အခန်း (၄၀)
Vol. 3 Ch. 40
အသူရာနတ်ဘုရားကျင့်စဥ်
မှော်ဝိညဥ်ကျောက်တုံးများသည် အလွန်ပင်ဆန်းကြယ်လှပြီး ရှားပါးသော အဖိုးတန် ရတနာဆိုလည်း မမှားပေ။ ကျင့်ကြံသူတွေသည် မှော်ဝိညဥ်ကျောက်တုံးများစွာကို ပိုင်ဆိုင်ထားမည်ဆိုရင် ကျင့်ကြံခြင်းလမ်းကြောင်းမှာ သာယာဖျောက်ဖြူးမည် ဖြစ်၏။
အကြီးအကဲသုံးယောက်သည် ဆုလဒ်ဆောင်များပေးပြီးနောက် ဒိုင်ဗားရှင်အစီအရင်ဖြင့် ကျစ်ယန်အား မူလနေရာကို ပြန်လည်ပို့ဆောင်ပေးလိုက်သည်။ ကျစ်ယန်သည် ထူးဆန်းသော ရတနာအား စမ်းသပ်နေချင်သဖြင့် သူနေရာအခန်းကို လျင်မြန်စွာ ပြန်လာခဲ့သည်။
ကျစ်ယန်သည် သူနေရမည့်အခန်းထဲကို ဝင်လိုက်တဲ့အခါ မိန်းမလှတစ်ဦးဖြစ်သော ဟွမ်ယွီကို တွေ့လိုက်ရသဖြင့် "မင်းက ဘယ်လိုလုပ်ဒီအခန်းကို ရောက်နေရတာလဲ " လို့ မေးလိုက်၏။ ယွမ်ဟွီသည် ကျစ်ယန်အား ကြည့်လိုက်ပြီး "အဲ့စကား ကျွန်မ မေးသင့်တာ မဟုတ်ဘူးလား " လို့ ဖြေလိုက်သည်။
ကျစ်ယန်သည် အခန်းနံရံတွင် ဝိညဥ်စွမ်းအင်ဖြင့် ရေးသားထားသော နာမည်ကို ဖတ်ကြည့်လိုက်ပြီး "သေစမ်း......အကြီးအကဲတွေက ဘယ်လိုလုပ် မိန်းကလေးနဲ့ယောကျာ်းလေးကို မခွဲခြားထားရတာလဲ " လို့ ရေရွတ်လိုက်သည်။
ဟွမ်ယွီသည် သူ့ကုတင်ပေါ်တွင် ကျင်ကြံဖို့ ဟန်ပြင်လိုက်ပြီး "ရှင်......ကျွန်မကို မနှောက်ယှက်နဲ့တော့ "လို့ ပြောကာ မျက်လုံးမှိတ်၍ စတင်ကျင့်ကြံလိုက်၏။ ကျစ်ယန်သည်လည်း ဟွမ်ယွီနဲ့ မလှမ်းမဝေးတွင် ရှိသော သူ့ကုတင်ပေါ်သို့ ထိုင်လိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်လာခဲ့သည်။
လုံရှန်းသည် စိတ်ဝိညဥ်ကမ္ဘာထဲတွင် ငြိမ်သက်စွာ ကျင့်ကြံနေသည်ကို ကျစ်ယန်သည် တွေ့လိုက်ရ၏။ ကျစ်ယန်သည် သူရရှိလာသော ထူးဆန်းသော ရတနာအား ထုတ်လိုက်ပြီး သေချာကြည့်လိုက်သည်။
ကျစ်ယန်သည် သူ့စွမ်းအားကို လက်ဖဝါးတွင် စုစည်းလိုက်ပြီး မျက်လုံးပင် စူးရှသော အဖြူရောင်အလင်းလုံးကြီးအား ကိုင်ကြည့်လိုက်၏။ ကျစ်ယန်သည် အလွန်ပင် နာကျင်သော ဒဏ်ကို ခံစားလိုက်ရသဖြင့် လက်အား ပြန်နောက်ဆုတ်ဖို့ လုပ်လိုက်သည်။
ဒါပေမယ့် အဖြူရောင်အလင်းလုံးကြီးသည် ကျစ်ယန်ရဲ့ ညာဘက်လက်ကြီးအား စုပ်ယူလိုက်၏။ ကျစ်ယန်သည် ညာဘက်လက်ချောင်းတစ်ခုလုံး ဆူးချွန်များ ထိုးသွင်းသလို ခံစားလိုက်ရသဖြင့် သေလောက်နာကျင်မှုနဲ့အတူ အော်ဟစ်လိုက်လေသည်။
ကျစ်ယန်ရဲ့ အော်ဟစ်သံကြောင့် လုံရှန်းတစ်ယောက် မျက်လုံးများ ပွင့်လာပြီး ကျစ်ယန်အနားကို လျင်မြန်စွာ ရောက်လာခဲ့၏။ ကျစ်ယန်သည် သူ့လက်မောင်းတစ်ခုလုံးအား ဖြတ်ဖို့ထိတောင် တွေးလိုက်လေသည်။
သို့သော် နာကျင်မှုသည် တဖြည်းဖြည်းပျောက်ကွယ်လာသလို ခံစားလိုက်ရသဖြင့် ကျစ်ယန်သည် စွမ်းအားများစုစည်းပြီး သူ့လက်တစ်ဖက်အား သက်သာအောင်လုပ်လိုက်၏။ ကျစ်ယန်သည်
အချိန်တစ်ရက်ကြာသော်အခါမှသာ ညာဘက်လက်တစ်ခုလုံး အရှင်းသက်သာသွားသလို ခံစားလိုက်ရ၍ ဝမ်းသာသွားသည်။
ကျစ်ယန်သည် သူ့ညာဘက်လက်ချောင်းတစ်ခုလုံးမှာ နဂိုနဲ့မတူဘဲ
အလွန်ပင်စွမ်းအား ကြီးသလို ခံစားနေသဖြင့် သူ့စိတ်ထဲ ထင်နေတာလားလို့ ထင်လိုက်၏။ ကျစ်ယန်သည် နောက်ထပ် ပြောင်းလဲသွားသော အရာတစ်ခုကို ထပ်မံခံစားလိုက်ရတဲ့အခါ "ငါ....ငါ....နတ်ဝိဇ္ဇာအဆင့်၁ကို ရောက်ရှိသွားတာလား " လို့ မယုံနိုင်စွာဖြင့် ပြောလိုက်သည်။
လုံရှန်းသည် တစ်ရက်အတွင်းမှာ နတ်ဝိဇ္ဇာအဆင့်ကို ပြောင်းလဲသွားသော ကျစ်ယန်အား ကြည့်ကာ ကြောင်အသွား၏။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲတွင် လေပေါ်သို့ ပျံတက်ကြည့်လိုက်ပြီး
ပျော်ရွင်ဝမ်းသာစွာဖြင့် "ငါတကယ်ပဲ နတ်ဝိဇ္ဇာအဆင့်ကို ရောက်ရှိသွားပြီပဲ " လို့ အော်ဟစ်လိုက်လေသည်။
ကျစ်ယန်သည် ညာဘက်လက်ရှိ ထူးဆန်းသော စွမ်းအားကို ခံစားနေရချိန်တွင် ပင်လယ်ရေမျက်နှာပြင်ကြီးသည် ရုတ်တရက်မြင့်တက်လာပြီး "အသူရာနတ်ဘုရားကျင့်စဥ် "လို့ ရေးသားထားသော ရွှေရောင်စာလိပ်တစ်ခုလုံးသည် ကျစ်ယန်ရဲ့ အသိဉာဏ်ထဲကို ရောက်ရှိလာခဲ့၏။
အသူရာနတ်ဘုရားလက်သီး ၊ အသူရာနတ်ဘုရားလက်ဖဝါး နဲ့ အသူရာနတ်ဘုရားလက်ညိုးကျင့်စဥ် စသောကျင့်စဥ်သုံးခုလုံးအား
ကျစ်ယန်သည် ချက်ချင်းပင် တက်မြောက်သွားခဲ့သည်။
ကျစ်ယန်သည် ပထမကျင့်စဥ်ဖြစ်သည့် အသူရာနတ်ဘုရားလက်သီးကျင့်စဥ်ကို ပုံဖော်လိုက်၏။ကျစ်ယန်ရဲ့ ညာဘက်လက်ချောင်းတစ်ခုလုံးတွင် ရွှေရောင်သံကွင်းစွပ်များ ထွက်ပေါ်လာပြီး ကျစ်ယန်ရဲ့နောက်တွင် ကိုယ်ရှိန်ကိုယ်ဝါများတောက်ပနေသော ဧရာမနတ်ဘုရားဝိညဥ်ကြီး ထွက်ပေါ်လာခဲ့သည်။
ကျစ်ယန်သည် သူ့ရဲ့စွမ်းအားကို စမ်းသပ်ရန် အလွန်ပင်ဝေးကွာသော ကျောက်စွယ်တစ်ခုအား ထိုးချလိုက်သည်နှင့် ဧရာမနတ်ဘုရားဝိညဥ်ကြီးရဲ့ လက်သီးကြီးသည် ကျောက်စွယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
လုံရှန်းသည် ကျစ်ယန်အား ကြည့်ကာ ကြောက်စရာကောင်းသော အမူအယာသို့ ပြောင်းလဲသွားပြီး ဆွံအသလို ဖြစ်သွားခဲ့သည်။ လုံရှန်းရဲ့ စိတ်ထဲတွင် "မဖြစ်နိုင်တာ......သခင်က ဘယ်လိုလုပ်သူရဲ့ တိုက်ကွက်ကို တက်မြောက်နေရတာလဲ " လို့ တွေးနေခဲ့၏။
ကျစ်ယန်သည် အလွန်ပင် ကြောက်စရာကောင်းသော စွမ်းအားကို သဘောကျသွားပြီး လုံရှန်းအနားကို ပြန်ဆင်းသက်လာခဲ့သည်။
လုံရှန်းရဲ့ စွမ်းအားသည်လည်း တိုးတက်လာကြောင်း ကျစ်ယန်သည် သိလိုက်ရ၏။
စိတ်ဝိညဥ်ကမ္ဘာထဲတွင် အချိန်အတော်ကြာနေပြီမို့ ကျစ်ယန်သည် ပြင်ပကမ္ဘာကို ပြန်လည် ထွက်လာခဲ့သည်။ ကျစ်ယန်သည် ကုတင်ပေါ်တွင် လှဲလျက်ဖြစ်နေပြီး သူ့နဖူးပေါ်တွင် ရေပတ်တိုက်ပုဝါစလေးတစ်ခုအား တွေ့လိုက်ရ၏။
ထိုချိန်မှာပဲ အခန်းတံခါးဝသည် ပွင့်လာပြီး ဟွမ်ယွီသည် ကြက်သားစွပ်ပြုတ် ပန်းကန်ခွက်လေးကိုင်ကာ ရောက်ရှိလာခဲ့သည်။ ဟွမ်ယွီသည် ကျစ်ယန်နိုးလာသည်ကို တွေ့တဲ့အခါ "ရှင်နောက်ဆုံးတော့ အဖျားကျပြီး သတိပြန်ရလာပြီပဲ " လို့ တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး ကျစ်ယန်ဘေးရှိ စားပွဲခုံလေးပေါ်သို့ ကြက်စွပ်ပြုတ်ခွက်လေးအား တင်လိုက်၏။
ကျစ်ယန်ကြောင်အနေချိန် လုံရှန်းသည် "ဟုတ်တယ်သခင်.....မနေ့က သခင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပူကျစ်တောက်နေတဲ့အတွက် သခင်ရှေ့က လူသားမိန်းကလေးက မအိပ်မနားဘဲ သခင်ကို ပြုစုပေးနေတာပဲ " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ထလိုက်ပြီး ဟွမ်ယွီအား လက်နှစ်ဖက်ဆုပ်ကာ "ကျေးဇူးပါ .....မိန်းကလေး" လို့ ဆိုလိုက်၏။ ဟွမ်ယွီသည် သူ့ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး "မလိုပါဘူး......ရှင်ကျွန်မကို မနှောက်ယှက်ရင် ရပြီ" လို့ ပြောကာ ပြန်လည် ကျင့်ကြံနေလေသည်။
ကျစ်ယန်သည် သူ့သိုလှောင်ကွင်းထဲမှ ဆေးပုလင်းတစ်ခုအား ဟွမ်ယွီဘေးမှ ချထားခဲ့ပြီး အခန်းအပြင်ကို ထွက်လာခဲ့၏။ ကျစ်ယန်သည် နဂါးစစ်သည်တော်လက်စွပ်ကွင်းထဲမှ အချက်ပြခြင်းကို သိလိုက်ရသဖြင့် ဖွင့်ကြည့်လိုက်သည်။
ဝမ်ရှောက်ဂိုဏ်းရဲ့ အပြင်ဘက်တွင် လူအယောက်၃၀ခန့်ပါသော ဝိညဥ်လှေတစ်စင်းဆင်းသက်လာသဖြင့် ကြိုတင်ပြင်ဆင်ထားဖို့ အချက်ပေးစာဖြစ်ကြောင်း ကျစ်ယန်သည် သိလိုက်ရ၏။ ဝမ်ရှောက်ဂိုဏ်းရဲ့ အကြီးအကဲ ၁၀ယောက်သည် ဝိညဥ်လှေဆင်းသက်မည့်နေရာတွင် စောင့်နေကြလေသည်။
ဝိညဥ်လှေပေါ်ရှိ လူများအားလုံးသည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ကြ၏။ ထိုလူများမှာ ဝမ်ရှောက်ဂိုဏ်းနဲ့ အပြိုင်အဆိုင် ဂိုဏ်းဖြစ်သော တွမ်နတ်ဆိုးဂိုဏ်းပင် ဖြစ်ပေသည်။ တွမ်နတ်ဆိုးဂိုဏ်းသည် ဟုန်တိုင်းပြည်ထဲရှိ အင်အားအကြီးဆုံး ဂိုဏ်း၄ဂိုဏ်းထဲမှ တစ်ဂိုဏ်းပင် ဖြစ်၏။
ဝမ်ရှောက်ဂိုဏ်း၏ အကြီးအကဲရန်ခဲ့သည် အေးအေးဆေးဆေးဖြင့် "တွမ်နတ်ဆိုးဂိုဏ်းက ဘာကိစ္စရှိလို့ ကျွန်တော်တို့ ဝမ်ရှောက်ဂိုဏ်းကို ရောက်လာတာလဲ မသိဘူး " လို့ ပြောလိုက်သည်။
တွမ်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲလျူဆိုသောသူသည် "ဟားဟားဟား......အကြီးအကဲရန် ၊ ကျွန်တော်တို့ကို အထဲတောင်မခေါ်တော့ဘူးလား " လို့ ရယ်မောစွာ ပြောလိုက်၏။
ရန်ခဲ့သည်လည်း ပြုံးလိုက်ပြီး "အကြီးအကဲလျူက နောက်နေပြန်ပြီ ကျွန်တော်နောက်လိုက်ခဲ့ပါ " လို့ ပြောကာ နေရာတစ်ခုကို ခေါ်သွားခဲ့သည်။ အကြီးအကဲလျူသည် သူ့တပည့်တွေအား "မင်းတို့အားလုံး ဒီမှာ ခဏနေခဲ့အုံး " လို့ ပြောကာ ရန်ခဲ့နောက်ကို လိုက်သွားခဲ့၏။