← Chapters

မမျှော်လင့်ထားသည့် ဆုံစည်းခြင်းနှင့် ပြင်းထန်သောတိုက်ပွဲ၊ အခြေတည်ဝိဉာဉ်နတ်ဆိုးကျင့်ကြံသူ (၂)

Vol. 25 Ch. 484

မမျှော်လင့်ထားသည့် ဆုံစည်းခြင်းနှင့် ပြင်းထန်သောတိုက်ပွဲ၊ အခြေတည်ဝိဉာဉ်နတ်ဆိုးကျင့်ကြံသူ (၂)

Vol. 25 Ch. 484

ထို့ကြောင့် ကျန်းချန်းရွှမ်သည် အချိန်ကြာကြာတုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် နှင်းပန်းပွင့်စံသခင်၏ ပစ္စည်းနှင့် လဲလိုက်သည်။

ထိုလဲလှယ်ခြင်းသည် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အတွက် လိုအပ်နေသောပစ္စည်းများကို အတိအကျရသွားခြင်း ဖြစ်သည်ဟုပြောရမည်။ ထိုခရီးစဉ်က တကယ်ပင် တန်သည်။

လဲလှယ်ခြင်းပွဲအဆုံးသတ်သွားလျှင်၊ စံသခင်များတစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်ကလည်း အချိန်မဆွဲပါ။

စံသခင်ရွှမ်းယန်၊ တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့ကို နှုတ်ဆက်ပြီး ဓားဖုံးနန်းတော်မှ အမြန်ထွက်ခွာသွားကြသည်။

ထိုစုံတွဲက ဓားဖုံးနန်းတော်မှ ထွက်ခွာလာပြီးနောက် ကျန်းနိုင်ငံသို့ မပြန်တော့ပဲ နိုဗာရေပြင်သို့ စွန့်စားသွားလာရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့က သူတို့၏ရွှေတိမ်တိုက်တံဆိပ်ပြားကိုအသုံးပြု၍ ရွှေမီးဖိုဂိုဏ်းထဲသို့ ဝင်ရန်ကြိုးစားပြီး ထိုနေရာ၌ အခွင့်အလမ်းများရှာဖွေနိုင်ရန် မျှော်လင့်နေသည်။

သို့သော်လည်း သူတို့၏ နိုဗာရေပြင်သို့သွားသည့် ခရီး၌ ၃ရက်ခန့်တွင် သိပ်မဝေးသည့်နေရာတွင် ပြင်းထန်သည့် ဓမ္မစွမ်းအင်လှိုင်းကို ရုတ်တရက်အာရုံခံမိသွားသည်။ အနီးသို့သွားကာ စစ်ဆေးကြည့်သောအခါ သူတို့သည် စံသခင် (၃) ဦး၏ ပြင်းထန်သောတိုက်ပွဲကို ကြုံတွေ့ခဲ့ရသည်။

ထို့အပြင် သူတို့က ထို ၃ဦးကို မှတ်မိသွားခဲ့သည်။ သူတို့သည် လဲလှယ်ရေးပွဲတွင်ဆုံတွေ့ခဲ့ရသော နှင်းပန်းပွင့်စံသခင်၊ ဆံဖြူအကြီးအကဲနှင့် တာအိုရောင်းရင်းဆန်းကြယ်မြစ် တို့ဖြစ်ကြပေသည်။

အတိအကျပြောရလျှင်၊ ကြည့်ရသည်မှာ ဆံဖြူအကြီးအကဲနှင့် ဆန်းကြယ်မြစ်တို့က ပူးပေါင်းကာ နှင်းပန်းပွင့်စံသခင်ကိုတိုက်ခိုက်နေကြခြင်းဖြစ်သည်။

ဤနေရာတွင် ဘာဖြစ်နေပါသနည်း? အဘယ်ကြောင့် ထိုသုံးဦးက ဤနေရာတွင် တိုက်ပွဲများ ဖြစ်နေပါသနည်း?

ကြည့်ရသည်မှာ ဆံဖြူအကြီးအကဲနှင့် ဆန်းကြယ်မြစ် သိကျွမ်းထားပုံပေါ်သော်ငြားလည်း လဲလှယ်ရေးပွဲတွင် မရင်းနှီးသလိုဟန်ဆောင်ခဲ့ကြသည်။ တစ်ခုခုကိုလွတ်နေပုံပေါ်နေသည်။

ထိုပြသနာသည် ကျန်းချန်းရွမ်နှင့် ရှန်းရူယန်တို့နှင့် မပက်သက်ပါ။ နှင်းပန်းပွင့်စံသခင်နှင့် ပစ္စည်းလဲလှယ်ခဲ့ဖူးသည်နှင့် ထိုပြသနာထဲကြားဝင်စွက်ဖက်ရလောက်အောင် မမိုက်မဲပါ။

ကံကောင်းစွာဖြင့်၊ တိုက်ခိုက်နေသူများက သူတို့၏တည်ရှိမှုကို သတိမပြုမိပါချေ။

ထိုစုံတွဲသည် သူတို့၏အရောင်အဝါကို ဖုံးကွယ်လိုက်ပြီး သူတို့ကိုယ်မမြင်နိုင်အောင် လုပ်လိုက်ကာ တိုက်ပွဲနေရာကိုရှောင်ကွင်းသွားရန် စီစဉ်လိုက်သည်။

"ခီ..ခီ..ခီ..." ထို့နောက် ဆံဖြူအကြီးအကဲသည် နှင်းပန်းပွင့်စံသခင်ကို ဆန်းကြယ်မြစ်နှင့်အတူ တိုက်ခိုက်နေပြီး ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် ရယ်သံကြီးထွက်လာသည်။ သူ၏မျက်လုံးများ၌လည်း အနီရင့်ရောင်အလင်းများထွက်လာသည်။

"အဲ့ဒါဘာလဲ?" ရှောင်ကွင်းသွားရန်ပြင်ဆင်နေသည့် ကျန်းချန်းရွမ်နှင့် ရှန်းရူယန်က ထိုပြောင်းလဲမှုကြောင့် တုန်လှုပ်သွားကာ သူတို့၏သူငယ်အိမ်များက ကျယ်လာသည်။

နှင်းပန်းပွင့်စံသခင်၏မျက်နှာသည်လည်း စိုးရိမ်ဖွယ်ပြောင်းလဲသွားသည်။ "ဟန်တုန်းပင်း၊ ရှင်..."

အတိတ်နိမိတ်မကောင်းသောရယ်သံနှင့်၊ ဟန်တုန်းပင်းဟုခေါ်သော ဆံဖြူအကြီးအကဲက ရုတ်တရက်သူ့လက်ချောင်းတစ်ခုကိုကိုက်လိုက်သည်။ ပြီးနောက် ကိုးရိုးကားရားနိုင်သော သရဲလက်ပုံစံတစ်ခုက သူ၏နဖူးပေါ်တွင်ပေါ်လာကာ အနီရင့်ရောင်မြူများက လိုက်၍ လိမ့်တက်လာသည်။

နတ်ဆိုးလက်က နေရာလပ်တစ်ခုမှ ပေါ်လာကာ ရုတ်တရက် နှင်းပန်းပွင့်စံသခင်ကို တိုက်ခိုက်လိုက်သည်။

နတ်ဆိုးလက်က ကြမ်းကြုတ်ရက်စက်သော သားရဲပုံစံ ဟိန်းသံကို ထုတ်လွတ်နေကာ သူမ၏ ရေခဲအကာကို အစိပ်စိပ်ကွဲထွက်စေကာ သူမ၏ခုခံရေးဝိဉာဉ်အလင်းကိုလည်း ရိုက်လိုက်ကာ အလင်းမှိန်သွားစေသည်။

ဘန်း...

ခရက်ခ်...

တစ်ချိန်တည်းမှာပင်၊ ဆန်းကြယ်မြစ်သည်လည်း ကောက်ကျစ်သောအပြုံးကို ပြုံးလိုက်သည်။

တူညီစွာပင်၊ သူသည်လည်း လက်ချောင်းများကိုကိုက်လိုက်ပြီး တစ်ခုခုကိုရေရွတ်ကာ တူညီသည့် သရဲလက်ပုံစံက သူ၏နဖူးတွင်ပေါ်လာပေသည်။ အနီရင့်ရောင်မြူများကလည်း ပြန်လည်ပေါ်ထွက်လာပြီး အခြားနတ်ဆိုးလက်တစ်ဖက်သည် ပထမတစ်ခုနှင့် စွမ်းအားနှင့်လုပ်နိုင်စွမ်းတို့ အတူတူပင်ဖြစ်ကာ မြူများထဲမှ ထွက်ပေါ်လာခဲ့သည်။

ကြောက်စရာကောင်းသောဟိန်းသံဖြင့် ဒုတိယနတ်ဆိုးလက်သည် နှင်းပန်ပွင့်စံသခင်၏ မထိန်းထားနိုင်တော့သည့် အကာအကွယ်ဝိညာဉ်အလင်းကို ထပ်ကာ ရိုက်လိုက်သည်။

ထိုနေရာ၌ ကျယ်လောင်သည့်ဘန်းဟူသည့်မြည်သံမြည်သွားသည်။

နှင်းပန်းပွင့်စံသခင်၏ အကာအကွယ်ဝိညာဉ်အလင်းသည် ချက်ချင်းကျိုးပျက်သွားတော့သည်။

တစ်ချိန်တည်း၌ပင်၊ သူမ၏ခေါင်းပေါ်၌ နှင်းကြာပွင့်များနှင့်တူသော အပြာရောင်ရေခဲပန်းက ရုတ်တရက်ပေါ်ထွက်လာ၏။

ထိုအပြာရောင်ရေခဲပန်းပေါ်တွင် ရေခဲပြာရောင်အလင်းက စီးဆင်းနေသည်။

နတ်ဆိုးလက်က ထိုရေခဲပြာရောင်အလင်းနှင့်တိုက်မိကာ အပြာရောင်အလင်းက ချက်ချင်း မှေးမှိန်သွားသည်။

ခီ..ခီ..ခီ..ခီ။

တစ်ချိန်တည်းမှာပင်၊ နှင်းပန်းပွင့်စံသခင်၏ခေါင်းပေါ်မှ အပြာရောင်ရေခဲပန်း၏မျက်နှာပြင်သည် ယိုယွင်းပျက်စီးသွားကာ အဆိပ်အတောက်ဖြစ်သွားပုံပေါ်သည်။

ထိုအပြစ်အနာဆာမရှိသည့် အပြာရောင်မျက်နှာပြင်က တကယ်ပင် အနီရင့်ရောင်များဖြင့် စွန်းထင်းသွားခဲ့သည်။

"ဘယ်လို?"

နှင်းပန်းပွင့်စံသခင်၏ အမူအရာက တစ်ကြိမ်ထပ်ပြောင်းသွားသည်။

ကျန်းချန်းရွမ်နှင့် ရှန်းရူယန်သည်ပင် မနေနိုင်တော့ဘဲ မျက်လုံးများကိုမှေးလိုက်ကြသည်။

ရှန်းရူယန်ကရုတ်တရက် တစ်ခုခုကိုပြန်မှတ်မိလိုက်ပြီး သူမ၏အမူအရာက အေးစက်သွားသည်။

"ဒါက သရဲလက်နတ်ဆိုးဂိုဏ်းပဲ"

"သရဲလက်နတ်ဆိုးဂိုဏ်းလား?"

ကျန်းချန်းရွမ်က ချက်ချင်း ရှုပ်ထွေးသွားကာလှည့်ကြည့်လိုက်သည်။

ရှန်းရူယန်က ခေါင်းညိတ်သည်၊ "ဒါက ကျွန်မတို့ခေတ်က နတ်ဆိုးဂိုဏ်းပဲ၊ လက်ချောင်းတွေကို ဖြတ်တဲ့နည်းလမ်းနဲ့သိကြတယ်။ ဒါပေမဲ့လည်း သူတို့က ကျွန်မတို့ခေတ်ကတည်းက မှန်ကန်တဲ့ကျင့်ကြံသူတွေကနေ အမြစ်ဖြတ်သုတ်သင်ပြီးပြီ။ သူတို့က အခုဘယ်လိုလုပ် ပြန်ပေါ်လာတာလဲ?"

ဘွန်း..

သူကမပြီးစီးသေးမီ၊ နှင်းပန်းပွင့်စံသခင်သည် နတ်ဆိုးလက်ကြောင့် မိုင်တစ်ရာခန့်ထိလွင့်သွားကာ သွေးများက ကောင်းကင်ပေါ်မှကျလာသည်။

"ခီ...ခီ..ခီ.." ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်သည် အတိတ်နိမိတ်မကောင်းသည့်ရယ်သံဖြင့် ထပ်ရယ်လိုက်ကာ လက်ချောင်းများကို ထပ်ကိုက်လိုက်ကြသည်။ သူတို့က နှင်းပန်းပွင့်စံသခင်၏ သွေးများလွင့်စင်နေသည့်နေရာကို သွားလိုက်ကြသည်။

ကျီ...

ချက်ချင်းပင် နှင်းပန်းပွင့်စံသခင်၏ သွေးများသည် သူတို့၏ရှေ့တွင် စုစည်းသွားပြီး သူတို့နှစ်ဦးက သံပြိုင်ရွတ်ဆိုလိုက်ကြသည်။

ခနအကြာတွင် နှင်းပန်းပွင့်စံသခင်၏မျက်နှာက ဖျော့တော့သွားသည်။

ချက်ချင်းပင် သူမသည် ပါးစပ်အပြည့်သွေးများကို အန်ထုတ်လိုက်ပြန်သည်။

ထိုအချိန်တွင် သူမ၏အရောင်အဝါက ရုတ်ခြည်း ကြီးမားသောအရှိန်ဖြင့် ကျဆင်းနေသည်။

"မကောင်းတော့ဘူး။ ဒါ ကျိန်စာတိုက်တဲ့နည်းလမ်းပဲ"

ကျန်းချန်းရွမ်၏မျက်နှာက ထိုအရာကိုမြင်လိုက်ရာ ပြောင်းလဲသွားသည်။

ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့က အနီရင့်ရောင်မြူများထဲမှ လက်နှစ်ဖက်ကို ဆင့်ခေါ်ကာ နှင်းပန်းပွင့်စံသခင်အားတိုက်ခိုက်ရန် ပြုလုပ်လိုက်ရာ ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့က သူတို့ကြည့်နေရုံနှင့်မဖြစ်တော့ကြောင်း သတိပြုမိသွားသည်။

အကယ်၍ ကိုယ်ရေးကိုယ်တာ မလိုမုန်းထားမှုများကြောင့်ဆိုလျှင် သူတို့က ကြားဝင်စွက်ဖက်မည် မဟုတ်ပါ။

သို့သော် ၎င်းသည် နတ်ဆိုးအခြေတည်ဝိဉာဉ်ကျင့်ကြံသူနှစ်ဦးက သူတို့၏ရောင်းရင်းကျင့်ကြံသူကို ထိခိုက်အောင်လုပ်နေခြင်းဖြစ်ပေသည်။

အကောင်းဆုံးဖြစ်ရန် မဟုတ်ဘဲ မသေမျိုးတို့၏တာဝန်ဝတ္တရား၏အပြင်ဖက်မှဖြစ်လျှင်ပင် သူတို့က ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့ နှင်းပန်းပွင့် စံသခင်အား သတ်ဖြတ်ရန် လွှတ်မထားနိုင်ပါ။

ထို့အပြင် ကျန်းချန်းရွမ်နှင့် ရှန်းရူယန်တို့ မပြောခဲ့သော အရေးကြီးသည့်အရာရှိသေးသည်။ သူတို့သည် ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့အားမြင်စဉ်ကပင် သူတို့၏ပင်ကိုအသိစိတ်မှ တစ်ခုခုကို လွတ်နေသည်ဟု အာရုံခံမိသည်။

ထို့ကြောင့် တုံ့ဆိုင်းမနေတော့ပဲ ထိုစုံတွဲသည် တိုက်ပွဲထဲသို့ ပျံဝင်သွားကြတော့သည်။

ကလန်...

ခွပ်..

ကျန်းချန်းရွမ်နှင့် ရှန်းရူယန်တို့ပေါ်လာသည်နှင့် နောက်မဆုတ်ပါ။

ကျန်းချန်းရွမ်က သူ၏အဆင့်(၅)စစ်မှန်ရတနာ၊ ရွှေဗလာဓားကို ဆွဲထုတ်လိုက်သည်။

ရှန်းရူယန်ကလည်း သူမ၏ မူလစစ်မှန်ရတနာ၊ မိုးကြိုးဆင်းတံဆိပ်တော်ကို ဆင့်ခေါ်လိုက်သည်။

ဓားအလင်းနှင့် မိုးကြိုးတို့က ရောယှက်လိုက်ကာ ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့အား သတိလက်လွတ်ဖြစ်စေတော့သည်။

သူတို့သည် အနီး၌ အခြေတည်ဝိဉာဉ်စံသခင်နှစ်ဦး ပုန်းကွယ်ကာရှိနေမှန်းကို မသိခဲ့ပေ။

သို့သော်လည်း၊ မကြာမီပင်၊ ဟန်တုန်းပင်းနှင့်ဆန်းကြယ်မြစ်တို့သည် သူတို့ကို မှတ်မိသွားပုံပေါ်သည်။

သူတို့၏မျက်လုံး၌ ထိတ်လန့်မှုကိုတွေ့လိုက်ရကာသူတို့၏ ရက်စက်ကြမ်းကြုတ်သည့်ပုံစံများသည် မတတ်နိုင်ဘဲ ပေါ်လာကြတော့သည်။

"မင်းတို့ပဲ"

ဘွန်း...

သူတို့၏စကားလုံးများကျရောက်လာသည်နှင့်တပြိုင်နက် ကျန်းချန်းရွမ်နှင့်ရှန်းရူယန်တို့၏ တိုက်ခိုက်မှုက သူတို့၏ခေါင်းပေါ်ကျရောက်လာကာ သူတို့၏ရတနာများဖြင့် ခုခံရန် တွန်းအားပေးခဲ့တော့သည်။

ဘန်း...

ခွပ်....

သို့သော် သူတို့၏ ရတနာများသည် ရွှေဗလာဓားနှင့် မိုးကြိုဆင်းတံဆိပ်တော်တို့နှင့် မယှဉ်နိုင်ပေ။

ချက်ချင်းပင် ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တာအိုပညာရှင်တို့၏ ရတနာများက ကျန်းချန်းရွမ်နှင့် ရှန်းရူယန်တို့၏ အားကောင်းသောတိုက်ခိုက်မှုအောက်တွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရတော့သည်။

***

All Chapters