အပိုင်း (၁၂၀၇)
Vol. 82 Ch. 1207
တိုင်လုသည် အံ့အားသင့်လျက်ရှိနေသည်။ သူ ကျောက်ခဲကို ပစ်လွှတ်လိုက်သည့်အချိန်တွင် ကြီးမားလှသည့် အားအင်များကို ထည့်သွင်းမထားဘူးဆိုသော်လည်း ပုံမှန်အတိုင်း ပစ်လွှတ်လိုက်ခြင်းတော့မဟုတ်ပေ။ သို့ပေမဲ့ တစ်ဖက်လူ သည် ကျောက်ခဲအား လွယ်လွယ်ကူကူဖြင့် ဖမ်းဆီးနိုင်ခဲ့၏။ ကြည့်ရသည်မှာ စွမ်းရည်တစ်ခုတော့ ရှိပုံပေါ်သည်။
“မဖြစ်နိုင်တာ ……. သူ အားအင်အဆင့်ကို ဖုံးကွယ်ထားခဲ့တာလား။”
“အင်း”
ကျိုးဒူဒူသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ပေကျံလျက်ရှိနေသော သူ၏ ဖင်ကို အသာပုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သစ်သားအိပ်ရာပေါ်တွင် ထိုင်ချလိုက်၏။ သူသည် ပြတင်းပေါက်ကို လှမ်းမျှော်ကြည့် ကာဖြင့် ပြောလိုက်မိ၏။
“ကျုပ် ဒီအကျဉ်းထောင်ထဲက မထွက်ခွာဘဲနေတာက ဒီမှာရှိတဲ့ အစားအစာတွေကို ကုန်းဆင်းဖို့လို့ ထင်နေတာလား။ ဒါဆိုရင်တော့ အရမ်းမှားသွားပြီ။”
“……..”
ကျိုးဒူဒူ၏ မျက်နှာပေါ်တွင်ရှိသော အမူအရာများကို ကြည့်ရှုပြီးသည့်နောက်တိုင်လုသည် စိတ်ထဲ၌ တိကျသေချာသည့်သုံးသပ်ချက်ကို ထုတ်ဖော်ပြီး ဖြစ်နေတော့သည်။ မင်း အလကားကုန်းဆင်းချင်လို့ ဒီမှာနေနေတာပါ။
“ကျုပ် ကျိုးဒူဒူက ကြီးမားတဲ့ ဂုဏ်ဒြပ်တွေနဲ့ မွေးဖွားတဲ့လူတစ်ယောက်မဟုတ်ဘူး။ ကြီးမားတဲ့ ပါရမီကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်လည်းမဟုတ်ဘူး။ ဒီလောကကြီးထဲမှာ နေထိုင်တဲ့အချိန်မှာ လမ်းတကာကို လှည့်ပတ်သွားလာရင်း အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် မနည်းကြိုးစားခဲ့ရတယ်။”
ကျိုးဒူဒူသည် သူ၏ ဦးခေါင်းကို ငုံ့လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ လောကကြီးသည် မမျှတဘူးဆိုသော ခံစားချက်များနှင့် ပြည့်နှက်လျက်ရှိနေ၏။
“အသက်ရှင်သန်နိုင်ဖို့ တစ်ခြားသူတွေကို ကျုပ် စတင်ပြီး လိမ်ညာခဲ့ရတယ်။ ဒီနေရာမှာ ချုပ်နှောင်ခံခဲ့တာက ကောင်းကင်ရဲ့ အပြစ်ပေးမှုတစ်ခုဆိုလျှင်တောင်မှ …”
ကျိုးဒူဒူ၏ ခံစားချက်များသည် အုံကြွလာခဲ့သည်။။ သူ၏ ပါးနှစ်ဖက်ပေါ်သို့ မျက်ရည်များသည် တတောက်တောက်နှင့် ကျဆင်းလာသည်။ “အဲဒီအပြစ်ပေးမှုကို အသုံးချပြီးတော့ ကျုပ်က အသက်ရှင်နေထိုင်သွားမယ်။”
တိုင်လုသည် အစမှအဆုံးထိ သေသေချာချာကြည့်ရှုနေ၏။ သူ၏ နှလုံးသားထဲတွင် ခံစားချက်များ ရောပြွန်းလျက်ရှိနေသည်။
ခင်ဗျားက ဂုဏ်ရှိန်ဂုဏ်ဝါတွေနဲ့ မွေးဖွားလာခဲ့တဲ့ လူတစ်ယောက်မဟုတ်သလို ကျုပ်ကလည်း အဲလိုပဲ။ ခင်ဗျားက ပါရမီတွေနဲ့ မွေးဖွားလာခဲ့တဲ့ လူတစ်ယောက်မဟုတ်သလို ကျုပ်ကလည်းအဲ့လိုပဲ။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းထဲသို့ ဝင်ရောက်ပြီး နတ်စမ်းချောင်းဂိုဏ်းဆီသို့ ဝင်ရောက်ပြီး ထိုအရာအားလုံးသည် သူအသက်ရှင်နေထိုင်ရန် မျှော်လင့်ချက်ကြောင့် ကြိုးစားခဲ့ရခြင်းပင်ဖြစ်၏။
ဤရောင်းရင်းနှစ်ယောက်သည် အကျဉ်းထောင်ဖော်၊ အကျဉ်းထောင်ဖက်များ ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ တူညီသည့်အကြောင်းအရာတစ်ခုကို စတင်ကာ စဉ်းစားနေမိကြသည်။
“အင်း …”
ကျိုးဒူဒူသည် မျက်နှာပေါ်တွင်ရှိနေသော မျက်ရည်များကို သုတ်ကာဖြင့် ပြုံးလိုက်မိ၏။ “ပြိုင်စံရှားဂိုဏ်းထဲမှာ ဖမ်းချုပ်ခံထားရတာ ကျုပ် အရမ်းကို ကံကောင်းလို့ပဲ။ ဘာလို့လဲဆိုတော့ ဒီမှာရှိနေတဲ့ ကောင်းကင် နဲ့မြေကြီး ဓာတ်သဘာဝတွေက အရမ်းကို အားကောင်းလွန်းတယ်လေ။ အပြင်ဘက်မှာ ကျုပ်ရနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။”
“…….”
တိုင်လုသည် ငြင်းပယ်ချင်သည်ဆိုသော်လည်း ထိုအရာမှာ မှန်ကန်လွန်းနေ၏။
ကောင်းကင်ကြီးက မမျှတဘူးလို့ ခံစားမိတယ်ဆိုရင်တောင်မှ အဲအပြစ်ဒဏ်ကို အသုံးပြုပြီး ကောင်းမွန်စွာ နေထိုင်ဖို့ အတွက် ကျုပ်ကြိုးစားရမယ်။
တိုင်လုသည် ရုတ်တရက် နားလည်သွား၏။ တစ်ဖက်လူသည် ဤနေရာတွင် နေထိုင်နေခြင်းမှာ အစားအစာများကို ကုန်းဆင်းချင်သောကြောင့်မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်းတွင်ရှိသော ကောင်းကင် နှင့် မြေကြီး၏ ဓာတ်သဘာဝများ အားလုံးကို ကုန်းဆင်းချင်သောကြောင့်ပင်ဖြစ်သည်။
အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် သူ၏ ချီလမ်းကြောင်းသည် စည်းခတ်ခြင်းခံထားရသောကြောင့် ကျင့်ကြံ၍ မရနိုင်ချေ။ သို့ပေမဲ့ တစ်ဖက်လူမှာတော့ စည်းခတ်မခံထားရချေ။ ထို့ကြောင့် အကျဉ်းထောင်ထဲမှာ နေထိုင်ရင်း နေ့စဉ်နေ့တိုင်း လေ့ကျင့်နေ၍ ရ၏။ နှစ်ပေါင်းများစွာ အကျဉ်းချခံရပြီးသည့်နောက်မှာတော့ သူ၏ အဆင့်သည် ကျိန်းသေပေါက် နိမ့်ကျနေလိမ့်မည်မဟုတ်ချေ။
ဤဉာဏ်ကောင်းလွန်းလှသော အမှိုက်လေးသည် သုံး၍ရသည့်အရာ ရှိသေးသည်လား။
“ပြီးတော့”
ကျိုးဒူဒူက ပြောလိုက်၏။ “ကျုပ် အကျဉ်းထောင်ထဲမှာသာ ချုပ်နှောင်မခံထားရဘူးဆိုလို့ရှိရင် ဒီလောက် အရမ်းကို အဆင့်မြင့်တဲ့ ကျွမ်းကျင်သူ တွေနဲ့ ဘယ်လိုလုပ် အခန်းဖော်ဖြစ်လာမှာလဲ။ ကျုပ် အရမ်းပျော်တယ်။ ကျုပ် ဒီနေရာကို အိမ်တစ်ခုလို ခံစားမိနေ တယ်။”
ဖြောင်း … ဖြောင်း…. ဖြောင်း ….ဖြောင်း ….
လက်ခုပ်သံတစ်ခုသည် ထွက်ပေါ်လာသည်။
ကျိုးဒူဒူ၏ အမူအရာသည် တုန်ယင်သွားမိတော့၏။ သူ၏ ရှေ့တွင်ရှိနေသော တိုင်လု၏ လက်များသည် ခြေထောက်ပေါ်တွင် တည်ရှိနေသည်ဖြစ်ကြောင်းကို သူမြင်ပြီးဖြစ်တော့၏။ ထိုသို့ဆိုလျှင်လက်ခုပ်သံသည် မည်သည့်နေရာက ထွက်ပေါ်လာရသနည်း။
ရွှီ
သူသည် အလျင်အမြန်လှည့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ အခန်းပေါက်ဝတည့်တည့်ရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ကာ ဆေးပြင်းလိပ်ကြီးကို သောက်လျက်ရှိနေသော ဂိုဏ်းချုပ်ကျွင်းကို မြင်လိုက်ရ၏။
ဂိုဏ်းချုပ်ကျွင်းသည် ဟန်ပါပါဖြင့်ပြောလာသည်။ “အကျဉ်းထောင်တစ်ခုကို ကိုယ့်အိမ်လိုမျိုး နားလည်သဘောပေါက်ထားတယ်ဆိုတော့ ကျုပ်က တကယ့်ကို ကျေးဇူး တင်မိတယ်။ ရင်ထဲမှာတောင် ထိရှသွားတယ်။”
“ဂိုဏ်းချုပ်ကျွင်း …. ဘယ် … ဘယ်အချိန်တုန်းက ရောက်လာတာလဲ။”
“ခင်ဗျားငိုနေတဲ့ အချိန်ကတည်းက ရောက်လာတာပဲ။”
“………”
ကျိုးဒူဒူသည် မျက်ရည်များကို အလျင်အမြန်သုတ်လိုက်၏။ သူ့ကဲ့သို့ ခုနှစ်ပေအရပ်အမြင့်ရှိသော လူထွားကြီး တစ်ယောက် ငိုယိုနေသည်ကို အပြင်လူများတွေ့မြင်သွားပြီးဖြစ်ကြောင်း စဉ်းစားလိုက်မိသည့်အချိန်မှာတော့ ချက်ချင်း ရှက်ရွံ့ လွန်းသောကြောင့် တွင်းတစ်ခုတူး၍ ပုန်းခိုချင်စိတ်ပင် ပေါက်မိနေတော့၏။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီးသည့်နောက်မှာတော့ သူ၏ပုခုံးပေါ်သို့ လက်တင်ကာ လေးလေးနက်နက် မေးလိုက်သည်။ “ခင်ဗျား ပြိုင်စံရှားဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ချင်လား။ ကျုပ်ရဲ့ နောက်ကို လိုက်ပြီး လောကကြီးကို အနိုင် သိမ်းပိုက်ချင်လား။”
ဤစကားလုံးများသည် ကျိုးဒူဒူ၏ နားထဲသို့ ဝင်ရောက်ပြီးသည့်အချိန်မှာတော့ သူ၏သိစိတ်ပင်လယ်ထဲတွင် လှိုင်းထန်လျက်ရှိနေတော့၏။ သူသည် သစ်သားရုပ်ထုကြီးတစ်ခုကဲ့သို့ တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏အမြင်အာရုံများအားလုံးသည် ဝေဝါးလျက်ရှိနေပြီး သူ၏ဝိညာဉ်တစ်ခုလုံးသည် ပျောက်ရှသွားသလို ခံစားနေရ၏။
သူ့အနေနှင့် ဤကဲ့သို့ ဖမ်းချုပ်ခံရသည့် နေ့စဉ်နေ့တိုင်းတွင် ပြိုင်စံရှားဂိုဏ်းဝတ်စုံကို ဝတ်ဆင်နေသော သူ့ကိုယ်သူ ပြန်လည်မြင်ယောင်မိသည့်အချိန်သည် အကြိမ်ပေါင်း မည်မျှရှိခဲ့သည်ဆိုသည်ကိုပင် မသိရှိခဲ့ချေ။
သူသည် ထိုအိပ်မက်ဆီမှ လန့်နိုးခဲ့သည့်အချိန်တိုင်းတွင်အစစ်အမှန်တရားကို ပြန်လည်သိရှိရင်း မည်မျှနာကျင်မှုကို ခံစား ရပြီး မည်မျှစိတ်ပျက်မှုကို ခံစားရသည်ဆိုသည်ကို မည်သူမျှသိနိုင်လိမ့်မည်မဟုတ်ပေ။
မဟုတ်ပေ။ တိုင်လုသည် သူ ဤကဲ့သို့ခံစားနေရသည်ကို သိရှိနားလည်သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ သည် ညသန်းခေါင်ယံအချိန်တွင် သစ်သားအိပ်ရာလေးတွင် ကွေးကွေးလေး နေထိုင်ပြီးသည့်နောက်မှာတော့ ဤကဲ့သို့သောစကားများကို တီးတိုးရေရွတ်လျက်ရှိနေသည်ကို သူနားနှင့် ဆတ်ဆတ်ကြားနေရသောကြောင့်ပင်ဖြစ်၏။
ကျိုးဒူဒူ၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားလှချေ။ သို့ပေမဲ့ ၎င်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ အလွန်တရာ အားကောင်းလှ၏။ ကျွင်းချောင်ရှောင်း စိတ်လှုပ်ရှား သဘောကျစေရန်အလို့ငှာ သူသည် အကျဉ်းသားများအား အားတက်စေသည့်စကားလုံးများ ပြောဆိုတတ်သည့် လူတစ်ယောက်အဖြစ်ပင် အသွင်ပြောင်းလဲခဲ့၏။ ထိုအရာ သည် သူ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုစေရန်အတွက် ကြိုးစားခဲ့ခြင်းသာဖြစ်သည်။
“အဖေ၊ အမေ”
ကျိုးဒူဒူသည် တီးတိုးရေရွတ်လိုက်၏။ “ကျုပ် … ကျုပ် အိပ်မက်မက်နေတာလား။”
ဘုန်း …..။
ရုတ်တရက် ကန်ချက်တစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ သူသည် လေထဲတွင် လွှင့်စင်သွားပြီးသည့် နောက်မှာတော့ အကျဉ်းထောင်၏ နံရံနှင့်သွား၍ရိုက်မိသည်။ စူးရှသည့်နာကျင်မှုသည် ခန္ဓာကိုယ်အနှံ့ ဖြစ်တည် လာခဲ့သည်။
“အခုဘယ်လိုလဲ … အိမ်မက်မဟုတ်ဘူးမလား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
ဤကန်ချက်သည် ကျိုးဒူဒူတစ်ယောက် အိပ်မက်မက်နေခြင်းမဟုတ်ကြောင်း သိရှိနားလည်စေရန် ကန်လိုက်သည့် ကန်ချက်မျိုးမဟုတ်ပေ။ တစ်ဖက်လူ မည်သည့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်နေသည်ဖြစ်ကြောင်းကို သိရှိချင်သော ကြောင့် ကန်လိုက်ခြင်းပင်ဖြစ်သည်။
မဆိုးလှပေ။ ကျိုးဒူဒူသည် သိုင်းဆရာထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေ၏။ ကျွင်းချောင်ရှောင်းသည် ရောက်ရှိလာစဉ်က ကျိုးဒူဒူ၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှမြင့်မားသည်ဆိုသည်ကို မေ့လျော့နေခဲ့၏။
သို့ပေမဲ့ သိုင်းတပည့်နှင့်သိုင်းဆရာကြား ကျင့်ကြံခြင်းအဆင့်သာ ဖြစ်လိမ့်မည်ဟု တွက်ချက်မိ၏။ များပြားလှသော ပစ္စည်းများနှင့် နက်နဲလှသည့် သိုင်းကျင့်နည်းစနစ်များ အကူအညီမပါဘဲနှင့် အကျဉ်းထောင်ထဲတွင် နေထိုင်ရင်း ဤကဲ့သို့ အဆင့်ချိုးဖြတ်နိုင်ခဲ့ခြင်းဆိုသည်မှာ …….
ချီးတဲ့မှ။ စိတ်ဝိညာဉ်စွမ်းအင်တွေအားကောင်းတဲ့တည်နေရာကြီးထဲမှာ ဒီလောက် အကြာကြီး ချုပ်ခံထားရတာတောင်မှ သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် မရောက်ဘူးဆိုတော့ဒီကောင် တော်တော် အရည်အချင်းမဲ့တဲ့ ကောင်ပဲ။
အကျဉ်းထောင်ကို စီမံခန့်ခွဲဖို့ သူ့အား ထားရှိမည်ဆိုလျှင် ထိန်းချုပ်ရန် ခက်ခဲမည့်အရာမျိုး ဖြစ်ပေါ်လာနိုင်၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် မနိုင်ဝန် ထမ်းခိုင်းရန် အစီအစဉ်တော့ မရှိချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် အလွန်တရာ အားနည်းနေသောကြောင့်ပင်။ ထို့အပြင် မြေအဆင့် အကျဉ်းထောင်ထဲတွင်ရှိသော အကျဉ်းသားများသည် သိုင်းအင်ပါယာ၊ သိုင်းနယ်မြေနှင့် တစ်ခြားသော စွမ်းအားမြင့် ကျင့်ကြံသူများပင်ဖြစ်ကြ၏။ ထို့ကြောင့် သိုင်းဆရာကဲ့သို့သော သိုင်းကျင့်ကြံသူလေး တစ်ယောက်အား စီမံခန့်ခွဲရန် စေလွှတ်ထားသည်ဆိုပါက အကုန်ပြဿနာများတက်ကုန်မှာ သေချာသည်။
“……..”
စနစ်သည် ဆွံ့အလျက် ရှိနေသည်။ “လက်ခံသူ ဘာတွေ တွေးနေတာလဲ။”
“နာတယ်ဟ။ ဒါအိပ်မက်မဟုတ်ဘူး။ ဒါအစစ်အမှန်ကြီးပဲ။”
နံရံနှင့်တိုက်မိပြီး အောက်သို့ပြုတ်ကျလာခဲ့သော ကျိုးဒူဒူသည် လက်နှစ်ဖက်ကို အသာဆုပ်ကာဖြင့် မိမိကိုယ်ကို စိတ်တည်ငြိမ်မှုရရန် ကြိုးစားလျက်ရှိနေ၏။
သူ၏မျက်လုံးဆီမှ ပဲသီးစေ့ အရွယ်အစားရှိသော မျက်ရည်များသည် တစ်တောက်တောက်နှင့် ကျဆင်းနေခဲ့၏။ ဂိုဏ်းချုပ်ကျွင်းတစ်ယောက် သူ့အား ခေါ်ယူရန် စောင့်မျှော်နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်၏။ ယနေ့ မှာတော့ သူသည် သူ၏ စိတ်ကူးယဉ်အိပ်မက်အတိုင်း ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်သည်။
မျက်ရည်များသည် တစ်တောက်တောက်နှင့် ကျဆင်းလျက်ရှိနေ၏။ ကျိုးဒူဒူ၏ ခံစားချက်များအားလုံးသည် ထိန်းမနိုင်သိမ်းမရဖြစ်နေတော့၏။
တိုင်လုသည် တစ်ဖက်လူအား လှောင်ပြောင်ချင်စိတ် ပေါက်မိနေ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ပြိုင်စံရှားဂိုဏ်းတပည့်တစ်ယောက်ဖြစ်ရန် မည်မျှရူးသွပ်ခဲ့သည်ဖြစ်ကြောင်းကို ပြန်လည်မြင်ယောင်ပြီး သည့်နောက်မှာတော့ အလုံးစုံငြိမ်ငြိမ်သက်သက်နေထိုင်ရန် ရွေးချယ်ခဲ့တော့သည်။
သူ့အနေနှင့် သူ၏ ကိုယ်ပိုင် ရွေးချယ်ခွင့်ရှိသလို ကျိုးဒူဒူတွင်လည်း ကိုယ်ပိုင်ရွေးချယ်ခွင့် တည်ရှိနေ၏။
ထို့ကြောင့် တစ်ဖက်လူ၏ ရွေးချယ်မှုအား လှောင်ပြောင်ရန် စိတ်ကူးမရှိချေ။ သို့ပေမဲ့ သူကတော့ ပြိုင်စံရှားဂိုဏ်းထဲသို့ လုံးဝဝင်ရောက်လိမ့်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ပြိုင်စံရှားဂိုဏ်းကို အလွန်မုန်းတီးမိ၏။ မည်သို့ပင်ဆိုစေကာမူ ကျိုးဒူဒူတစ်ယောက် ဤအကျဉ်းထောင်ထဲမှ ထွက်ခွာသွားခြင်းကလည်း ကောင်းမွန်သည့်အရာပင်ဖြစ်ပေလိမ့်မည်။ဘာအဓိပ္ပာယ်မှမရှိသော အားတက်စေသည့် စကားလုံးများကို နေ့စဉ်နေ့တိုင်း ကြားခြင်းကလည်း ဝဋ်ဒုက္ခတစ်မျိုးပင် ဖြစ်နေသည် မဟုတ်ပါလား။ အနည်းဆုံးတော့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက်ဖြင့် ဤအကျဉ်းထောင် ထဲတွင် စိတ်အေးသက်သာစွာ နေထိုင်နိုင်ေ“မငိုနဲ့တော့။”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အခုဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပြီမဟုတ်လား။”
ဘုတ် …..။
ကျိုးဒူဒူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ဒူးထောက်ထိုင်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံး သည် မျက်ရည်နှင့်နှပ်ချေးများ ပေပွလျက်ရှိနေ၏။ သူသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ကျုပ် … ကျိုးဒူဒူက ပြိုင်စံရှားဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ချင်ပါတယ်။ ကျိန်းသေပေါက် ဂိုဏ်းချုပ်ကျွင်းရဲ့နောက်ကို လိုက်ချင်ပါတယ်။”
လီချင်းယန်သည် ပြုံးလိုက်မိ၏။ အကျဉ်းထောင်၏အပြင်ဘက်တွင် ရပ်လျက်ရှိနေသော ရှောင်ကျီနှင့်စုရှောင်မိုတို့သည်လည်း ပြုံးလိုက်မိ၏။
တစ်ဖက်လူသည် နှစ်ပေါင်းများစွာကြာအောင် အကျဉ်းထောင်ထဲတွင် ဖမ်းချုပ်ခံထားရသည့် လူတစ်ယောက်ဖြစ်၏။ နောက်ဆုံးမှာတော့ သူတို့၏ မိသားစုဝင်တစ်ယောက် ဖြစ်လို့လာခဲ့ပြီဖြစ်သည်။ ထို့အတွက် သူတို့သည် ပျော်ရွှင်မိသည်။
အတိတ်တုန်းကသာဆိုလျှင် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ တာဝန်သည် အိပ်ခြင်း၊ စားခြင်းနှင့် ဒူဒူအား ရိုက်နှက်ခြင်း ဖြစ်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူတို့သည် အိပ်ခြင်းနှင့်စားခြင်းကိုသာ ပြုလုပ်ကြ၏။ ဒူဒူအား မရိုက်နှက်တော့ ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အလွန်တရာအားကောင်းလှသည်ဖြစ်သောကြောင့် ဒူဒူအား ရိုက်နှက်ပါက ဒူဒူသည် သေဆုံးသွားပေလိမ့်မည်။
“ရက်အနည်းငယ်အတွင်း မင်းကို ဂိုဏ်းသားအဖြစ် လက်ခံမယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လောလောဆယ် အကျဉ်းထောင်ထဲမှာ နေအုံး။”
တပည့်အရေအတွက်သည် ၇၀၀၀၀ ပြည့်နေပြီဖြစ်သောကြောင့် ဂိုဏ်းသားအသစ်အဖြစ် လက်ခံရန် မဖြစ်နိုင်သေးချေ။ ထို့ကြောင့် ဂိုဏ်း၏ အဆောက်အအုံကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပြီးမှသာလျှင် ဂိုဏ်းသားအသစ်ကို ခေါ်ဆောင် နိုင်မှာဖြစ်သည်။
“နားလည်ပါပြီ။”
ကျိုးဒူဒူသည် ကျယ်လောင်စွာ ပြောလိုက်သည်။ အကျဉ်းထောင်ထဲတွင် ကြာရှည်စွာ နေထိုင်ပြီးသည့်နောက်မှာတော့ သူသည် ပြိုင်စံရှားဂိုဏ်း၏ သဘောသဘာဝနှင့် အသားကျနေပြီဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် အနည်းငယ် ကြာအောင် စောင့်စားရသည်ကလည်း ကြီးမားသည့် ပြဿနာကြီးမဟုတ်ချေ။
“မြေပေါ်မှာ ဘာတွေဆွဲထားတာလဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဟုတ်ကဲ့ပါ။ ဂိုဏ်းချုပ်”
ကျိုးဒူဒူသည် တပည့်မဖြစ်သေးချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ဟူသော စကားကို အသုံးပြုနေပြီဖြစ်တော့၏။
“ဘာတွေဆွဲထားတာလဲ။”
“ဂိုဏ်းချုပ် … ဒါက တပည့်ဆွဲထားတဲ့ အကျဉ်းထောင်ရဲ့ ပုံကြမ်းပါ။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့်တုန်ယင်သွားခဲ့၏။ တစ်ဖက်လူသည် အကျဉ်းထောင်ထဲမှာ နေထိုင်ရင်း အကျဉ်းထောင်၏ ပုံစံကိုပင် ဆွဲလျက်ရှိနေ၏။ သောက်ကျိုးနည်းလှချေသည်တကား။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒူဒူရဲ့ ပုံကြမ်းဟာ အရမ်းကောင်းတယ်။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်လန့်သွားသည်။ “မင်း အကျဉ်းထောင်ရဲ့ အပြင်ဘက်မှာမဟုတ်ဘူးလား။ ဘယ်တုန်းက ဝင်လာတာလဲ။”
ဤကဲ့သို့ အတွေးအခေါ်ကောင်းလှသော ပုံကြမ်းကို မြင်ရပြီးသည့်နောက်မှာတော့ လီချင်းယန်သည် မည်သို့မျှ မနေနိုင်တော့ချေ။ ထို့ကြောင့် အထဲကို ဝင်လာပြီး သေသေချာချာ လေ့လာကြည့်ရှုနေခြင်းပင် ဖြစ်၏။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်သည် စုတ်တံ နှင့် စာရွက်ကို ထုတ်ယူ ပြီးသည့်နောက်မှာတော့ ထိုအရာကို ပုံတူကူးတော့သည်။
“ဂိုဏ်းချုပ် … ဒူဒူရဲ့ ပုံကြမ်းက အတွေးအမြင်တွေ အများကြီးရစေတယ်လေ။ ပြန်ပြီးတော့ ဒါကို တိုးတက်အောင် ပြုလုပ်လိုက်အုံးမယ်။”
“……..” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
“မင်းကော ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ချင်သေးလား။” ကျွင်းချောင်ရှောင်းသည် တိုင်လုအား လှမ်း၍ကြည့်ကာ မေးလိုက်သည်။
သို့ပေမဲ့ တိုင်လုသည် သံမဏိကဲ့သို့ မာကျောသည့် စိတ်ဓာတ်ဖြင့် ပြန်ကာ ပြောလိုက်တော့၏။ “ကျုပ် ဘယ်တော့မှ ဝင်မှာမဟုတ်ဘူး။”
ကျွီ
တံခါးသည် ပြန်ပိတ်သွား၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထွက်ခွာသွားခဲ့တော့သည်။
သူသည် အမှတ်မထင် မေးလိုက်ခြင်းသာဖြစ်၏။ တစ်ဖက်လူသည် ခေါင်းမာနေသည်ဆိုမှတော့ လက်ကျန်ဘဝ တစ်ခုလုံး ပြိုင်စံရှားဂိုဏ်းအကျဉ်းထောင်ထဲတွင် ထားရှိရန် သူစိတ်ကူးထားမိ၏။
ဟား ဟား ဟား ဟား
အကျဉ်းထောင်ထဲမှာတော့ ကျိုးဒူဒူ၏ ရယ်သံသည် အချိန်တိုင်းဖြစ်ပေါ်လျက်ရှိနေ၏။ သူ၏ မျက်နှာပြင်တစ်ခုလုံး သည် ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ သူသည် ညအိပ်ချိန်ရောက်သည့်အချိန်တောင်မှ ထဟားဟားနှင့် ထ၍ ရယ်လျက်ရှိ၏။
ဂိုဏ်းချုပ်က သူ့အား ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ပြီဆိုမှတော့ သူသည် အကောင်းမွန်ဆုံး ကြိုးစားရတော့မှာဖြစ်၏။ ထို့ကြောင့် ကျိုးဒူဒူသည် တိုင်လုအား စတင်၍ မြူဆွယ်တော့သည်။ တိုင်လုသည် ဒွာရကိုးပေါက်မှ သွေးများ ယိုကျသည်အထိ ဒူဒူ၏ စကားများအား နားထောင်နေရတော့သည်။