ကြောင်ကတိုး၏ကျဆုံးခြင်း၊ ပဉ္စမအဆင့်အနန္တနေမီးဖိုကို သန့်စင်ရန် ကြိုးပမ်းအားထုတ်မှု
Vol. 25 Ch. 477
ထိုအချိန်တွင် ရဲရဲတောက်နေပြီး မမြင်ရသည့် မြှားတစ်ချောင်းသည် ရုတ်တရက် အမြီးကိုးချောင်းကြောင်ကတိုး၏ မူလဝိညာဉ်ကို ရုပ်လုံးပေါ်လာစေသည်။
ကြောင်ကတိုး၏ပုံစံသည် စတင်ပျော့ပြောင်းလာပြီး မပြေမပြစ်ခိုင်မာလာသည်။
တစ်ချိန်တည်းပင် ကျန်းချန်ရွှမ် လွှတ်ထုတ်ထားသည့် နဂါးမီးတောက်ဟိန်းဟောက်သံနှင့် ဖရိုဖရဲ ကျောက်တုံးများကြွေကြခြင်း မန္တန်များသည် ၎င်း၏ရုပ်ပိုင်းဆိုင်ရာကို ကြမ်းတမ်းစွာပစ်ခတ်လိုက်သည်။
မူလဝိညာဉ်အဆင့်တွင် အလွန်ဆိုးရွားစွာဒဏ်ရာရနေသည့် အမြီးကိုးချောင်း ကြောင်ကတိုးသည် ပဉ္စမအဆင့်ဖျက်စီးရေးမန္တန်များကို ဆန့်ကျင်ရပ်တည်ရန် အခွင့်မရှိတော့ပေ။
ချက်ချင်းပင် ၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် သေးငယ်သော အပိုင်းအစများသို့ ပေါက်ကွဲသွားသည်။
အဝေးမှကြည့်ရှုနေသူများသည် သူတို့၏မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင်များကို ပြသခဲ့ကြသည်။
ကျန်းချန်ရွှမ်သည် အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့ပြီဖြစ်သည်။
သို့သော်လည်း ကျန်းချန်ရွှမ်၏မျက်နှာတွင် အောင်ပွဲခံမည့် အရိပ်အယောင်မရှိသေးပေ။
သူ၏အကြည့်သည် သူနှင့်သိပ်မဝေးသည့် နေရာတစ်ခုဆီသို့ ပြောင်းရွှေ့သွားသည်။
ထင်ထားသည့်အတိုင်းပင် နတ်ဆိုးဧကရာဇ်သည် ၎င်း၏ပုံရိပ်ကို ပြန်လည်တည်ဆောက်နေသည်။
မည်သို့ပင်ဖြစ်စေ သူ၏အမြီးကိုးချောင်းတွင် ရှစ်ချောင်းသာ ကျန်တော့သည်။
အစောပိုင်းပဉ္စမအဆင့်၏အော်ရာသည် သိသိသာသာ ကျဆင်းသွားသည်။
ဘယ်လိုတောင်လဲ?
ဘေးမှဝိုင်းကြည့်နေကြသူများထံတွင် စိတ်ရှုပ်ထွေးမှုတစ်ခု ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
“ဒဏ္ဍာရီတွေအရတော့ ကြောင်တွေမှာ အသက်ကိုးချောင်းရှိတယ်။ အမြီးကိုးချောင်းကြောင်ကတိုးက ကြောင်မိစ္ဆာပဲ။ ငါမမှားဘူးဆိုရက် သူ့ကိုတကယ်သတ်ပစ်ဖို့ ကိုးကြိမ်ဆက်တိုက်သတ်ပစ်ဖို့လိုတယ်”
“ကိုးကြိမ်ဆက်တိုက်သတ်ပစ်ရမယ်?”
လူအုပ်သည် ၎င်းကိုကြားသောအခါ အံ့အားသင့်သွားကြသည်။
နတ်ဆိုးဧကရာဇ်ကို ကိုးကြိမ်ဆက်တိုက် သတ်ပစ်ရမယ်?
ဒါဟာသလုပ်နေတာလား?
ရန်သူမှာ သာမန်သက်ရှိတစ်ယောက်မဟုတ်ဘဲ သေမျိုးလောကတွင် အခြေတည်ဝိညာဉ်တစ်ယောက်နှင့် ဆင်တူသည့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တစ်ကောင် ဖြစ်သည်။
သင်က သူ့ထက်ပိုသန်မာပြီး ကိုးကြိမ်သတ်ပစ်နိုင်သည့် စွမ်းရည်ရှိလျှင်တောင် ကြောင်ကတိုးမှာ မိုက်မဲသောသူတစ်ယောက် မဟုတ်ပေ။
သူမနိုင်နိုင်ဘူးဆိုလျှင် သေချာပေါက်ထွက်ပြေးဖို့ ကြိုးစားလိမ့်မည်။
သူကဘယ်လိုလုပ်အဲ့ဒီမှာပဲ မတ်တပ်ရပ်ပြီး ကိုးကြိမ်သတ်ပစ်ခံနေရမှာလဲ?
၎င်း၏အဆင်းရဲခံ ကျင့်ကြံထားသည့် အမြီးကိုးချောင်းထဲမှ တစ်ချောင်းလျော့သွားသည်ကို မြင်သောအခါ အမြီးကိုးချောင်းကြောင်ကတိုးသည် ဒေါသများဖြင့် ပြည့်နှက်သွားပြီး သူနှင့် ကျန်းချန်ရွှမ်ကြားရှိ ကြီးမားသောစွမ်းအားခြားနားမှုကို သဘောပေါက်သွားသည်။
၎င်းမှာ သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။
ဆက်လက်တိုက်ခိုက်နေခြင်းသည် ၎င်း၏အမြီးအားလုံးနှင့် အစစ်အမှန်သေဆုံးခြင်းတို့ကိုသာ ဖြစ်ပေါ်စေလိမ့်မည်။
၎င်းကိုစိတ်တွင်မှတ်ကာ အမြီးကိုးချောင်းကြောင်ကတိုးသည် ကျန်းချန်ရွှမ်နှင့် ဆက်လက်ငြိတွယ်မနေတော့ပေ။
၎င်းသည် မှုန်မှုန်ဝါးဝါးဖြစ်လာပြီး ထွက်ပြေးရန် ရွေးချယ်လိုက်တော့သည်။
၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်သည် အေးစက်သော သရော်ကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။
ဝှစ်--
သူ၏နောက်တွင် ကြီးမားသောဂဠုန်ငှက်ပုံရိပ်တစ်ခု လင်းလက်လာသည်။
တော်တော်ဝေးဝေးသို့ ပျံသန်းသွားနေသည်ဘ အမြီးကိုးချောင်းကြောင်ကတိုးသည် ကျန်းချန်ရွှမ်ထံမှ ချက်ချင်း အဖမ်းခံလိုက်ရသည်။
ဘွန်း!
မြေကြီးများကိုတုန်ခါသွားစေသည့် ကြီးမားသော ထိုးချက်တစ်ခုသည် အမြီးကိုးချောင်းကြောင်ကတိုးပေါ်သို့တိုက်ရိုက် ကျဆင်းသွားသည်။
ကျယ်လောင်သောအသံတစ်ခုဖြင့် ၎င်း၏ခန္ဓာကိုယ်သည် ကျန်းချန်ရွှမ်ထံမှ ထပ်မံချေမွဖျက်စီးခံလိုက်ရသည်။
ခရက်-
စက္ကန့်ပိုင်းအတွင်းပင် အစိတ်စိတ်အမြွာမြွာကျေမွနေသော အမြီးကိုးချောင်းကြောင်ကတိုး၏ ခန္ဓာကိုယ်ရှိရာလေထဲသို့ စူးစိုက်တောက်ပနေသောဓားအလင်းတစ်ခု ဖြတ်ပြေးသွားသည်။
၎င်း၏ခန္ဓာကိုယ် ထပ်မံစုစည်းလာသောအခါ အမြီးသုံးချောင်းမျှသာ ကျန်တော့သည်။
အမှန်ပင်။ သင်ဖတ်လိုက်မိသည်က မမှားပေ။
ယခုမူ အမြီးကိုးချောင်း ကြောင်ကတိုး၏ခန္ဓာကိုယ်တွင် အမြီးသုံးချောင်းမျှသာ ကျန်ပြီး ၎င်း၏အော်ရာမှာလည်း ပဉ္စမအဆင့်အစသို့ ထိုးကျသွားသည်။
၎င်း၏စိတ်ထဲတွက် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
ဘာလို့လဲ?
ဘာလို့ သူ့ရဲ့စွမ်းအားအကြီးဆုံးအသက်ကယ်မွေးရာပါနတ်စွမ်းအားက လွယ်လွယ်ကူကူ ဖျက်စီးခံလိုက်ရတာလဲ?
တိုက်ခိုက်မှုသုံးခုတည်းက အမြီးခြောက်ချောင်းကို ယူဆောင်သွားသည်။
ထိုအချိန်တွင် အမြီးကိုးချောင်းကြောင်ကတိုးသည် ကျန်းချန်ရွှမ်သာ သူ့ကို နောက်တစ်ကြိမ်သတ်ပစ်လိုက်ပါက ပြန်လည်ရှင်သန်ရန်အခွင့်အရေးမရှိတော့ဘဲ အမှန်တကယ်သေဆုံးသွားတော့မည့်အကြောင်း သံသယမရှိတော့ပေ။
“ငါ...ငါ့ကိုကယ်ပါ!”
၎င်းသည် ရေလွှမ်းနဂါးစိမ်းနှင့် ရွှေရောင်အတောင်ပဲလင်းယုန်တို့ရှိရာအရပ်သို့ အကူအညီရရှိရန် ကြံစည်ကာ ပျံသန်းသွားသည်။
ထို့ပြင်
ရေလွှမ်းနဂါးစိမ်းနှင့် ရွှေရောင်အတောင်ပံလင်းယုန်ငှက်တို့သည် အမြီးကိုးချောင်းကြောင်ကတိုး၏ ပြဿနာကို အဝေးမှပင် အာရုံခံမိလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ နတ်ဆိုးဧကရာဇ်နှစ်ကောင်သည် ရှန်းရူယန်နှင့် တိရှင်းကျဲ့တို့ထံမှ အရစ်ခံနေရသည်။
သူတို့သည် အရန်အချိန်ကို အမြီးကိုးချောင်းကြောင်ကတိုးကို ကူညီရန် အသုံးမပြုနိုင်ပေ။
အထူးသဖြင့် ရှန်းရူယန်ကို ရင်ဆိုင်နေရသည့် ရွှေရောင်အတောင်ပံလင်းယုန်သည် ကြီးမားသောဖိအားကို ရင်ဆိုင်နေရသည်။
ဤကဲ့သို့အခြေအနေမျိုးအောက်တွင် အမြီးကိုးချောင်းကြောင်ကတိုးကို ကူညီဖို့မပြောနှင့် သူတို့၏ ကိုယ်ပိုင်ဘေးကင်းမှုကို သေချာအောင်လုပ်နိုင်လျှင်ပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။
အမြီးကိုးချောင်းကြောင်ကတိုးသည် ရေလွှမ်းနဂါးစိမ်းနှင့် ရွှေရောင်အတောင်ပံလင်းယုန်တို့ဆီသို့ ပျံသန်းသွားနေသည်ကိုမြင်ကာ ကျန်းချန်ရွှမ်က သရော်ပြုံးပြုံးလိုက်သည်။
“ဒီလိုအခြေအနေမျိုးမှာ မင်းက လွတ်မြောက်နိုင်ဦးမယ်လို့ ထင်နေတာလား? ငါကျန်းနိုင်ငံနဲ့ ကျန်းတိုင်းပြည်တည်ထောင်မှုကို ဂုဏ်ပြုဖို့အတွက် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တစ်ကောင်ရဲ့သွေးကို အသုံးပြုမယ်လို့ ငါဒီနေ့တင်ပြောလိုက်တာ။ မင်းဘယ်လိုပဲဖြစ်ဖြစ် မလွတ်မြောက်နိုင်ဘူး!”
သူစကားပြော၍ပြီးသောအခါ သူ၏ပုံရိပ်မှာ လျင်မြန်စွာဖြတ်သွားတော့သည်။
ဂဠုန်ငှက်၏ အမြန်နှုန်းဖြင့် အမြီးကိုးချောင်းကြောင်ကတိုးမပြောနှင့် ရွှေရောင်အတောင်ပံလင်းယုန်ပင်လျှင် သူ့ထက်မမြန်နိုင်ပေ..
***