← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

နဂါးစစ်သည်တော်အဖြစ်အရည်အချင်းစစ်ပွဲ

ကျစ်ယန်သည် ထိုလူအား အရိုအသေပြုလိုက်ပြီး "အကြီးအကဲကျွန်တော်ကို လမ်းပြပေးပါအုံး " လို့ ပြောလိုက်၏။ ထိုလူသည် လက်နောက်ပစ်ကာ ကျစ်ယန်အား အခန်းတစ်ခုစီသို့ ခေါ်ဆောင်သွားပြီး "ဒီအခန်းက နဂါးစစ်သည်တော်ဖြစ်ဖို့ စမ်းသပ်ပေးတဲ့နေရာပဲ ၊ မင်းမှတ်ထားဖို့က ဒီတစ်ခေါက်ကျရှုံးရင်တောင် အလျော့မပေးပဲ နောက်တစ်ခေါက် မင်းလာရောက်စိန်ခေါ်ခွင့်ရှိသေးတယ်ဆိုတာ မမေ့နဲ့" လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ထိုလူအား နှုတ်ဆက်ပြီး အထဲကို ဝင်လာခဲ့၏။ အခန်းထဲသို့ ရောက်သည်နှင့် များစွာသော မိုးကြိုးအလင်းတန်းများသည် ကျစ်ယန်ရှိသို့ ကျရောက်လာလေသည်။ ကျစ်ယန်သည် လျှပ်စီးခြေလှမ်းဖြင့် မိုးကြိုးများအား ရှောင်ကာ ရှေ့သို့လျင်မြန်စွာ ပြေးလာခဲ့လေသည်။

ကျစ်ယန်သည် အတော်အဝေးရောက်ရှိမှသာ မိုးကြိုးများသည် ရပ်တန့်သွားခဲ့၏။ ထိုချိန်မှာပဲ ကျစ်ယန်ရပ်နေသော ကျောက်သားများသည် ကွဲကြေ ပြိုကျမှုများ ဖြစ်လာခဲ့သည်။ ကျစ်ယန်သည် သူ့ဓားပျံအား ထုတ်မည့်ချိန်တွင် သိုလှောင်ကွင်းလက်စွပ်သည် ချိတ်ပိတ်ခံလိုက်ရမှန်းသိရှိလိုက်၏။

ကျစ်ယန်သည် ကောင်းမွန်သော ကျောက်သားပြင်များအား တဆင့်ခြင်း မရပ်မနား ခုန်လာခဲ့သည်။ ကျစ်ယန်သည် တခြားတစ်ဖက်ကို ရောက်ရှိသွားတဲ့အခါမှတော့ ကျောက်သားပြင်များ အားလုံးပြိုကျသွားလေသည်။

ကျစ်ယန်သည် အချိန်မဆွဲဘဲ ရှေ့ကို လမ်းလျှောက်လာခဲ့၏။ ကျစ်ယန်သည် အလွန်ပင်မှောင်မိုက်သော ဂူကြီးအတွင်းကို ရောက်ရှိလာခဲ့သည်။ အလွန်ပင် လျင်မြန်သော အရာကြီးတစ်ခုသည် သူ့အနောက်ကိုဖြတ်သွားသလို ခံစားလိုက်ရသဖြင့် ကျစ်ယန်သည် နောက်ကို လှည့်ကြည့်လိုက်၏။

ကျစ်ယန်သည် ဘာမှမတွေ့ရှိသဖြင့် "ငါပဲစိတ်ထင်နေတာများလား "လို့ ရေရွတ်လိုက်သည်။ ကျစ်ယန်သည် ရှေ့ပြန်လည့်ကြည့်လိုက်တဲ့အခါမှတော့ အလွန်ပင်ကြီးမာသော သားရဲကောင်ကြီးအား တွေ့လိုက်ရ၏။

ထိုသားရဲကောင်ကြီးတွင် အလင်းတန်းများ ထွက်ပေါ်နေ၍သာ သူ့ခန္ဓာကိုယ်ကြီးအား ရှင်းလင်းစွာ မြင်နေရခြင်းပင် ဖြစ်သည်။ သားရဲကောင်ကြီးသည် နတ်ဝိဇ္ဇာအဆင့်စွမ်းအားရှိပြီး ကျစ်ယန်အား သတ်ဖြတ်ဖို့ အခြေအနေချောင်းနေခဲ့၏။

ကျစ်ယန်သည် စတင်မတိုက်ခိုက်ဘဲ သားရဲကောင်ကြီး လှုပ်ရှားမှုကို စောင့်ဆိုင်းနေလေသည်။ သားရဲကောင်ရဲ့ မျက်လုံးသည် ရုတ်တရက် အပြာရောင်မှ အနီရောင်သို့ ပြောင်းလဲသွားတဲ့အခါ ကျစ်ယန်အား တရှိန်ထိုး ဝင်တိုက်ခိုင်လိုက်၏။

သားရဲကောင်ကြီးသည် ကျစ်ယန်အနားကို ရောက်သည်နှင့် သူ့လက်သည်းကြီးများဖြင့် ကုတ်ချလိုက်သည်။ ကျစ်ယန်သည်လည်း ဘိုးဘေးသွေးကြောကျင့်စဥ်ကို အခြေခံ၍ သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ရွှေရောင်လျှပ်စီးသံကြိုးများထွက်ပေါ်လာပြီး

နတ်ဝိဇ္ဇာအဆင့်သားရဲကောင်ကြီးအား ချက်ချင်းတုတ်နှောင်သွားခဲ့၏။

ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်စွမ်းအားရှိသော သားရဲကောင်အား ဖမ်းဆီးရာတွင် ခုလောက်ထိလွယ်လိမ့်မယ်လို့ မထင်ထားပေ။ ကျစ်ယန်သည် သူ့စိတ်ထဲမသင်္ကာနေသော်လည်း လက်ချောင်းများကို ဆုပ်လိုက်တဲ့အခါ ရွှေရောင်လျှပ်စီးသံကြိုးများသည် ကျစ်လစ်သွားပြီး သားရဲကောင်ကြီးအား ဖျက်ဆီးပစ်လိုက်၏။

သို့သော် သားရဲကောင်ကြီးသည် မသေဆုံးသွားပြီး နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကျစ်ယန်သည် ပြန်လည်ထွက်ပေါ်သော သားရဲ၂ကောင်အား ကြည့်လိုက်ပြီး "ငါထင်တာမမှားဘူး " လို့ ရေရွတ်ပြီး စိတ်ဝိညဥ်စွမ်းအားကို အသုံးပြုလိုက်၏။

ကျစ်ယန်သည် စိတ်ဝိညဥ်စွမ်းအားကို အသုံးပြုပြီးနောက် "တကယ်ပဲ ဒါက ပုံရိပ်ယောင်စွမ်းအားပဲ " လို့ ရေရွတ်လိုက်သည်။ ကျစ်ယန်ရှေ့ရှိ သားရဲနှစ်ကောင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မျက်လုံးအပြာတစ်ဖက် ၊ အနီတစ်ဖက် ပါရှိသော သားရဲကောင်ကြီး ထွက်ပေါ်လာခဲ့၏။

ထိုသားရဲကောင်ကြီးသည် ကျစ်ယန်အား သတ်ဖြတ်တော့မည့်အလား ကြောက်စရာမျက်လုံးကြီးများဖြင့် ကြည့်လိုက်ပြီး "မင်းကငယ်ငယ်ရွယ်ရွယ်နဲ့ ​ကြောက်စရာကောင်းတဲ့ စိတ်ဝိညဥ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့အတွက် ငါရဲ့ပုံရိပ်ယောင်စွမ်းအားကို လွယ်လွယ်နဲ့ ရှာတွေ့သွားတာပဲ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ပြုံးလိုက်ပြီး နောက်ထပ်တစ်ကြိမ် ရွှေရောင်လျှပ်စီးသံကြိုးများဖြင့် တိုက်ခိုက်လိုက်၏။ သားရဲကောင်ကြီးသည် လက်သည်းတွင် သူ့စွမ်းအားများစုစည်းပြီး သူ့ရှိကျရောက်လာသော ရွှေရောင်လျှပ်စီးသံကြိုးများကို ခုခံတိုက်ခိုက်ရင်း "လူသားလေး မင်းက ဒီတစ်ကွက်ပဲ တက်တာလား " လို့ လှောင်ပြောငါကာ ပြောလိုက်သည်။

ကျစ်ယန်သည် လျှပ်စီးခြေလှမ်းဖြင့် လှုပ်ရှားရင်း တိုက်ခိုက်နေခဲ့၏။ သားရဲကောင်ကြီးသည် ကျစ်ယန်အနားကို လုံးဝမကပ်နိုင်သဖြင့် ဒေါသထွက်ပေါက်ကွဲနေခဲ့သည်။

သားရဲကောင်ကြီးသည် ရုတ်တရက် သူ့ရဲ့စွမ်းအားကို တိုးမြှင့်ကာ ရွှေရောင်လျှပ်စီးသံကြိုးများကို ဖျက်ဆီးပစ်လိုက်ပြီး ကျစ်ယန်အနားကို တရှိန်ထိုးပြေးဝင်ကာ "လူသားမင်းရှုံးသွားပြီး.....ဟားဟားဟား " လို့ ကျယ်လောင်စွာ ရယ်မောလိုက်၏။

သားရဲကောင်ကြီးသည် သူနဲ့ လက်တစ်လှမ်းလောက်သာ လိုတဲ့အခါ ကျစ်ယန်သည် "ဒီအချိန်ပဲ....."လို့ ရေရွတ်ကာ သူ့လက်ချောင်းအား လျင်မြန်စွာလှုပ်ရှားလိုက်သည်။သားရဲကောင်ကြီးသည် တစ်ကိုယ်လုံးရပ်တန့်သွားပြီး ရေခဲတုံးကြီးအဖြစ်ပြောင်းလဲကာ မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။

ကျစ်ယန်သည် တိုက်ခိုက်ရှောင်ရှားခြင်းဖြင့် အချိန်ဆွဲကာ ထာဝရအေးခဲခြင်းအစီအရင်အား ပုံဖော်နေခဲ့ခြင်းပင် ဖြစ်သည်။ ရုတ်တရက်မှောင်မိုက်နေသော နေရာကြီးသည် သာမာန်ကဲ့သို့ လင်းထိန်၍ သွားပြီး သားရဲကောင်ကြီးလဲ ပျောက်ကွယ်သွားခဲ့၏။

ကျစ်ယန်သည် လမ်းစရှာတွေ့သည်နှင့် လျှပ်စီးခြေလှမ်းဖြင့် လျင်မြန်စွာ ပြေးလွှားသွားလေသည်။ ကျစ်ယန်သည် ရှေ့ရောက်တဲ့အခါ လူသုံးယောက်သည် ကျစ်ယန်ရှေ့ကို လျှပ်တစ်ပြက် ရောက်ရှိလာခဲ့၏။

ထိုလူသုံးယောက်လုံးသည် ကျစ်ယန်အား ကြည့်လိုက်ပြီး ထိုထဲမှ ကုံဖုလို့ ခေါ်သောလူသည် "အငယ်လေး.....မင်းက နဂါးစစ်သည်တော်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ငါတို့ သုံးယောက်ထဲက ၁ယောက်နဲ့ ယှဥ်ပြိုင်ပြီး ကျော်လွှားနိုင်မှ မင်းလိုချင်တဲ့ ပန်းတိုင်ကို ရနိုင်မယ် " လို့ ပြောလိုက်သည်။

ထိုလူ၃ယောက်သည် အစီအရင်ဆရာ ၊ စိတ်ဝိညဥ်ထိန်းချုပ်သူဆရာ နဲ့ သားရဲသခင်ဆရာတို့ပင် ဖြစ်၏။ ကျစ်ယန်သည် အစီအရင်ပညာနဲ့စိတ်ဝိညဥ်စွမ်းအား ၂ခုလုံးကို အသုံးပြုသည်ကို သိရှိထားသဖြင့် သူတို့၃ယောက်ထဲမှ ၂ယောက်လုံးကို စိန်ခေါ်နိုင်ပြီး သူတို့စမ်းသပ်ချက်ကို ကျော်ဖြတ်မည်ဆိုရင် ထိုက်တန်သော ဆုကို ရရှိမည်ကို ပြောပြလိုက်သည်။

ကျစ်ယန်သည် တည်ငြိမ်ပြတ်သားစွာနဲ့ပဲ "ကျွန်တော်အကြီးအကဲတို့ ၃ယောက်လုံးထံမှ ပညာသင်ယူချင်ပါတယ် " လို့ ပြောလိုက်၏။ ၃ယောက်လုံးသည် ကြောင်အ၍ သွား၏။ ကျစ်ယန်သည်သားရဲသခင်တစ်ယောက်ပါ ဖြစ်နေလိမ့်မည်လို့ မထင်ထားကြပေ။

ကုံဖုသည် ခေါင်းငြိမ်းလိုက်ပြီး "ကောင်းပြီလေ.......မင်းရဲ့စိတ်ဓာတ်ကို ငါလေးစားတယ် " လို့ ပြောကာ လက်ဖျောက်တီးလိုက်၏။ တခြားသော နှစ်ယောက်သည် နောက်ဆုတ်၍ သွားပြီး အလွန်ဝေးကွာသော နေရာမှ ကုံဖုနဲ့ ကျစ်ယန်အား ကြည့်လိုက်သည်။

ကုံဖုသည် သူ့လက်ချောင်းများလှုပ်ရှားလိုက်ပြီး "အငယ်လေး.....မင်းပထမဆုံးစမ်းသပ်ယှဥ်ပြိုင်ရမယ့်သူက ငါပဲ " လို့ ပြောလိုက်၏။ ကုံဖုံသည် အစီအရင်ဆရာတစ်ယောက်ဖြစ်ပြီး အလွန်ပင်ကြောက်စရာကောင်းသော စွမ်းအားများကို ဖန်တီးနိုင်လေသည်။

ကုံဖုသည် သူ့ရဲ့နောက်ကျောတွင် အလွန်ပင် ကြီးမားသော စက်ဝိုင်းအစီအရင်ကြီးအား ဖန်တီးပြီးနောက် "အငယ်လေး......မင်းအဆင်သင့် ဖြစ်ပြီလား " လို့ မေးလိုက်၏။

ကုံဖုဖန်တီးသော အစီအရင်မှာ အသူရာနတ်ဘုရားမိုးကြိုးအစီအရင်မှန်းသိရှိသွားသောအခါ ကျစ်ယန်သည် လက်ချောင်းများကို စနစ်တကျ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး "အကြီးအကဲ စလို့ ရပါပြီ " လို့ ပြောလိုက်သည်။

All Chapters