မမျှော်လင့်ထားသည့် ဆုံစည်းခြင်းနှင့် ပြင်းထန်သောတိုက်ပွဲ၊ အခြေတည်ဝိဉာဉ်နတ်ဆိုးကျင့်ကြံသူ
Vol. 25 Ch. 483
ယန်ဝူရွှမ်းစကားပြောပြီးသည်နှင့် အသံတစ်ခုက လူအုပ်ကြားထဲမှ ထွက်လာသည်။
"နတ်သမီးယန်၊ ကျွန်တော့်မှာ မီးဝိဉာဉ်အဆောင်သန့်စင်ဖို့ ကျောက်စိမ်းပြားရှိတယ်။ ခင်ဗျားရဲ့ ရုတ်ချည်းသတ်ဖြတ်ခြင်းဓားအဆောင်နဲ့ လဲဖို့ စိတ်ဝင်စားလား?"
ထို့သို့ကြားလျှင် ယန်ဝူရွှမ်းက သူမ၏ ခေါင်းကိုခါ၍တုံ့ပြန်ပြောသည်။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ မီးဝိဉာဉ်အဆောင်လုပ်ဖို့ နည်းလမ်းရှိပြီးသားပါ။" သူမသည်အခြားတက်ရောက်သူများကို လည့်ပတ်ကြည့်လိုက်သည်။
ဆံပင်နီနီနှင့် လူတစ်ဦးက ရုတ်တရက် မတ်တပ်ထရပ်ကာ ကျောက်စိမ်းဘူးတစ်ခုကိုထုတ်၍ ယန်ဝူရွှမ်းအား ပြောပြလိုက်သည်။
"နတ်သမီးယန်၊ ကျွန်တော့်မှာ အလယ်ဆင့်အခြေတည်ဝိဉာဉ်ကျင့်ကြံသူအတွက် ကျင့်ကြံခြင်းကို တိုးမြင့်ရာမှာ အထောက်အကူဖြစ်စေတဲ့ “ရောဂါဘယပြန်လည်ပျောက်ကင်းဆေးလုံး” ရှိပါတယ်။ လဲဖို့ဆုံးဖြတ်နိုင်မလား?"
"ရောဂါဘယပြန်လည်ပျောက်ကင်းစေတဲ့ဆေးလုံး?" ယန်ဝူရွှမ်း၏မျက်လုံးက အနည်းငယ် မြင့်တက်သွားကာ တုံ့ပြန်လိုက်သည်။
"အဲ့ဒါဆို ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တာအိုရောင်းရင်း ချီရွေ့၊ ရှင့်ရဲ့ဆေးလုံးကို အရင်စစ်ဆေးကြည့်လို့ ရမလား?"
"ရတာပေါ့။" ချီရွေ့ဟုခေါ်သည့် ဆံပင်နီနီနှင့်လူက ပြုံး၍ ပြန်ဖြေလိုက်ကာ ထိုကျောက်စိမ်းဘူးအား သူ့ကို ပေးလိုက်သည်။
ယန်ဝူရွှမ်းက ဘူးကိုဖွင့်လိုက်ပြီး ၎င်း၌ တကယ်ပင် ရောဂါဘယပျောက်ကင်းဆေးလုံး ပါသည်ကို အတည်ပြုခဲ့သည်။ တုံ့ဆိုင်းမနေတော့ပဲ ထိုဆေးလုံးအတွက် သူမ၏ရုတ်ချည်းသတ်ဖြတ်ခြင်းဓားအဆောင်နှင့် လဲလိုက်တော့သည်။
ဓားဖုံးနန်းတော်မှ စံသခင်သုံးယောက်က သူတို့၏ဆန္ဒရှိသောပစ္စည်းများကို လဲပြီးနောက် အခြားတက်ရောက်သူများ၏ အလှည့်ဖြစ်သည်။
"လေးစားရပါသော ကျင့်ကြံသူတို့၊ ကျွန်တော့်မှာ နှစ် (၃)ထောင်သက်တမ်းရှိ အစိမ်းရောင်ပင်လယ်လီလီလို့ခေါ်တဲ့ အဆင့် (၅)လင်ဇီး ရှိပါတယ်။ စိတ်ဝင်စားတဲ့သူများရှိလား?" ဆန်းကြယ်မြစ်မှ လေလွင့်ကျင့်ကြံသူ တာအိုရောင်ရင်းမှ တောက်ပသောအစိမ်းရောင်ရှိသည့် မွေးကြိုင်သောလင်ဇီးကို ထုတ်လာသည်။
ထိုလင်ဇီးသည် ဓမ္မစွမ်းအားများအမြန်ဆုံး ပြန်လည်ရရှိနိုင်ရန်အသုံးပြုနိုင်သည့် "အဆင့် (၅) နတ်ဘုရားရင်းမြစ်ပြန်လည်ဖြည့်တင်းဆေးလုံး" အား ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ ၎င်းသည် ကောင်းမွန်သည့် အဆင့် (၅)ဝိဉာဉ်ဆေးပင်ဖြစ်ကာ ကျင့်ကြံသူများ ပုန်းကွယ်ထားတတ်သော အပင်ဖြစ်သည်။
တစ်စုံတစ်ယောက်က အဆင့်နိမ့်အဆင့်(၅)စစ်မှန်ရတနာနှင့် လဲလိုက်သည်။ ထို့နောက်တွင် ကြယ်ပင်လယ်စံသခင်မှ သူ၏ဆန္ဒရှိသောပစ္စည်းကို အဆင့်(၅) ဝိဉာဉ်အပင်နှင့်လဲကာ ၎င်းအပါအဝင် အခြားသူများသည်လည်း များစွာသောရတနာများကို စတင်လဲကြသည်။
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အလှည့်ရောက်သောအခါ သူတို့သည် အဆင့်(၅) နတ်ဆိုးအမြုတေနှင့် ခွေဟိုင်တိမ်တိုက်သံကို လဲရန် ဆုံးဖြတ်ခဲ့ကြသည်။
ကျန်းချန်းရွှမ်က ကြေညာလိုက်သည်။ "ကျွန်တော်တို့ မိုးကြိုးဓာတ်စိတ်ဝိဉာဉ်နဲ့ပက်သက်တဲ့ ပစ္စည်းတွေအတွက် အဆင့်(၅) နတ်ဆိုးအမြုတေနဲ့ ယင်ယန်သလင်းကျောက် မဟုတ်ရင် မြေနတ်ဘုရားသံအတွက် ခွေဟိုင်တိမ်တိုက်သံတို့နဲ့ လဲချင်ပါတယ်။"
ဤသည်ကိုကြားလျှင် တက်ရောက်သူများက စိတ်ဝင်စားသွားကြသည်။ နတ်ဆိုးအမြုတေသည် များစွာသော အဆင့်(၅) ဆေးလုံးများသန့်စင်ရာတွင် တန်ဖိုးရှိကာ ခွေဟိုင်တိမ်တိုက်သံသည်လည်း သန့်စင်ရာတွင် ရှားပါးသော ပစ္စည်းတစ်ခုဖြစ်၍ အထူးသဖြင့် ရေဓာတ်စစ်မှန်ရတနာများကို အဆင့်မြင့်ရာတွင်အသုံးဝင်သည်။
ကြယ်ပင်လယ်စံသခင်က ပျားအုံပုံစံစိမ့်ပေါက်များပါဝင်သည့် လက်ဖဝါးအရွယ် ငွေကျောက်တုံးတစ်ခုကိုထုတ်လာ၍ ၎င်း၏မျက်နှာပြင်က မြင်နိုင်သောလျှပ်စီးကြောင်းများ ထွက်ပေါ်နေကာ ထိုပစ္စည်းကို နတ်ဆိုးအမြုတေနှင့် လဲချင်နေသည်။
"ဒါကတော့ အဆင့်(၅) မိုးကြိုးပျားအုံကျောက်တုံးပါ။ အဆင့်(၅)ပျားဘုရင်မရဲ့ အသိုက်ကနေ ရထားတာပါ။ လဲဖို့ဆုံးဖြတ်ပေးနိုင်မလား?"
"မိုးကြိုးပျားအုံကျောက်တုံး?"
ရှန်းရူယန်၏ မျက်နှာက တောက်ပသွားကာ သူမက ကျန်းချန်းရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းပင် နှစ်ဦးသားက ကြယ်ပင်လယ်စံသခင်၏ မိုးကြိုးပျားအုံကျောက်တုံးနှင့် လဲလိုက်ကြသည်။
"တာအိုရောင်းရင်းတို့..."
ထိုအချိန်တွင် လူအုပ်ထဲမှ ဆံပင်ဖြူနှင့် အကြီးအကဲတစ်ဦးက ထိုစုံတွဲကို ပြောသည်။
"ကျွန်တော့်မှာ မြေသလင်းကျောက်ရှိပါတယ်။ ခွေဟိုင်တိမ်တိုက်သံနဲ့လဲလို့ရမလားလို့ သိချင်ပါတယ်။"
"မြေသလင်းကျောက်?"
ကျန်းချန်းရွမ်ကအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
အမှန်မှာမူ၊ မြေသလင်းကျောက်သည် တကယ်ပင် ရှားပါးသောရတနာဖြစ်ကာ သူ၏မူလဓမ္မရတနာ ဖြစ်သည့် မြေနက်လှံကို တိုးမြင့်နိုင်ရန်သက်ရောက်မှုရှိပါသည်။
သို့ရာတွင် ၎င်းသည် သူလိုချင်နေသော မြေနတ်ဘုရားသံထပ် အနည်းငယ်အဆင့်နိမ့်နေသေး၏။
ထိုအချိန်တွင် မြူနှင်းဂိုဏ်းမှ နှင်းပန်းပွင့်စံသခင်က တဝက်မဲကာတဝက်ဖြူသည့် သလင်းကျောက်ကို ထုတ်လာခဲ့သည်။
သူမသည် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ကိုကြည့်ကာ ပြောလိုက်သည်။ "ကျွန်မမှာ ရှင်တို့လိုနေတဲ့ ယင်ယန်ကျောက်တုံးရှိတယ်။ ရှင်တို့ရဲ့ ခွေဟိုင်တိမ်တိုက်သံနဲ့လဲပါ့မယ်"
"အင်း၊ ယင်ယန်သလင်းကျောက်လား?"
ကျန်းချန်းရွမ်က နှင်းပန်းပွင့်စံသခင်ထုတ်လာသောပစ္စည်းကြောင့် ပျော်ရွှင်သွားသည်။
မည်သို့ပင်ဖြစ်ပါစေ၊ ဆံပင်ဖြူနှင့် အဖိုးအို၏အမူအရာကတော့ မဲမှောင်သွားသည်။
သူကဘာမှမပြောဘဲ ကျန်းချန်းရွမ်နှင့် နှင်းပန်းပွင့်စံသခင်ကိုသာ ကြည့်နေသည်။
ကျန်းချန်းရွမ်က ပြုံးကာပြောလိုက်သည်။
"တာအိုရောင်းရင်း နှင်းပန်းပွင့်စံသခင်၊ ကျွန်တော်ခင်ဗျားလက်ထဲက ယင်ယန်သလင်းကျောက်ကို အရင်ကြည့်လို့ရမလား?”
နှင်းပန်းပွင့်စံသခင်က အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။
ကျန်းချန်းရွှမ်က ယင်ယန်သလင်းကျောက်သည် သူလိုအပ်နေသောအရာဖြစ်ကြောင်း အမြန်အတည်ပြုလိုက်သည်။ သူ၏မူလဓမ္မရတနာဖြစ်သော ယင်ယန်ရေနတ်ဘုရားကျောက်စိမ်းကို အချိန်တိုအတွင်း အဆင့်(၅)စစ်မှန်ရတနာအဖြစ် အဆင့်မြင့်တင်နိုင်စွမ်းရှိသည်။
***