အပိုင်း (၁၂၁၀)
Vol. 82 Ch. 1210
ထျန်းယွမ် အကျဉ်းထောင်စေတီ ပေါ်ပေါက်လာခြင်း ဆိုသည်မှာ ပြိုင်စံရှားဂိုဏ်းအနေဖြင့် အလွန် အဆင့်မြင့်သော အကျဉ်းထောင်တစ်ခု အနေဖြင့် ဖန်တီးလိုက်ခြင်း ဖြစ်၏။ အခြားသော ဂိုဏ်းများသာ ဤ အချင်းအရာကို သိရှိပါက အချိန်တွေ အရမ်းပေါများ နေသောကြောင့် အကျဉ်းထောင်တစ်ခုကို အားအားရားရား တည်ဆောက်နေသည်ဟု ထင်ပေလိမ့်မည်။
သို့ပေမဲ့ ၎င်းတို့ နားမလည်သော ကိစ္စရပ်များ ရှိနေသေးသည်။ ကျွင်းချောင်ရှောင်း အနေဖြင့် ပြစ်မှု ရှိသော အကျဉ်းသားများအား ချုပ်နှောင်ထားရန် သက်သက် မဟုတ်ဘဲ သူ၏ တပည့်များကို လေ့ကျင့် ပေးရန် အတွက် ဖြစ်၏။
တွေးကြည့်ရမည် ဆိုလျှင် ဤ အကျဉ်းထောင်သည် စွမ်းအားမြင့်သော အကျဉ်းသားများကို ချုပ်နှောင်ထားနိုင် သလို တပည့်များ အနေဖြင့် မိမိ၏ ပင်ကိုယ် အစွမ်းအတိုင်း လေ့ကျင့်နိုင်ပေလိမ့်မည်။ ပြောရလျှင် သေခြင်း ရှင်ခြင်း နယ်မြေထက်ပင် ပိုမို၍ ကောင်းမွန်နေသည်။
အစစ်အမှန် လူများနှင့် တိုက်ခိုက်ခြင်းသည် ပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ သားရဲများနှင့် တိုက်ခိုက်ခြင်းထက် ပို၍ အကျိုးရှိသည်မှာ သံဃယ ဖြစ်ဖွယ်မလိုချေ။
ထျန်းယွမ် အကျဉ်းထောင် စေတီသည် စုစုပေါင်း ကိုးထပ် တည်ရှိ၏။ အောက်ဆုံးထပ်မှာ နောက်ဆုံးအဆင့် အဖြစ် သတ်မှတ်ထားပြီး အပေါ်ဆုံးအထပ်မှာတော့ ပထမဆုံးအဆင့်အဖြစ် သတ်မှတ်ထား၏။ ကုန်းရှန့်၏ အတွေးအခေါ်အရဆိုလျှင် မတူညီသည့်အလွှာ အသီးသီးတွင် မတူညီသည့် ကျင့်ကြံခြင်းအကျဉ်းသား များကို ထားရှိရပေလိမ့်မည်။
ထိုသို့ဆိုလျှင် အကျဉ်းထောင်မှာ အကျဉ်းထောင်ဝတ်စုံ ဟူ၍ သီးခြား တည်ရှိမှ ဖြစ်ပေလိမ့်မည်။
"ချင်းယန်"
ဘေးနားရှိ အဝတ်စများကို လက်ညိုး ညွှန်ကာ ပြောလိုက်၏။ "တောင်အောက်ကိုဆင်း …. သင့်တော်တဲ့ စက်ချုပ်သမားကို ရှာပြီး ဒါတွေကို ချုပ်လုပ် ခိုင်းလိုက်"
"ကောင်းပါပြီ"
လီချင်းယန်သည် အကျဉ်းထောင် ဝတ်စုံကို မြင်လိုက်ရသည့် အချိန်မှာတော့ ဆွံ့အလျက် ရှိနေသည်။
"ဒါက ဂိုဏ်းဝတ်စုံနဲ့ အကျဉ်းသားဝတ်စုံ ဆိုပြီး ထပ်ခွဲအုံး မှာလား"
ကျွင်းချောင်ရှောင်း ဒီဇိုင်း ဆွဲထားသော အကျဉ်းသားဝတ်စုံသည် အဖြူအမဲ မျဉ်းကြား ပုံစံ တစ်ခု ဖြစ်လေ၏။
လီချင်းယန်သည် အလွန် အလုပ်လုပ်နိုင်သော လူတစ်ယောက်ဖြစ်သည်။ နောက်တစ်ရက်မှာတော့ အကျဉ်းသားဝတ်စုံများကို ယူဆောင်လာပြီး အကျဉ်းထောင်ထဲတွင် ဖမ်းချုပ်ထားသော ခေါင်းတုံးနှင့် အခြား လူများအား မျှဝေပေးလိုက်သည်။
ပထမတုန်းက ၎င်းတို့ အားလုံးသည် အကျဉ်းထောင်အတွင်းတွင် ဖမ်းချုပ် ခံခဲ့ ရ၏။ ယူဆောင်လာပေးသော အစားအဝေတ်လိုက်ရသည့် အချိန်မှာတော့ အစစ်အမှန် အကျဉ်းသား များနှင့်ပင် ဆင်တူ သွားလေ၏။
"ဂိုဏ်းချုပ် … သူတို့ကို အကျဉ်းသား ဝတ်စုံ ပြောင်းဝတ်ပေးပြီးပြီ"
လီချင်းယန်က ပြောလိုက်သည်။ "ဘယ်အချိန် ရွေ့ကြမလဲ"
"ဒီနေ့ ရွေ့ကြမယ်လေ"
"ကောင်းပြီ..."
ထျန်းယွမ် အကျဉ်းထောင်စေတီအတွင်းမှာတော့ အကျဉ်းသားဝတ်စုံ ဝတ်ဆင်ထားသော ခေါင်းတုံးနှင့် လူသည် တပည့်များ၏ ခေါ်ဆောင်ခြင်းကိုခံခဲ့ ရ၏။ ပြီးသည့် နောက်မှာတော့ နာမည်၊ အသက်၊ ကျင့်ကြံခြင်းများကို မှတ်တမ်းတင်ရ၏။
အကျဉ်းထောင် ဆိုသည်မှာ အကျဉ်းထောင်တစ်ခုကဲ့သို့ အဆင့်မြင့်မြင့် မှတ်တမ်းများ တည်ရှိရန် လိုအပ်နေ၏။ ထို့ကြောင့် ဖမ်းချုပ်ထားသော လူများ၏ အချက်အလက်များအား မိုးဆွေခန်းမမှ လူများက အသေးစိတ် မှတ်တမ်းတင်လေသည်။
ဖောက် ဖောက် …။
လီထျန်းထျန်း သည် ကြယ်ကောင်းကင်ခံတပ် မှ လူဆိုးကြီး သုံးယောက်နှင့် အခြားသော သူများကို မှတ်တမ်း ရေးထိုးပြီးနောက် ထျန်းယွမ် အကျဉ်းထောင်စေတီ ထဲသို့ ပို့ဆောင်ခဲ့တော့သည်။ သူတို့နှင့် အခြားသူများသည် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံခြင်း ရှိ၏။
ထို့ကြောင့် စကြဝဠာ လူဆိုးကြီး သုံးဦးတို့သည် အောက်ဆုံးထပ်တွင် ရှိနေသော အကျဉ်းထောင်တွင် ဖမ်းချုပ်ခြင်း ခံထားရသည်။ ၎င်းတို့သည် ပထမတန်းစား အကျဉ်းသားများပင် ဖြစ်၏။ အခြားသော အကျဉ်းသား များမှာတော့ မတူညီသည့်အဆင့် အလိုက် အလွှာ အသီးသီးတွင် ထိန်းသိမ်းခြင်း ခံထားရသည်။
အထဲသို့ ရောက်ရှိပြီးသော အကျဉ်းသားများသည် မရီဒန်များ စည်းခတ်ခြင်းကို ဖယ်ရှားခံရ၏။ ထို့နောက် ၎င်းတို့၏ ကျင့်ကြံခြင်းများသည် ပြန်လည် ရရှိသွားကြ၏။
ရွှီး ရွှီး ရွှီး …။
စကြာဝဠာ လူဆိုးကြီး သုံးဦးတို့သည် ၎င်းတို့အချင်းချင်း နားလည်မှုယူပြီးသည့်နောက်မှာတော့ လက်သီး ထဲတွင် စွမ်းအားများ ထည့်သွင်းကာ နံရံကို ထိုးဖောက်တော့သည်။
"ထင်ထားတဲ့ အတိုင်းပဲကို"
စော့င်ကြည့်ခန်းအတွင်းတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် ခြေချိတ်ကာ ထိုင်နေပြီး လက်ထဲတွင် ဝိုင်ခွက်ကို ကိုင်ဆောင်ထား၏။ ဝိုင်ခွက် အတွင်းမှာတော့ ရေနွေးများ ထည့်လို့ထား၏။
သူ၏ မျက်လုံးများသည် အတားအဆီး အစီအရင်ကို စူးစိုက် ကြည့်နေ၏။ မျက်နှာပေါ်တွင်တော့ မိစ္ဆာဆန်သည့် အပြုံးမျိုး တည်ရှိလို့နေသည်။
"ကျင့်ကြံခြင်း ပြန်ကောင်းပြီ ဆိုတာနဲ့ ဘာလို့ ငြိမ်ငြိမ် မနေရတာလဲ"
စနစ်သည် စောဒက တက်လိုက်၏။ "ဒီလိုမျိုး ဝိုင်ခွက်ထဲ ရေနွေး ထည့်သောက် နေတာကို ပထမဆုံး မြင်ဖူး တာပဲ"
"ငါလည်း ဝိုင်နီတောပေါ့။ ဒါပေမဲ့ စတိုးမှာ မရောင်းဘူးလေ" ကျွင်းချောင်ရှောင်းက ထအော်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း ……။
ရုတ်တရက် ကျယ်လောင်လှသော အသံကြီး သုံးခု ထွက်ပေါ်လာခဲ့၏။ အကျဉ်းထောင်၏ ပထမထပ်သည် ရုတ်တရက် အတားအဆီး အစီအရင်များ ထင်ပေါ်လာသည်။
လူဆိုးကြီးသုံးဦး တို့သည် နောက်သို့ပြန်ကန်သွားခဲ့၏။ သူတို့၏ မျက်လုံးမျာ တွင်တော့ အံ့ဩမှုများနှင့် ပြည့်နှက် သွား၏။
ဤအရာသည် မည်ကဲ့သို့သော အစီအရင်မျိုး ဖြစ်သနည်း။ ၎င်းတို့၏ တိုက်ခိုက်မှုအောက်တွင် တစ်စက်ကလေး မှ ပျက်စီးမသွားခဲ့ချေ။
"လာခဲ့ … ဆက်လုပ်ရအောင်"
၎င်းတို့သည် စွမ်းအင်များကို စုစည်း၍ ထပ်မံ တိုက်ခိုက်တော့၏။ ဖြစ်ပေါ်နေသည့် အရှိန်အဟုန်ကို ကြည့်ရှု ရမည် ဆိုလျှင် ၎င်းတို့သည် အားအကုန် စွမ်းအင် ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
၎င်းတို့ တိုက်ခိုက်ပြီးနောက် ၎င်းတို့၏ ရှေတွင်ရှိသော လေထုထဲတွင် ထူးဆန်းသည့် ဓာတ်ဘာဝများ စုဖွဲ့ လာ၏။ ပြီးသည့် နောက်မှာတော့ လူတစ်ယောက် ဖြစ်တည်လာခဲ့သည်။
ဖျောက်
အားရာသည် လည်သာဘောင်းဘီ၊ လည်သာဖိနပ်နှင့် ကုတ်အင်္ကျီတို့ကို ဝတ်ထားပြီး ရှေ့သို့အသာ လှမ်းလျှောက်လာ၏။ ပြီးသည့် နောက်မှာတော့ အေးစက်စက် လေသံဖြင့် လှည့်ကာ ပြောလိုက်၏။ "ရှင်တို့ ထောင်ကနေ ထွက်ချင်တာလား..."
စကြဝဋ္ဌာ လူဆိုးကြီးသုံးဦးတို့၏ မျက်နှာတွင် ကြောက်လန့်မှုများ ထင်ပေါ်နေ၏။ ဤ မိန်းကလေးသည် ငယ်ရွယ်လှသည် ဆိုသော်လည်း ထွက်ပေါ်နေသည့် အော်ရာများမှာတော့ ကျောရိုးမကြီးတစ်ခုလုံးပင် အေးစိမ့် လာသည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ၎င်းတို့၏ နှလုံးသား ထဲတွင်လည်း မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့သည်။
ဖြောင်း …..
အားရာသည် လက်ကို အသာ ဝှေ့ယမ်း လိုက်၏။ လေထုထဲတွင် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်သည် ပေါ်ပေါက် လာပြီး ငွေရောင်မြွေကဲ့သို့ လေထုထဲ၌ လွင့်မြောနေ၏။
"ထောင်မှုးကို တွေ့တာတောင် ဂါဝရမပြုသေးဘူး။ အရိုက်ခံချင်နေတာနဲ့ တူတယ်" အားရာ သည် ရှေ့သို့ လှမ်းတက်လိုက်၏။ ကြာပွတ်သည် လေထုဲတွင် လွင့်မြောနေသည်။
ဖြောင်း ဖြောင်း ….။
လေထုထဲတွင် ကြာပွတ် ရိုက်နှက်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိ၏။ ထိုကဲ့သို့သော အသံသည် ဒုတိယအထပ်တွင် ရှိနေသာ ခေါင်းတုံးနှင့် တခြားလူများပင် ကြားနေရ၏။
"အောက်မှာ လူတွေ တိုက်ခိုက်နေတာလား"
သူသည် မြေပြင်တွင် အသာကုန်းလိုက်ပြီး နားနှင့်ကပ်ကာ နားထောင်လိုက်၏။ တအားအားနှင့် ကျယ်လောင်စွာ အော်နေသံကို ကြားနေရသည်။
"အစ်ကိုကြီး"
သူ၏ နောက်လိုက် တစ်ယောက်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ "ဒါ စကြဝဠာ လူဆိုးကြီး သုံးယောက်ပဲ"
"မင်းက ဘယ်လိုလုပ် သိတာလဲ"
"သိတာပေါ့။ အပေါ်မှာ ပုံရိပ်ယောင်နဲ့ ပြနေတယ်လေ။ အစ်ကိုကြီးက ဘာလို့ ခေါင်းနဲ့ ကြမ်းပြင်ကပ်ပြီး နားထောင်နေတာလဲ"
ခေါင်းတုံးနှင့် လူသည် ချက်ချင်းမော့ကြည့်လိုက်သည့်အချိန်မှာတော့ မှန်ကဲ့သို့သော ကြည်လင်နေသော ပုံရိပ်ယောင်တစ်ခု အား မြင်လိုက်ရသည်။ လည်သာဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးသည် ကြာပွတ်ကို ကိုင်ကာ ရူးရူးမူးမူး ရိုက်နှက်လျက်ရှိနေပြီး အရိုက်ခံနေရသူများမှာ စကြာဝဠာလူဆိုးကြီး သုံးဦးတို့ပင် ဖြစ်တော့၏။
ဤကဲ့သို့သော ပုံရိပ်ယောင်အစီအရင်သည် ဒုတိယအထပ်တွင် သာမက ထောင်၏ အထပ်တိုင်းတွင် တည်ရှိနေ၏။ အားရာသည် ထောင်မှ ထွက်ပြေးရန် ကြံစည်နေသော လူများကို ပြင်းပြင်းထန်ထန် လေ့ကျင့် ပေးနေချိန်မှာတော့ အားလုံးသော လူများသည် ထိုပုံရိပ် များကို မြင်နေကြရသည်။
ထောင်သားများသည် မြင်ကွင်းကို ကြည့်ရှုပြီးနောက် ကြောက်ရွံ့ထိတ်လန့် စွာဖြင့် ဆံပင်များပင် ထောင်ထ လျက် ရှိနေ၏။
"ဒီသုံးယောက်ရဲ့ တိုက်ခိုက်နိုင်မှု စွမ်းအင်တွေက ပြန်ရ သွာပြီပဲ။ ဒါဆိုရင် ဘာကျင့်ကြံခြင်းမှ ရှိပုံမပေါ်တဲ့ မိန်းကလေးကို ဘာလို့ ပြန်မတိုက်ခိုက်တာလဲ။ သူတို့ရဲ့ မျက်နှာတွေကို ကြည့်ရတာ အရမ်းကို နာကျင်နေတာ ဖြစ်ရမယ်။ ကြောက်ဖို့ ကောင်းလိုက်တာ"
စကြဝဠာ လူဆိုးကြီး သုံးဦးတို့သည် အားရာ၏ ရိုက်နှက် ခြင်းကို နှစ်နာရီတိတိ ခံခဲ့ရ၏။ အကျဉ်းထောင် ထဲတွင် ရှိနေသော လူများသည်လည်း ထို အချင်းအရာကို နှစ်နာရီ တိတိ မြင်တွေ့ခဲ့ရ၏။
ကြည့်ရှုနေသူတို့သည် ထိတ်လန့်ကြောက်ရွံ့နေသောကြောင့် ခြေထောက်များပင် တုန်ယင်နေကြသည်။
"နားထောင်ကြ … အားလုံးပဲ"
ကျွင်းချောင်ရှောင်း၏ အသံသည် ၎င်းတို့၏ နားထဲသို့ ထိုးဖောက် ဝင်ရောက်လာ၏။ "ခင်ဗျားတို့အားလုံးကို ဒီမှာ ချုပ်နှောင်ထားကတည်းက လွတ်လပ်မှုတွေ အကုန် ပျောက်ဆုံးသွားခဲ့ပြီပဲ။ ထွက်ပြေးဖို့ ကြိုးစားတဲ့လူတွေက ဒီသုံးယောက်လိုပဲ အဆုံးသတ်သွားလိမ့်မယ်..."
အားလုံးသော လူများသည် တုန်ယင်သွားကြ၏။ မူလ ကျင့်ကြံခြင်းများ ပြန်လည်ရရှိပြီးနောက် ထွက်ပြေးရန် ကြံစည်ထားသော ခေါင်းတုံးနှင့် လူသည် ချက်ချင်းပဲ ထိုအကြံအစည်ကို ဖယ်ရှားလိုက်၏။ ပြီးနောက် သူသည် ပြောလိုက်၏။ "မရီဒန်တွေကို ရက်ရက်ရောရော စည်းဖွင့် ပေးခဲ့တာ အလကား မဟုတ်ဘူးကိုး..."
အကျဉ်းထောင်၏ အောက်ဆုံးထပ်မှာတော့ စကြဝဠာလူဆိုးကြီး သုံးဦးတို့သည် မြေပြင် ပေါ်တွင် လှဲလျောင်းလျက် ရှိနေ၏။ ၎င်းတို့အားလုံးသည် ပါးစပ်အတွင်းမှ အမြုပ်များပင် ထွက်နေကြသည်။
ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်သည် ဝိညာဉ်ကို ရိုက်နှက်ခဲ့သောကြောင့် ထူးခြားလှသည့် နာကျင်မှုကို တစ်စိမ့်စိမ့်နှင့် ခံစားနေရ၏။
ဆွစ်
အားရာသည် သူတို့၏ ရှေ့တွင် မတ်တပ် ရပ်လိုက်၏။ ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်ကို ထုတ်ယူပြီးနောက် အေးစက်စက်နှင့် ပြောလိုက်သည်။ "မှတ်ထား … ကွန်မကိုတွေ့တာနဲ့ အရှင်မလို့ခေါ်။ ခေါ်စမ်း!"
"အ … အ ….. အရှင်မ..."
စကြဝဠာ လူဆိုးကြီးသုံးဦးသည် အားရာကို ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အားရာ၏ ကြာပွတ်ကို အသေအလဲ ကြောက်လန့်နေကြသည်။
"ဒီထဲမှာ ရှိတဲ့ စွမ်းအင် တွေက သိုင်းအင်ပါယာအဆင့်ကိုတောင် ဖိနှိပ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး၊ အံ့ဩစရာပဲ … ဟား ဟား ဟား"
ကျွင်းချောင်ရှောင်းသည် အားရပါးရ ရယ်မောလိုက်၏။ သူ့အနေဖြင့် တစ်ချိန်လုံး စောင့်ကြည့်နေရခြင်းသည် အားရာ တစ်ယောက် စကြဝဠာ လူဆိုးကြီးသုံးဦးအား မထိန်းချုပ်နိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
သူတို့အား လွယ်လွယ်ကူကူနှင့် လေ့ကျင့်ပေးနိုင်မည် ဖြစ်သောကြောင့် အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့သည်။
"အနာဂတ်မှာ မင်းအနေနဲ့ အရမ်းကို အားကောင်းတဲ့ ရန်သူ တွေ့ပြီ ဆိုရင် ဒီထဲကို ဆွဲခေါ်လိုက်၊ ဒါဆို သူတို့ကို တစ်ခါတည်း သတ်လို့ ရပြီ"
"ဒင် ….. တပည့် xxx သည် ဂိုဏ်းတာဝန်ကို ပြည့်စုံစေခဲ့၏။ ဂိုဏ်းစုဆောင်းမှတ် တစ်ရာကို ရရှိခဲ့သည်။"
"ဒင် … ဂိုဏ်းစုဆောင်းမှတ် ၄၈၉၉၀ / ၇၀၀၀၀”
"ဒင် … ဂိုဏ်းအောင်မြင်မှု အမှတ် - ၇၀၀၀၀ / ၇၀၀၀၀”
သတိပေးသံကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် မတ်တပ်ရပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ဂိုဏ်းက နောက်ဆုံးတော့ အဆင့်မြင့်တင်လို့ ရပြီပဲ"