ဓားဖုံးနန်းတော်၏ အခြေတည်ဝိညာဉ်ကုန်သွယ်ရေးပွဲတော်
Vol. 25 Ch. 481
“မင်းတို့နှစ်ယောက်က ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ဖြစ်ရမယ် ဟုတ်ရဲ့လား? ငါက စီနီယာအစ်ကို တိရှင်းကျဲ့လိုပဲ ဓားဖုံးနန်းတော်ရဲ့ အကြီးအကဲချုပ် ယန်ရွှမ်းပါ”
စိတ်အားထက်သန်နေသည့်အမျိုးသမီးက ကမ္ဘာမြေလှမ်းလျှောက်သူ စကားစမပြောမီ သူမကိုယ်သူမ မိတ်ဆက်သည့်အနေဖြင့် စတင်ပြောဆိုလိုက်သည်။
သူမ၏ တည့်တိုးဟန်မဆောင်တတ်သည့် ပြုမူပုံသည် လျင်မြန်စွာပင် ကျန်းချန်ရွှမ်နှင့် သူမ၏သမာရိုးကျနှုတ်ဆက်မှုကို လျင်မြန်စွာ တုံ့ပြန်လိုက်သည့် ရှန်းရူယန်တို့ကို ချစ်ခင်နှစ်သက်စေခဲ့သည်။
တိရှင်းကျဲ့က ကြားဖြတ်ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း တာအိုရောင်းရင်းရှန်း၊ ဂျူနီယာညီမလေးက မင်းတို့ရဲ့ တိုင်းပြည်တည်ထောင်ခြင်းအခမ်းအနားကို ဂုဏ်ပြုတဲ့နေရာမှာ ငါနဲ့ပူးပေါင်းဖို့ စီစဉ်ထားတာ။ ကံမကောင်းစွာပဲ အဲ့ဒီအချိန်က သူမက ယုနိုင်ငံကို ချဉ်းကပ်လာတဲ့ အခြေတည်ဝိညာဉ်မိစ္ဆာကျင့်ကြံသူတစ်ယောက်ဆီကနေ ချုပ်နှောင်ခံခဲ့ရပြီး အခမ်းအနားကို လွတ်သွားခဲ့တယ်။ မင်းတို့နှစ်ယောက် ကုန်သွယ်ရေးပွဲတော်အတွက် ဓားဖုံးနန်းတော်ကို လာတယ်ကြားတော့ မင်းတို့နှစ်ယောက်ကို အရင်ဆုံးတွေ့ဆုံဖို့ သူက အမိအရတိုက်တွန်းနေတာ”
ခနမျှ ပြောဆိုနှုတ်ဆက်ကြပြီးနောက် တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကုန်သွယ်ရေးပွဲတော်၏ တည်နေရာဆီသို့ ဦးဆောင်လမ်းပြခဲ့သည်။
ကျင်းပရာနေရာသို့ရောက်ရှိပြီးနောက် တစ်ဒါဇင်ထက်ကျော်လွန်သည့် များပြားလှသော ကျင့်ကြံသူများသည် ယောက်ယပ်ခတ်နေကြသည်ကို တွေ့ရှိလိုက်ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသည်မှာ သိပ်မကြာသေးသောကြောင့် သူတို့တော်တော်များများကို မသိရှိကြပေ။
ဒါမတိုင်ခင်တွင် သူတို့ အဆက်အသွယ်ရှိခဲ့သည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူအရေအတွက်မှာလည်း လက်ချိုးရေလို့ရပေသည်။
တချို့မှာ သူတို့၏ ရန်သူများတောင်ဖြစ်နေသည်။
ဥပမာအနေဖြင့် ချောင်နှင့် လုမျိုးနွယ်စုများမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူများ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုမျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများသည် ယနေ့ရှိနေကြပုံမပေါ်ပေ။
အမှန်ပင် သူတို့ မရောက်သေးတာလည်း ဖြစ်နိုင်ပေသည်။
“မင်းတို့ကို ဒီမှာရှိတဲ့ ကျင့်ကြံသူထဲက တချို့နဲ့ မိတ်ဆက်ပေးမယ်”
တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို အသံပေးပို့ခြင်းမှတစ်ဆင့် ဆက်သွယ်လိုက်သည်။
လင်မယားနှစ်ယောက်ကလည်း မငြင်းဆိုခဲ့ပေ။
တိရှင်းကျဲ့သည် သူ၏ဘေးနားရှိ ကျင့်ကြံသူများကို ပြောဆိုခဲ့သည်။
“မင်းရဲ့ဘယ်ဘက်အဝေးက ကြယ်ရွေ့လျားမှုတွေမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ကန်နိုင်ငံရဲ့ နက္ခတ်ဂိုဏ်းက စံသခင် ကြယ်ပင်လယ်ပဲ။ မင်းရဲ့ညာဘက်က ရေဒြပ်စင် နတ်စွမ်းအားတွေနဲ့ မန္တန်တွေမှာ ကျွမ်းကျင်တဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ တာအိုဝါဒီမဟူရာမြစ်ပဲ။ မင်းရဲ့ရှေ့တည့်တည့်က ဆံပင်ဖြူနတ်သမီးလို့သိကြတဲ့ လန်နိုင်ငံရဲ့ နှင်းဂိုဏ်းက စံသခင်နှင်းပန်းပဲ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် အနားပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး သူပြောဆိုထားသည့် ကျင့်ကြံသူများကို မြင်လိုက်သည်။
အမှန်တကယ်ပင်…
သိသာထင်ရှားသော ဆံပင်ဖြူများဖြင့် စံသခင်နှင်းပန်းသည် ချဉ်းကပ်ရန် မလွယ်ကူသည့် အလွန်နူးညံ့သိမ်မွေ့သော အလှတရားဖြင့် တည်ရှိနေသည်။
ထိုအချိန်တွင် …
တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့၏ ညွှန်ပြမှုအောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။
တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့တွင် အခြားလုပ်စရာများ ရှိသေးသောကြောင့် ကုန်သွယ်ရေးပွဲတော်ရှိအချို့ကဏ္ဍများကို သူတို့ကို အကြံပေးပြီးသည့်နောက်တွင် ထွက်ခွာသွားခဲ့သည်။
ရုတ်တရက် စံသခင်ကြယ်ပင်လယ်သည် သူတို့အနားကို ချဉ်းကပ်လာသည်။
ကြယ်အကွက်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားကာ သူသည် ကျော့ရှင်းသပ်ရပ်သည့် ပုံစံတစ်ခုကို ပြသနေသည်။
“ငါက ကန်နိုင်ငံရဲ့ နက္ခတ်ဂိုဏ်းက တာအိုဝါဒီကြယ်ပင်လယ်ပါ။ ငါ့အထင် ဒါကမင်းတို့ရဲ့ ဓားဖုံးနန်းတော်ကုန်သွယ်ရေးပွဲတော်ကို ပထမဆုံးအကြိမ်တက်ရောက်မှုဖြစ်ရမယ်။ မင်းတို့နှစ်ယောက်ကို ဘယ်လိုဆက်သွယ်လို့ရမလဲ ငါသိနိုင်မလား?”
သူသည် အပြုံးတစ်ခုဖြင့် သူ့ကိုယ်သူ မိတ်ဆက်ကာ ပြောလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ပထမဦးစွာ စံသခင်ကြယ်ပင်လယ်ကို အသိအမှတ်ပြုလိုက်ပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်သည်။
“အာ ကျန်းနိုင်ငံက မိတ်ဆွေတွေပဲ။ မင်းတို့ကိုတွေ့ရတာ ဝမ်းသာပါတယ်”
သူတို့ စကားပြောနေစဉ်တွင် လင်မယားနှစ်ယောက်သည် ဒီတစ်ကြိမ်မှာ ဓားဖုံးနန်းတော်ကကျင်းပသည့် ကုန်သွယ်ရေးပွဲတော်ကိုတက်ရောက်ခြင်းမှာ စံသခင်ကြယ်ပင်လယ်၏ လေးကြိမ်မြောက်ဖြစ်ကြောင်း သိရှိသွားသည်။
သူသည် သူလိုအပ်သည့် ပစ္စည်းများကို လဲလှယ်ရန် အမြဲစီစဉ်နေမှုကြောင့် ပွဲအတွက် လင်မယားနှစ်ယောက်၏ မျှော်မှန်းချက်များကို တိုးမြှင့်ပေးခဲ့သည်။
ထိုအချိန်တွင် အပြာရောင်အဝတ်အစားဖြင့် နောက်ထပ်ကျင့်ကြံသူတစ်ယောက် ဝင်ရောက်လာသည်။
အလယ်အဆင့်အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်၏ ဝိညာဉ်ဖိအားကို ပြသနေသောသူသည် လူတိုင်း၏အာရုံကို ဖမ်းစားခဲ့သည်။
စံသခင်ကြယ်ပင်လယ်က သူတို့ကို ပြောပြလိုက်သည်။
“အဲ့ဒါ ယုနိုင်ငံရဲ့ မင်ကျန်းဂိုဏ်းက အကြီးအကဲချုပ်တစ်ယောက်ဖြစ်တဲ့ ဖေ့တောက်ချီ လေ။ သူများတွေပြောတာတော့ သူက အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ဝိညာဉ်ပစ္စည်းတစ်ခုကို ရှာနေတာတဲ့”
“မင်ကျန်းဂိုဏ်းရဲ့အကြီးအကဲချုပ်?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူ့ကိုအနီးကပ်ကြည့်ရှုလိုက်သည်။
သူတို့သည် အတိတ်က အပျက်အစီးနယ်မြေတစ်ခုတွင် မင်ကျန်းဂိုဏ်းမှ ရွှေအမြုတေအကြီးအကဲနှစ်ယောက်ဖြစ်သည့် တာအိုဝါဒီကွမ်းရွှမ်နှင့် ရှောင်လျန်တို့ကို ပြန်လည်အမှတ်ရသွားသည်။
သူတို့၏အကြည့်များကို သတိထားမိသွားကာ ဖေ့တောက်ချီက လှမ်းကြည့်လိုက်ပြီး လင်မယားနှစ်ယောက်အပေါ်တွင် မမြင်နိုင်သည့် ဖိအားတစ်ခုကို ချက်ချင်းအသုံးပြုလိုက်သည်။
***