← Chapters

ဒီနေ့မှာငါက ကျန်းတိုင်းပြည်တည်ထောင်မှုကို ဂုဏ်ပြုဖို့အတွက် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်ရဲ့သွေးကို အသုံးပြုမယ်(၂)

Vol. 25 Ch. 476

ဒီနေ့မှာငါက ကျန်းတိုင်းပြည်တည်ထောင်မှုကို ဂုဏ်ပြုဖို့အတွက် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်ရဲ့သွေးကို အသုံးပြုမယ်(၂)

Vol. 25 Ch. 476

စူးရှသောအသံတစ်ခုထွက်ပေါ်လာသည်။

ရွှေရောင်အတောင်ပံလင်းယုန်သည် စူးရှသောအသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းပင် တောက်ပပြီးချွန်မြသည့် ရွှေရောင်လှံတစ်ချောင်းသည် ကျန်းချန်ရွှမ်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်ပြီး သူ၏နဖူးပေါ်သို့ တိုက်ရိုက်ချိန်ရွယ်နေသည်။

၎င်း၏ကြောက်မက်ဖွယ်အားသည် ရစ်တတ်နေသောဝဲဂယက်များကဲ့သို့ ရစ်ပတ်နေပြီး နိမိတ်မကောင်းသောဖျက်စီးမှုကို အစပျိုးနေသည်။

မိုးကြိုးသံများလိုက်ပါလျက် ရေလွှမ်းနဂါးစိမ်းနှင့် အမြီးကိုးချောင်းကြောင်ကတိုးတို့သည် တိုက်ပွဲထဲကို ဝင်ရောက်လာကြသည်။

ရေလွှမ်းနဂါးသည် တစ်ခုလုံးမြစိမ်းရောင်ရှိသည့် ပုတီးစေ့တစ်လုံးကို ထုတ်လွှတ်လိုက်ပြီး ၎င်းသည် ရုတ်တရက် အစိမ်းရောင်အလင်းမျှင်များကို ထုတ်လွှတ်ကာ ကျန်းချန်ရွှမ်ကို ဖုံးလွှမ်းနေသည်။

ဤအလင်းအစိမ်းရောင်တွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ ဓမ္မစွမ်းအားကို ခဲသွားစေသည့် သက်ရောက်မှုရှိသည်။

တစ်ခုလွှမ်းခြုံထားသည်နှင့် အလယ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူတို့၏ ဓမ္မစွမ်းအားများ အချိန်တစ်ခုထိ တည်တံ့နေမှုကို ကြုံတွေ့ရလိမ့်မည်။

ဒင် ဒန် ဒန်--

၎င်းမှာ ခပ်ပြတ်ပြတ် အသံဖြစ်သည်။

တစ်ချိန်တည်း၌ပင် သိမ်မွေ့သော တချွန်ချွန်မြည်သံတစ်ခုဖြင့် အမြီးကိုးချောင်း နတ်ဆိုးဧကရာဇ်သည် ခေါင်းလောင်းရောင်စုံများ၏ ကြိုးတန်းကို ပြသလိုက်သည်။

၎င်းတို့မှာ သာမန်ခေါင်းလောင်းများမဟုတ်ပေ။

၎င်းတို့၏အသံများမှာ ပြုစားသံများ သကဲ့သို့ဖြစ်ပြီး ကျန်းချန်ရွှမ်၏ အသိဉာဏ်ကို သဲကြီးမဲကြီး တိုက်ခိုက်နေကာ သူ၏အာရုံအားလုံးကို လွှမ်းခြုံလျက် ခြိမ်းခြောက်နေသည်။

အဝေးမှလေ့လာနေသည့် တိရှင်းကျဲ့သည် ခေါင်းလောင်းများ၏ ပဲ့တင်သံမှ ခနတာမူးဝေမှုတစ်ခုကို ခံစားလိုက်ရသည်။

စစချင်းပင် ဤဇဝေဇဝါဖြစ်မှုမှာ သူ့ဆီတွင်တောင်အရမ်းအားကောင်းနေလျှင် ဤအသံတိုက်ခိုက်မှုရဲ့ ပင်မဦးတည်ချက်ဖြစ်တဲ့ ကျန်းချန်ရွှမ်အတွက် ဘယ်လိုဒုက္ခဖြစ်နေမှာလဲ?

ကျတ်းချန်ရွှမ်ကို ခြိမ်းခြောက်နေသည့် အရာမှာ ခေါင်းလောင်းတစ်ခုတည်းသာ မဟုတ်ကြောင်း ပြောစရာပင်မလိုတော့ပေ။

ဘွန်း!

ထိုအချိန်တွင် ရွှေရောင်အတောင်ပံပစ်လိုက်သည့်‌ ရွှေရောင်လှံတံသည် ရုတ်တရက် ကျန်းချန်ရွှမ်ဆီသို့ တည့်တည့်ဖောက်ဝင်သွားပြီး ကောင်းကင်တွင် တောက်ပသောရွှေရောင်မီးတောက်လမ်းကြောင်းတစ်ခု ကျန်နေခဲ့သည်။

နတ်ဆိုးသုံးကောင်သည် အားရကျေနပ်သွားကြသည်။

သို့သော်လည်း ထို့နောက်တွင် တောက်ပနေသာငရဲမီး‌တောက်၏အလယ်တွင် အလွန်အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ကြောက်မက်ဖွယ်ခိုင်မာသောအော်ရာနှင့် ကျန်းချန်ရွှမ်သည် သူ၏လက်ဗလာနှင့်ပင် ရွှေရောင်လှံတံကို ဖမ်းမိလိုက်သည်။

သူ၏အရပ်မှာ မြင့်တက်သွားပြီး ပြင်းပြသောသန်မာမှု၏ အော်ရာကို ပြသကာ သတ်မှတ်ထားသည့် ပေ၃၀သို့ ရှည်ထွက်လာသည်။

လှံတံသည် မည်မျှပင် တုန်ခါပြီး လှုပ်ရမ်းနေပါစေ၎င်းမှာ တစ်လက်မပင်မရွေ့နိုင်ပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

မယုံကြည်နိုင်မှုများသည် နတ်ဆိုးသုံးကောင်၏ မျက်လုံးကို ခြယ်သသွားသည်။

ရွှေရောင်လှံတံမှာ သာမန်လက်နက်မဟုတ်ဘဲ ၎င်းမှာ ပဉ္စမအလယ်အလတ်အဆက့်ရတနာစင်စစ်တစ်ခုဖြစ်ပြီး ချွန်မြမှုမှာ ကိုင်တွယ်သူကိုပင် ကြောက်ရွံ့သွားစေသည်။

၎င်းတို့မှာ ရေလွှမ်းနဂါးစိမ်းနှင့် အမြီးကိုးချောင်းကြောင်ကတိုးတို့ရဲ့ တိုက်ခိုက်မှုများဖြစ်‌ကြောင်းပြောနေစရာပင် မလိုတော့ချေ။

ယခင်တစ်ယောက်သည် ကျင့်ကြံသူ၏ မူလဝိညာဉ်ကို ဖြိုခွဲဖျက်စီးနေနိုင်ချိန်တွင် ကျင့်ကြံသူ၏ ဓမ္မစွမ်းအားကို ဟန့်တားထားနိုင်သည်။

အမှန်ပင် ကျန်းချန်ရွှမ်၏အရှေ့တွင် သူတို့၏စုပေါင်းတိုက်ခိုက်မှုမှာ လုံးလုံးလျားလျား ထိရောက်မှုမရှိဟန်တူသည်။

အမှန်တကယ်ပင် ကျန်းချန်ရွှမ်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုသက်သက်တွင်သာ အမှီပြုနေပြီး သူ၏ အနန္တဘီးနှင့် နဂါးနှင့်ဆင် နတ်စွမ်းအားတို့ကို အသက်သွင်းလိုက်သည်။

ထို့ကြောင့် သူတို့တိုက်ခိုက်မှု၏ ဟန့်တားမည့်အကျိုးသက်ရောက်မှုမှာ အလိုလိုပင် သူ့ကိုဆန့်ကျင်ပြီး ပေးအပ်ပြီးသားဖြစ်သွားသည်။

မူလဝိညာဉ်ကိုဖျက်စီးရန် ရေးဆွဲထားသည့် စိတ်ညှို့ခေါင်းလောင်းသံများသည် သူ၏အသိဉာဏ်ပင်လယ်တွင် သိမ်းဆည်းထားသည့် ကျယ်ပြောသောကောင်းကင်နတ်ဘုရားကျောင်စိမ်း၏ အကာအကွယ်တောက်ပမှုကို ဆန့်ကျင်ကာ ဗလာနတ္ထိအဖြစ် ပပျောက်သွားသည်။

သူ၏မိစ္ဆာသတ်ဖြတ်ခြင်းစွမ်းရည်နှင့် ပေါင်းစပ်မိသွားပြီး ၎င်းသည် နတ်ဆိုးသုံးကောင်၏ စိတ်ချရသောတိုက်ခိုက်မှုများကို စတင်အားနည်းလာစေဟန်တူသည်။

ဘွန်း!

ကျန်းချန်ရွှမ်၏ ပုံရိပ်သည် ပိုမိုမြင့်တက်သွားပြီး ယခုတွင် ပေငါးဆယ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

သွက်လက်သောရွေ့လျားမှုတစ်ခုဖြင့် သူသည် ရွှေရောင်လှံကို လက်သည်းများဖြင့်ဖမ်းမိသွားမည့် ၎င်း၏ပိုင်ရှင်ဆီသို့ ပြန်ပစ်လိုက်သည်။

ဝှီ!

“မိန်းမ ပြီးတော့ တာအိုရောင်းရင်းတိရှင်းကျဲ့ ငါမင်းတို့ကို ငါ့အတွက် ရေလွှမ်း‌နဂါးစိမ်းနဲ့ ရွှေရောင်အတောင်ပံလင်းယုန်တို့ကို ရပ်တန့်ပေးဖို့အတွက် ဒုက္ခပေးရဦးမယ်။ ဒီနေ့ငါ ကျန်းတိုင်းပြည်၏ တည်ရှိမှုကို အမှတ်တရကျင်းပဖို့အတွက် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တစ်ကောင်ရဲ့သွေးကို အသုံးပြုသင့်တယ်”

ကျန်းချန်ရွှမ်၏ အသံမှာ ခိုင်မာမှုတို့ဖြင့် မြည်ဟည်းလာသည်။

“ဒါကတာအိုရောင်းရင်းကျန်းအလိုရှိတာဆိုရင်တော့ ငါဒါကို ဝမ်းမြောက်စွာကူညီပါ့မယ်”

ထိုသို့ပြောပြီးသည်နှင့် တိရှင်းကျဲ့၏ ခန္ဓာကိုယ်သည် သူရေလွှမ်းနဂါးစိမ်းကို ခေါင်းချင်းဆိုင်လိုက်ရသည်နှင့် မြေအဝါရောင်ဓားအလင်းတစ်ခု ဖြတ်သန်းသွားသည်။

ရှန်းရူယန်က ပြုံးလိုက်သည်။

သူမသည် ရုတ်တရက် လျှပ်စီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်တွင်ရှိနေသ‌ည့် ရွှေရောင်အတောင်ပံလင်းယုန်ငှက်ကို တဟုန်ထိုးတိုက်ခိုက်လိုက်သည်။

ဤရုတ်တရက်အလှည့်အပြောင်းတွင် အစောင့်အကြပ်များထံမှ အဖမ်းခံလိုက်ရသည့် နတ်ဆိုးဧကရာဇ်နှစ်ယောက်စလုံးသည် အံ့အားသင့်ဖွယ်အမြန်နှုန်းနှင့် အမြီးကိုးချောင်းကြောင်ကတိုးမတိုင်မီ ကျန်းချန်ရွှမ်ရောက်မလာခင် တုံ့ပြန်နိုင်ရုံမျှသာ အချိန်ရလိမ့်မည်။

“မင်း...”

အမြီးကိုးချောင်းကြောင်ကတိုးမှာ ချက်ချင်းအသိဝင်လာသည်။

၎င်းသည် ကျန်းချန်ရွှမ်ကို သည်လောက်မြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

၎င်းမတုံ့ပြန်နိုင်သေးခင်မှာပင် သူသည် ၎င်း၏အရှေ့တွင် ရောက်ရှိနေပြီးဖြစ်သည်။

အမြီးကိုးချောင်းကြောင်ကတိုးက ချက်ချင်း ဟိန်းဟောက်လိုက်သည်။

ထို့နောက်တွင် မူကကသေးငယ်သည့် ၎င်း၏ခန္ဓာကိုယ်မှာ ကြီးမားလာသည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် ပေ၃၀၀အရွယ်အစားသို့ ရောက်ရှိသွားသည်။

၎င်း၏ အမြီးကိုးချောင်းသည် လူတိုင်း၏ နှလုံးသားများကို တုန်ခါသွား‌စေသည့် ကြောက်မက်ဖွယ်အော်သံတစ်ခုကို ထုတ်လွှတ်လျက်လေထဲတွင် မြူးထူးနေသည်။

သူ၏အမြီးများထဲမှ တစ်ချောင်းမှ ငွေရောင်ဓားပျံသည် ကျန်းချန်ရွှမ်၏ နဖူးတည့်တည့်ဆီသို့ တိုက်ရိုက်ချိန်ရွယ်လျက် ရုတ်တရက် ပစ်လွှတ်ခံလိုက်ရသည်။

“ငါ့ကိုသတ်ချင်တာလား? မင်းဘာလုပ်နိုင်လဲကြည့်ဦးမယ်!”

ဝှစ် ဝှစ် ဝှစ်--

၎င်းစကားပြော၍ပြီးသည်နှင့် ပုံစံအမျိုးမျိုးရှိသည့် ဓမ္မရတနာရှစ်ခုသည် ၎င်း၏ ကျန်အမြီးရှစ်ချောင်းမှ ပျံထွက်လာသည်။

ပုဆိန်၊ စစ်ပုဆိန်ငယ်၊ ချိတ်၊ အိပ်ယာခင်း၊ ဓားတို၊ လှံတံနှင့် ဓားရှည်တို့ဖြစ်ကြသည်။

ဤဓမ္မရတနာရှစ်ခုသည် ရတနာစင်စစ်အဆင့်သို့ မရောက်ရှိသေးသော်လည်း သူတို့အကုန်လုံးမှာ စတုတ္ထအဆင့်၏ အထွတ်ထိပ်တွင် ဖြစ်ကြသည်။

ငွေရောင်ဓားပျံများထဲမှ တစ်ချောင်းမှာ ပဉ္စမအဆင့်ရတနာစင်စစ်ဖြစ်သည်။

ကျန်းချန်ရွှမ်၏ နှုတ်ခမ်းဖျားတွင် အေးစက်သော အပြုဲးတစ်ခု ဖြတ်ကနဲပြေးသွားသည်။

“ဒါမင်းမှာရှိတာအကုန်ပဲလား? ဒီလိုဆိုရင်တော့ သေဖို့သာပြင်တော့”

ဘွန်း!

ထိုအချိန်တွင် အမြင့်ကောင်းကင်တွင် ကျယ်လောင်သောအသံပြုကာ ပျံဝဲတက်နေသောနဂါးမီးတောက်တစ်ခုသည် အမြီးကိုးချောင်းကြောင်ဝံပုလွေ၏ နောက်လိုက်များထဲတွင် ထိတ်လန့်ဖွယ် ပေါ်ထွက်လာနေသည်။

“ဒါက... ပဉ္စမအဆင့်မန္တန်ပဲ!”

၎င်းသည် ဤမြင်ကွင်းမှ လျင်မြန်စွာ နာလန်မထူနိုင်သေးခင် အထက်ကောင်းကင်တွင် များပြာသောကြီးမားသည့်မြေကြီးဝါရောင်ဥက္ကာခဲများသည် ဖျက်စီးခြင်း၏ အဆုံးသတ်မရှိသောအော်ရာကိုနှိုးဆွပေးနေကာ ၎င်း၏တည်နေရာဆီသို့ တခြိမ့်ခြိမ့်ကျဆင်းလာသည်။

“ဝေါ! ဝေါ! ဝေါ!”

ထို့နောက်တွင် ဤတရစပ်ကျယ်လောင်သောဟိန်းဟောက်သံများ ကောင်းကင်တွင် ထွက်ပေါ်လာသည်။

၎င်းတို့မှာ အမှန်တကယ်ပင် မီးနဂါးသုံးကောင် ဖြစ်ကြသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

အမြီးကိုးချောင်းကြောင်ကတိုးသည် အတော်ကလေး အံ့အားသင့်သွားသည်။

သူသည် ပဉ္စမအဆင့်မန္တန်ငါးခုကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်။

ထို့ပြင် ၎င်းကိုကြည့်ကာ သူတို့အကုန်လုံး ချက်ချင်း သံသယဖြစ်သွားသည်။

သူဒါကိုဘယ်လိုများလုပ်လိုက်တာလဲ?

သူက ပဉ္စမအဆင့်မန္တန်နှစ်ခုကို ပြည့်ဝစုံလင်အောင် ကျင့်ကြံပြီးသွားပြီလား?

ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူအခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်သွားတာမှ ဘယ်လောက်ကြာသေးလို့လဲ?

သူ့မှာ ပဉ္စမအဆင့်မန္တန်နှစ်ခုကို လုံးဝပြီးပြည့်စုံအောင် ကျင့်ကြံဖို့ ဘယ်လိုလုပ်အချိန်ရှိမှာလဲ?

ထို့ပြင် အမြီးကိုးချောင်းကြောင်ကတိုးတ်ယောက်တည်းသာ အံ့အားသင့်သွားသည်မဟုတ်ပေ။

ရေလွှမ်းနဂါးစိမ်း၊ ရွှေရောင်အတောင်ပံလင်းယုန်နှင့် တိရှင်းကျဲ့တို့ပင်လျှင် အံ့အားသင့်သွားကြသည်။

ထို့ပြင် ပဉ္စမအဆင့်မန္တန်တစ်ခုကို ချက်ချင်းအသုံးပြုနိုင်သည်မှာ ရှားပါးလှသည်။

ယခုအချိန်အထိ ပဉ္စမအဆင့်မန္တန်ကို ချက်ချင်းအသုံးပြုနိုင်သည့် လူအရေအတွက်မှာ လက်ချိုးရေလို့ ရနေသေးသည်။

မည်သို့ပင်ဖြစ်စေ ထိုလူများထဲတွင် တိုက်ဆိုင်မှုတစ်ခုတော့ရှိသည်။

သူတို့၏ကျင့်စဉ်မှာ အတော်ကလေးမြင့်သည့်အဆင့်တစ်ခုသို့ ရောက်ရှိပြီးဖြစ်ခြင်းဖြစ်သည်။

သူတို့မှာ သေချာပေါက် အခြေတည်ဝိညာဉ်အဆင့်ကို ကျော်ဖြတ်ပြီးမကြာခင်မှာပင် ပဉ္စမအဆင့်မန္တန်ကို ပြီးပြည့်စုံအောင် ကျင့်ကြံလိုက်နိုင်သည့် ကျန်းချန်ရွှမ်လိုတော့ မဟုတ်ပေ။

ဒါမျိုးပြုလုပ်နိုင်ဖို့ ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးမားနေတာလဲ?

ဂျိန်း!

ထိုအချိန်တွင် ကောင်းကင်အပြင်ဘက်မှ မရေမတွက်နိုင်‌သော ဥက္ကာခဲများ လိုက်ပါလျက်ရှိသည့် မီးတောက်လေးခုသည် အမြီးကိုးချောင်းကြောင်ကတိုးမှ ဆင့်ခေါ်ထားသည့် ဓမ္မရတနာကိုးခုလုံးကိုဖျက်စီးလိုက်သည်။

“မြောင်!”

အမြီးကိုးချောင်းကြောင်ကတိုး၏ ကိုယ်ပေါ်မှ အမွှေးများသည် အဆုံးစွန်ထောင်မတ်လာသည်။

၎င်း၏ခန္ဓာကိုယ်သည် လျင်မြန်စွာပင် ယိမ်းထိုးသွားသည်။

ဝိုးတဝါးနှင့် ၎င်းစတင် ဝေဝါးလာပေသည်။

၎င်းမှာ သူ၏ မွေးရာပါ နတ်စွမ်းအားဖြစ်သည့် အရိပ်လွတ်မြောက်ခြင်း ဖြစ်သည်။

တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် ၎င်း၏အစစ်အမှန်ခန္ဓာကိုယ်ပေါ်တွင် ပြိုင်ဘက်၏ တိုက်ခိုက်မှုကျရောက်ရန်မှာ အလွန်ခဲယဉ်းသွားသည်။

၎င်းသည် အလွန်အမင်းအားကောင်းသည့်အသက်ကယ် နတ်စွမ်းအားတစ်ခုဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် တောက်လောင်နေသောမီးတောက်နှစ်‌ခု ကျန်းချန်ရွှမ်၏ မျက်လုံးထဲတွင် ပေါ်ပေါက်လာသည်။

၎င်းမှာ သူ၏မူလဝိညာဉ်တိုက်ခိုက်ခြင်းနည်းစနစ်ဖြစ်သည့် နေမင်းလောင်ကျွမ်းခြင်းမြားဖြစ်သည်...

***

All Chapters