← Chapters

ဓားဖုံးနန်းတော်၏ အခြေတည်ဝိညာဉ်ကုန်သွယ်ရေးပွဲတော်(၂)

Vol. 25 Ch. 482

ဓားဖုံးနန်းတော်၏ အခြေတည်ဝိညာဉ်ကုန်သွယ်ရေးပွဲတော်(၂)

Vol. 25 Ch. 482

ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသောအကြည့်တစ်ခု ရုတ်တရက်ပေါ်လာသည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်လုံး ဓမ္မစွမ်းအားများကို တစ်ပြိုင်နက်အသက်သွင်းလိုက်ကြကာ သူတို့အပေါ်တွင် လွှမ်းမိုးနေသည့် မမြင်ရသောဖိအားကိုလွင့်စင်ပပျောက်စေလိုက်သည်။

သူတို့၏စွမ်းအားကို ရုတ်တရက်ပြသလိုက်မှုသည် ဖေ့တောက်ချီကို အံ့အားသင့်စေခဲ့သည်။

များမကြာမီပင် ဖေ့တောက်ချီသည် သူ၏အာရုံကို ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ထံမှ ပြောင်းရွှေ့လိုက်ပြီး သူ၏ထိုင်ခုံသို့ သွားလိုက်သည်။

“ဟား ဒီလောက်နှစ်တွေကြာပြီးတာတောင် ဖေ့တောက်ချီက အရင်လို အဓိပ္ပာယ်မရှိဘဝင်ဟပ်နေဦးမယ်လို့ ဘယ်သူကတွေးမိမှာလဲ?”ဟု စံသခင်ကြယ်ပင်လယ်က မှတ်ချက်ပြုလိုက်ပြီး သူ၏အသံသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ နားထဲသို့ရောက်သွားသည်။

ဤမှတ်ချက်သည် စံသခင်ကြယ်ပင်လယ်သည် အတိတ်တွင် ဖေ့တောက်ချီနှင့် မကျေနပ်ချက်ရှိပုံရသည်ဟု လင်မယားနှစ်ယောက်ကို သဘောပေါက်စေခဲ့သည်။

နောက်ပိုင်းတွင် အခြေတည်ဝိညာဉ်စံသခင်တော်တော်များများရောက်ရှိလာပြီး သူတို့ထဲကတစ်ယောက်မှ ကျန်းချန်ရွှမ်၊ ရှန်းရူရန်တို့နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိကြပေ။

အချိန်များကုန်လွန်ပြီးသောအခါ ဓားဖုံးနန်းတော်၏ လက်ရှိခေါင်းဆောင်ဖြစ်သည့် စံသခင်ရွှမ်းယန်သည် တိရှင်းကျဲ့၊ ယန်ဝူရွှမ်းတို့နှင့် အတူရောက်ရှိလာသည်။

ရောက်ရှိလာသောအခါ ကျေးဇူးတင်ရှိကြောင်းခေါင်းညိတ်ပြနေသည့် စံသခင်ရွှမ်းယန်ကို လူတိုင်းလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

စံသခင်ရွှမ်းယန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ရှေ့မှဖြတ်သွားသောအခါ သူတို့ကို ပြုံးလျက်ခေါင်းညိတ်ပြလိုက်ပြီး တက်ရောက်လာသူများ၏ စူးစမ်းလိုသောအကြည့်ကို ဆွဲဆောင်မိလိုက်သည်။

၎င်းသည် ဤမျက်နှာသစ်နှစ်ယောက်မှာ စံသခင်ရွှမ်းယန်နှင့် အံ့ဩဖွယ်ကောင်းမွန်သောဆက်ဆံရေးတစ်ခုရှိကြောင်း ထင်ရှားစေပေသည်။

စံသခင်ကြယ်ပင်လယ်ပင်လျှင် သူတို့ကို အံ့ဩဖွယ်ရှုထောင့်တစ်ခုမှ ကြည့်မိလိုက်သည်။

စံသခင်ရွှမ်းယန်၊ တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့သည် ကုန်သွယ်ရေးပွဲတော်ရှိ သူတို့၏ထိုင်ခုံများ၌ ဂုဏ်သရေရှိစွာ နေရာယူလိုက်သည်။

စံသခင်ရွှမ်းယန်သည် ဆွေးနွေးခြင်းကို “ကြိုဆိုပါတယ် ကျင့်ကြံသူအဖွဲ့ဝင်တို့၊ ငါဓားဖုံးနန်းတော်ရဲ့ အခြေတည်ဝိညာဉ်ကုန်သွယ်ရေးပွဲတော်ကို စီစဉ်ကြီးကြပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါဆိုအစီအစဉ်ကို စလိုက်ကြရအောင်” ဟု ပြောကာအစပျိုးလိုက်သည်။

သို့နှင့် သူသည် လက်သီးဆုပ်အရွယ် ရွှေရောင်သစ်သီးတစ်လုံးကို ပြသလိုက်သည်။

“ဒါကရွှေရောင်နေသစ်သီးဖြစ်ပြီးတော့ အခြေတည်ဝိညာဉ်ကျင့်ကြံသူတွေရဲ့ မူလဝိညာဉ်ကို အားကောင်းစေနိုင်တယ်။ ငါဒါကို ပဉ္စမအထက်ဆင့်သန့်စင်ပစ္စည်းတွေဖြစ်တဲ့ အဆင့်တူ အဆင့်ကျော်ဖြတ်ခြင်းဆေးပြား၊ အဆင့်တူ ဝိညာဉ်ရတနာတွေ ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်မယ်”

ယေဘုယျအားဖြင့် အခြေတည်ဝိညာဉ်အဆင့်ကိုကျော်ဖြတ်ပြီးသွားသောအခါ ကျင့်ကြံသူများသည် သာမန်အရာများအစား မူလအလယ်အလတ်အနေဖြင့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကြသည်။

အထူးသဖြင့် အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့် သို့မဟုတ် စွမ်းအားမြှင့်တင်ရေးတွင် အထူးအလေးအနက်ထားသည့် ဝိညာဉ်တည်ဆောက်ခြင်းကို နီးစပ်နေကြသူများမှာ သိသိသာသာ စိတ်လှုပ်ရှားနေကြပေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ စိတ်ဝင်စားကြသော်လည်း သူတို့၏လက်ရှိပစ္စည်းများနှင့်ဆိုလျှင် ရွှေရောင်နေသစ်သီးနည်းတူ ရှားပါးသည့် ရတနာတစ်ခုဖြစ်သော သူတို့၏ကမ္ဘာမြေချီကို မခွဲထုတ်သရွေ့ ၎င်းသစ်သီးကို ရရှိရန် ခဲယဉ်းကြောင်းသိရှိကြသည်။

သူတို့ ၎င်းကိုလဲလှယ်လိုက်သည်နှင့် ထပ်မံရှာတွေ့ရန် မလွယ်တော့ချေ။

ကံကောင်းစွာပင် သူတို့သည် မူလဝိညာဉ်များကို အဆင့်မြှင့်တင်ရန် အလျင်လိုမနေကြပေ။

ထို့ကြောင့် သူတို့သည် ယှဉ်ပြိုင်မှုမှ ရှောင်ဖယ်လိုက်သည်။

၎င်း၏ကြီးမားသောတန်ဖိုးနှင့် သူတို့၏အခြေတည်ဝိညာဉ်ကိုအဆင့်မြှင့်တင်ရန်အလျင်စလိုမရှိမှုတို့ကြောင့် သစ်သီးအတွက် မပြိုင်ဆိုင်ရန် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ ဆုံးဖြတ်ချက်ချလိုက်ကြစဉ် များစွာသောအခြား‌အခြေတည်ဝိညာဉ်ကျင့်ကြံသူများမှာ သူတို့၏ကမ်းလှမ်းမှုများကို စိတ်အားထက်သန်စွာ ပြုလုပ်ကြသည်။

မည်သို့ပင်ဖြစ်စေ လူတိုင်းကမ်းလှမ်းသည့်အရာများမှာ စံသခင်ရွှမ်းယန်ကို စိတ်ကျေနပ်မှုမရှိစေကြောင်းသိသာနေသည်။

သို့သော်လည်း ၎င်းမှာ ဖေ့တောက်ချီက ပင်ပေါင်ဘောလုံးအရွယ် ကျောက်စိမ်းတုံးအလုံးတစ်ခုကို မပြသမီအထိပင်ဖြစ်သည်။

လိုလိုလားလားမရှိလျက် သူပြောလိုက်သည်။

“ဒါကပဉ္စမအထက်ဆင့်ယန်စင်စစ်ကျောက်စိမ်းကျောက်ဖရုံသီးတစ်ခုပဲ။ ခင်ဗျားဒါကိုသစ်သီးနဲ့လဲလှယ်ချင်သလား၊ စံသခင်ရွှမ်းယန်?”

ယန်စင်စစ်ကျောက်စိမ်းကျောက်ဖရုံသီး?

ယန်စင်စစ်ကျောက်စိမ်းကျောက်ဖရုံသီး၏ ရှားပါးမှုနှင့် တန်ဖိုးကိုသတိပြုမိသွားကြကာ လူတိုင်း မျက်နှာထားများပြောင်းလဲသွားသည်။

၎င်း၏တန်ဖိုးကို သိရှိသည့် စံသခင်ရွှမ်းယန်သည် လဲလှယ်မှုကို သဘောတူလိုက်သည်။

“ကောင်းပြီ။ ဒါဆိုရင် ငါယန်စင်စစ်ကျောက်စိမ်းကျောက်ဖရုံသီးနဲ့ လဲလှယ်ဖို့ ရွှေရောင်နေသစ်သီးကို အသုံးပြုလိုက်မယ်”

စကား‌ပြောနေရင်း စံသခင်ရွှမ်းယန်သည် ဖေ့တောက်ချီနှင့် လဲလှယ်မှုပြုလိုက်လုပ်သည်။

သူတိူ့၏လုပ်ငန်းပြီးဆုံးသောအခါ တိရှင်းကျဲ့၏ အလှည့်ရောက်လာသည်။

သူသည် သူ၏ခန္ဓာကိုယ်မှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။

“ငါ့မှာ ရွှေရောင်နတ်အလင်းလို့ခေါ်တဲ့ ပဉ္စမအဆင့်သတ္ထုဒြပ်စင်မန္တန်တစ်ခုရှိတယ်။ ငါဒါကို ပဉ္စမအဆင့်ကမ္ဘာမြေဒြပ်စင်ပစ္စည်း ဒါမှမဟုတ် ပဉ္စမအဆင့်ကမ္ဘာမြေဒြပ်စင်မန္တန်တစ်ခုနဲ့ လဲလှယ်ချင်တယ်”

ကျန်းချန်ရွှမ်သည် တိရှင်းကျဲ့ ထုတ်ယူလိုက်သောအရာကို မြင်သောအခါ နှလုံးခုန်ရပ်မတတ်ဖြစ်သွားခဲ့သည်။

ပဉ္စမအဆင့်သတ္ထုဒြပ်စင်မန္တန်မှာ သူယခု လိုအပ်နေသည့် အရာဖြစ်သည်။

သူသည် တိရှင်းကျဲ့မှာ ဖရိုဖရဲကျောက်တုံးများလဲပြိုခြင်းကို ကျင့်ကြံပြီးမပြီးကို မသိပေ။

သူတစ်ခါလောက်တော့ ကြိုးစားကြည့်သင့်သည်။

၎င်းကိုတွေး‌တောလျက် ကျန်းချန်ရွှမ်သည် ဖရိုဖရဲကျောက်တုံးများ လဲပြိုခြင်းကို ထုတ်ယူလိုက်ပြီး တိရှင်းကျဲ့ကို ပြောလိုက်သည်။

“တာအိုရောင်းရင်းတိရှင်းကျဲ့၊ ငါ့မှာ ဖရိုဖရဲကျောက်တုံးများလဲပြိုခြင်းလို့ခေါ်တဲ့ ပဉ္စမအဆင့်ကမ္ဘာမြေဒြပ်စင်မန္တန်တစ်ခုရှိတယ်။ ငါဒါကို ခင်ဗျားရဲ့ ရွှေရောင်နတ်အလင်း သတ္ထုဒြပ်စင်မန္တန်နဲ့ လဲလှယ်နိုင်မလားဆိုတာသိချင်မိတယ်”

“အိုး? ဖရိုဖရဲကျောက်တုံးများလဲပြိုခြင်းတဲ့လား?”

ကျန်းချန်ရွှမ်၏စကားများကိုကြားကာ ကမ္ဘာမြလမ်းလျှောက်သူက သိသိသာသာ ကျေနပ်အားရသွားသည်။

အသေအချာပင် သူသည် ကျန်းချန်ရွှမ်ပြောဆိုနေသည့် ‌ဖရိုဖရဲကျောက်တုံးလဲပြိုခြင်းအကြောင်း တော်တော်များများကြားဖူးပြီးဖြစ်သည်။

သူသည် ချက်ချင်းပြုံးကာ ကျန်းချန်ရွှမ်ကို ပြောလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ မင်းရဲ့မန္တန်ကို အရင်ဆုံးတစ်ချက်ကြည့်လို့ရနိုင်မလား? ဒါပေါ့ မင်းလည်းရွှေရောင်နတ်အလင်းကို အရင်ကြည့်နိုင်ပါတယ်”

“ရပါတယ် ပြဿနာမရှိပါဘူး”

ကျန်းချန်ရွှမ်သည် ပြုံးလိုက်ပြီး တိရှင်းကျဲ့နှင့် ကျောက်စိမ်းပြားချင်း လဲလှယ်လိုက်သည်။

ထို့ကြောင့် သူတို့ ကျောက်စိမ်းပြားချင်းလဲလှယ်နေစဉ် သူတို့အပေါ်တွင် မည်သည့်ကန့်သတ်ချက်မှရှိမနေပေ။

သူတို့နှစ်ယောက်သည် အသေအချာပင် အချင်းချင်းယုံကြည်ကြသည်။

ထို့နောက်တွင် သူတို့၏လက်ထဲရှိ ကျောက်စိမ်းပြားများကို အကြမ်းဖျင်းလေ့လာပြီးစီးသွားသည်။

တိရှင်းကျဲ့၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမိုထင်ရှားလာသည်။

သူသည် ကျန်းချန်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။

“တာအိုရောင်းရင်းကျန်း၊ မင်းရဲ့မန္တန်မှာပြဿနာမရှိပါဘူး။ ငါဒါကို မင်းနဲ့လဲလှယ်မယ်လေ။ ဘယ်လိုသဘောရလဲ?”

“သေချာတာပေါ့”

ကျန်းချန်ရွှမ်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ကျန်းချန်ရွှမ်သည် တိရှင်းကျဲ့ပေးအပ်လိုက်သည့် ရွှေရောင်နတ်အလင်းကို အလွန်သဘောကျနေသည်မှာ ထင်ရှားသည်။

လဲလှယ်မှုပြုလုပ်ပြီးနောက် ယန်ဝူရွှမ်းသည် သူမ၏ကိုယ်ပေါ်မှ ငွေရောင်နှင်းအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

သူမက ပြောလိုက်သည်။

“ဒီအဆောင်က ပဉ္စမအဆင့်ရုတ်ချည်းသတ်ဖြတ်ခြင်းဓားအဆောင်ပဲ။ အသုံးပြုတဲ့အခါမှာ ဒါကပုံသဏ္ဍာန်မဲ့နေပြီး ခြေရာကောက်လို့ မရနိုင်ဘူး။ ဒါကိုကျွန်မသန့်စင်ထားတာ။ ဒါကိုစုစုပေါင်း သုံးကြိမ်အသုံးပြုလို့ရနိုင်တယ်”

“ဟမ်?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ အံ့အားသင့်သွားကြသည်။

သူတို့သည် ယန်ဝူရွှမ်းမှာ ပဉ္စမအဆင့်အဆာင်ကျွမ်းကျင်သူတစ်ယောက်ဖြစ်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

အဆောင်ဆရာများသည် ပဉ္စမအဆင့်သို့ရောက်ရှိသွားသည်နှင့် သူတို့၏အဆင့်အတန်းမှာ လက်နက်သန့်စင်သူများနှင့် အဂ္ဂိရက်ပညာရှင်များအောက် မနိမ့်ကျသွားတော့ပေဟု ပြောစမှတ်ပြုကြသည်။

အဓိကအကြောင်းရင်းမှာ ပဉ္စမအဆင့်အဆောင်များမှာ ပြန်လည်အသုံးချနိုင်သောကြောင့် ဖြစ်သည်။

၎င်းမှာ တစ်ခေါက်အသုံးပြုပြီးသွားသည်နှင့် ပျက်စီးသွားသည့် စတုတ္ထအဆင့် သို့မဟုတ် တတိယအတင့်အဆောင်များကဲ့သို့ မဟုတ်ပေ။

ပုံမှန်အခြေအနေမျိုးတွင် ပဉ္စမအဆင့်အဆောင်တစ်ခုမှာ သုံးကြိမ်အသုံးပြု၍ရပေသည်။

ဒါတင်မကသေးဘဲ ၎င်းတို့သည် သူတို့ကျင့်ကြံထားသည့် နတ်စွမ်းအားမျာနှင့် မန္တန်များကို အဆောင်များဆီသို့ စွဲထင်စေသေးသည်။

ရန်သူကိုရင်ဆိုင်သည့်အခါ သူတို့ပြုလုပ်ထားသည့် အဆောင်ကို ပစ်လွှတ်ပေးလိုက်ရုံသာလိုသည်။

၎င်းမှာ အားကောင်းသောစွမ်းအားတစ်ခုဖြင့် ပေါက်ကွဲသွားရုံတင်မကသေးဘဲ ဓမ္မစွမ်းအားများစွာသုံးစွဲမှုကိုလည်း ချွေတာပေးနိုင်သည်။

ထိုအချိန်တွင် ယန်ဝူရွှမ်းကဆက်၍ပြောလိုက်သည်။

“ကျွန်မဒါကို ကျွန်မရဲ့ကျင့်စဉ်ကို အခြေတည်ဝိညာဉ်အလယ်ဆင့်အထိမြှင့်တင်ပေးနိုင်တဲ့ ဆေးလုံး ဒါမှမဟုတ် ပဉ္စမအလယ်ဆင့်အဆောင်သန့်စင်နိုင်တဲ့နည်းစနစ်တစ်ခုနဲ့ လဲလှယ်ချင်တယ်...”

***

All Chapters