← Chapters

မင်းအတွက် အရေးကြီးတဲ့သူကို မတော်တဆသတ်မိ တယ်

Vol. 90 Ch. 1248

မင်းအတွက် အရေးကြီးတဲ့သူကို မတော်တဆသတ်မိ တယ်

Vol. 90 Ch. 1248

သူတို့ဆွေးနွေးမှုအပြီးတွင် ရှီမာယူယူသည် လက်ဖက်ရည်သောက်ရန် အတွက် မိုယွိဆွဲခေါ်သွားခြင်းကို ခံလေသည်။ သူမသည် သူ့ကိုမျက်လုံးလှန် ကာ ပြောလိုက်သည် “မိုယွိ ဆက်ခံသူအခမ်းအနားက မနက်ဖြန်လေ၊ ဒီနေ့ တော့ ထားလိုက်ပါတော့၊ မနက်ဖြန်ကို အဲလူတွေကို ဘယ်လိုရှင်းရမလဲဆိုတာ ကျွန်မ စဉ်းစားရဦးမယ်ရှင့်”

“ဘာ ရှင်းစရာလိုလို့လဲ” မိုယွိသည် သဘောမတူစွာ ပြောလေသည် “ဒီအတိုင်း ဓားပြအုပ်စုတစ်စုပဲကို”

“ရှင့်မျက်လုံးထဲမှာတော့ သူတို့က ဓားပြအသေးလေးတွေပေါ့ သူတို့ မျက်လုံးထဲမှာတော့ ကျွန်မကဓားပြသေးစားလေးပဲ” ရှီမာယူယူ ပြောလိုက် သည် “မလုပ်ချင်တာနဲ့ပဲ မဖြေရှင်းလို့ရမဲ့ကိစ္စလည်းမဟုတ်ဘူး”

“ဟော်ချန်းဒုန်က မင်းအတွက် ဖြေရှင်းပေးမှာမဟုတ်ဘူးလား”

“ဦးလေးဟော် ဒီအချိန်အတွင်းကို ကျွန်မကိုမသတ်ရအောင်ပဲ တားပေး တာလေ၊ အဲဒါက မနက်ဖြန်တွေ့ရင် ကျွန်မကို အခက်တွေ့အောင်မလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒီအတိုင်းကျွင်းမျိုးနွယ်ကိုသာ ရှင်းခိုင်းလိုက်” မိုယွိ ပြောလိုက်သည်။

“ကျွင်းမျိုးနွယ်က အဲလောက်အားကြီးလား”

“မင်းကိုတော့ လုံခြုံအောင် လုပ်ပေးနိုင်တယ်”

“ဘာလို့ စောစောစီးစီးမပြောတာလဲ ဒါဆိုရင် မနက်ဖြန်ကိစ္စကို စဉ်းစားဖို့ မလိုတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် အခု ငါနဲ့လက်ဖက်ရည် သောက်ပေးလို့ရပြီလား”

“…”

ဒီလူကတော့ လက်ဖက်ရည်ကို မမေ့ဘူးပဲ။

“ငါ တစ်ခါမှမသောက်ဖူးတဲ့လက်ဖက်ရည် ရှိတယ်လို့ခုနက ပြောလိုက် တယ်မလား” မိုယွိသည် လက်ဖက်ရည်ကို စွဲလမ်းသူဖြစ်သည်။

“အဲဒါကိုပဲ စဉ်းစားနေမှတော့ နည်းနည်းပေးမြည်းခိုင်းမယ်၊ ဒါက ကျွန်မ အကြာကြီးသိမ်းထားတဲ့ဟာနော်” ရှီမာယူယူ ပြောလိုက်သည် “အခု ပြောပြ မယ် ဒီလက်ဖက်ခြောက်က အရသာခံလေလေ ပိုလေးနက်လေလေပဲ၊ ဒီ လက်ဖက်ရည်ကိုတွေ့တာ နှစ်နည်းနည်းတောင်ကြာနေပြီ တစ်ခါမှသောက်ဖို့ စိတ်မရှိခဲ့ဘူး၊ ဒီနေ့တော့ရှင့်ကိုသောက်ခိုင်းမယ် ဒီလိုဆိုရင်ရော မဆိုးဘူးမလား”

“ဒါကို ဘယ်လိုခေါ်တာလဲ”

“ပုအာလက်ဖက်ရည်” ရှီမာယူယူ ပြောလိုက်သည် “ဒီလက်ဖက်ရည်က ရှင်အရင်ကသောက်ခဲ့တဲ့ လက်ဖက်ရည်တွေနဲ့မတူဘူး၊ အချိန်ယူပြီး နည်းနည်း ချင်စီသောက်ကြည့်”

သူမသည် ခရမ်းရောင်လက်ဖက်ရည်အိုးအစုံကို ထုတ်လိုက်သည်။ ရေထည့်ပြီးနောက်တွင် လက်ဖက်ရွက်လှီးသည့်ဓားဖြင့် ပုအာလက်ဖက်ရွကို လှီးဖြတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ရေဆူသည်အထိစောင့်သည်။ ရေဆူလာသည်နှင့် ခွက်ထဲသို့ရေနွေးဖြည့်ပြီး လက်ဖက်ခြောက်ကိုထည့်လိုက် သည်။ ထို့နောက်တွင် သူမသည် လက်ဖက်ရည်ကို သူ့ဆီကမ်းပေးလိုက်သည်။

ထိုအချိန်အတွင်းတွင် သူမသည် လက်ဖက်ရည်အိုးအစုံ မျိုးစုံထုတ်ခဲ့ သည်ကို မိုယွိမြင်ခဲ့သည်။ အခု သူမ ထိုအမျိုးအစားထုတ်သည်ကို မြင်လိုက်ရ ချိန်တွင် အရင်ကလက်ဖက်ရည်ကောင်းများမှာ အလဟသဖြစ်သွားသလိုပင် ခံစားရလေသည်။

သူမကို လူသားလောကတွင်တွေ့ပြီး လက်ဖက်ရည်ကျိုချက်ခြင်း အစစ်အမှန်ကို သိသွား၍တော်သေးသည်။ မဟုတ်လျှင် လက်ဖက်ရည်၏ အဆီအနှစ် အစစ်အမှန်ကို ဘယ်သောအခါမှ သိမည်မဟုတ်ပေ။

တစ္ဆေမိဖုရားကဲ့သို့လူများသည် သူ့အတွက် လက်ဖက်ရည်ကောင်းကို ရှာပေးရန်သာ သိသည်။ သူမနှင့်ယှဉ်လိုက်သောအခါ အမှန်တကယ်ပင် ဘာမှ မဟုတ်လှပေ။ သူမသည် အမြဲတစေ စိတ်တံခါးကိုပိတ်ထားပြီး သူ့အတွက် ဖွင့်မပေးပေမဲ့ပေါ့လေ။

သူတို့နှစ်ယောက် အဆောင်ငယ်တွင် လက်ဖက်ရည်ကျိုချက်ရင်းနှင့် စကားပြောနေလေ့သည်ကို တခြားသူများမြင်ရပြီး ယူယူ၏ ရယ်သံသည် တစ်ခါတစ်ခါ ထွက်လာသည်ကို  ကြားရချိန်တွင် သူမ လက်ဖက်ရည်ကျိုချက် တတ်သည်က ကံကောင်းသည်ဟု တွေးမိကြသည်။ မဟုတ်လျှင် သူမတွင် ထို အကူအညီဖြစ်မည့်လူအသစ်မရှိသည့်အပြင် သူမ အသက်သည် တော်တော် သနားစဖွယ်ဖြစ်နေပေမည်။

နောက်နေ့မနက်တွင် ရှီမာယူယူသည် ထကာ ရှင်းလင်းလေသည်။ သူမ မျက်လုံးဖွင့်သည်နှင့် ပထမဆုံးအတွေးမှာ ‘ဒီအပြစ်ကြီးက ဘယ်တော့မှပြီးမှာ လဲ’ ဟူ၍ပင်။

သူမ နေ့တိုင်းအိပ်ရသည်။ အစပိုင်းတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် အချိန်ဖြုန်းသည်ဟု ထင်လာသည်။

သူမသည် အိပ်ရာပေါ်တွင်လူးလှိမ့်ရင်း သက်ပြင်းချမိသည်။ လူးလှိမ့်ရင်း နှင့်ပင် ထပြီးတဲသိမ်းလိုက်သည်။ ထိုအချိန်တွင် အားလုံးသည် အသင့်ဖြစ်နေပြီ။

လူများလွန်းပြီး လက်နက်မြို့တော်မှာသေးငယ်သဖြင့် အားလုံးသည် အဂ္ဂိရတ်သခင်များအသင်း ခြံဝန်းကျယ်သို့ လျှောက်သွားရမည်ဖြစ်သည်။

သူတို့သည် အစပိုင်းတွင် လက်နက်သခင်များအသင်းတွင် အခမ်းအနား ကျင်းပရန်ဖြစ်သည်။ သို့သော် လူများလွန်းသဖြင့် ပိုကြီးသော နေရာသို့ ပြောင်း လိုက်ရသည်။

သို့သော် ထိုခြံဝန်းသည် ရှီမာယူယူနှင့် တခြားသူများနေသော နေရာနှင့် မဝေးလှပေ။ သူတို့သည် နာရီဝက်မျှ လမ်းလျှောက်လိုက်သည်နှင့် ရောက်လေ သည်။

ရှီမာယူယူနှင့် တခြားသူများသည် အပြင်မှ ပင်မဝင်ပေါက်ဆီသို့ လျှောက်လာချိန်တွင် ကျွင်းမျိုးနွယ် မိသားစုခေါင်းဆောင်သည် လူစုကို ဦးဆောင်ပြီး လျှောက်လာသည်ကို မြင်လိုက်ရသည်။ သို့သော် မိုယွိကို မမြင်မိ ပေ။

“သခင်မလေးယူယူ တိုက်ဆိုင်လိုက်တာ” ကျွင်းဝေသည် ရှီမာယူယူအား လက်သီးဆုပ်ဖြင့် အရိုအသေပေးနှုတ်ဆက်ကာ ပြုံးပြလေသည်။

“မိသားစုခေါင်းဆောင်ကျွင်း တိုက်ဆိုင်လိုက်တာ” ရှီမာယူယူသည် ပြန်ပြီး အရိုအသေပေးလေသည်။

သူမ တံခါးပေါက်သို့ရောက်သည်နှင့် သူရောက်နေပြီဖြစ်သည်။ တိုက်ဆိုင်လိုက်တာ တကယ်ပဲ… တိုက်ဆိုင်တာပဲ…

“ခြံဝန်းကိုပဲ ဦးတည်သွားနေကြမှတော့ အတူတူသွားကြတာပေါ့” ကျွင်းဝေ ပြောလိုက်သည်။

ကျွင်းမျိုးနွယ်သည် သူမကိုကူညီပြီး ထိုလူများဆီမှ ကာကွယ်ပေးမည်ဟု မိုယွိပြောသည်ကို ရှီမာယူယူတွေးမိပြီး သူတို့လာရသည့်ရည်ရွယ်ချက်ကို သိသွားလေသည်။

“ကောင်းပါတယ် မျိုးနွယ်ခေါင်းဆောင်ကျွင်း ကြွပါ”

“ကြွပါ”

မိုယွိ၏ ညွှန်ကြားချက်ကြောင့်ဖြစ်နိုင်သော်လည်း သည်တစ်ခေါက်တွင် ပို၍သင့်မြတ်နေသလိုပင်။ သူတို့သည် လမ်းတစ်လျှောက်စကားပြောလာကြ ကာ အရင်ကကဲ့သို့ အေးစက်ခြင်းမရှိတော့ပေ။

“မိုယွိ ဘာလို့မလာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲလူကတော့… သူက ပွဲတော်တွေ ကြည့်ရတာမကြိုက်ဘူးလို့ပြောပြီး မလာတာပဲ” ကျွင်းဝေပြောလေသည် ဒီနှစ်ရက်အတွင်းမှာ သူ့ကို ဂရုစိုက်ပေး တဲ့အတွက် မိန်းကလေးယူယူကို ကျေးဇူးတင်ရမှာပဲ မဟုတ်ရင် ဒီရက်တွေမှာ အလုပ်များနေရမှာ”

ထိုစကားကိုကြားသောအခါ သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ရှီမာယူယူ နားလည်သဖြင့် သူ့ကိုယ်သူ လွတ်ငြိမ်းအောင်ပြောလိုက်သည်ဟု တိတ်တိတ်ကလေး တွေးနေမိသည်။ နောက်ရက်နည်းနည်းတော့ ရေတွေ သောက်ရဦးမယ်… အိုကေလေ…

သူတို့ခြံဝန်သို့ရောက်သည်နှင့် ပတ်ပတ်လည်မှ လူသတ်နိုင်သည့် ထူထဲ သောလေထုကို ခံစားမိသည်။ သူမ ခေါင်းမော့ကြည့်လိုက်ရာ တူညီဝတ်စုံဝတ် ထားသော လူတစ်စုသည် သူတို့ကို လူသတ်မည့်အကြည့်များဖြင့် ကြည့်နေ သည်ကို တွေ့လိုက်ရသည်။

ရှီမာယူယူသည် သူတို့ဝတ်စုံကို မှတ်မိသည်။ သူတို့သည် ဝူမျိုးနွယ်နှင့် ပညာရှိစံအိမ်တော်မှ ဖြစ်သည်။ သူမကို အံ့ဩစေသည်မှာ ထိုရုန်းရင်းဆန်ခတ် ဖြစ်နေသည့်အထဲတွင် နာလန်လန်ပါဝင်နေခြင်းပင်။

သူမ သရုပ်မှန်ကို အခြေခံကြည့်ရင် ဘယ်လိုလုပ် ဒီကိုလာပြီး ဒီအခမ်းအနားမှာ ပါဝင်နိုင်တာလဲ။

နာလန်လန်၏ သူမကိုကြည့်သော အကြည့်များသည် အရင်ကထက်ပင် ပို၍ အမုန်းတရားများပြည့်နေသလိုပင်။ ကြည့်ရသည်မှာ သူမသည် နာလန်လန် အတွက်အရေးပါသည့်လူကို သတ်လိုက်မိသည့်ပုံပင်။

ပျားများသည် ထိုသတင်းကို သူမဆီကို ပြန်ပို့ခဲ့သည်။ မိန်းကလေး တစ်ယောက်သည် လူတစ်ယောက်ကို နှလုံးသားပေးထားသည်။ သို့သော် ထိုလူ သည် လမ်းပေါ်တွင် အသတ်ခံလိုက်ရသည်။

အဲဒီမိန်းကလေးက သူမ မဖြစ်လောက်ဘူးမလား။

ကျွင်းဝေသည် ရှီမာယူယူ နာလန်လန်အား နားမလည်စွာကြည့်နေသည် ကို မြင်သောအခါ ပြောလိုက်သည် “အဲဒါက ပညာရှိစံအိမ်တော်က ရွေးချယ် ထားတဲ့ မြင့်မြတ်သောသမီးတော်ပဲ… ကြားတာတော့ သူမက အံ့ဖွယ်နယ်မြေ မှာ သူမလမ်းသူမဖောက်ခဲ့လို့ အိမ်တော်က သူမကိုရာထူးတိုးပေးထားတယ်ဆို ပဲ”

“သူမလမ်းသူမ…” ရှီမာယူယူ ပြုံးလိုက်သည်။

နာလန်လန်၏ လမ်းသည် အပြည့်အဝမဖြစ်မြောက်လိုက်ပေ။ အရေးအကြီးဆုံးတော့ ‘နှလုံးသားသည်’ ဟန့်မြောင်ရွှမ်ထဲသို့ စီးဝင်သွားခဲ့ သည်။ သူမ ထိုအကြောင်းကို စဉ်းစားလိုက်သည်နှင့် ရယ်ချင်မိသည်။

“ကြည့်ရတာ သူမက မင်းကိုမုန်းနေတဲ့ပုံပဲ” ကျွင်းဝေပြောလေသ‌ည် “အရည်အချင်းရှိတဲ့ မိန်းမလှလေးနှစ်ယောက်က အတူမရှိနိုင်တဲ့အတွက် ကြောင့်များလား”

“မျိုးနွယ်ခေါင်းဆောင်ကျွင်း အတွေးလွန်နေပါပြီ” ရှီမာယူယူ ပြောလိုက် သည် “အဲနေ့က သူမ သဘောကျတဲ့သူကို ကျွန်မ မတော်တဆသတ်မိရုံပါ အဲဒါကြောင့် သူ ကျွန်မကို ရိုက်ချင်နေတဲ့ပုံပေါက်နေတာ”

“သူမ သဘောကျတဲ့သူကို မင်းသတ်မိလိုက်တယ်ဟုတ်လား ဒါဆိုရင် သူမ မင်းကိုလာရိုက်သင့်တာပဲ” ကျွင်းဝေ သဘောတူလေသည်။

“…”

ဒီမှာ ဒီမှာ ကျွင်းမျိုးနွယ်ခေါင်းဆောင်… ဒါက ရှင့်အတွက် ပျော်စရာဖြစ် နေပြီလား။

တစ်ဖက်တွင် နာလန်လန်သည် သူမကိုမြင်သောအခါ ရှီမာယူယူအပေါ် တွင်ရှိသော အမုန်းတရားများကို တိတ်တဆိတ် ပြန်ရေတွက်နေသည်။ သူမသည် မူရုန်အန်းအပေါ်ကို လှည့်စားခဲ့စဉ်ကထက်ပင် ပိုမုန်းနေမိသည်။

ဒီနေရာမှာသာမဟုတ်လျှင် မြင်လိုက်တာနဲ့ သတ်ပလိုက်ပြီ။

သူမဆရာ သူမကို ဤတိုင်းပြည်သို့ခေါ်လာခဲစဉ်က စံအိမ်တော်အချုပ်မှ ဆင်းလာသော မူပိုင်နှင့်တွေ့ခဲ့သည်။ ထိုအချိန်မှစပြီး သူမသည် သူ့ကို တစ်ဖက် သတ်စိတ်ဝင်စားခဲ့သည်။

ထိုနှစ်များတွင် သူမသည် သန်မာလာစေရန် လုံ့လစိုက်ထုတ်ပြီး စံအိမ် တော်အချုပ်သို့ဝင်ရာတွင် သူ့ကိုမကြာခဏတွေ့ခဲ့သည်။ ထို့ကြောင့်ပင် ရှီမာယူယူ ရောက်နေသည်ကို ကြားသော်လည်း သူမကိုသွားမရှာခြင်းဖြစ် သည်။

သို့သော် ရှီမာယူယူသည် သူမ သဘောကျသောသူကို သတ်ခဲ့သည်။ သူမ အတွင်းဒေသသို့ ဝင်သည်မှာ နှစ်လတာအချိန်ပင်ရှိသေးသည်။ သူမသည် ပျော်ရွှင်မှုဖြင့် နီးစပ်မလိုဖြစ်နေတုန်းအချိန်ဖြစ်သည်။ သို့သော် ရှီမာယူယူ ပေါ်လာသည်နှင့် အိပ်မက်များကို ထပ်မံထုကြေခဲ့ပြန်သည်။ ငယ်စဉ်ကကဲ့သို့ ပင်။

ဒီရှီမာယူယူရှိနေတာကိုက သူမအတွက် အဆိုးဝါးဆုံးဖြစ်သည်။

***

All Chapters