အခန်း (၄၂)
Vol. 3 Ch. 42
မြူခိုးနန်းတော်သခင်
ယွမ်ဟွီသည် သူ့ရဲ့ ဝိညဥ်ပလ္လင့်အဆင့်၄ စွမ်းအားကို ထုတ်လိုက်ပြီး သူ့ရဲ့ဓားအား လက်ချောင်း၂ချောင်းဖြင့် ပွတ်ဆွဲလိုက်၏။ ယွမ်ဟွီရဲ့ ဓားသည် မီးကျောက်ချော်ရည်များအဖြစ် ပြောင်းလဲသွားပြီး ဓားတစ်ချောင်းလုံး မီးဟုန်းဟုန်းတောက်နေခဲ့သည်။
ထိုချိန်မှာ လူတစ်ယောက်သည် ယွဲ့ပုအနားကို ကပ်ကာ သတင်းတစ်ခုအား ပြောပြလိုက်၏။ ယွဲ့ပုသည် ချက်ချင်းပင် ဝမ်းသာသော အမူအယာပြောင်းသွားပြီး " ကောင်းပြီလေ......ငါတို့သွားကြတာပေါ့" လို့ ပြောလိုက်သည်။
ယွဲ့ပုသည် ယွမ်ဟွီတို့အား ဝိုင်းထားသော သူ့လူတွေအား နောက်ဆုတ်ကြဖို့ ပြောလိုက်ပြီး ဓားပျံထုတ်ကာ အမြန်ပျံသန်းဖို့ လုပ်လိုက်၏။ ကျစ်ယန်သည် အခြေအနေကို ရိပ်မိသွားတဲ့အတွက် လျင်မြန်သော အရှိန်နှုန်းဖြင့် ယွဲ့ပုတို့သွားမည့် ရှေ့ကို ကာစီးလိုက်ပြီး တည်ငြိမ်စွာအသံဖြင့် "မင်းတို့ကြည့်ရတာ ရတနာတစ်ခုခုရဲ့ သတင်းကို ရှာဖွေတွေ့ရှိသွားတဲ့ပုံပဲ " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ဝိညဥ်ပလ္လင့်အဆင့်ကျင့်ကြံသူအများစုအား ထပ်မံသွားရန်စလိမ့်မည်လို့ ယွမ်ဟွီတို့သည် မထင်ထားခဲ့ပေ။
ယွဲ့ပုသည် သူ့လက်ဖဝါးတွင် စွမ်းအားများစုစည်းလိုက်ပြီး "မင်းအဆင့်နဲ့များ ငါသွားမယ့်လမ်းမှာ လာပိတ်ရဲသေးတယ် ၊ သွားသေလိုက်တော့ " လို့ ပြောကာ ကျစ်ယန်အား ချီစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်၏။
ကျစ်ယန်သည် အလွယ်တကူ ရှောင်လိုက်ပြီး စိတ်ဝိညဥ်ထိန်းချုပ်ခြင်းစွမ်းအားဖြင့် အားလုံးအား ထိန်းချုပ်လိုက်သည်။ ယွဲ့ပုသည် လှုပ်ရှား၍ မရတော့သည်ကို သိသော်အခါ နောင်တရသွားပြီး "မင်း....မင်းက စိတ်ဝိညဥ်ထိန်းချုပ်ခြင်းဆရာလား " လို့ ကြောက်လန့်တကြားပြောလိုက်၏။
ကျစ်ယန်သည် မျက်လုံးမှိတ်လိုက်တဲ့အခါ ယွဲ့ပုအနားရှိလူများအားလုံးသည် တစ်ချိန်ထဲမှာပဲ ပေါက်ကွဲထွက်ကာ သေဆုံးသွားကြသည်။ ယွဲ့ပုသည် ကျစ်ယန်အားကြည့်ကာ သူရှေ့တွင် သေမင်းရေုက်သလို ခံစားနေရတဲ့အတွက် ပါးစပ်ကနေ သူ့အားမသတ်ရန် အကြိမ်ကြိမ်သာ ရေရွတ်နေခဲ့၏။
ရှင်းရှင်းရှောင်သည် ဓားပျံပေါ်တွင် တည်ငြိမ်နေသော ကျစ်ယန်အား ကြည့်ကာ "အကြီးအကဲသုံးယောက်က......သူ့ကို ခေါင်းဆောင်ခန့်တာ မထူးဆန်းတော့ပါဘူး " လို့ ပြောလိုက်သည်။
ဝိညဥ်ပလ္လင်အဆင့်ရှိသော လူများစွာသည် သူ့ရှေ့တွင် တစ်ပြိုင်နက်သေဆုံးသွားတဲ့ ယွမ်ဟွီကတော့ ကြောင်အနေခဲ့၏။
ကျစ်ယန်သည် ယွဲ့ပုအနားကို သွားလိုက်ပြီး "ဘယ်လိုလဲ မင်းငါ့ကို အခုပြောလို့ရပြီလား " လို့ ပြောလိုက်သည်။ ယွဲ့ပုသည် ရွေးစရာလမ်းမရှိတဲ့အတွက် သူတို့ ရရှိထားသော သတင်းတစ်ခုအား ပြောပြလိုက်၏။
ထိုသတင်းကတော့ နတ်ဘုရားရတနာနယ်မြေရဲ့ စမ်းချောင်းတစ်ခုထဲတွင် မှော်ဝိညဥ်ကျောက်တုံးများစွာကို တွေ့ရှိထားခြင်းပင် ဖြစ်သည်။ ကျစ်ယန်သည် ယွဲ့ပုအား လွှတ်ပေးလိုက်ပြီး "ရပြီမင်းသွားတော့ "လို့ ပြောလိုက်၏။
ယွဲ့ပုသည် လွတ်မြောက်သွားသည်နှင့် ထိုနေရာမှ ချက်ချင်းပင်
ပျံသန်းထွက်ခွာသွားလေသည်။ ယွမ်ဟွီသည် ကျစ်ယန်အနားကို ပျံသန်းတက်လိုက်ပြီး "ခေါင်းဆောင်......သူ့ကို လွှတ်ပေးလိုက်တာ
အန္တာရာယ်ဖိတ်ခေါ်သလို ဖြစ်မနေဘူးလား " လို့ ပြောလိုက်၏။
ကျစ်ယန်သည် ဘာမှ ပြောမနေဘဲ မှော်ဝိညဥ်ကျောက်တုံးရရှိရန်အတွက် စမ်းချောင်းကိုသာ ရှာဖွေရန် ဓားပျံဖြင့် ပျံသန်းလာလေသည်။ယွမ်ဟွီနဲ့ ရှင်းရှင်းရှောင်သည် တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ပြီး ကျစ်ယန်နောက်ကို ထပ်ကြပ်မကွာ လိုက်လာခဲ့၏။
ယွဲ့ပုသည် နေရာတစ်ခုဆီသို့ ပျံသန်းသွားရင်းဖြင့် "ငါ့ကို လွှတ်ပေးလိုက်တဲ့အတွက် မင်းနောင်တကောင်းကောင်းကြီး ရသေရမယ် " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် စမ်းချောင်းတစ်ခုကို တွေ့လိုက်ပြီး များစွာသော လူပင်လယ်ကြီးအား တွေ့လိုက်ရ၏။
ထိုလူတွေသည် ဝတ်စုံများမှာ မတူညီတဲ့အတွက် များစွာသော ဂိုဏ်းများစွာ ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ ကျစ်ယန်သည် ကြီးမားသော သစ်ပင်ကြီးရဲ့ သစ်ကိုင်းပေါ်တွင် ဆင်းလိုက်ပြီး
လူအုပ်ကြီးရဲ့ အခြေအနေကို ကြည့်နေခဲ့၏။
လူအုပ်ကြီးသည် စမ်းချောင်းထဲသို့ ခုန်မချဘဲ အပြင်ဘက်တွင်သာ ရှိနေလေသည်။ ရုတ်တရက် အလွန်ပင်ကြောက်စရာကောင်းပြီး
ကြီးမားသော လူနဲ့အလားသဏ္ဍာန်တူသောကျွဲရိုင်းကြီးတစ်ကောင်သည် ဧရာမပုဆိန်တစ်လက်ကို ကိုင်ကာ "မင်းတို့လူသားတွေက အတော်လောဘကြီးကြတာပဲ ၊ လိုချင်တပ်မက်မှုတွေကြောင့် ငါအိပ်စက်နေတာကို လာနှောက်ယှက်တဲ့အတွက် မင်းတို့အားလုံး သေသင့်တယ် " လို့ ပြောလိုက်၏။
ကျစ်ယန်သည် အလွန်ပင်ကြီးမားသော ကျွဲရိုင်းကြီးအား ကြည့်ပြီး
"နတ်ဝိဇ္ဇာအဆင့်သားရဲကြီးပါလား " လို့ ရေရွတ်လိုက်သည်။
လူပင်လယ်ကြီးသည် ကျွဲရိုင်းကြီးအား တွေ့သည်နဲ့ သူတို့ဓားပျံများကို ထုတ်ကာ ထိုနေရာမှ ထွက်ပြေးဖို့ လုပ်ဆောင်ကြလေ၏။
ကျွဲရိုင်းကြီးသည် သူ့လက်ထဲရှိ ဧရာမပုဆိန်လက်နက်ကြီးအား လေပေါ်သို့ ထောင်ကာ မွှေ့ရမ်းလိုက်သည်။ ကျွဲရိုင်းကြီးသည် သူ့ရဲ့ပုဆိန်အား မွေ့ရမ်းလိုက်တဲ့အခါ ချက်ချင်းပင် လေပွေလိုင်းကြီးဖြစ်ပေါ်လာခဲ့၏။
လေပွေဖြစ်ပေါ်လာသည်နှင့် ကျွဲရိုင်းသားရဲကြီးသည် ပုဆိန်လေပွေလှိုင်းကြီးအား လူသားများဆီကို ပစ်လွှတ်လိုက်သည်။ ဧရာမပုဆိန်ကြီးပါသော လေပွေလှိုင်းကြီးသည် အနီးအနားတွင်ရှိသော လူများအား လေပွေလှိုင်းအတွင်းကို စတင်၍ စုပ်ယူနေခဲ့၏။
အားလုံးသည် ကြောက်ကြောက်လန့်လန့်ဖြင့် အဝေးကို မြန်မြန်ပြေးပါတော့သည်။ တစ်မိနစ်အတွင်းမှပဲ လူပင်လယ်ကြီးသည် ပျောက်ကွယ်၍ သွားခဲ့၏။ လွတ်မြောက်သွားသော လူမှာ ၁၀ယောက်တောင် မပြည့်တော့တဲ့အတွက် ယွမ်ဟွီသည် "ခေါင်းဆောင်......ငါတို့လဲ ဒီနေရာက အမြန်ဆုံးထွက်ခွာသွားရင် ကောင်းမယ် " လို့ ပြောလိုက်သည်။
ယွမ်ဟွီသည် သူ့ရဲ့ကျင်ကြံမှုအဆင့်မှာ အတော်မြင့်နေပြီလို့ ထင်မှတ်ထားသော်လည်း ယခုလို အခြေအနေတွေကို မြင်ရတဲ့အခါ သူ့ကျင့်ကြံမှုအဆင့်မှာ နိမ့်ပါးနေကြောင်း သိရှိလိုက်ရ၏။
ကျစ်ယန်သည် ဓားပျံပေါ်တို့ တက်ကာ "မင်းတို့ နှစ်ယောက်ဒီမှာနေခဲ့အုံး "လို့ ပြောကာ ကျွဲရိုင်းသားရဲကြီးရှိကို ပျံသန်းသွားခဲ့သည်။
ကျစ်ယန်သည် အလွန်ပင် ကြောက်စရာကောင်းသော ကျွဲရိုင်းကြီးကိုတောင် ရင်ဆိုင်ရဲဖို့ သတ္တိရှိနေတဲ့အတွက် ယွမ်ဟွီတို့၂ယောက်လုံးမှာ ရူးခါသွားခဲ့၏။
ကျွဲရိုင်းသားရဲကြီးသည် ကျစ်ယန်ကို မြင်တဲ့အခါ "ငါကိုတွေ့တဲ့လူသားတိုင်း ကြောက်ကြောက်လန့်လန့် ထွက်ပြေးကြပေမယ့် မင်းက ငါ့ရှေ့မှာတောင် တုန်လှုပ်မှုတောင်မရှိတဲ့အတွက် မင်းရဲ့သတ္တိကို ငါလေးစားတယ် ၊ ဒါပေမယ့် မင်းလဲ တခြားလူတွေလို မကျခင်မှာ ငါလက်ထဲမှာ သေရမှာပဲ " လို့ ကျယ်လောင်စွာ အသံကြီးဖြင့် အော်ဟစ်လိုက်သည်။
ကျစ်ယန်သည် ပြုံးလိုက်ပြီး "လုံရှန်း......မင်းသူ့နဲ့တိုက်ဖို့ နိုင်ခြေဘယ်လောက်ရှိလဲ " လို့ မေးလိုက်၏။ လုံရှန်းသည် ပြတ်သားစွာအသံဖြင့် "သခင်......လုံရှန်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့သာ တိုက်ခိုက်မယ်ဆို တစ်ကွက်ထဲနဲ့တင် လုံလောက်ပါတယ် " လို့ ပြောလိုက်၏။
လုံရှန်းသည် ကျစ်ယန်ရဲ့ စိတ်ဝိညဥ်ကမ္ဘာငယ်ထဲတွင် ကျင့်ကြံခြင်းက သူ့အတွက် အကျိူးမြတ်မြတ် ရရှိနေတဲ့ အလွန်ပင် ကျေနပ်နေခဲ့သည်။ ကျစ်ယန်သည် အေးစက်စွာနဲ့ပဲ "မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ထုတ်ဖို့ မလိုသေးဘူး " လို့ ပြောကာ လုံရှန်းရဲ့ နဂါးဝိညဥ်ကြီးကိုသာ ထွက်လာခိုင်းလိုက်၏။
လုံရှန်းရဲ့ ဧရာမနဂါးဝိညဥ်ကြီးသည် ကျစ်ယန်ရှေ့တွင် ထွက်ပေါ်လာတဲ့အခါ ကျွဲရိုင်းကြီးသည် အနည်းငယ်ထိပ်လန့်သွားခဲ့သည်။ယွမ်ဟွီနဲ့ ရှင်းရှင်းရှောင်သည် ကြောင်အစွာဖြင့် "ခေါင်းဆောင်က သားရဲသခင်တစ်ယောက်လား " လို့ ပြိုင်တူပြောလိုက်မိသည်။
ကျွဲရိုင်းကြီးသည် ဧရာမနဂါးဝိညဥ်ကြီးအား သေချာကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် "မြူခိုးနန်းတော်သခင်ရဲ့ဝိညဥ်လား....." လို့ ရေရွတ်လိုက်မိသည်။လုံရှန်းသည် ကျွဲရိုင်းကြီးမှာ သူ့အားသိနေသောကြောင့် "ဟားဟား.....ဒီလောကကြီးထဲမှာ ငါ့လို့အရှင်သခင်ကို သိနေသေးတဲ့လူ ရှိနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး " လို့ ပြောလိုက်သည်။