အပိုင်း (၁၂၁၆)
Vol. 82 Ch. 1216
“ငါကျိန်ပြောတယ်။” စနစ်ကပြောလိုက်သည်။
“ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီက ကျိန်းသေပေါက် တခြားသူဆီက ခိုးလာတဲ့အရာမဟုတ်ဘူး။”
“ဒါဆိုရင် အကြွင်းအကျန်ကျမ်းကရော”
“ဒါ … ဒါကတော့ သီးခြားစီလေ။ ဘာဆိုင်လို့လဲ။”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ သံသယအကြည့်များ ဖြစ်တည်လာခဲ့တော့၏။
စနစ်က ပြောလိုက်သည်။ “အကြွင်းအကျန်ကျမ်းစာကလွဲရင် စတိုးကနေဝယ်ယူထားတဲ့ အခြားပစ္စည်းတွေဟာ တရားဝင်လမ်းကြောင်း ကနေရလာတဲ့ အရာတွေကြီးပဲ။ လက်ခံသူအနေနဲ့ ဒါကို သံသယမရှိသင့်ဘူး။”
“ချီးတဲ့မှ။ အရူးမို့လို ငါက ဒါကို ယုံရမှာလား။” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။
ပြီးသည့်နောက်မှာတော့ သူသည် သတိလစ်မေ့မျော လျက်ရှိနေသော လူငယ်ကို ကောက်ချီကာဖြင့် စက်ခန်းထဲသို့ အသာသွားချ ထားလိုက်၏။ ထို့နောက်ရွက်သင်္ဘောကြီးအား စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းကာ ခေရီးဆက်တော့သည်။
တစ်ဖက်လူဆီမှ ပိုက်ဆံရရှိခဲ့ပြီးပြီဖြစ်သောကြောင့် သူ့အနေနှင့်ကျိန်းသေပေါက် ကူညီမှ ဖြစ်ပေလိမ့်မည်။ ပြောရမည် ဆိုလျှင် ကုန်းရှန့်သည် အလွန်တရာ ရိုးသားလွန်းလှ၏။ သို့ပေမဲ့ ထျန်းယွမ်ကုန်းမြေတိုက်နှင့် ထျန်းယွမ်စေတီတို့ အကြား ပတ်သက်မှုကို စဉ်းစားလျက်တော့ရှိနေသေး၏။ စနစ်သည် ဤကုန်းမြေတိုက်ကြီးဆီမှ ရတနာအား ခိုးယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အခြေအနေတစ်ခုလုံးကို သိရှိကြရန် နည်းလမ်းမှာ အလွန်တရာ ရိုးရှင်းလွန်းလှ၏။ လူငယ်တစ်ယောက် နိုးထလာ သည်ကို စောင့်မျှော်၍ တိုက်ရိုက်မေးမြန်းလိုက်ခြင်းသာ။
…
အဟွပ် အဟွပ် ဟွပ်
တစ်ရက်ခန့်ကြာပြီးသည့်နောက်မှာတော့ လူငယ်သည် သတိလစ်မေ့မျောနေရာမှ နိုးထလာခဲ့တော့၏။ စွမ်းအားမြင့် ကျင့်ကြံသူလေးယောက်တို့ သူ၏ မျက်စိရှေ့တွင် မိမိကိုယ်ကို ဖောက်ခွဲလိုက်သည့်မြင်ကွင်းကို ပြန်လည်မြင်ယောင် ပြီးသည့်နောက်မှာတော့ သူသည် အလွန်တရာ စိတ်ဓာတ်ကျနေ၏။ ခေါင်းငိုက်စိုက်ကာဖြင့် တည်နေရာထဲတွင် ထိုင်လျက်ရှိနေသည်။ မျက်ရည်များသည် တတောက်တောက်နှင့် ကျဆင်းနေ၏။
သူသည် အချိန်ကြာမြင့်စွာ စကြဝဠာထဲတွင် လှည့်ပတ်ပြေးလွှားနေခဲ့ရ၏။ သူ့အား ဤသက်တော်စောင့်လေးယောက် သည် အပြင်းအထန်ခုခံကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကြား ဆက်ဆံမှုသည် သခင်နှင့်ကျေးကျွန်တစ်ယောက်၏ ဆက်ဆံမှုမျိုးထက် ပိုမိုကာ သာလွန်သည်။
ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် ကောင်းကောင်းနားလည်မှု တည်ရှိနေ၏။ ထို့ကြောင့် စာနာသနားစွာဖြင့် စတိုးမှ ဝယ်ယူထားသော တစ်ရှူးများကို အပုံလိုက် ချကေးထားလိုက်၏။
လူငယ်သည် မိမိကိုယ်ကို စိတ်တည်ငြိမ် အောင် ကြိုးစားကာ ထိန်းသိမ်းပြီးသည့်နောက်မှာတော့ ယဉ်ကျေးစွာ ပြောလိုက်သည်။ “ကျုပ် … ကျုပ်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
“ရပါတယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံးတွေ ယူပြီးသွားပြီပဲ။ ဒီလိုလုပ်ရတော့မှာပေါ့။”
လူငယ်သည် အနည်းငယ်ကြောင်အသွား၏။ ပြီးသည့်နောက်မှာတော့ နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ခင်ဗျားက တကယ့်ကို ရိုးသားတယ်လေ။ တစ်ချို့လူတွေလိုမျိုး အပြင်ဘက်မှာတော့ တစ်မျိုး၊ စိတ်ထဲမှာတော့ တစ်မျိုး ဆက်ဆံတာမျိုးမရှိဘူးပဲ။”
“ဟုတ်တယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လူတွေရဲ့ စိတ်က မှန်းရခက်တယ်။ ကောင်းလား။ ဆိုးလားဆိုတာ မျက်မြင်ဘယ်လိုလုပ်သိနိုင်မှာလဲ။”
လူငယ်သည် ထပ်၍ မပြောတော့ချေ။
“မင်းက ထျန်းယွမ်ကုန်းမြေတိုက်ကလား။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဟုတ်ပါတယ်။”
“ဒါဆိုရင် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ အကြောင်းကို ကြားဖူးလား။”
ထိုအရာကို ကြားတော့ လူငယ်သည် နာကျင်နေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်မိ၏။ “ဒါက ထျန်းယွမ်ကုန်းမြေတိုက်ကြီး၏ နတ်ဘုရားလက်နက်တစ်ခုလေ။”
ချီးတဲ့မှ။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ ခိုးလာတာမဟုတ်ဘူးလို့ ပြောအုံးမှာလား။
“ခိုးလာတာမဟုတ်ဘူး။”
စနစ်က ဝင်ပြောလိုက်တော့သည်။ “ဒါကျိန်းသေပေါက် ခိုးထားတာမဟုတ်ဘူး။”
“ပြီးတော့ အခိုးခံလိုက်ရတယ်လေ။” လူငယ်သည်သူ၏ စကားကို ဆက်လိုက်၏။
“…….”
စနစ်သည် ဆွံ့အသွားသည်။
လူငယ်သည် အံ့ကို ကြိတ်ကာဖြင့် ပြောလိုက်မိ၏။ “ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက ဆန်းကြယ်စွာနဲ့ ပျောက်ဆုံး သွားခဲ့တယ်။ ကျုပ်တို့ ထျန်းယွမ်ကုန်းမြေတိုက်ကြီးက အဲဒီရတနာသာ ရှိရင် ဖျက်ဆီးခံရမှာ မဟုတ်ဘူး။”
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက ပျောက်ဆုံးခဲ့တာလား။”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် ဆွံ့အသည့်အမူအရာများ ဖြစ်တည်လာသည်။
စနစ်သည် အခွင့်အရေးကို အရယူကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ “လက်ခံသူက ဝယ်ထားတာ လွန်ခဲ့တဲ့ နှစ်ကမှ ဝယ်ထားတာလေ။ အချိန်ကာလက မကိုက်ညီဘူး။ မင်းအခု နားလည်ပြီလား။”
ကျွတ်
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “စနစ်က အချိန်ခရီးသွားပြီး ခိုးယူခဲ့တာလည်း ဖြစ်နိုင်တာပဲ။”
“……….”
စနစ်သည် ဘာမှထပ်၍ မပြောနိုင်လောက်အောင် ဒေါသထွက်လျက်ရှိနေသည်။
“နေအုံး။”
လူငယ်သည် ရုတ်တရက် ခေါင်းမော့ကာဖြင့် အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီအကြောင်းကို ဘယ်လိုသိတာလဲ။”
“ဟမ် …. ဒါက”
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ငါက အဓိကဂြိုဟ်ကြီးတွေကို လှည့်လည်ပြီး ခရီးသွားနေတာလေ။ ဒီတော့ အခြားသူတွေဆီက ကြားဖူးတာပေါ့။”
“ကျုပ်သိပြီ။” လူငယ်သည် စိတ်ထဲတွင် သိပ်၍ မထားချေ။
ကျွင်းချောင်ရှောင်းက စိတ်ဝင်တစားဖြင့် ထပ်ကာ မေးလိုက်မိသည်။
“ထျန်းယွမ်ကုန်းမြေတိုက်ကြီးမှာရှိတဲ့ အဲဒီနတ်ဘုရားလက်နက်က ဘယ်လိုပုံစံမျိုးလဲ။”
ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် မည်သည့်ပုံပန်းသွင်ပြင်မျိုးဖြစ်သည်ကို သူသည် သေသေချာချာ မသိချေ။ သို့ပေမဲ့ တူညီရဲ့လားဆိုသည်ကို သူဝေဖန်ခွဲခြားရန် လိုအပ်နေ သေး၏။
“ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။”
လူငယ်က ပြောလိုက်၏။ “ကြားပဲ ကြားခဲ့ဘူးတာ။ ဒါပေမဲ့ ပုံပန်းသွင်ပြင်ကတော့ ……”
“…….”
ကျွင်းချောင်ရှောင်းသည် လူငယ်ပြောဆိုသည့် ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ သူ၏ လက်ထဲတွင် ရှိသော ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီနှင့် တစ်ပုံစံတည်းတူညီနေသည်ကို သိရှိလိုက်ရသည်။
စနစ်သည် မည်ကဲ့သို့သော ပုံစံဖြင့် ရယူခဲ့သည်ဆိုဆို ဤအရာသည် သူ၏ လက်ထဲသို့ ရောက်ရှိနေခဲ့၏။ ထို့အပြင် ကြည့်ရသည်မှာ အချိန်ခရီးသွားကာ သွားရောက်ယူခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
“ခင်ဗျား နာမည်က ဘယ်လိုခေါ်လဲ။” လူငယ်က မေးလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း။”
လူငယ်၏ မျက်နှာအမူအရာသည် အနည်းငယ် စိတ်ဝင်တစားနှင့် ဖြစ်လာ၏။ သူသည် ဦးညွှတ်ကာ ပြောလိုက်၏။ “စိတ်ဝိညာဉ်ကျောက်တုံးတွေကို အဖိုးအခအဖြစ်ယူတယ်ဆိုပေမဲ့ အစ်ကိုကျွင်းက ကျုပ်ကို ကယ်တင်ခဲ့တာပဲလေ။ ဒီတော့ ကျုပ်အနေနဲ့ ကျေးဇူးတင်ရမယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းရဲ့ နာမည်ကကော ဘာလဲ။”
“ရှမ့်ယုဟန်ပါ။”
“ထျန်းယွမ်ကုန်းမြေတိုက်ကြီးမှာ မင်းက ဘာလဲ။”
“…….” ရှမ့်ယုဟန်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာ ပြောလိုက်သည် “ငါက မေးရုံပဲ မေးတာပါ။”
တစ်ဖက်လူသည် ဂြိုဟ်တစ်ခုလုံး၏ မြင့်မြတ်လှသော သားတော်တစ်ပါးဖြစ်နေသည်ဆိုလျှင်တောင်မှ သူသည် စိတ်မဝင်စားချေ။ သူနှင့်ဘာမှမဆိုင်သောကြောင့်သာ ဖြစ်သည်။ တခြားသော ဂြိုဟ်တစ်ခုခုဆီသို့ လုံလုံခြုံခြုံနှင့် ပို့ဆောင်ပေးနိုင်ပြီဆိုလျှင် သူ၏ တာဝန်မှာ ပြီးဆုံးသွားပြီဖြစ်၏။
ရှမ့်ယုဟန်က ပြောလိုက်သည်။
“ကျုပ်က ထျန်းယွမ်ကုန်းမြေတိုက်ကြီး … ရှမ့်အင်ပါယာရဲ့ မင်းသားတစ်ပါးပါပဲ။”
“အင်းပါ။ ဒီလိုဟန်ပန်အမူအရာမျိုးရှိနေတာ အံ့အားသင့်စရာမျိုး မဟုတ်တော့ဘူးပဲ။”
ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ချေ။
“ဟန်ပန်အမူအရာ ဟုတ်လား။”
ရှမ့်ယုဟန်သည် အလိုမကျသလို ပြောလိုက်သည်။ “ဖျက်ဆီးခံလိုက်ရတဲ့ ကုန်းမြေတစ်ခုရဲ့ မင်းသားတစ်ပါးက ဘာဟန်ပန်အမူအရာမျိုးရှိနေမှာလဲ။ ရှိနေရင်လည်း အလကားပါပဲ။”
ကျွင်းချောင်ရှောင်းသည် အသေးစိတ်ကို မမေးမြန်းတော့ချေ။ အင်ပါယာကြီးဖျက်ဆီးခံရခြင်းနှင့် သူနှင့်မသက်ဆိုင် သောကြောင့်ပင် ဖြစ်တော့၏။
“ငါ မင်းကို နောက်ထပ်ဂြိုဟ်တစ်ခုဆီ လိုက်ပို့ပေးမယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ရှမ့်ယုဟန်က ပြောလိုက်၏။ “အစ်ကိုကျွင်း ကျုပ်ရဲ့ နောက်ကနေလိုက်ပြီးတော့ သတ်နေတဲ့လူတွေ ရှိတယ်လေ။ သူတို့က လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးမှာမဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည်။ “ငါက မင်းကို အန္တရာယ်တောကနေပြီးတော့ ထွက်လာနိုင်ဖို့ ကူညီရုံပဲ တာဝန်ရှိတာလေ။ မင်းရဲ့ လုံခြုံမှု အတွက်ကို တာဝန်ယူထားရတဲ့ လူတစ်ယောက်မဟုတ်ဘူး။ ပြီးတော့ မင်းအနေနဲ့ အဲ့ဒီအန္တရာယ်တွေကို ဖြတ်ကျော် နိုင်လား၊ မဖြတ်ကျော်နိုင်လားဆိုတာ ငါနဲ့ မဆိုင်ဘူး။”
ဒီစကားလုံးသည် အစစ်အမှန်တရားပင်ဖြစ်၏။ ထို့အပြင် ရက်စက်လွန်းလှ၏။ စကားပြောဆိုမှုကို နားထောင်ကြည့်ရ မည်ဆိုလျှင် ရှမ့်ယုဟန်သည် အံ့အားသင့်မှုတော့ မရှိချေ။ သူသည် လေးလေးနက်နက် ပြောလိုက်မိ၏။ “ကျုပ် ခင်ဗျားကို ငှားရမ်းဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ ထပ်ပြီးပေးပါ့မယ်။ တောင်းပန်ပါတယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်လေ။ ကြေးစားသက်တော်စောင့်တစ်ယောက်မဟုတ်ဘူး။ ပြီးတော့ မင်းဆီမှာ ပိုက်ဆံလည်းမရှိဘူး။”
ကုန်းရှန့်သည် တစ်ဖက်လူမေ့မျောသွားသည့်အချိန်တုန်းက တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်လက်စွပ်များ ရှိမလားဆိုသည်ကို သေသေချာချာ ရှာဖွေကြည့်ခဲ့မိသေး၏။ သို့ပေမဲ့ တစ်ခုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။
“ဟုတ်တယ်။”
ရှမ့်ယုဟန်သည် လက်ကိုမြှောက်လိုက်၏။ သူ၏ ရှေ့တည့်တည့်တည်နေရာထဲတွင်တော့ လှိုင်းများဖြစ်တည်လာခဲ့ပြီး သည့်နောက် အထဲမှ သိုလှောင်လက်စွပ်များကို ဆွဲယူလိုက်သည်။ “ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းတိတိ ရှိတယ်လေ။ အစ်ကိုကျွင်းအနေနဲ့ ကျုပ်ရဲ့ လုံခြုံမှုကို ကူညီပေးနိုင် မယ်လို့ မျှော်လင့်မိတယ်။”
မင်းသားဟောင်းတစ်ပါးဖြစ်သည်နှင့်အညီ ဤရွက်သင်္ဘောသည် သာမန်ထက်ပိုသည်ဆိုသည်ကို သူနားလည်မိ၏။ တစ်ဖက်လူသည် ထိုကဲ့သို့သော ရွက်လှေမျိုးကို ပိုင်ဆိုင်သည်ဆိုမှတော့ အလွန်တရာ အားကောင်းပေလိမ့်မည်။ သူ၏ ရန်သူများကို ရှင်းလင်းပေးရန်အတွက် အကူအညီတောင်းခံမည်ဆိုပါက အကောင်းမွန်ဆုံးသော အရာဖြစ်မှာကို သူကောင်းကောင်းနားလည်မိ၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်၏ ဘေးတွင် အသာထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ ပခုံးပေါ်ကို လက်တင် လိုက်၏။
“ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ဒီလို ဆုံတွေ့ရတယ်ဆိုတာက ကံကြမ္မာရေစက်ကြောင့်ပဲလေ။ ဒီနေ့ကစပြီး မင်းရဲ့ လုံခြုံရေးကို ငါ တာဝန်ယူပေးမယ်။”
တစ်ချိန်တည်းမှာပဲ သူသည် လက်ကို အသာဖြန့်ကာဖြင့် သိုလှောင်လက်စွပ်များကို လှမ်း၍ ယူလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ အစ်ကိုကျွင်း” ရှမ့်ယုဟန်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ပစ္စည်းများကို စစ်ဆေးပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ “ဟုတ်ပြီ။ တစ်နှစ်ပတ်လုံး ငါမင်းကို မကူညီပေးနိုင်ဘူး။ ဒီတော့ မင်းသွားချင်တဲ့နေရာကို ပြော။ ငါ ပို့ပေးမယ်။”
“ကျုပ် သွားချင်တာက။”
ရှမ့်ယုဟန်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာတော့ တိကျခိုင်မာစွာဖြင့် ပြောလိုက် သည်။ “ကြယ်ကောင်းကင်ခံတပ်ပါပဲ။”
“တိုက်ဆိုင်လိုက်တာ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါလည်း အဲဒီကို သွားချင်နေတာပဲ။ မင်းကို ပို့ပေးမယ်။”
ရှမ့်ယုဟန်သည် အံ့အားသင့်သွား၏။ “အစ်ကိုကျွင်းက ဘာလို့ ကြယ်ကောင်းကင်ခံတပ်ကို သွားချင်တာလဲ။”
“မိတ်ဆွေဟောင်းကြီးတစ်ယောက်ဆီ သွားလည်ချင်လို့လေ။” ကျွင်းချောင်ရှောင်းသည် အမှတ်မထင် ပြောလိုက်မိသည်။
ရှမ့်ယုဟန်သည် ပိုမို၍ပင် အံ့အားသင့်သွား၏။ “ကြယ်ကောင်းကင်ခံတပ်ထဲမှာ နေထိုင်တဲ့ သူငယ်ချင်းတစ်ယောက် အစ်ကိုကျွင်းဆီမှာ ရှိနေတာကိုး။ ဒါဆိုရင် အဲဒီလူက သေမျိုးစကြဝဠာထဲမှာ ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်ယောက်ပဲ ဖြစ်ရမယ်။ သူ့နာမည်ကို ပြောပြနိုင်မလား။”
“………”
ကျွင်းချောင်ရှောင်းသည် ကြယ်ကောင်းကင်ခံတပ်ပိုင်ရှင်၏ နာမည်ကို ပြောဆိုလိုက်မိချင်၏။ သို့ပေမဲ့ ဤအရာသည် အနည်းငယ်များပြားသည်ဟု ခံစားမိ၏။ ထို့ကြောင့် သူသည် စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။
“မင်းကော မင်းက ဘာလို့ အဲခံတပ်ကို သွားမှာလဲ။”
“တစ်စုံတစ်ယောက်ကို သွားရွေးမလို့လေ။”
“တစ်စုံတစ်ယောက်ကို ရွေးမလို့ ဟုတ်လား။” ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။
ရှမ့်ယုဟန်၏ မျက်နှာသည် နာကျင်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ “ရှမ့်အင်ပါယာကြီးတစ်ခုလုံးကို ဖန်တီးခဲ့တဲ့ ဘိုးဘေးကြီးက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီးတော့ ငရဲကြီးကိုးထပ်မှာ ထောင်ချအကျဉ်းချခံထားရတယ်လေ။ ကျုပ်အနေနဲ့ ကုန်းမြေတိုက်ထဲမှာ ရှိတဲ့လူတွေကို လက်စား ပြန်ချေချင်တယ်ဆိုရင် သူ့ကို သွားရွေးမှဖြစ်မယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငရဲကြီးကိုးထပ်ဟုတ်လား။”
“အင်း။ ကြယ်ကောင်းကင်ခံတပ်က ငရဲကြီးကိုးထပ်လို့ခေါ်တယ်လေ။ အဲငရဲကြီးကိုးထပ်ဆိုတာက အကျဉ်းထောင် တစ်ခုကို ဆိုလိုတာပဲ။ အဓိကအားဖြင့် ရာဇဝတ်သားတွေကို ချုပ်ထားတာပေါ့။” ရှမ့်ယုဟန်က ပြောလိုက်၏။
“အိုက်ယား …. ချီးတဲ့မှ။ အဲ့နေရာမှာ ငါ့ရဲ့ ပြိုင်စံရှားဂိုဏ်းလိုမျိုး အကျဉ်းထောင်စနစ်တစ်ခုရှိနေတာပဲ။” ကျွင်းချောင်ရှောင်းသည် စိတ်ဝင်စားသွားမိသည်။
“အဲငရဲကြီးကိုးထပ်အကြောင်း အသေးစိတ်ပြောပြပါအုံး။”
ရှမ့်ယုဟန်သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ သူပြောတော့ ကြယ်ကောင်းကင်ခံတပ်ဆီမှာ သူငယ်ချင်း မိတ်ဆွေရှိတယ်ဆို။ ဘယ်လိုဖြစ်ပြီးတော့ အားလုံးသိတဲ့ အကြောင်းအရာကိုတောင် မသိရတာလဲ။
ကုန်းရှန့်သည် မည်သည့်သူငယ်ချင်းမိတ်ဆွေမှ မရှိချေ။ သူသည် ကြယ်ကောင်းကင်ခံတပ်အကြောင်းကို အနည်းငယ်သာသိရှိ၏။ မဟုတ်ပါက ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ လာရာလမ်းတွင် တောက်လျှောက်ကြီး လိုက်လံစုံစမ်းနေ ရမည်မဟုတ်ချေ။
ရှမ့်ယုဟန်သည် သူသိရှိသော အကြောင်းအရာများကို သေသေချာချာ ရှင်းလင်းပြောပြလိုက်၏။
ကျွင်းချောင်ရှောင်းသည် ထိုအကြောင်းအရာများကို ကြားရသည့်အချိန်မှာတော့ တွေးလိုက်မိတော့သည်။ သူတို့က ပြိုင်စံရှားဂိုဏ်းရဲ့ အကျဉ်းထောင်စနစ်ကို ခိုးယူထားတဲ့လူတွေပဲကိုး။
“ကျေးဇူးပြုပြီး။”
စနစ်သည် စိတ်ဓာတ်တကျဖြင့် ဝင်၍ ပြောလိုက်သည်။ “သူတို့က ဖန်တီးတည်ဆောက်ထားတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်ကလေ။ ဘယ်သူက ဘယ်သူ့ဟာကို ခိုးတာလဲ။ မင်းပဲ စဉ်းစားကြည့်ပေါ့။”
ကျွတ်
ကျွင်းချောင်ရှောင်းသည် ညာဘက်လက်သီးကို အသာဆုပ်ပြီးသည့်နောက်မှာတော့ သူ၏ဘယ်ဘက်လက်ကို ရိုက်နှက် လိုက်၏။ သူသည် ရုတ်တရက် နားလည်သွားမိ၏။ “ဒီ ကြယ်ကောင်းကင်ခံတပ်က အချိန်ခရီးသွားပြီးတော့ အတိတ်ကနေ အနာဂတ်ဆီကို လာတယ်။ ပြီးတော့ ငါ့ရဲ့ အကျဉ်းထောင်ပုံစံကို ခိုးယူသွားခဲ့တာပဲ။”
စနစ်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဘယ်လိုမျိုးစွမ်းအားမြင့်ကျင့်ကြံသူက အားအားယားယား ပျင်းရိနေလို့ ဒီသောက်တလွဲ အကျဉ်းထောင်ပုံစံကို လာပြီး ခိုးယူနေမှာလဲ။”
ရွှီ …။
ကျွင်းချောင်ရှောင်းသည် လက်ကို ပိုက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သတိအပြည့်ဖြင့် လှည့်ကြည့်ကာ ပြောလိုက်၏။ “ငါ့ကို လာပြီးတော့ ကြည့်နေတဲ့ အတိတ်က စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ယောက်တောင် ဒီနားမှာ ရှိနေနိုင် တယ်။”
“……”
စနစ်သည် အကူအညီမဲ့စွာဖြင့် အော်လိုက်တော့သည်။ “ဒီကိုမြန်မြန်လာကြအုံး။ ဒီမှာ စောက်ရူးတစ်ယောက်ရှိတယ်ဟေ့။ စောက်ရူးတစ်ယောက်”