အခန်း (၃၇)
Vol. 3 Ch. 37
နဂါးစစ်သည်တော်ခန်းမ
အကြီးအကဲလေးယောက်သည် ဝမ်ရှောက်ဂိုဏ်းရဲ့ ဝင်ပေါက်တံခါးဝအား ဖွင့်ပေးလိုက်၏။ ထိုအခါ လူများစွာသည် ထိုဝင်ပေါက်ထဲသို့ တန်းစီ၍ ဝင်သွားကြလိုက်သည်။
အားလုံးသည် အထဲရောက်ပြီးနောက် မှော်သားရဲအမြူတေအပ်ရန် နေရာကို ရောက်ရှိလာခဲ့၏။ထိုနေရာကတော့ မှော်သားရဲအမြူတေမျှော်စင်ပင် ဖြစ်သည်။ မှော်သားရဲမျှော်စင်သည် အထပ်၅ထပ်ပင်ရှိ၏။
အသက်၃၀ကျော်ရှိသော လူတစ်ယောက်သည် မှော်သားရဲအမြူတေမျှော်စင်နဲ့ ပက်သက်သော အကြောင်းအရာများကို ရှင်းပြလိုက်သည်။ မှော်သားရဲအမြူတေမျှော်စင်သည် ဝမ်ရှောက်ဂိုဏ်းတွင် ရှိသော ဂိုဏ်းသားများအားလုံးရဲ့ အဆင့်ကို သတ်မှတ်ပေးသော နေရာတစ်ခုပင်ဖြစ်၏။
မှော်သားရဲအမြူတေတွေရဲ့ တန်ဖိုးရလဒ်ကို ဆုံးဖြတ်၍ အမှတ်ပေးခြင်းပင်ဖြစ်ပြီး ထိုရမှတ်များနဲ့အတူ ရတနာလက်နက် ၊ ဆေးလုံး ၊ ကျင့်စဥ် ၊ အစီအရင်အဆောင်များကို လဲလှယ်ရနိုင်လေသည်။ အားလုံးသည် ထိုလူရှင်းပြတာကို နားထောင်ပြီး ပျော်ရွှင်နေကြ၏။
ထို့နောက်တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ မှော်သားရဲအမြူတေကို တာဝန်ရှိသူများထံကို အပ်လိုက်ကြသည်။ ကျစ်ယန်သညိလည်း သူရရှိထားသော မှော်သားရဲအမြူတေတွေကို အပ်လိုက်၏။
တာဝန်ရှိသူ ဖြစ်သော ကျောက်ကန်းသည် ကျစ်ယန်ရဲ့ ဝိညဥ်အမြူတေတွေကို စစ်ဆေးလိုက်၍ စာအုပ်ထဲတွင် စာတချို့ ရေးသားလိုက်ပြီး "မဆိုးဘူးမဆိုးဘူး......အသစ်ထဲမှာဆို မင်းရဲ့ရလဒ်က အကောင်းဆုံးပဲ ၊ မစ်ရှင်ဆောင်ကို သွားပြီး မင်းနာမည်ကို ပြောပြလိုက်ပါ......" လို့ ပြောလိုက်သည်။
ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေပင် "ကျေးဇူးပါစီနီယာအကို " လို့ ပြောကာ ရှေ့က လူတွေသွားသော မစ်ရှင်ဆောင်ကို ခြေလှမ်းလာခဲ့၏။ မစ်ရှင်ဆောင်ဆိုသည်မှာ အမှတ်ရရှိရန် တာဝန်ထမ်းဆောင်ရသော ဌာနတစ်ခုပင် ဖြစ်သလို ဂိုဏ်းသားအဖြစ် ခံအပ်ပေးသော နေရာတစ်ခုဆိုလည်း မမှားပေ။
ကျစ်ယန်သည် မစ်ရှင်ဆောင်အတွင်းကို ဝင်လာခဲ့၏။ မိန်းကလေးတစ်ယောက်သည် အခန်းတစ်ခုအား ကျစ်ယန်ကို ညွှန်ပြလိုက်သည်။ ကျစ်ယန်သည် ထိုအခန်းထဲဝင်လာခဲ့တဲ့အခါ ထိုင်ခုံပေါ်တွင် ထိုင်နေသော လူ၄ယောက်ကို တွေ့လိုက်ရ၏။
ထို၄ယောက်မှာ ၃ယောက်သည် ယောကျာ်းသားဖြစ်ပြီး တစ်ယောက်မှာ မိန်းမတစ်ယောက်ပင်ဖြစ်သည်။ ထို၄ယောက်လုံးသည် ဝမ်ရှောက်ဂိုဏ်းရဲ့ အကြီးအကဲများပင် ဖြစ်၏။ ချူဖန့်ဟု ခေါ်သော အကြီးအကဲသည် "အငယ်လေး......မင်းနာမည်ဘယ်လိုခေါ်လဲ " လို့ မေးလိုက်သည်။
ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်၍ ခေါင်းငုံကာ "မင်္ဂလာပါအကြီးအကဲ......ကျွန်တော်နာမည်ကျစ်ယန်ပါ " လို့ ဖြေကြားလိုက်၏။ ကျစ်ယန်လို့ နာမည်ကြားတဲ့အခါ ပေရှန်လို့ခေါ်သော မိန်းကလေးအကြီးအကဲသည် "အော်လက်စသတ်တော့ နင်က ဂိုဏ်းသားသစ်ထဲမှာ အတော်ဆုံးဆိုတဲ့တစ်ယောက်ကိုး " လို့ ပြောလိုက်သည်။
ပေရှန်သည် ထိုင်ခုံမှ ထလိုက်ပြီး "အငယ်လေး......ငါတို့လေးယောက်က ဝေရှောက်ဂိုဏ်းရဲ့ အကြီးအကဲတွေ ဖြစ်သလို ဂိုဏ်းသားတွေကို တိုးတက်အောင် ပြုစုပျိုးထောင်ပေးတဲ့လူတွေဆိုလဲ မမှားဘူး " လို့ ဆိုလိုက်၏။
ထို့နောက် သူတို့လေးယောက်ထဲမှ တစ်ယောက်အား ဆရာအဖြစ်ရွေးချယ်ရမည်ဖြစ်ကြောင်း ပေရှန်သည် ပြောပြလိုက်သည်။ လေးယောက်လုံးသည် နတ်ဝိဇ္ဇာအဆင့်က ဖြစ်ပြီး ထူးချွန်သော ပညာရပ်တွေကို ပိုင်ဆိုင်ထားကြ၏။
လက်ရှိချိန်မှာတောင် လေးယောက်လုံးသည် သူနဲ့ အရည်အချင်းညီမျှနေသဖြင့် ကျစ်ယန်သည် ရွေးချယ်ရခက်နေသည်။ လုံကျွင်းဆိုသော အကြီးအကဲသည် ကျစ်ယန်အား ကြည့်ကာ "အငယ်လေး.....မင်းမှာ ဆရာတစ်ယောက်ရှိနေတယ်ဆိုရင်တော့ ငါတို့ကိုအမည်ခံဆရာအဖြစ်နဲ့ပဲ သတ်မှတ်ပြီး ဝမ်ရှောက်ဂိုဏ်းမှာလေ့ကျင့်လို့ ရပါတယ် " လို့ ပြောလိုက်၏။
ကျစ်ယန်သည် ပြုံး၍ သွားပြီး "ကျေးဇူးတင်ပါတယ်......အကြီးအကဲ " လို့ ပြောကာ အရိုအသေပြုလိုက်သည်။ လုံကျွင်းသည် ဂိုဏ်းသားဝတ်စုံ ၊ တံဆိပ်ပြားတစ်ခုနဲ့ ကျင့်စဥ်စာလိပ်တစ်ခုအား ပေးလိုက်သည်။
လုံကျွင်းသည် တံဆိပ်ပြားအား သွေးနဲ့ ချိတ်ဆက်ရန် ကျစ်ယန်အား စေခိုင်းလိုက်ပြီး မစ်ရှင်ဆောင်နဲ့ ပက်သက်သော အကြောင်းအရာများကိုလဲ ရှင်းပြလိုက်၏။ ကျစ်ယန်သည် သူ့အမှတ်များကို စစ်ဆေးလိုက်တဲ့အခါ ရမှတ်၈၀၀၀ကို တွေ့လိုက်ရသည်။
ကျစ်ယန်သည် တံဆိပ်ပြားနဲ့ ဝတ်စုံကို သိမ်းလိုက်ပြီး အကြီးအကဲများကို နှုတ်ဆက်ကာ ဂိုဏ်းသားသစ်များနေရန် အဆောင်တစ်ခုကို ခြေလှမ်းလာခဲ့၏။ တိုက်ရှီးသည် ကျစ်ယန်နောက်ကို လျင်မြန်စွာလိုက်လာခဲ့သည်။
ကျစ်ယန်တို့သည် ဂိုဏ်းသားအဆောင်ကို ဝင်မည့်ချိန်တွင် လူ၆ယောက်ကျော်သည် တံခါးဝကို ရောက်ရှိလာခဲ့ပြီး ဓားမကြီးကိုင်ဆောင်ထားသော လူသည် "သခင်လေးယွမ် အနားယူနေပြီ ၊ ဒီနေ့ မင်းတို့ အားလုံး တခြားနေရာမှာ အိပ်စက်လိုက်တော့ " လို့ ပြောလိုက်၏။
ခဏလေးအတွင်းမှာပဲ ကျစ်ယန်တို့နောက်ကို ဂိုဏ်းသားသစ်များစွာ ရောက်ရှိလာခဲ့သည်။ ထိုထဲမှ ဟွမ်ယွီလို့ခေါ်သော မိန်းမပျိုတစ်ဦးသည် သူ့ဓားရှည်အား ထုတ်လိုက်ပြီး "သခင်လေးယွမ်ဆိုတာ ဘယ်သူမို့လို့ ငါတို့ဂိုဏ်းသားသစ်တွေရဲ့ နေရာကို ရောက်နေရတာလဲ " လို့ မေးလိုက်၏။
ထိုချိန်မှာ အဖြူဝတ်စုံဝတ်ဆင်ထားသောလူသည် တံခါးဝပိတ်ထားသော လူ၆ယောက်ရဲ့ နောက်ကို ရောက်ရှိလာပြီး "ငါဘယ်သူလဲ မင်းတကယ်သိချင်တာလား " လို့ ဓားရှည်ကိုင်ထားသော မိန်းမပျိုအား ပြောလိုက်သည်။
ထိုလူကို မြင်တဲ့အခါ ဂိုဏ်းသားသစ်ထဲမှ လူတစ်ယောက်သည် "အဲ့တာသခင်လေးယွမ်ချင်းပဲ သူက ဝမ်ရှောက်ဂိုဏ်းအကြီးအကဲတစ်ယောက်ရဲ့ သားဖြစ်သလို ဝမ်ရှောက်ဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်ပဲ " လို့ ပြောလိုက်၏။
ထိုလူဘေးမှလူသည်လည်း "မင်းပြောတာမှန်တယ် ၊ သခင်လေးယွမ်ချင်းက ငယ်ငယ်ရွယ်ရွယ် ဝိညဥ်ပလ္လင့်အဆင့်၄ကိုတောင် ရောက်နေပြီ " ဟု တီတိုးစွာ ပြောလိုက်ကြ၏။
ဟွမ်ယွီသည် သူ့ဓားအား မရုတ်သိမ်းသေးတဲ့အပြင် ဓားအား ယွမ်ချင်းကို ရွယ်လိုက်ပြီး "ရှင်ဘယ်သူပဲ ဖြစ်ဖြစ် ဒီနေရာက မဖယ်ပေးရင်တော့ ကျွန်မအဆိုးမဆိုနဲ့ " လို့ အေးစက်စွာ အသံဖြင့် ပြောလိုက်သည်။
ထိုချိန်မှာပဲ ဝမ်ရှောက်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် လေပေါ်မှ ရောက်ရှိလာပြီး "ယွမ်ချင်း.......မင်းဘာလို့ဂျူနီယာလေးတွေကို စနေရတာလဲ " လို့ ပြောလိုက်၏။ ယွမ်ချင်းသည် ပြုံးလိုက်ပြီး "ယွမ်ချင်း.....မစတော့ပါဘူး အကြီးအကဲ "လို့ ပြောကာ သူ့လူတွေနဲ့ အတူ ထိုနေရာမှ ထွက်ခွာ၍ သွားလေသည်။
ထိုအခါမှသာ ဂိုဏ်းသားသစ်များသည် သူ့တို့နေရမည့် အခန်းထဲသို့ ကိုယ်စီဝင်လာကြ၏။ ကျစ်ယန်သည် သူ့နေရမည့် အခန်းအား တစ်ချက်ကြည့်လိုက်ပြီး အပြင်သို့ ပြန်၍ ထွက်ခွာလာခဲ့သည်။ ကျစ်ယန်သည် အကြီးအကဲလေးယောက်ရှိမှ သတင်းတစ်ခုရရှိလာခြင်းပင် ဖြစ်၏။
ထိုသတင်းကတော့ ပါရမီရှင်များသာ သိခွင့်ရသော သတင်းတစ်ခုပင်ဖြစ်သည်။ဝမ်ရှောက်ဂိုဏ်းတွင် ထူးဆန်းသော အဖွဲ့အစည်းတစ်ခုပင် ရှိနေသေးခြင်းပင် ဖြစ်သည်။ ထိုအဖွဲ့အစည်းကိုတော့ နဂါးစစ်သည်တော်အဖွဲ့လို့ပင် ခေါ်ပြီး ဝမ်ရှောက်ဂိုဏ်းရဲ့ အကြီးအကဲတစ်ချို့ကပင် မဝင်နိုင်သော အဖွဲ့အစည်းပင် ဖြစ်၏။
နဂါးစစ်သည်တော်အဖွဲ့သားတစ်ယောက်သည် သာမန်အကြီးအကဲများရရှိသော အရင်းအမြစ်များထက် ၁၀ဆခန့်ပို၍ ရရှိခြင်းပင် ဖြစ်သည်။ ကျစ်ယန်သည် သူ့တွင် ရှိသော မျက်နှာဖုံးအား တပ်ဆင်လိုက်ပြီး နဂါးစစ်သည်တော်ခန်းမအတွင်းကို ရောက်ရှိလာခဲ့၏။
နဂါးစစ်သည်တော်ခန်းမရဲ့ တာဝန်ရှိသူသည် ကျစ်ယန်အား ကြည့်လိုက်ပြီး "ငါအတွေ့အကြုံအရ နဂါးစစ်သည်တော်တစ်ယောက်ဖြစ်ဖို့ လာရောက်ယှဥ်ပြိုင်ကြတဲ့အထဲမှာ မင်းက အသက်ငယ်ဆုံးပဲ " လို့ ပြောလိုက်သည်။