ကြောင်ကတိုး၏ကျဆုံးခြင်း၊ ပဉ္စမအဆင့်အနန္တနေမီးဖိုကို သန့်စင်ရန် ကြိုးပမ်းအားထုတ်မှု(၂)
Vol. 25 Ch. 478
သို့နှင့် မသိလိုက်ခင်မှာပင် ကျန်းချန်ရွှမ်သည် သူ့ကိုယ်သူ အမြီးကိုးချောင်းကြောင်ကတိုး၏နောက်တွင် လျှို့ဝှက်စွာနေရာယူလိုက်သည်။
၎င်းသည် အမြီးကိုးချောင်းကြောင်ကတိုးကို ချက်ချင်း အံ့အားသင့်သွားစေခဲ့ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
“ကျန်းလျန်ရွှမ် မင်းငါ့ကိုသတ်လိုက်ရင် မင်းကိုရွှေရောင်ဝံပုလွေက ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး!”
“ဒီလိုအခြေအနေမှာငါ့ကို ရွှေရောင်ဝံပုလွေနဲ့ခြိမ်းခြောက်တယ်ပေါ့?”
အေးစက်သောအကြည့်တစ်ခု ကျန်းချန်ရွှမ်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
ခနမျှတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏နောက်ရှိ နဂါးနှင့်ဆင်ပုံရိပ်တို့ လင်းလက်သွားသည်။
သူကိုယ်တိုင်ဆီမှ ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ပေါက်ထွက်လာသည်။
“ဝေါ!”
ဤကျရောက်အံ့ဆဲဆဲအန္တရာယ်ကိုသိရှိသွားကာ အမြီးကိုးချောင်းကြောင်ကတိုးသည် ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်လာသည်။
၎င်းသည် သူ၏မိစ္ဆာအမြုတေကို စတင်လောင်ကျွမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ကြီးမားလာစေခဲ့သည်။
၃၀၀ပေ၊ ၄၀၀ပေ၊ ၅၀၀ပေ၊ ၆၀၀ပေ၊ ၈၀၀ပေ...
ယခုခန္ဓာကိုယ်မှာ ၈၀၀ပေထိ မြင့်မားနေသော ၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်သည် ပါးစပ်ကို ကျယ်နိုင်သမျှကျယ်ကျယ် ဖွင့်လိုက်ပြီး ဧရာမလက်သီးကို ဝါးမျိုချင်နေသည်။
ရွှမ်း!
ကမ္ဘာကြီးတစ်ခုလုံး အရောင်ပြောင်းသွားသည်။
ဤမြင်ကွင်းကို မျက်မြင်တွေ့နေသော လူတိုင်းသည် အံ့အားသင့်သွားပြီး မျက်စိများပြူးကျယ်ကုန်သည်။
အထက်အမြင့်တွင် တောင်တစ်လုံးကဲ့သို့ လက်သီးသည် မိစ္ဆာ၏ ပါးစပ်ဆီသို့ တည့်တည့် ထိုးချလိုက်သည်။
နောက်ဆုံးတွင် မိုးခြိမ်းသံတစ်ခုဖြင့် မိစ္ဆာ၏ရင်ဘတ်ကို ပေါက်ထွက်သွားပြီး ၎င်း၏နောက်ကျောဘက်မှ ပေါ်ထွက်လာသည်။
ဝှစ်--
တောင်တစ်လုံးကဲ့သို့ ကြီးမားသည့် ကြေမွနေသောမှန်တစ်ချပ်ကဲ့သို့ ကြောင်ကတိုးသည် မရေမတွက်နိုင်သော အလင်းအမှုန်များအဖြစ် တစ်စစီဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။
ဂျိန်း!
၎င်းမှာ မြေကြီးကို တုန်ခါသွားစေသည့်တရစပ်အသံများ ကြည့်ရှုနေကြသူများ၏ နားထဲသို့ ရောက်မသွားခင်တွင်ဖြစ်သည်။
အဝေးတွင်ရှိသည့် ထိခိုက်ပျက်စီးမှု၏ နောက်ဆက်တွဲဒဏ်ကိုခံရသော တောင်တော်တော်များများသည် ဖုန်မှုန့်များအဖြစ် ပေါက်ကွဲကုန်ပြီး လေထဲတွင် ကွဲထွက်သွားသည်။
ဝှစ် ဝှစ်-
တစ်ချိန်တည်းမှာပင် တိရှင်းကျဲ့နှင့် ရှန်းရူယန်တို့ဖြင့် တိုက်ပွဲဖြစ်နေကြသည့် ရွှေရောင်အတောင်ပံလင်းယုန်နှင့် ရေလွှမ်းနဂါးစိမ်းတို့သည် တစ်စက္ကန့်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ကမန်းကတန်း ထွက်ပြေးသွားကြသည်။
စနောက်နေတာသာဖြစ်ဖို့ သူတို့တွေးထင်မိလိုက်သည်။
အမှန်တကယ်ပင် အမြီးကိုးချောင်းကြောင်ကတိုးသည် ကျန်းချန်ရွှမ်ဆီမှ အသတ်ခံလိုက်ရသည်။
တစ်ခုသိရမည်မှာ ဤအကောင်သည် သူ၏အသတ်ကိုကာကွယ်စောင့်ရှောက်ရာတွင် အတော်ဆုံးဖြစ်သည်။
သူသေဆုံးသွားတဲ့အတွက် ကျန်တဲ့နှစ်ကောင်က ဘယ်လိုဆက်တိုက်ရမှာလဲ?
ရှန်းရူယန်နှင့် တိရှင်းကျဲ့တို့၏ တိုက်ပွဲတွင် သူတို့အသာစီးရမနေသေးပေ။
ယခု ကြောက်ခမန်းလိလိစွမ်းအားကြီးမားသည့် ကျန်းချန်ရွမ်က တိုက်ပွဲထဲသို့ ဝင်ရောက်လာသောအခါ နတ်ဆိုးဧကရာဇ်နှစ်ကောင်သည်လည်း တူညီသောကံကြမ္မာကိုပင် ရင်ဆိုင်ရပေတော့မည်။
ပြေးရမည် သူတို့ပြေးမှဖြစ်မည်!
နတ်ဆိုးဧကရာဇ်နှစ်ကောင်ထွက်ပြေးသွားသည်နှင့် ရှန်းရူယန်က အေးစက်စွာကနှာမှုတ်လိုက်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်မိုးကြိုးသွားများသည် သူမ၏ကျောက်စိမ်းကဲ့သို့ လက်ထဲတွင် စုဝေးလာသည်။
အထက်ကောင်းကင်တွင် ကြယ်အလင်းတန်းခုနစ်ခု တစ်ပြိုင်တနက်တည်း ကျရောက်လာသည်။
ဤကြယ်အလင်းတန်းခုနစ်ခုသည် နောက်ဆုံးတွင်သူမ၏လက်ထဲတွင် ပေအတော်ရှည်လျားသောမိုးကြိုးလှံတစ်ခုကိုပြုလုပ်နေသည့် မိုးကြိုးသွားများနှင့် ပေါင်းစပ်သွားလေသည်။
ဖြောက်! ဖြောက်! ဖြောက်!
သူမလက်ကောက်ဝတ်ရှိ လင်းလက်မှုဖြင့် ရှန်းရူယန်သည် လှံကိုအသက်ဝင်စေလိုက်သည်။
တကျည်ကျည်အသံတစ်ခု မြည်လာသည်။
လှံသည် ကောင်းကင်တွင် တူးခြစ်နေသော အမှတ်အရာများကို ချန်ခဲ့ကာ ပြီးနောက်တွင် လျှပ်စီးတစ်ခုသို့ ပြောင်းလဲသွားသည်။
“အား!”
တစ်ချိန်တည်း၌ပင် ရွှေရောင်သွေးများဖြင့် ရွာကျနေသည့် ကောင်းကင်ကိုဖြတ်သန်းကာ ရွှေရောင်အတောင်ပံလင်းယုန်၏အောဟစ်သံသည် ပေါက်ကွဲထွက်သွားသည်။
မည်သို့ပင်ဖြစ်စေ ဤတိုက်ခိုက်မှုမှ အသက်ရှင်ရုံလေးသာရှိနေသေးသည့် ရွှေရောင်အတောင်ပံလင်းယုန်သည် ရေလွှမ်းနဂါးစိမ်း၏အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်ရန် ပြုလုပ်နိုင်ခဲ့သေးသည်။
မနီးမဝေးတစ်နေရာမှ လေ့လာကြည့်ရှုနေသော တိရှင်းကျဲ့သည် စိတ်ထဲတွင် အံ့အားသင့်သွားလိုက်သည်။
ရှန်းရူယန်က သူမ၏စွမ်းအားအကုန်လုံးကို အသုံးပြုလိုက်သည့်ဟန်မတူပေ။
ရှန်းရူယန်သာ သူမ၏စွမ်းအားအကုန်လုံးကို အသုံးပြုလိုက်ပါက နတ်ဆိုးဧကရာဇ်နှစ်ကောင်လုံး သူတို့၏ကံကြမ္မာအဆုံးသတ်ကို ယနေ့ရင်ဆိုင်လိုက်ရတော့မည်ဟူသည့် ခိုင်မာသောခန့်မှန်းချက်တွေးမိသည်။
သူ၏စီနီယာအစ်ကို စံသခင်ရွှမ်းယန်က ဤစုံတွဲကို အလွန်အထင်ကြီးလေးစားသည်မှာ အံ့ဩစရာမရှိတော့ပေ။
မနီးမဝေးအနာဂတ်တွင် သူတို့၏မြောက်ဘက်နယ်စပ်၌ မဟာအဆင့်ကျင့်ကြံနှစ်ယောက် ရှိကောင်းရှိလာနိုင်ပေသည်။
မဟာကျင့်ကြံသူဆိုသည်မှာ အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကို ဆိုလိုခြင်းဖြစ်သည်။
ထိုအဆင့်တွင် တစ်ဦးတစ်ယောက်တည်းပင်လျှင် အနိုင်ပိုင်းနိုင်ပြီး အလယ်ဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူများကို သက်သက်သာသာသတ်ပစ်နိုင်ပေသည်။
အစောပိုင်းအဆင့်နှင့် အလယ်ဆင့်အခြေတည်ဝိညာဉ်တို့၏ကွာခြားချက်မှာ ထိန်းနိုင်ဖွယ်ရှိသော်လည်း ထိုသူတို့နှင့် နောက်ဆုံးအဆင့်၏ကွာဟချက်မှာ ကမ္ဘာခြားပေသည်။
တန်းတစ်ခုတည်းတွင်ရှိနေပေသော်လည်း
(အခြေတည်ဝိညာဉ်အဆင့်ကိုပြောချင်တာပါ)
စစ်မှန်သောတိုက်ပွဲသန်မာမှုအောက်တွင် သူတို့မှာ အဆင့်တစ်ခုတည်း ဟုတ်မနေတော့ပေ။
၎င်းမှာ ပဉ္စမအဆင့်များဖြစ်ကြသည့် ရေလွှမ်းနဂါးစိမ်း၊ ရွှေရောင်အတောင်ပံလင်းယုန်နှင့် အမြီးကိုးချောင်းကြောင်ကတိုးတို့အားလုံးသည် သာမန်နတ်ဆိုးဧကရာဇ်မဟုတ်ဘဲ ပဉ္စမအဆင့်၏နောက်ဆုံးအဆင့်ကိုရောက်ရှိနေသော ရွှေရောင်ဝံပုလွေကို ဦးညွတ်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် တိရှင်းကျဲ့တို့သည် တိုင်းပြည်တည်ထောင်ခြင်းအခမ်းအနားသို့ ပြန်လာခဲ့ကြသည်။
တိုက်ပွဲပြီးသွားသောအခါ လူတိုင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် အံ့ဩလေးစားမှုအာရုံတစ်ခုကို ခံစားမိလိုက်ကြသည်။
ကျန်းချန်ရွှမ်သည် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်၏သွေးဖြင့် ကျန်းန်ိုင်ငံနှင့် ကျန်းတိုင်းပြည်တို့တည်ထောင်ခြင်းကို ကျင်းပမည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီး ယခု သူ၏စကားအတိုင်းတည်ခဲ့ပေသည်။
၎င်းမှာ အမှန်တကယ်ပင်...
အံ့အားသင့်ဖွယ်ဖြစ်သည်။
လူအုပ်ကိုကြည့်ပြီး ကျန်းချန်ရွှမ်သည် ရေးရေးမျှ ပြုံးလိုက်ကာ တည်ထောင်ခြင်းအခမ်းအနား၏ ဆက်လက်လုပ်ဆောင်မှုကို ကြေညာလိုက်သည်။
သူသည် ခိုးယူမှုနှင့် အဓမ္မလုယုမှုများကို အဓိကထားလေ့ကျင့်နေသည့်သူများကို စည်းမျဉ်းများထုတ်ရန် ဤအခွင့်အရေးကို အသုံးချလိုက်သည်။
ကျန်းနိုင်ငံအတွင်း ဤကဲ့သို့လုပ်ရပ်မျိုး ပြုလုပ်ရဲသူများကို ရှာဖွေတွေ့ရှိပါက ထိုသူတို့သည် သေခြင်းထက်အဆများစွာပိုမိုဆိုးရွားသည့် ပြစ်ဒဏ်များကို ခံစားရမည်ဖြစ်သည်။
၎င်းသည် ထိုနေရာရှိ ကျင့်ကြံသူများတွင် နက်ရှိုင်းသောကြောက်ရွံ့မှုတစ်ခု မွေးမြူပေးလိုက်ပြီး အထူးသဖြင့် ကျန်းချန်ရွှမ်မှာ သူတို့ဈေးကွက်မြို့၏အပြင်ဘက်တွင် လူသတ်မှုနှင့် လုယက်မှုများကျူးလွန်ခဲ့သည့် သူ၏မျိုးနွယ်ဝင်များကို မည်ကဲ့သို့စီရင်ခဲ့သည်ကို ပြန်လည်အမှတ်ရသွားစေသည်။
သူသည် ထိုသူတို့ကို ကွပ်မျက်ခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များကို မျိုးနွယ်စုဂိတ်တံခါး၏ အပြင်ဘက်တွင် အတော်ကြာအောင် ချိတ်ဆွဲထားခဲ့သည်။
သူသည် သူ၏ ဆွေမျိုးသားချင်းများအပေါ်တွင်တောင် ကြမ်းတမ်းရက်စက်နေနိုင်လျှင်ပင် ယခုလေးတင်ကြေညာလိုက်သည့် စည်းမျဉ်များနှင့် ပတ်သက်ပြီး မည်မျှအလေးအနက်ထားသည်ကို သံသယဖြစ်ဖွယ်မရှိတော့ပေ။
သူတို့၏စည်းမျဉ်းကိုချိုးဖောက်သောမည်သူမဆို အသေအချာပင် ရက်စက်သောကံကြမ္မာကို ရင်ဆိုင်ရပေမည်။
နောက်ဆုံးတွင် အခမ်းအနားအဆုံးသတ်သို့ရောက်ရှိလာသောအခါ တိရှင်းကျဲ့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို နှုတ်ဆက်ရန်ပြင်ဆင်လိုက်သည်။
မထွက်ခွာမီ သူသည် ဓားဖုံးနန်းတော်ကကျင်းပသည့် အခြေတည်ဝိညာဉ်အဆင့်ကုန်သွယ်ရေးပွဲတော်မှာ ဆယ်နှစ်အတွင်းပြုလုပ်မည်ဖြစ်ကြာင်း သတင်းပေးခဲ့သည်။
အခြေတည်ဝိညာဉ်ကျင့်ကြံသူများအပါအဝင် ကျိုးနိုင်ငံနှင့် သူ၏ပတ်ပတ်လည်နိုင်ငံများမှ ကျင့်ကြံသူများ တက်ရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။
လင်မယားနှစ်ယောက်သည် ၎င်းကိုလိုအပ်ပါက ကုန်သွယ်ရေးပွဲတော်တွင် ပါဝင်နိုင်ရန် ဆယ်နှစ်အကြာတွင် ဓားဖုံးနန်းတော်သို့ သွားရောက်နိုင်ပေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သတင်းစကားအတွက် ကျေးဇူးတင်ကြောင်း ပြသလိုက်ပြီး အခြေအနေပေးပါက ဆယ်နှစ်အကြာတွင် ဓားဖုံးနန်းတော်၌ကျင်းပမည့် ကုန်သွယ်ရေးပွဲတော်ကို တက်ရောက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ကမ္ဘာမြေလမ်းလျှောက်ကို နှုတ်ဆက်ပြီးနောက်လက်မယားနှစ်ယောက်သည် အချိန်ဆွဲမနေဘဲ မကြာမီပင် မှော်ဝင်တိုင်တောင်ရှိ ရွှမ်းမင်တောင်ထွတ်သို့ ပြန်လာခဲ့သည်။
ရွှမ်းမင်တောင်ထွတ်သို့ရောက်သောအခါ ကျန်းချန်ရွှမ်သည် တိရှင်းကျဲ့ ပေးထားသော အနန္တကောင်းကင်သလင်းကျောက်၊ သူရရှိထားသည့် နေသလင်းကျောက်နှင့် အမျိုးမျိုးသောပစ္စည်းများဖြင့် အနန္တနေမီးဖိုကို အမှတ်အသားလုပ်ရန် ကြိုးပမ်းလိုက်သည်။
ဤမီးစွမ်းရည်ကိုယ်ပိုင်ဓမ္မရတနာဖန်တီးမှုကို မဆောင်ရွက်မီ သူသည် သူ၏နားလည်မှုကိုပိုမိုလေးနက်စေရန်နှင့်ပစ္စည်းသန့်စင်ခြင်းတွင် အတွေ့အကြုံပိုရစေရန်စနစ်မှရရှိထားသည့် လက်နက်ကျွမ်းကျင်သူကို လေ့လာရန် အခွင့်အရေးကို အသုံးပြုရန် ရည်ရွယ်လိုက်သည်။
သူ၏ပန်းတိုင်မှာ တစ်ချက်တည်းနှင့် အနန္တနေမီးဖိုကို ပဉ္စမအဆင့်ရတနာစင်စစ်တစ်ခုသို့ ပြောင်းလဲရန်ဖြစ်သည်။
သူသည် သူ၏ပစ္စည်းသန့်စင်ခြင်းစွမ်းရည်များကို ပိုမိုတိုးမြှင့်ရန် လိုအပ်သည်။
ဤတစ်ကြိမ်တွင် သူသည် တစ်ကိုယ်တည်းသန့်စင်ရန်မဟုတ်ဘဲ ရှန်းရူယန်ကိုပါ သူ့ကိုကူညီရန် ပြောဆိုမည့်အကြောင်း စီစဉ်ထားသည်။
မကြာမီပင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို သူ၏အစီအစဉ်ကြောင်းပြောကြားခဲ့သည်။
ရှန်းရူယန်က အပြုံးတစ်ခုဖြင့် လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။
ခနကြာပြီးနောက် လင်မယားနှစ်ယောက်သည် ကျန်းချန်ရွှမ်၏ တံခါးပိတ်ကျင့်ကြံခြင်းဂူအိမ်ထဲသို့ ဝင်သွားခဲ့သည်။
***