သတ်ရန်ကျရှုံးခြင်း
Vol. 90 Ch. 1249
နာလန်လန်စဉ်းစားကြည့်လေလေ စိတ်ထဲမှဒေါသကို မဖိနိုင်လေဖြစ် ကာ သူမ၏ ခန္ဓာကိုယ်သည် မသိလိုက်ဘာသာပင် ပေါက်ကွဲချင်မိသည်။ “လန်အာ” ဘေးမှမိန်းကလေသည် သူမ လက်ကိုကိုင်လိုက်သည် “ဒီနေ့တော့ မဟုတ်ဘူး”
ဒီနေ့သည် လက်နက်သခင်များအသင်း ဆက်ခံသူအခမ်းအနားဖြစ်ပြီး ယနေ့တွင် ပြဿနာရှာသူသည် လက်နက်သခင်များအသင်းကို ဆန့်ကျင်သူ ဖြစ်လိမ့်မည်။
မနေ့က ဟော်ချန်းဒုန်လာရှာခြင်းကြောင့်သာမဟုတ်လျှင် သည်းခံနိုင် မည်မဟုတ်ပေ။
“ဆရာ…” နာလန်လန်သည် နာကျင်သည့်ပုံစံဖြင့် မျက်ရည်ဝဲသော မျက်လုံးများနှင့် နှုတ်ခမ်းကိုက်ထားလေသည်။
“မစိုးရိမ်ပါနဲ့ သူတို့ပြေးစရာနေရာမရှိဘူး” ထိုမိန်းကလေးသည် ရှီမာယူယူကို အေးစက်စွာစိုက်ကြည့်လိုက်သည် “ငါ့တူကို သတ်ရဲတဲ့ဘယ်သူ့ ကိုမဆို ဘယ်လိုပဲဖြစ်ဖြစ် လက်စားချေမှာ၊ ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး ဒီနေ့ လုပ်မယ်ဆိုရင် လက်နက်သခင်များအသင်းကို ဆန့်ကျင်ရုံတင်မကဘူး တခြား အင်အားစုတွေနဲ့ပါ ပဋိပက္ခဖြစ်လိမ့်မယ် အလောမကြီးနဲ့”
နာလန်လန်သည် ခေါင်းညိတ်ပြီး တိုးညင်းစွာပြန်ဖြေလိုက်သည် “နားလည်ပါတယ် ဆရာ”
သူမသည် ထိုဆရာကို စံအိမ်တော်အချုပ်မှ သိလာခြင်းဖြစ်သည်။ သူတို့ သည် ထိုမျှလောက်မရင်းနှီးသေးသဖြင့် သူမရှေ့တွင် ရဲတင်းစွာမပြုမူရဲပေ။
“သူမက ကျွင်းမျိုးနွယ်နဲ့ အမြဲရှိလိမ့်မယ် မထင်နဲ့၊ သူတို့ကိုကာကွယ်ပေး တဲ့ ကျွင်းမျိုးနွယ်လည်း အတူတူပဲ ကျွင်းမျိုးနွယ်က တခြားအင်အားကြီးနဲ့ ဆက်သွယ်ခဲတယ်၊ သူတို့က ဘယ်လိုလုပ် ဆက်သွယ်မိသွားတာလဲ” ဝူဂေါင်ဖေ သည် မျက်နှာတည်ထားကာ ပြောလေသည်။
“ဟင်း ကျွင်းမျိုးနွယ်က ဘယ်လောက်ကြာအောင် ကာကွယ်ပေးမှာလဲ၊ ဒီနေ့ပြီးရင် သူတို့ကိုဘယ်သူက ကာကွယ်ပေးဦးမလဲကြည့်ကြတာပေါ့” ဝူချင်း၏ အဖေ ဝူဂေါင်ဖေ၏ အစ်ကိုဝူဂေါင်ယွင် ပြောလိုက်သည်။
သူသည် သူ့သားကိုသတ်သည့် အမုန်းတရားကို သေချာပေါက် လက်စား ချေရမည်။
သူတို့သည် လူအားလုံး၏ အမုန်းတရားဆုံရာဖြစ်နေသော်လည်း ပြိုင်ဘက်သည် မချဉ်းကပ်ရဲ၊ ရန်မစရဲသည်ကို မြင်သောအခါ ကျွင်းမျိုးနွယ်၏ အင်အားကို ရှီမာယူယူ အံ့ဩနေမိ၏ ။
သူမ မြင်ရသလောက်ဆိုလျှင် သူတို့သည် သူမကိုမသတ်နိုင်လျှင်တောင် ခြိမ်းခြောက်နေသေးသည်။ သို့သော် သူတို့သည် သူတို့ရှိသည့်နေရာတွင်သာ နေကြသည်။ ဆိုလိုသည်မှာ သူတို့သည် ကျွင်းမျိုးနွယ်ကို ကြောက်ကြသေး သည်။
သို့သော် အပြင်လူများသည် အတွင်းဒေသမှ သတင်းများကို မသိကြပေ။ ထို့ကြောင့် ကျွင်းမျိုးနွယ် မည်သည့်ရာထူးရှိသည်ကို သူမ မသိပေ။
သူမကို ပိုသိစေချင်သည်မှာ ကျွင်းမျိုးနွယ်နှင့် မိုယွိတို့အကြားမှ ဆက်ဆံ ရေးဖြစ်သည်။
ကျွင်းမျိုးနွယ်သည် လူသားဆိုသည်မှာ သေချာပါလျက်နှင့် မိုယွိ၏ စကား ကိုလိုက်နာကြသည်။ ကျွင်းမျိုးနွယ်သည် သူ့ကိုမွေးစားထားသည်။
“သူတို့လာမှာမဟုတ်ဘူး ဝင်ရအောင်” ကျွင်းဝေသည် ရှီမာယူယူကို ပြောလိုက်သည်။
“ဝင်တာပေါ့”
သူတို့ဝင်လိုက်သည်နှင့် လူတစ်ယောက်သည် သူတို့ဆီသို့ရောက်လာပြီး ကြိုဆိုကာ နေရာချပေးလေသည်။
တိုက်ဆိုင်စွာပင် ဝူမျိုးနွယ်နှင့် ပညာရှိစံအိမ်တော်တို့သည် မျက်နှာချင်း ဆိုင်ထိုင်နေကြသည်။ ကျင့်ကြံမှုကျေးဇူးကြောင့်ပင် သူတို့သည် အမြင်အာရုံ ကြောင်းသောကြောင့် ရှီမာယူယူနှင့် ကျွင်းဝေတို့သည် လူသတ်မည့်အကြည့် များကို ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို မြင်ရလေသည်။
တကယ်တော့ ရှီမာယူယူနှင့် ကျွင်းဝေတို့သည် သူတို့အကြောင်းပြောနေ ခြင်းဖြစ်သည်။ သူတို့ မျက်နှာထားမှာ အေးဆေးနေသောကြောင့် ထိုလူများကို ဂရုမစိုက်သည့်ပုံစံပေါက်နေခြင်းဖြစ်သည်။
“မိန်းကလေး မစိုးရိမ်ဘူးလား” ကျွင်းဝေသည် ရှီမာယူယူ တည်ငြိမ်နေ သည်ကို မြင်ရသည်။
“ဘာစိုးရိမ်စရာရှိလို့လဲ” ရှီမာယူယူ ဆက်ပြောလေသည် “မြို့ထဲမှာဆိုရင် ကျွန်မကို လုံခြုံအောင်ထားပေးမယ်လို့ လက်နက်သခင်များအသင်းက ပြောပြီး ပြီ”
“မြို့အပြင်ထွက်တဲ့အချိန်ကို ပြောနေတာ” ကျွင်းဝေ ပြောလေသည်။
သူမနှင့် လက်နက်သခင်များအသင်း ဆက်ဆံရေးမှာကောင်းမွန်သည်။ လက်နက်မြို့မှာဆိုလျှင် သူမ ဘာမှမဖြစ်နိုင်သည်ကို သူသိသည်။ သူသည် သိချင်နေသည်မှာ ဤနေရာမှထွက်သွားလျှင် မည်သည့်ထွက်ပြေးနိုင်မည်ကို ဖြစ်သည်။
“မြို့ကနေထွက်ရင် ဘယ်သူက ဘယ်သူ့ကိုသတ်မလဲဆိုတာ ဘယ်သူသိ မလဲ” ရှီမာယူယူသည် သဲ့သဲ့ပြုံးကာ ပြောလေသည်။
“မိန်းကလေးက ယုံကြည်ချက်ရှိနေတာပဲ ကျုပ်သိသလောက်ဆိုရင် အခု မင်းမှာ ဘာဝိညာဉ်စွမ်းအင်မှမရှိဘူးနော် ဟုတ်လား၊ မင်းတစ်ယောက်တည်း ဖြစ်တာနဲ့ အန္တရာယ်ဖြစ်မှာပဲ” ကျွင်းဝေ ပြောလိုက်သည်။
“တကယ်ပဲ နည်းနည်းတော့ အန္တရာယ်များတာပဲ” ရှီမာယူယူ ဝန်ခံလေ သည်။
သို့သော် မည်သူက မည်သူ့ကိုဖြေရှင်းမည်ဆိုသည်ကိုတော့ သိနိုင်မည် မဟုတ်ပေ။ ငှက်မျိုးနွယ်နှင့် အကြီးအကဲများသည် စံတင်အဆင့်တစ်ဝက် ရောက်နေပြီဖြစ်ကာ ပြိုင်ဘက်များသည် သန်မာသောလူများအဖြစ် မမြင်ကြ ပေ။
သူမသည် စိုးရိမ်ခြင်းတစိုးတစိမှမရှိသည်ကို ကျွင်းဝေမြင်သောအခါ တည်ငြိမ်ချင်ယောင်ဆောင်နေသည်လား မဟုတ်လျှင် အမှန်တကယ်ပင် မှီခိုစရာရှိ၍လားဆိုသည်ကို သိချင်မိသည်။
ပြောရမည်ဆိုလျှင် ယခုလိုအခြေအနေတွင် တည်ငြိမ်နိုင်သည်မှာ စဉ်းစားရခက်လှသည်။
ခဏအကြာတွင် ဆက်ခံသူအခမ်းအနားသည် တရားဝင်စ,ကာ အားလုံး သည် ငြိမ်ကျသွားလေသည်။ သူတို့သည် စကားပြောနေရာမှ အခမ်းအနားကို သာကြည့်ကြလေသည်။
ထိုအခမ်းအနားသည် တခြားသောအခမ်းအနားများနှင့် မကွာခြားလှပေ။ ရာထူးတက်သည့်အကြောင်းကလွဲပြီး ပြောစရာမရှိပေ။ ထိုလုပ်ထုံးလုပ်စဉ်များ အပြန်ပြန်အလှန်လှန် လည်ပတ်ရာ ၂နာရီမှ ၃နာရီကြာသွားသည်။ အခမ်းအနား ပြီးသည့်အချိန်တွင် နေ့လည်ရောက်နေပြီဖြစ်သည်။
နေ့လည်သည် လွတ်လပ်ချိန်ဖြစ်ကာ ဖျော်ဖြေရေးကြည့်ရှုရမည်ဖြစ် သည်။ ညပိုင်းတွင် ပွဲအစီအစဉ်များရှိသော်လည်း ရှီမာယူယူသည် ထိုအရာများ ကိုစိတ်မဝင်စားပေ။ သူမသည် ပွဲတက်ပြီး စောစောပြန်လာလိုက်သည်။ သို့သော် မထင်ထားသည်မှာ ထွက်ပေါက်တွင် လူတစ်စု၏ ပိတ်ပင်ခြင်းကိုခံရ လေသည်။
“နင် စောစောပြန်မယ်ဆိုတာ ငါသိတယ်” နာလန်လန်သည် တံခါးအပြင် တွင်ရပ်ကာ သူမလှုပ်ရှားသံကြားသည်နှင့် လှည့်လာပြီး သူမအား ကြည့်လေ သည်။
“နင်က တကယ်ပဲ ငါ့ကိုတော်တော်နားလည်တာပဲ” ရှီမာယူယူ မအံ့ဩ သလို ပခုံးတွန့်လိုက်သည်။
ပွဲတွဲ နာလန်လန်ကိုမတွေ့မိသည်နှင့် သူမသည် တံခါးတွင်စောင့်နေမည် ကို ရှီမာယူယူ သိပြီးသားဖြစ်သည်။
“နင်က တော်တော်ရဲတာပဲ၊ ငါတို့က နင့်ကိုသတ်ချင်နေတယ်ဆိုတာ သိရဲ့ သားနဲ့ကို တစ်ယောက်တည်းထွက်လာရဲသေးတယ်” နာလန်လန်သည် မိန်းကလေးအဝတ်အစား ဝတ်ထားသော သူမကိုစိုက်ကြည့်လေသည်။ မုန်းတီးမှုအပြင် သူမကို မနာလိုမှုပါဖြစ်မိသည်။
ထာဝရရှင်သန်သူနယ်မြေမှ မိန်းကလေးအကြောင်းကို သူမ ကြားပြီးဖြစ် သည်။ အခု သူမကိုယ်တိုင်မြင်လိုက်ရသောအခါ အမှန်တကယ်ပင် လှပကြောင်း တွေ့လိုက်ရသည်။ ထိုသည်မှာ တခြားသူများကို မနာလိုဖြစ်စေ ပြီး သူမ အလှတရားကိုဖျက်ဆီးချင်စိတ်ကို ဖြစ်စေသည်။
ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ “ငါက အမြဲတမ်းသတ္တိရှိနေတာပဲ နင် မသိတာလည်းမဟုတ်ဘူး”
“နင်က ဒေါသကိုဆွနိုင်သေးတာပဲ” နာလန်လန်သည် တည်ငြိမ်သော မျက်နှာကိုမြင်လိုက်သည်နှင့် အမုန်းတရားများပေါက်ကွဲလာကာ သူမကို ဝိညာဉ်စွမ်းအင်ဖြင့် မထိန်းချုပ်နိုင်စွာ တိုက်ခိုက်လေသည်။
ရှီမာယူယူသည် မြေပေါ်တွင်ရပ်ကာ သူမ ဝိညာဉ်စွမ်းအင်လာနေသည်ကို မြင်သောအခါ ခြေတစ်လှမ်းမှမလှုပ်ပေ။
“ဘုန်း”
ဝိညာဉ်စွမ်းအင်နီးကပ်လာသည်နှင့် ရှီမာယူယူ၏ ခန္ဓာကိုယ်သည် အပြာ ဖျော့ရောင်တောက်ပကာ နာလန်လန်၏ ဝိညာဉ်စွမ်းအင်ကို ပြန်လှည့်စေ သည်။ နာလန်လန် ရှောင်ရှားလိုက်ရာ ဝိညာဉ်စွမ်းအင်သည် မြေပြင်သို့ကျသွား ကာ ကျယ်လောင်သော အသံထွက်လာလေသည်။
ဂိတ်အစောင့်များသည် အသံကြားသည်နှင့် အလျင်စလိုထွက်လာသည်။ သူတို့သည် လျင်မြန်စွာပင် လူစုခွဲလိုက်သည်။ သို့သော် သူတို့နေရာယူသည့်ပုံ သည် ရှီမာယူယူကို အနောက်တွင်ထားကာ ကာကွယ်သလိုဖြစ်သွားလေသည်။
“မိန်းကလေးနာလန် တိုက်ခိုက်တာကို မြို့တော်က တားမြစ်ထားပါတယ်” ခေါင်းဆောင်ဟော်လသည် အနောက်မှလျှောက်လာပြီး နာလန်လန်ကိုပြော လေသည်။
သူတို့နေရာယူထားပုံကို ကြည့်ပြီး သူမကို ယနေ့ညတွင် သတ်မရတော့ သည်ကို နာလန်လန်သိလိုက်သည်။ လက်နက်သခင်များအသင်းက သူမကို ကာကွယ်နေလို့ပေါ့… မဟုတ်ရင် ဒီထက်ပိုပြီး ရက်စက်ပြမယ်။
“မိန်းကလေးနာလန် ဒီလိုလုပ်မယ်ဆိုရင် ပညာရှိစံအိမ်တော်အတွက် အခက်တွေ့မသွားစေဘူးလား” ခေါင်းဆောင်ဟော် သတိပေးလိုက်သည်။
သူမကို ယနေ့ထိမရတော့သည်ကို နာလန်လန်သေချာပေါက် သိသည်။ သူမသည်လည်း တိတ်တဆိတ်ထွက်လာခြင်းဖြစ်သည်။ သူမ ဆရာသာ သိပါက သူမကိုမသတ်လျှင်တောင် မျိုးနွယ်၏ အပြစ်ပေးခြင်းကိုခံရမည်ဖြစ် သည်။
“ဟင်း ရှီမာယူယူ နင့် တစ်သက်လုံး လက်နက်မြို့ကနေ ခြေတစ်လှမ်းမှ မထွက်တာကောင်းလိမ့်မယ် မဟုတ်ရင် နင့်ကို ငါ့လက်နဲ့ကိုယ်တိုင်သတ်မယ်”
“စောင့်နေပါမယ်” ရှီမာယူယူသည် သဲ့သဲ့ပြုံးလိုက်သည်။ “ဒါပေမဲ့ အဲအချိန်ကျရင် ဘယ်သူက ဘယ်သူ့ကိုသတ်မလဲဆိုတာ မသိဘူးနော်”
“ဟင်း”
နာလန်လန်သည် သူမကို စူးရှရှစိုက်ကြည့်ပြီးနောက် မလိုလားစွာဖြင့် လျှောက်သွားလေတော့သည်။
ခေါင်းဆောင်ဟော်လသည် လှည့်ပြီး ရှီမာယူယူဘက်သို့ လက်သီးဆုပ် နှုတ်ဆက်ကာပြောလိုက်သည် “မိန်းကလေးယူယူ မြို့ထဲမှာ မလုံခြုံဘူး ကျွန်တော်တို့ ပြန်ပို့ပါမယ်”
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ရပါတယ် ဒီနဲ့လဲဝေးတာမှမဟုတ်တာ လမ်းလျှောက်ပဲသွားလိုက်ပါမယ်”
ဥက္ကဌမှ အမိန့်ပေးခြင်းဖြစ်သည်ဟု ခေါင်းဆောင်ဟော် ပြောချင်သော် လည်း လမ်းပေါ်တွင် မိုယွိလမ်းလျှောက်လာသည်ကိုမြင်သောအခါ ဘာမှ မပြောတော့ပေ။
***