← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

ဆန်းကြယ်သောနတ်ဘုရားရတနာနယ်မြေ

တွမ်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသားလျန့်ချင်းသည် လက်နောက်ပစ်ကာ ရှေ့သို့ တက်လာပြီး "ငါကြားရတာကတော့ မင်းတို့ ဝမ်ရှောက်ဂိုဏ်းက အရင်ကထက် အားနည်းလာတယ်ဆို အဲ့တာအမှန်တကယ်ပဲလား " လို့ ဝမ်ရှောက်ဂိုဏ်း၏ လူအများကြီးရှေ့တွင် ပြောလိုက်သည်။

အနီရောင်ဝတ်စုံဖြင့် လူတစ်ယောက်သည် ဓားပျံဖြင့် လျင်မြန်စွာ ပျံသန်းလာခဲ့၏။ ဝမ်ရှောက်ဂိုဏ်းသားတစ်ယောက်သည် ထိုလူအား ကြည့်ကာ " ဟိုမှာ လာနေတာ စီနီယာအကိုလင်ချုန်ပဲ " လို့ ဝမ်းသာစွာဖြင့် ပြောလိုက်သည်။

လင်ချုန်သည် ဝမ်ရှောက်ဂိုဏ်းရဲ့ ပါရမီရှင် အယောက်၁၀၀ ထဲမှ တစ်ယောက်ဖြစ်၏။ လင်ချုန်သည် ဓားပျံပေါ်မှ ဆင်းသက်လိုက်ပြီး ဝိညဥ်ပလ္လင်အဆင့်၅ စွမ်းအားကို ထုတ်ကာ "ဝမ်ရှောက်ဂိုဏ်း......အင်အား နည်းလားများလား သိချင်ရင်

မင်းငါနဲ့ တစ်ပွဲလောင် နွဲရဲလား " လို့ မေးလိုက်သည်။

လျန့်ချင်းသည် ဝိညဥ်ပလ္လင်အဆင့်၃ကိုသာ ရောက်ရှိသေးသဖြင့် နှုတ်ဆိတ်၍ ဘာမှမပြောရဲတော့ပေ။တွမ်နတ်ဆိုးဂိုဏ်းရဲ့ နောက်ထပ်လူတစ်ယောက်သည် "လင်ချုန်......မင်းက အရည်အချင်းနည်းနည်းရှိလာတာနဲ့ မင်းကိုယ်မင်းအဟုတ်မှတ်နေတာပဲ "လို့ ပြောလိုက်၏။

လင်ချုန်သည် သူ့ဓားအား လူတစ်ယောက်ကို ရွယ်လိုက်ပြီး "ထျန်ယီ.......မင်းတို့ တွမ်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲတွေက ခုလိုပဲ မောက်မာတဲ့စရိုက်ကို သင်ပေးထားကြတာလား " လို့ မေးလိုက်သည်။

ထျန်ယီဆိုသော လူသည် လင်ချုန်နားသို့ လျှပ်တစ်ပြက် ရောက်လာခဲ့ပြီး " နတ်ဘုရားရတနာနယ်မြေထဲရောက်ရင် မင်းတို့

ဝမ်ရှောက်ဂိုဏ်းက လူတွေအားလုံး ကံကောင်းလိမ့်မယ်မထင်နဲ့ ဟားဟားဟား " လို့ အော်ရယ်ပြီး နောက်ပြန်ဆုတ်သွား၏။

ထိုချိန်မှာပဲ အကြီးအကဲလျူသည် ထွက်လာခဲ့ပြီး သူ့တပည့်တွေအား ဝိညဥ်လှေပေါ်သို့ ပြန်တက်ဖို့ အမိန့်ပေးလိုက်ပြီး ရန်ခဲ့ဘက်လှည့်ကာ "အကြီးအကဲရန်......ငါပြောတာကို သေချာစဥ်းစားပါ " လို့ ပြောကာ ဝိညဥ်လှေကြီးနဲ့ ထွက်ခွာ၍ သွားလေသည်။

အကြီးအကဲရန်သည် သူရဲ့အသံလှိုင်းစွမ်းအားဖြင့် ဂိုဏ်းသားများ အားလုံးကို စုစည်းဖို့ ချက်ချင်းပင် အမိန့်ပေးလိုက်၏။ ရန်ခဲ့၏ အသံကြားသည်နှင့် အခန်းအောင်းကျင့်ကြံသူများ အားလုံးသည် အပြင်ဘက်သို့ ထွက်ရှိလာပြီး ညီညာစွာ စီးတန်း ရပ်နေကြလိုက်သည်။

အကြီးအကဲ၁၀ယောက်သည် လေပေါ်တွင် တည်ငြိမ်စွာဖြင့် ရပ်တန့်နေခဲ့၏။ ထိုချိန်မှာပဲ အလွန်ပင် လျင်မြန်သောအရှိန်ဖြင့် လူ၁ယောက်ရောက်ရှိလာခဲ့သည်။ ထိုလူမှာ ဝမ်ရှောက်ဂိုဏ်း၏ ဂိုဏ်းချုပ်ယွမ်ကမ်းပင် ဖြစ်၏။

ယွမ်ကမ်းသည် နတ်ဝိဇ္ဇာအဆင့်၂ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်သည်။ ယွမ်ကမ်းသည် ပြတ်သားသော အသံဖြင့် အားလုံးကြားအောင် ပြောလိုက်၏။ ထိုအကြောင်းအရာကတော့ နတ်ဘုရားရတနာနယ်မြေသည် မကြာခင်ပွင့်တော့မည့် သတင်းအချက်အလက်များ ရရှိထားခြင်းပင် ဖြစ်သည်။

နတ်ဘုရားရတနာနယ်မြေသည် အလွန်ပင် အန္တရာယ်များသော နယ်မြေဖြစ်၍ ဟုန်တိုင်းပြည်၏ အင်အားအကြီးဆုံးဂိုဏ်းများပင် မပေါ့ဆရဲပေ။ နတ်ဘုရားရတနာနယ်မြေထဲကို ဝင်ရောက်ဖို့အတွက် လုံလောက်တဲ့စွမ်းအားမျိုးရရှိမှသာ စားရင်းပေးသွင်းဖို့ပြောလိုက်၏။

အချိန်သည် ၁လလောက်သာ လိုတော့သည်ဖြစ်၍ အားလုံးအား၁လအတွင်းမှာ စွမ်းအားတိုးတက်အောင် ကြိုးစားဖို့နဲ့ အရင်းအမြစ်နှစ်ဆခန့် ထုတ်ပေးမည် ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

လူအများစုသည် ကြောက်လန့်နေသော်လည်း လူတစ်ချို့ကတော့

ရတနာပစ္စည်းများကို ရယူဖို့ စိတ်အားထက်သန်နေတဲ့အတွက် စာရင်း အမြန်ပေးသွင်းနေကြ၏။ ထိုချိန်မှာပဲ နဂါးစစ်သည်တော်လက်စွပ်မှ တာဝန်အမိန့်တစ်ခုအား ကျစ်ယန်သည် ရရှိလိုက်သည်။

ကျစ်ယန်သည် နဂါးစစ်သည်တော်အဖွဲ့၏ခေါင်းဆောင်တစ်ဦးအနေဖြင့် ရန်သူများအား နောက်ကွယ်မှ လိုက်လံသတ်ပစ်ဖို့ တာဝန်တစ်ခုအား ရရှိလိုက်၏။ ထို့အပြင် ကျစ်ယန်သည် တစ်လအတွင်းကျင့်ကြံဖို့အတွက် မှော်ဝိညဥ်ကျောက်တုံးများ ရရှိတဲ့အတွက် ဝမ်းသာသွားခဲ့သည်။

အချိန်သည် ၁လနီးပါး ကျန်သေးသည် ဖြစ်၍ အားလုံးသည် အခန်းအောင်းကာ ကျင့်ကြံခြင်းကိုသာ အလေးပေးနေခဲ့၏။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲတွင် မှော်ဝိညဥ်ကျောက်တုံးများမှ စွမ်းအားများကို စုပ်ယူ၍ ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်နေခဲ့သည်။

သို့သော်အချိန်သည် ၁လပြည့်သွားခဲ့သော်လည်း ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်၁မှ မကျော်လွှားနိုင်သေးပေ။ကျစ်ယန်သည် ၁လအတွင်းမှတော့ နတ်ဝိဇ္ဇာအဆင့်စွမ်းအားများကို အခြေခံကောင်းအောင် ကျင့်ကြံနိုင်ခဲ့၏။

ကျစ်ယန်သည် မျက်လုံးများ ပြန်ပွင့်လာတဲ့အတွက် ဆေးပုလင်းအလွတ်နဲ့အတူ ကျေးဇူးတင်ကြောင်း ရေးသားထားတဲ့ ယွမ်ဟွီရဲ့ စာတစ်စောင်ကို တွေ့လိုက်ရသည်။ ကျစ်ယန်သည် မျက်နှာဖုံးအား တပ်ကာ လျှပ်စီးခြေလှမ်းဖြင့် နဂါးစစ်သည်တော်အဖွဲ့အစည်းထံကို ရောက်ရှိလာခဲ့၏။

လူအယောက်၃၀ခန့်သည် သူ့အားစိုက်ကြည့်နေပင်မယ့် ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပင် လမ်းလျှောက်လာခဲ့ပြီး "မင်္ဂလာပါ.....အကြီးအကဲ " လို့ ကုံဖုအား အရိုအသေပြုလိုက်သည်။ ကျစ်ယန်သည် ဘေးကို ကြည့်လိုက်တဲ့အခါ ယွမ်ဟွီတွေ့လိုက်ရ၏။

ယွမ်ဟွီသည် မျက်နှာဖုံးတပ်ထားသော ကျစ်ယန်အား ကြည့်ကာ ရင်းနှီးသလို ခံစားနေရ၏။ ကုဖုံသည် အရေးကြီးသော သတင်းအချက်အလက်များအား အားလုံးကို ပြောပြလိုက်ပြီး ကျစ်ယန်ရဲ့ အမိန့်ကို နာခံကို အမိန့်ပေးလိုက်သည်။

ကုံဖုသည် သူ့လက်ချောင်းများအား လှုပ်ရှားလိုက်ပြီး ဒိုင်ဗားရှင်းအစီအရင်တစ်ခုအား ဖွင့်ပေးလိုက်ပြီး အားလုံးဂရုစိုက်ဖို့ မှာကြားလိုက်၏။ ကျစ်ယန်တို့သည် ကုဖုံအား အရိုအသေပြုပြီး ဒိုင်ဗားရှင်းထဲကို ဖြတ်သွားကြလိုက်သည်။

ကျစ်ယန်တို့သည် တောင်ထိပ်တစ်ခုပေါ်သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ ထိုချိန်မှာပဲ လေဟာနယ်အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာတဲ့အခါ ကျစ်ယန်တို့ တစ်ဖွဲ့လုံးသည် ဓားပျံများဖြင့် ပျံသန်းဝင်လာခဲ့ကြသည်။

ကျစ်ယန်တို့သည် နတ်ဘုရားရတနာနယ်မြေထဲကို ရောက်ရှိသည်နှင့် အနှောက်အယှက်ပေးမယ့်သူများကို လုပ်ကြံသတ်ဖြတ်ဖို့ လူစုခွဲခိုင်းလိုက်၏။ သို့သော် လူ၂ယောက်သည် ကျစ်ယန်နားမှာ ကျန်နေသေးသည်။

ထိုလူနှစ်ယောက်သည် မိန်းကလေး၂ယောက်ပင် ဖြစ်ပြီး ယွမ်ဟွီ နဲ့ ရှင်းရှင်းရှောင် လို့ ခေါ်သော အလှပဂေး ၂ယောက်ပင် ဖြစ်၏။ ထို၂ယောက်သည် ကျစ်ယန်အနားတွင် နေဖို့ အကြီးအကဲ ကုံဖုမှ စေခိုင်းထားခြင်းပင် ဖြစ်သည်။

ကျစ်ယန်သည် ထွေထွေထူးထူးမေးမနေဘဲ သူ့ဓားပျံအား ထုတ်ကာ ပျံသန်းလာခဲ့၏။ ထိုနှစ်ယောက်သည် ကျစ်ယန်နဲ့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ ထိုချိန်မှာပဲ ဓားပျံတစ်ချောင်းသည် ကျစ်ယန်တည့်တည့်အား တိုးဝင်လာခဲ့သည်။

ကျစ်ယန်သည် သူ့စိတ်ဝိညဥ်စွမ်းအားဖြင့် ထိန်းချုပ်လိုက်တဲ့အခါ ဓားပျံသည် ရှေ့ဆက်မတိုးတော့ပေ။ ဓားသည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကာ ပိုင်ရှင်လက်ထဲကို ပြန်ရောက်သွားသည်။ယွမ်ဟွီနဲ့ရှင်းရှင်းရှောင်သည် ကျစ်ယန်ဘေးကို ရောက်ရှိလာခဲ့ပြီး ရန်သူနေရာအား လျင်မြန်စွာ ရှာဖွေလိုက်၏။

ယွမ်ဟွီနဲ့ရှင်းရှင်းရှောင်သည် လူတစ်ယောက်အား တွေ့ရှိသွားသည်နှင့် ထိုနေရာကို ဆင်းသက်လိုက်သည်။ ယွမ်ဟီတို့ မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် များစွာသော ဝိညဥ်ပလ္လင့်အဆင့်ကျင့်ကြံသူတို့ရဲ့ ဝိုင်းရံခြင်းကို ခံလိုက်ရ၏။

ကျစ်ယန်သည် လေပေါ်မှ ကြည့်ပြီး စိတ်ပျက်စွာဖြင့် ခေါင်းခါ၍ "အကြီးအကဲကုံဖုက.....ဒီနှစ်ယောက်ကို ငါနားမှာ နေခိုင်းတာ မထူးဆန်းပါဘူး " လို့ ဆိုလိုက်သည်။ ယွမ်ဟွီနဲ့ရှင်းရှင်းရှောင်သည် သူတို့ ထောင်ချောက်ထဲ ရောက်ရှိသွားမှန်း သိလိုက်ရ၏။

ယွမ်ဟွီတို့အား ဝိုင်းရံထားသည့် အဖွဲ့ထဲမှ ယွဲ့ပုဆိုသော လူသည် "ဟားဟားဟား......မိန်းမလှလေးတွေပါလား ၊ ဒီတစ်ခါ နတ်ဘုရားရတနာနယ်မြေထဲ လာရတာ တကယ်တန်သွားပြီပဲ " လို့ ပျော်ရွင်စွာဖြင့် ပြောလိုက်သည်။

All Chapters