အခန်း (၃၆)
Vol. 3 Ch. 36
သားရဲကမ္ဘာမှ ပြန်ထွက်လာခြင်း
ကျစ်ယန်သည် တိုက်ရှီးဓားအား ပြန်ပေးလိုက်ပြီး "ကောင်းပြီ......ခုချိန်ကစပြီး မင်းငါခိုင်းတာ လုပ်ရမယ် " လို့ ပြောလိုက်ပြီး သူ့သွေးစက်အား ထုတ်ကာ ကျွန်သခင်ကျိန်စာအား တိုက်ရှီးအား ချုပ်ဆို ခိုင်းလိုက်သည်။
ကျွန်သခင်ကျိန်စာသည် အလွန်ပင် ကြောက်စရာအားကောင်း၏။
ကျွန်ဖြစ်သူသည် သခင်အား မကောင်းတာတစ်ခုခု တွေးရင်တောင် အရှင်လတ်လတ် သွေးများဆူပွက်၍ နောက်ဆုံးမှာ ခန်းခြောက်ကာ သေဆုံးရမည် ဖြစ်သည်။
တိုက်ရှီးသည် သူသာ ကျွန်သခင်ကျိန်စာသာ မချုပ်ဆိုရင် သတ်ခံရမည်ဖြစ်သောကြောင့် သူ့သွေးစက်အား ထုတ်ကာ ကျစ်ယန်သွေးစက်အား ထုတ်ပေးလိုက်၏။ ကျစ်ယန်သည် သူနောက်လိုက်ဖို့ပြောကာ ဓားပျံနဲ့ ပျံသန်းသွားလေသည်။
တိုက်ရှီးလဲ သူ့ဓားပေါ်တက်ကာ ကျစ်ယန်နောက်ကို လိုက်သွားခဲ့၏။ ကျစ်ယန်သည် ကြောက်လန့်စွာအော်ဟစ်နေသော မိန်းမပျိုတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသဖြင့် ထိုနေရာကို ဆင်းသက်လိုက်သည်။
ကျစ်ယန်ရောက်ရှိသွားချိန်တွင် ရွှေရောင်ဦးဂျိူပါသောခြင်္သေ့ တစ်ကောင်သည် မိန်းမပျိုအား စားသောက်ရန် တစ်ရှိန်ထိုး ခုန်အုပ်လိုက်၏။ မိန်းမပျိုသည် သူသေရတော့မည်ဟု ထင်ကာမျက်လုံးစုံမှတ်ထားလိုက်သည်။
ကျစ်ယန်သည် လျင်မြန်သောအရှိန်နှုန်းဖြင့် မိန်းမပျိုအား ပွေ့ဖက်ကာ တခြားတစ်ဖက်သို့ ခေါ်ဆောင်သွားနိုင်ခဲ့၏။ ရွှေရောင်ဦးဂျိုနဲ့ခြင်္သေ့သည် "ဟားဟား......ဒီနေ့တော့ ငါတကယ်ဗိုက်ဝပြီပဲ " လို့ ဆိုကာ ကျစ်ယန်ရှိသို့ ပြေးဝင် ခုန်အုပ်လိုက်သည်။
ကျစ်ယန်သည် အေးစက်စွာဖြင့် ရွှေရောင်ဦးဂျိူပါသောခြင်္သေ့အား ကြည့်လိုက်ပြီး ရွှေရောင်သံကြိုးများဖြင့် ပစ်သွင်းတိုက်ခိုက်လိုက်၏။ ရွှေရောင်ဦးဂျိူနဲ့ ခြင်္သေ့သည် များစွာသော ရွှေရောင်သံကြိုးများကို ရှောင်ရှားဖို့ ကြိုးစားပင်မယ့် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။
ကျစ်ယန်သည် ရွှေရောင်ဦးဂျိုခြေင်္သေ့နားကို သွားကာ "မင်းရဲ့မှော်အမြူတေကို ထုတ်ပေးမယ်ဆိုရင်တော့ မင်းအသက်ကို ငါအာမခံတယ် " လို့ ပြောလိုက်၏။
ရွှေရောင်ဦးဂျိူခြေင်္သေ့သည် ဒေါသထွက်စွာဖြင့် သူ့စွမ်းအားကို စုစည်းကာ သံကြိုးကြီးများကို ဖျက်ဆီးပစ်လိုက်ပြီး "မင်းလိုလူသားတစ်ယောက်ကများ...."လို့ အော်ဟစ်ကာ အနားတွင်ရှိနေသော ကျစ်ယန်အား သူဂျိူဖြင့် ပြေးထိုးလိုက်၏။
ရွှေရောင်ဦးဂျိုခြင်္သေ့ရဲ့ ဂျိူချောင်းမှာ အလွန်ပင် သန်မာသောစွမ်းအားကြီးများကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားမျိူးပင် ရှိ၏။
ကျစ်ယန်သည် နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်၍ သူ့လက်ချောင်းများအား စက္ကန့်ပိုင်းအတွင်း လှုပ်ရှားလိုက်လေသည်။
ရွှေရောင်ဦးဂျိုခြေင်္သေ့သည် ရုတ်တရက်အစီအရင်စက်ဝိုင်းအတွင်းကို ရောက်ရှိမှန်းသိသွားတဲ့အခါ "မင်းကအစီအရင်ဆရာတစ်ယောက်လား " လို့ ပြောလိုက်၏။ ကျစ်ယန်မှာ အစီအရင်ဆရာတစ်ယောက်မှန်းသိသွားတဲ့အခါ ရွှေရောင်ဦးဂျိူခြင်္သေ့သည် အနည်းငယ် ကြောက်လန့်၍ သွား၏။
မိန်းမပျိုနဲ့ တိုက်ရှီးသည် ကျစ်ယန်မှာ အစီအရင်ဆရာတစ်ယောက်မှာ ဖြစ်နေလိမ့်မည်လို့ မထင်ထားခဲ့ပေ။ တိုက်ရှီးသည် ကျစ်ယန်အား ကြည့်၍ ကျစ်ယန်ရဲ့ ကျွန်ဖြစ်နေရတာကိုပင် ဂုဏ်ယူနေခဲ့၏။
ရွှေရောင်ဦးဂျိူခြင်္သေ့သည် အစီအရင်စက်ဝိုင်းအား ဖောက်ထွက်ရန် ကြိုးစားနေချိန်မှာ သူ့ထက်ပင်စွမ်းအားကြီးသော ရွှေရောင်ဦးဂျိုခြင်္သေ့ကြီးသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ့အား တိုက်ခိုက်ပါတော့သည်။
ရွှေရောင်ဦးဂျိုခြင်္သေ့နှစ်ကောင်သည် တစ်မိနစ်ကျော်တိုက်ခိုက်ပြီးနောက် အစစ်အမှန်ရွှေရောင်ဦးဂျိူခြင်္သေ့သည် "ငါအရှုံးပေးတယ်......ငါ့အသက်ကို ချမ်းသာပေးပါ " လို့ အသနားခံကာ မှော်အမြူတေအား ထုတ်ပေးလိုက်၏။ ကျစ်ယန်သည် မှော်အမြူတေအား ယူသိမ်းလိုက်ပြီး အစီအရင်အား ဖျက်သိမ်းလိုက်သည်။
အစီအရင်စက်ဝိုင်း မရှိတော့သည်နှင့် ရွှေရောင်ဦးဂျိုခြင်္သေ့သည်
တောအတွင်းကို ထွက်ပြေးသွားခဲ့၏။ တိုက်ရှီးသည် ကျစ်ယန်နားကို လမ်းလျှောက်လာခဲ့ပြီး "သခင်.......အဆင်ပြေရဲ့လား " လို့ မေးလိုက်သည်။
ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး "ငါတို့ဒီနေရာက အမြန်ဆုံးထွက်ခွာသွားကြရအောင် " လို့ ပြောပြီး ထပ်မံပျံသန်းလာခဲ့၏။
မိန်းမပျိူသည်လည်း ထွက်ခွာဖို့ အချိန်မကျရောက်သေးသဖြင့် ကျစ်ယန်နောက်ကို လိုက်လာခဲ့လေသည်။
ကျစ်ယန်တို့ ဓားပျံဖြင့် ပျံသန်းနေစဥ်တွင် များစွာသော လျှပ်စီးမြှားသွားတွေသည် ကျစ်ယန်တို့ရှိ ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် လျှပ်စီးမြှားသွား လာရာကို ကြည့်ရှုလိုက်ပြီး ၎င်းနေရာကို
ချက်ချင်းပင် ပျံသန်းသွားလိုက်သည်။
ကျစ်ယန်သည် သူတို့ရှေ့ကို လျှပ်တစ်ပြက်အတွင်းရောက်ရှိလာတဲ့အခါ မြှားများ ကိုင်ဆောင်ထားသော အဖွဲ့ထဲမှ ရှောင်ရန်လို့ ခေါ်သောလူသည် "မင်းက အသက်ငယ်ပင်မယ့် အရည်အချင်းရှိသားပဲ ၊ ငါတို့အဖွဲ့ထဲသာ ဝင်မယ်ဆိုရင် ဝမ်ရှောက်ဂိုဏ်းထဲ ဝင်နိုင်ဖို့ ငါအာမခံတယ် " လို့ ပြောလိုက်၏။
တိုက်ရှီးနဲ့ ဝမ်ဖေလို့ ခေါ်သောမိန်းမပျိုသည် ကျစ်ယန်နောက်ကို လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ တိုက်ရှီးသည် ထိုလူတွေအားဟကြည့်လိုက်ပြီး "သခင်.......သူတို့က ဟောင်ဂန်ဂိုဏ်းက ဂိုဏ်းသားတွေပဲ" လို့ ပြောပြီး ဟောင်ဂန်ဂိုဏ်းအကြောင်း ပြောပြလိုက်၏။
ဟောင်ဂန်ဂိုဏ်းသည် ကြယ်အစုအဝေးမြို့တော်ထဲတွင် နာမည်အနည်းငယ်ရှိသော ဂိုဏ်းတစ်ခုပင် ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့သော ဂိုဏ်းကြီးပင် ဖြစ်သည်။ ကျစ်ယန်သည် သူရှေ့ရှိ လူများအကြောင်းသိသွားတဲ့အခါ "မင်းတို့အနေနဲ့ ကမ္ဘာပေါ်မှာ ရှင်သန်ဖို့ မသင့်တော်တော့ဘူး " လို့ ပြောကာ စိတ်ဝိညဥ်ထိန်းချုပ်ခြင်းပညာဖြင့် အားလုံးအား မျက်စိတစ်မှိတ်အတွင်း သတ်ပစ်လိုက်၏။
ဝိညဥ်ပလ္လင်အဆင့်ရှိသော လူ၈ယောက်သည် တစ်ချိန်ထဲမှာပဲ ပေါက်ကွဲထွက်၍ သေဆုံးသွားတဲ့အခါ တိုက်ရှီးနဲ့ ဝမ်ဖေသည် ဆွံအသွားပြီး တံတွေးပင် မျိူမချရဲတော့ပေ။ ကျစ်ယန်သည် ထိုလူတွေရဲ့ သိုလှောင်ကွင်းတွေထဲမှ မှော်သားရဲအမြူတေနဲ့ ရတနာတွေကို သိမ်းဆည်းဖို့ တိုက်ရှီးအား ခိုင်းလိုက်၏။
ထိုချိန်မှာ ဝမ်ဖေသည် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး "အကြီးအကဲ.....ကျေးဇူးပြုပြီး ဝမ်ဖေကို တပည့်အဖြစ်လက်ခံပေးပါ " လို့ ငိုယိုစွာဖြင့် ပြောလိုက်သည်။ ကျစ်ယန်ရဲ့ စွမ်းအားသည်
ဝမ်ရှောက်ဂိုဏ်းတွင် ရှိသော အကြီးအကဲများနဲ့ ယှဥ်နိုင်လိမ့်မည်ဟု ဝမ်ဖေသည် သိရှိသွားခဲ့ခြင်းဖြစ်၏။
ကျစ်ယန်သည် ခေါင်းခါလိုက်ပြီး "မိန်းကလေးမင်းတစ်ခုခုမှားနေပြီထင်တယ် ၊ ငါတို့အားလုံးက ဝမ်ရှောက်ဂိုဏ်းထဲဝင်နိုင်ဖို့ ဒီသားရဲကမ္ဘာကို ရောက်လာခဲ့ကြတာလေ " လို့ အေးဆေးပင် ပြောလိုက်သည်။
ဝမ်ဖေသည် ပြန်မတ်တပ်ရပ်လိုက်ပြီး "ဝမ်ဖေ......နားလည်ပါပြီ ၊ အကြီးအကဲက ဝမ်ဖေ အသက်ကျေးဇူးရှင်ဆိုတော့ ဝမ်ဖေအခွင့်အရေးရှိရင် ပြန်ဆပ်ပါ့မယ် " လို့ ပြောပြီး ကျောက်စိမ်ပြားအား အသက်သွင်းလိုက်ပြီး လူသားကမ္ဘာသို့ ပြန်သွားခဲ့၏။
တိုက်ရှီးသည် ရတနာတွေသိမ်းပြီးနောက် "သခင်.....ကျွန်တော်တို့ရော ဒီနေရာကနေ ပြန်ထွက်ကြတော့မလား " လို့ မေးလိုက်သည်။ မှော်သားရဲအမြူတေသည်လည်း လုံလောက်နေပြီဖြစ်၍ ကျစ်ယန်လည်း "ကောင်းပြီလေ.....ငါတို့လဲ ပြန်ကြတာပေါ့ " လို့ ဆိုကာ လူသားကမ္ဘာကို ပြန်လာခဲ့ကြ၏။
ကျစ်ယန်တို့သည် လူသားကမ္ဘာကို ပြန်လည်ရောက်ရှိလာတဲ့အခါ လူပင်လယ်ကြီးမှ လူအင်အားအလွန်ပင် နည်းသွားမှန်းသိလိုက်ရသည်။ သားရဲကမ္ဘာအတွင်းတွင် လူများစွာရဲ့ အသက်ဆုံးရှုံးရလိမ့်မည်လို့ ကျစ်ယန်သည် မထင်ထားခဲ့ပေ။
ဝမ်ရှောက်ဂိုဏ်းမှ နတ်ဝိဇ္ဇာအဆင့်ရှိသော ရန်ခဲ့သည် သားရဲကမ္ဘာအတွင်းမှ ရရှိလာသော မှော်သားရဲအမြူတေကို ထုတ်ပြဖို့ အားလုံးအား အမိန့်ပေးလိုက်၏။ ထိုအခါ အားလုံးသည် သူတို့ရရှိလာသော မှော်သားရဲအမြူတေများကို ထုတ်ပြလိုက်သည်။
ဝမ်ရှောက်ဂိုဏ်းမှ အကြီးအကဲလေးယောက်လုံးသည် လေပေါ်မှ တဆင့် အားလုံးလက်ထဲရှိ မှော်သားရဲအမြူတေများကို လိုက်လံစစ်ဆေးလိုက်၏။ ကျစ်ယန်သည် ရွှေရောင်ဦးဂျိုခြင်္သေ့မှ ရရှိလာသော မှော်သားရဲအမြူတေအား မထုတ်ပြသည်ကို ဘေးမှ တိုက်ရှီးတစ်ယောက်သာ သိနေခဲ့သည်။
အကြီးအကဲလေးယောက်လုံးသည် အားလုံးကို လိုက်လံကြည့်ရှုပြီးနောက် "မဆိုးဘူး.....မဆိုးဘူး " လို့ ပြောကာ အားလုံးရဲ့ရှေ့သို့ ပြန်၍ ပျံသန်းသွား၏။