← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

ထူးဆန်းသောရတနာအား ရရှိထားခြင်း

ကုံဖုသည် သူ့လက်ချောင်များကို ထပ်မံလှုပ်ရှားလိုက်သည် ဧရာမအစီအရင်စက်ဝိုင်းကြီးမှ မိုးပြာရောင်လျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာပြီး ကျစ်ယန်ရှိသို့ ချက်ချင်းရောက်ရှိသွား၏။

ကျစ်ယန်သည် ပြုံးလိုက်ပြီး သူ့လက်ဖဝါးအား စုစည်းလိုက်တဲ့အခါ လေဟာနယ်အက်​ကွဲကြောင်းများထဲမှ ရွှေရောင်လျှပ်စီးမိုးကြိုးများထွက်ပေါ်လာပြီး ကုံဖုရဲ့ မိုးပြာရောင်လျှပ်စီးများအား အလွယ်တကူဖျက်ဆီး ပစ်လိုက်သည်။

ကုံဖုသည် မိုးပြာရောင်လျှပ်စီးဘိုးဘေးသွေးကြောပိုင်ဆိုင်ထားသူ တစ်ယောက်ပင် ဖြစ်၏။ ကုံဖုသည် သူ့အစီအရင်စက်ဝိုင်းကြီးအား ရုတ်သိမ်းလိုက်ပြီး "အငယ်လေး......ငါမင်းကို အရှုံးပေးပါပြီ " လို့

ပြုံးကာ ပြောလိုက်သည်။

အဝေးမှာ ရပ်နေသော လျှပ်တစ်ပြက်အတွင်း ပြန်လည်ရောက်ရှိခဲ့ပြီး ကျန်းရှောက်ယွီဆိုသောသူသည် "လွင်ဟုန်.......မင်းအရင်စလိုက်ပါ " လို့ သူ့ဘေးက လူအား ပြောလိုက်၏။ လွင်ဟုန်သည် စိတ်ဝိညဥ်ထိန်းချုပ်သူ ဆရာပင် ဖြစ်သည်။

ကျန်းရှောက်ယွီနဲ့ ကုံဖုသည် နောက်သို့ ပြန်ဆုတ်သွားပြီး ကျစ်ယန်တို့ စိတ်ဝိညဥ်တိုက်ပွဲအား မျက်တောင်မခတ် ကြည့်နေကြ၏။ ကျစ်ယန်သည် မျက်လုံးမှိတ်လိုက်ပြီး စိတ်ဝိညဥ်စွမ်းအားဖြင့် အကြီးအကဲလွင်ဟုန်အား စတင်တိုက်ခိုက်လိုက်သည်။

စိတ်ဝိညဥ်စွမ်းအား တိုက်ပွဲ ဖြစ်တဲ့အတွက် ကျစ်ယန်နဲ့ လွင်ဟုန်တို့ရဲ့ ပြင်ပခန္ဓာကိုယ်များမှာ ငြိမ်သက်နေကြ၏။ ကျစ်ယန်နဲ့ လွင်ဟုန်တို့ရဲ့ စိတ်ဝိညဥ်များကတော့ စိတ်ဝိညဥ်ကမ္ဘာတစ်ခုထဲတွင် တိုက်ခိုက်နေကြခြင်းပင် ဖြစ်၏။

အချိန်ခဏအတွင်းမှာပဲ အကြီးအကဲလွင်ဟုန်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်၍သွားသည်။ ကျစ်ယန်သည် မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး "ကျွန်တော်ကို အလျော့ပေးတဲ့အတွက် အကြီးအကဲဟုန်လွင်ကို ကျေးဇူးတင်ပါတယ် " လို့ ပြောလိုက်၏။

ဟုန်လွင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး "အငယ်လေး......မင်းက ရီစရာတွေ ပြောနေတာပဲ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် အကြီးအကဲ၂ယောက်ကိုပင် အေးဆေးအနိုင်ယူသွားခဲ့တဲ့အတွက် ကျန်းရှောက်ယွီသည် အစွမ်းကုန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။

ကျန်းရှောက်ယွီနဲ့ ကျစ်ယန်အလှည့် ရောက်ရှိလာတဲ့အခါ ကျစ်ယန်သည် နဂါးမင်းလုံရှန်းအား ခန္ဓာကိုယ်အစစ်မထုတ်ဖော်မိစေဖို့နဲ့ စွမ်းအားလျော့ချထားဖို့ အမိန့်ပေးလိုက်သည်။ ကျန်းရှောက်ယွီသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ဧရာမဖားပြုတ် ဝိညဥ်ကြီးသည် ကျရောက်လာခဲ့၏။

ကျန်းရှောက်ယွီသည် သူ့ဖားပြုတ်ကြီးအား အဆင့်မြှင့်တင်ထားသဖြင့် လက်ရှိမှာ သားရဲဖားပြုတ်ကြီးရဲ့ဝိညဥ်ကိုသာ အသုံးပြုနိုင်သေးသည်။ သို့သော သူ့ရဲ့ သားရဲဖားပြုတ်ကြီးရဲ့ဝိညဥ်သည်မှာလည်း စွမ်းအား မနည်းချေ။

ကျန်းရှောက်ယွီသည် သူ့ဖားပြုတ်ကြီးထုတ်ပြီးနောက် "အငယ်လေး......မင်းရော ဘယ်လိုသားရဲများကို ပိုင်ဆိုင်ထားတာလဲ " လို့ မေးလိုက်၏။ ကျစ်ယန်သည် သူ့လက်ဖဝါးများကို ဖြန့်လိုက်တဲ့အခါ ကျစ်ယန့်ရဲ့ရှေ့သို့ ဧရာမနဂါးဝိညဥ်ကြီးသည် ကျရောက်လာလေသည်။

ကျန်းရှောက်ယွီသည် နဂါးဝိညဥ်ကြီးကို ကြည့်ကာ ကြောင်အ၍ သွားပြီး "မင်း......မင်းရှိမှာ ဘယ်လိုကံကောင်းမှုတွေ ရောက်နေတာလဲ " လို့ ပြောလိုက်၏။ ကျစ်ယန်သည် ဘာမှပြောမနေလဲ လုံရှန်းအား လှုပ်ရှားဖို့ အမိန့်ပေးလိုက်သည်။

ဧရာမနဂါးဝိညဥ်ကြီးသည် လေပေါ်သို့ ခုန်တက်သွားပြီး ခရမ်းရောင်အဆိပ်ငွေ့လိုင်းကြီးဖြင့် တိုက်ခိုက်လိုက်၏။ထိုအခါ ကျန်းရှောက်ယွီသည် သူ့ဖားပြုတ်ဝိညဥ်ကြီးအား တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။

ဖားပြုတ်ကြီးသည် သူ့ရဲ့လျှာကြီးဖြင့် ခရမ်းရောင်အဆိပ်ငွေ့လှိုင်းကြီးအား ရိုက်ချလိုက်၏။ ကျစ်ယန်သည် အချိန်မဆွဲဖို့ ပြောလိုက်တဲ့အခါ လုံရှန်းသည် သူ့ခန္ဓာကိုယ်ကြီးပေါ်ရှိဆူးချွန်များကို ဖြန့်လိုက်ပြီး ဖားပြုတ်ကြီးနားသို့ လျှပ်တစ်ပြက်ရောက်ရှိသွားလေသည်။

ကျန်းရှောက်ယွီသည် သူ့ဖားပြုတ်ကြီးအား နောက်ပြန်ဆုတ်ဖို့ စေခိုင်းလိုက်၏။ သို့သော် ဧရာမနဂါးကြီးသည်သူ့ရဲ့အမြှီးဖြင့် ဖားပြုတ်ကြီးရဲ့ လျှာကြီးအား လျင်မြန်စွာ ရစ်ပတ်လိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်တဲ့အခါ ဧရာမဖားပြုတ်ဝိညဥ်ကြီးသည် ပေါက်ကွဲသွားပြီး ကျန်းရှောက်ယွီသည် ဒူးတစ်ဖက်ထောက်ကျသွားကာ သွေးများပင် အန်လိုက်ရသည်။

ကုဖုံနဲ့ လွင်ဟုန်သည် ကျန်းရှောက်ယွီအနားကို လျင်မြန်စွာသွားလိုက်ပြီး ဆွဲထူလိုက်ပြီး ဆေးတစ်လုံးအား ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်ပေးလိုက်၏။ ကျစ်ယန်သည် သူ့အားစစ်ဆေးခြင်း ပြုလုပ်နေမှာ စိုးရိမ်၍ နဂါးဝိညဥ်ကြီးအား ပြန်ထည့်သွင်းလိုက်သည်။

ကျန်းရှောက်ယွီသည် သူစွမ်းအားများ ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး "အငယ်လေး.......မင်းရဲ့စွမ်းအားက ဝမ်ရှောက်ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူတွေနဲ့မခြားနားလောက်ဘူး " လို့ ​ ခန့်မှန်းပြောလိုက်၏။

ဝမ်ရှောက်ဂိုဏ်းတွင် ကာကွယ်စောင့်ရှောက်သူ ၂ယောက်ပင် ရှိ၏။ ထို၂ယောက်လုံးမှာ နတ်ဝိဇ္ဇာအဆင့်၃ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။ ကျစ်ယန်သည် ပြုံးလိုက်ပြီး "အငယ်လေး......အကြီးအကဲတွေနဲ့ မယှဥ်ရဲဝံပါဘူး " လို့ ပြောလိုက်၏။

ကုဖုံသည် လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး "အငယ်လေး......မင်းက လူအိုကြီး၃ယောက်လုံးရဲ့ စမ်းသပ်ချက်ကို အောင်မြင်နိုင်တဲ့အတွက် မင်းက ခုချိန်ကစပြီး နဂါးစစ်သည်တော်အဖွဲ့ရဲ့ အကြီးအကဲရာထူးကို ရရှိမယ့်အပြင် ငါတို့၃ယောက်အသက်စွန့်ပြီး ရရှိထားတဲ့ အထွပ်အမြတ် ရတနာတစ်ခုကို မင်းကိုငါတို့ ဆုချမယ် " လို့ ပြောလိုက်၏။

ကုဖုံသည် သူ့ရဲ သိုလှောက်ကွင်းထဲမှာ ဝတ်စုံတစ်ခုအား အရင်ဆုံး ထုတ်ပေးလိုက်သည်။ ထိုဝတ်စုံသည် နတ်ဝိဇ္ဇာအဆင့်ရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံပေးနိုင်သော နဂါးစစ်သည်တော်တိုက်ခိုက်ရေးဝတ်စုံတစ်ခုပင် ဖြစ်၏။

ထိုဝတ်စုံသည် ဝိညဥ်ပလ္လင့်သမားများ ထုတ်သုံးသော ကာကွယ်ရေးဝတ်စုံထက် အဆပေါင်းများစွာ သာလွန်သည်။ ကျစ်ယန်သည် ရိုရိုသေသေပင် လက်ခံလိုက်ပြီး သိမ်းထားလိုက်၏။ ကုဖုံ ၊ လွင်ဟုန်နဲ့ ကျန်းရှောက်ယွီတို့သည် သူ့တို့လက်ချောင်းများကို ပုံစံတူ လှုပ်ရှားလိုက်တဲ့အခါ ၁ပေခန့်ရှိသော ရတနာတစ်ခုသည်

ကျစ်ယန်ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ကုဖုံသည် စိတ်ပျက်သော အမူအယာဖြင့် ထိုရတနာနဲ့ ပက်သက်သောအကြောင်းအရာများအား ရှင်းပြလိုက်၏။ ကုဖုံတို့သုံးယောက်သည် ထိုရတနာကို နတ်ဘုရားရတနာနယ်မြေက ရရှိလာခြင်းပင် ဖြစ်၏။

သူတို့သုံးယောက်သည် နတ်ဘုရားရတနာနယ်မြေထဲတွင် အဆင့်မြင့်ကျင့်ကြံသူပေါင်းစုံနဲ့ တိုက်ခိုက်၍ သေစေနိုင်သော ဒဏ်ရာများ ရရှိခဲ့သည်။သို့သော် ကုဖုံတို့သည် ကံကောင်းထောက်မစွာဖြင့် ရတနာတစ်ခုအား ရရှိလာပြီး နတ်ဘုရားရတနာနယ်မြေထဲမှ ထွက်လာနိုင်ခဲ့သည်။

ကုဖုံတို့၃ယောက်သည် ထိုရတနာအား ရရှိလာခဲ့သော်လည်း ကံဆိုးစွာဖြင့် ထိုရတနာတွင် နတ်ဘုရားချိတ်ပိတ်အစီအရင်ကြီး တစ်ခုပါလာခဲ့၏။ ထိုထူးဆန်းသော ရတနာသည် သူတို့လက်ထဲတွင် အသုံးမဝင်သဖြင့် ကုဖုံတို့သည် ကျစ်ယန်အား ပေးအပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပင် ဖြစ်သည်။

ကျစ်ယန်သည် ရတနာအား လက်ခံလိုက်ပြီး အကြီးအကဲ၃ယောက်အား ကျေးဇူးတင်လိုက်၏။ အကြီးအကဲသုံးယောက်သည် ကျစ်ယန်အား နဂါးတံဆိပ်ပါသောသိုလှောင်ကွင်းလက်စွပ်အား ပေးလိုက်ပြီး ထိုလက်စွပ်သည် နဂါးစစ်သည်တော်အဖွဲ့သားဖြစ်ကြောင်း ထောက်ခံကြောင်း အမှတ်တံဆပ်ဖြစ်ကြောင်း ပြောလိုက်သည်။

နဂါးစစ်သည်တော်သိုလှောင်ကွက်းလက်စွပ်သည် ဖျောက်ထားလို့ ရနိုင်ကြောင်း လွင်ဟုန်သည် ပြောပြလိုက်၏။ကျင့်ကြံရေးအတွက် လိုအပ်သော အရင်းအမြစ်များနဲ့ အရေးကြီး ကိစ္စသတင်းများကိုလဲ

သိုလှောင်ကွင်းလက်စွပ်မှ တဆင့် ဆက်သွယ်နိုင်ကြောင်း ပြောပြလိုက်သည်။

ကျစ်ယန်သည် နဂါးစစ်သည်တော်သိုလှောင်ကွင်းလက်စွပ်နဲ့ ချိတ်ဆက်လိုက်ပြီး သူကျင့်ကြံရန် ရရှိထားသော အရာများအား ကြည့်ရှုလိုက်၏။ ကျစ်ယန်သည် မှော်ဝိညဥ်ကျောက်တုံးကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်သွား၏။

All Chapters