရတဲ့အခါ စိတ်ဝိညဥ်ထိန်းချုပ်သူဆရာမှန်းသိရှိသွားလေသည်။
ကျစ်ယန်သည် လျှပ်တစ်ပြက်အတွင်း တိုက်ရှီးရှေ့တွင် ပေါ်လာခဲ့ပြီး စွမ်းအားများရုတ်သိမ်းလိုက်တဲ့အခါ တိုက်ရှီးသည် ချက်ချင်းပင် ဒူးနှစ်ဖက်ထောက်ကာ ခေါင်းနဲ့မြေ မရပ်မနားဆောင့်၍ "ကျွန်တော်တောင်းပန်ပါတယ်..... အကြီးအကဲ ၊ ကျွန်တော်ကို ခွင့်လွှတ်ပေးပါ ကျွန်တော်ကို မသတ်ပါနဲ့ ကြိုက်တာခိုင်းပါ " လို့ ငိုယိုကာ တောင်းပန်နေခဲ့၏။