← Chapters

ဒီနေ့မှာငါက ကျန်းတိုင်းပြည်တည်ထောင်မှုကို ဂုဏ်ပြုဖို့အတွက် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်ရဲ့သွေးကို အသုံးပြုမယ်

Vol. 25 Ch. 475

ဒီနေ့မှာငါက ကျန်းတိုင်းပြည်တည်ထောင်မှုကို ဂုဏ်ပြုဖို့အတွက် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်ရဲ့သွေးကို အသုံးပြုမယ်

Vol. 25 Ch. 475

ဝှစ်!

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လျင်မြန်စွာ တံဆိပ်ကို ပြုလုပ်လိုက်ကြသည်။

သူတို့ရှေ့ရှိတံဆိပ်သည် စွမ်းအားအချို့ကို ဆွဲချနေသကဲ့သို့ ဖြည်းဖြည်းချင်း စတင်တုန်ခါလာသည်။

ထိုအချိန်တွင် လင်မယားနှစ်ယောက်လုံးသည် သူတို့၏ သွေးအဆီအနှစ်များကို ညှစ်ထုတ်လိုက်ကြပြီး ၎င်းတို့သည် တံဆိပ်ထဲသို့ ကျသွားခဲ့ကြသည်။

ဘွန်း!

တံဆိပ်သည် ရုတ်တရက် အလွန်အမင်းတောက်ပသောအဖြူရောင်အလင်းတစ်ခုဖြင့် ပေါက်ကွဲသွားသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် အဖြူရောင်ချီအတန်းများသည် အဆက်မပြတ်စုဝေးနေပြီး တံဆိပ်ဆီသို့ ပေါင်းစပ်သွားကာ ပိုမိုဝင်းလက်တောက်ပအောင်ပြုလုပ်နေသည်။

နောက်ဆုံးတွင် ကျန်းချန်ရွှမ်၏ မျက်လုံးများ စူးရှလာသည်။

သူသည် သူ၏လက်နှစ်ဖက်ကို တီးခတ်လိုက်ပြီး စကားတစ်လုံးကို ပြောဆိုလိုက်သည်။

“မြင့်တက်စမ်း!”

ဝှစ်!

ချက်ချင်းဆိုသလိုပင် ဖြစ်စဉ်အကုန်လုံးမှာ တံဆိပ်ဆီသို့ ပေါင်းစပ်သွားသည်။

တံဆိပ်တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်၏ လက်ဖဝါးထဲသို့ ပြုတ်ကျလာသည်။

တစ်ချိန်တည်း၌ပင် လူတိုင်းသည် ကျန်းချန်ရွှမ်၏ လက်ဖဝါးထဲရှိ တံဆိပ်ပေါ်တွင် “ကျန်း” ဟုသည့် စကားလုံး စွဲထင်သွားသည်ကို မြင်လိုက်ရသည်။

အလိုလျောက်ပင် အတွေးတစ်ခု လူတိုင်း၏စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

ကျန်းနိုင်ငံ၊ ကျန်းတိုင်းပြည်!

၎င်းသည် သူတို့ကို သူတို့၏မူလကန်းနန်တိုက်တစ်ခုလုံးသည် ယခုမှစတင်ကာ ကျန်းနိုင်ငံသို့ လုံးဝပြောင်းလဲသွားတော့မည့်အကြောင်း ချက်ချင်းသဘောပေါက်သွားစေသည်။

ကျန်းနိုင်ငံတစ်ခုလုံးတွင် လျန်နိုင်ငံ၊ ယွင်နိုင်ငံ၊ ယန်နိုင်ငံနှင့် အခြားနိုင်ငံများရှိတော့မည်မဟုတ်ပေ။

ကျန်းနိုင်ငံဟုခေါ်သည့် နိုင်ငံတစ်ခုသာ ရှိတော့မည် ဖြစ်သည်။

ထို့ပြင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ယခု ကျန်းနိုင်ငံ၏ အရှင်နှင့် အရှင်မတို့ဖြစ်ကြပေသည်။

ဝေါ!

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တိုင်းပြည်တည်ထောင်ခြင်းအခမ်းအနား၏ နောက်‌ဆုံးအဆင့်ကိုပြီးမြောက်သွားလိုက်သည်နှင့် ဒီရေလှိုင်းတစ်ခုကဲ့သို့စွမ်းအင်လှိုင်းတစ်ခု ရုတ်တက် မှော်ဝင်တိုင်တောင်ပေါ်သို့ တဟုန်ထိုး ရောက်ရှိလာသည်။

ကောင်းကင်တွင် နဂါးအရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

လူတိုင်းသည် သူတို့ယခုခြေချနေသည့်မြေမှာ ယခင်ကထက် များစွာပြောင်းလဲသွားကြောင်း ‌အသေအချာခံစားမိလိုက်သည်။

အရေးအကြီးဆုံးပြောင်းလဲမှုမှာ ကျင့်စဉ်များသည် ယခင်ကထက် ပိုမိုလွယ်ကူလာခြင်းဖြစ်သည်။

၎င်းမှာ စွမ်းအားစုစည်းမှု ကံကြမ္မာ၏ အကျိုးသက်ရောက်မှုဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤမြေ၏ အရှင်နှင့် အရှင်မအနေဖြင့် ဤကံကြမ္မာစွမ်းအားကို ထိန်းချုပ်အသုံးချရန် ဩဇာရှိပေသည်။

မည်သို့ပင်ဖြစ်စေ ၎င်းကိုအသုံးပြုခြင်းသည် ကျန်းနန်တိုက်တစ်ခုလုံးနှင့် လူများ၏ ကံကြမ္မာစွမ်းအားကို ကြီးမားသောလျော့ပါးမှုဖြစ်စေနိုင်သည်။

၎င်းကို အမှန်တကယ် လိုအပ်သည့်အချိန်မှမဟုတ်လျှင် ပေါ့ပေါ့ဆဆအသုံးမပြုသင့်ပေ။

တစ်ချိန်တည်း၌ပင် …

နတ်ဆိုးဘုရင်သုံးယောက်ကို တားဆီးရန် သွားရောက်သည့် တိရှင်းကျဲ့(ကမ္ဘာမြေလမ်းလျှောက်သူ)သည် အသေအချာပင် အရေးနိမ့်နေပြီဖြစ်သည်။

၎င်းမှာ သူသည် လုံလုံလောက်လောက် မသန်မာဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။

နတ်ဆိုးဘုရင်သုံးယောက်ကိုသာ လျော့တွက်၍မရခြင်း ဖြစ်သည်။

အထူးသဖြင့် ရေလွှမ်းခြင်းနဂါးနတ်ဆိုးဧကရာဇ်စိမ်းနှင့် ရွှေရောင်‌တောင်ပံလင်းယုန်နတ်ဆိုးဧကရာဇ်တို့ဖြစ်သည်။

မိစ္ဆာနှစ်ကောင်လုံးသည် ရှေးဟောင်းနတ်မိစ္ဆာသွေးကို ပိုင်ဆိုင်ရုံတင်မကသေးဘဲ သူတို့၏ ကျင့်စဉ်များမှာလည်း ပဉ္စမအဆင့်၏ အလယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တိရှင်းကျဲ့နှင့် တူလုနီးနီးရှိသည်။

အမြီးကိုးချောင်းကြောင်ကတိုး၏ ရံဖန်ရံခါ ရုတ်ချည်းတိုက်ခိုက်မှုများ စတင်သည့်အခါတွင် တိရှင်းကျဲ့အဖို့ သူတို့၏ စုပေါင်းသဲကြီးမဲကြီးတိုက်ခိုက်မှုကို တားဆီးရန် ခက်ခဲပေသည်။

ဘွန်း!

ရုတ်တရက် ရေလွှမ်းနဂါးစိမ်းသည် သူ၏ပါးစပ်မှ နဂါးပုံစံ ဓားပျံတစ်ခုကို အန်ထုတ်လိုက်သည်။

၎င်းမှာ သူ၏ ကိုယ်ပိုင်ရတနာဖြစ်ပြီး သူ၏နဂါးအရိုးများနှင့် အမျိုးမျိုး‌သောအဖိုးတန်ပဉ္မမအဆင့်ပစ္စည်းများမှ ထုလုပ်ထားကာ အစိမ်းရောင်လှိုင်းဓားဟု အမည်ရသည်။

ဤဓားရောက်ရှိလာသည်နှင့် ၎င်းသည် အလွန်အမင်းရက်စက်သော ချွန်မြမှုတစ်ခုဖြင့် ပေါက်ကွဲသွားသည်။

တရွှမ်းရွှမ်းပွတ်တိုက်သံများ တရစပ်ထွက်လာသည်။

တိရှင်းကျဲ့၏ ကိုယ်ပိုင်ဓားပျံဖြင့် ပြုလုပ်ထားသည့် ခုခံရေးဓားအစီအရင်ဖြစ်သည့် နက်ရှိုင်းကမ္ဘာမြေဓားသည် အမှန်တကယ်ပင် ပျက်စီးတော့မည့် လက္ခဏာများ ပြသနေသည်။

ထပ်ပေါင်းအနေဖြင့် ရွှေရောင်တောင်ပံလင်းယုန်နှင့် အမြီးကိုးချောင်းကြောင်ကတိုးတို့သည် အဆက်မပြတ်တိုက်ခိုက်ရန် အခွင့်အရေးကို ဆုပ်ကိုင်မိလိုက်ပြီး ဓားအစီအရင်၏မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများပေါ်လာမှုကို ဖြစ်စေခဲ့သည်။

တိရှင်းကျဲ့၏ မျက်လုံးများသည် အန္တရာယ်ရှိသောတောက်ပမှုတစ်ခုဖြင့် ကျုံ့မိသွားသည်။

သူ၏ဝှက်ဖဲတစ်ကတ်ကို အသုံးပြုတော့မည်အပြုတွင် တောက်ပသောငါးရောင်စုံမိုးကြိုးဓားအလင်းတစ်ခုသည် ရုတ်တရက် အစိမ်းရောင်လှိုင်းဓားဆီသို့ ထိမိသွားသည်။

ဘွန်း!

လျှပ်စီး၏ကြောက်မက်ဖွယ်စွမ်းအားသည် အစိမ်းရောင်လှိုင်းဓား၏ ဓားအလင်းဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

ထို့နောက် ဓားအလင်းသည် ကောင်းကင်ကို ဖြတ်သန်းကာ ဖုံးလွှမ်းသွားသည်။

ရွှမ်းခနဲအသံတစ်ခုမြည်လာသည်။

၎င်းသည် အမှန်တကယ်ပင် အစိမ်းရောင်လှိုင်းဓားကို ပျံသန်းစေလျက် မိုင်ရာချီအဝေးသို့ ပို့လွှတ်လိုက်သည်။

“ဘာရယ်?”

ဤရုတ်တရက် အဖြစ်အပျက်သည် ရေလွှမ်းနဂါးစိမ်းကို အထိတ်တလန့်ဖြစ်သွားစေသည်။

အမြီးကိုးချောင်းကြောင်ကတိုးနှင့် ရွှေရောင်အတောင်ပံသိမ်းငှက်တို့မှာလည်း ရှေ့သို့ကြည့်မိလိုက်ပြီး ‌တည်ငြိမ်အေးစက်သော အမူအယာများဖြစ်သွားခဲ့သည်။

တိုင်းပြည်တည်ထောင်ခြင်းအလမ်းအနားပြီးဆုံးသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် နတ်ဆိုးဧကရာဇ်များရှေ့တွင် ရောက်ရှိလာကြသည်။

နတ်ဆိုးသုံးကောင်၏ မျက်နှာထားများမှာ မကြည်မသာဖြစ်သွားခဲ့သည်။

ဤနေရာသို့မလာမှီ သူတို့သည် ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ထံမှ ညွှန်ကြားချက်များ ရခဲ့ပြီးဖြစ်သည်။

ဖြစ်နိုင်မည်ဆိုပါက သူတို့သည် ကျန်းတိုင်းပြည်၏ တည်ထောင်မှုကို မည်သည့်နည်းနှင့်မဆို ဖျက်စီးပစ်ချင်သည်။

ထိုအချိန်တွင် သူတိူ့မှာ ယုံကြည်ချက်အပြည့်ရှိနေကြပြီး ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်၏အောင်မြင်မှုကို ထပ်တလဲလဲပြောနေကြသည်။

ဓားဖုံးနန်းတော်က သူတို့ရဲ့လမ်းကြောင်းနဲ့ အစီအစဉ်တွေကိုတားဆီးဖို့ တိရှင်းကျဲ့ကို လွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?

ယခုမူ သူတို့သည် သူတို့၏ နောက်ထပ်အစီအစဉ်ကို ရွေးချယ်ရတော့မည့်ဟန်ရှိသည်။

၎င်းမှာ နတ်ဆိုးသုံးကောင်၏ စွမ်းအားများကို ပေါင်းစည်းပြီး ကျန်းချန်ရွှမ်ဖြစ်စေ ရှန်းရူယန်ဖြစ်စေ သူတို့ကို သတ်ပစ်ဖို့ ကြိုးစားရန်ဖြစ်သည်။

နှစ်‌ယောက်စလုံးကိုသတ်ပစ်ခြင်းမှာ အကောင်းမွန်ဆုံးဖြစ်သော်လည်း လက်ရှိအခြေအနေအရ ၎င်းမှာ အနည်းငယ် ခက်ခဲဟန်တူသည်။

မည်သို့ပင်ဖြစ်စေ သူတို့ထဲမှ တစ်ယောက်ကို သတ်ပစ်ခြင်းကတော့ နတ်ဆိုးသုံးကောင်သင့်တင့်စွာပူးပေါင်းနေသရွေ့ ဖြစ်နိုင်ချေရှိသည်။

ချက်ချင်းပင် နတ်ဆိုးသုံးကောင်သည် တိရှင်းကျဲ့ကို ရှောင်ကွင်းသွားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဆီသို့ သွားလိုက်ကြသည်...

***

All Chapters