← Chapters

သက်တန့်ကျောက်စိမ်းပြားနှင့် နတ်ဆိုးလမ်းစဉ်သို့ကျရောက်ခြင်း၏ မူလအစ

Vol. 25 Ch. 485

သက်တန့်ကျောက်စိမ်းပြားနှင့် နတ်ဆိုးလမ်းစဉ်သို့ကျရောက်ခြင်း၏ မူလအစ

Vol. 25 Ch. 485

“သေစမ်း။”

ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့၏ မျက်နှာများသည် အလွန်တင်းမာနေသည်။

အနီရင့်ရောင်အလင်းသည် သူတို့၏မျက်လုံးများ၌ ပိုမို၍ နက်ရှိုင်းလာပြီး သူတို့၏ ဒေါသများသည် ရောင်ပြန်ဟပ်နေကြသည်။

ခွပ်..ခွပ်..

ကွဲအက်သွားသည့်အသံနှင့်၊ နှစ်ဦးသားသည် မဲ့ရွဲ့ကာ သူတို့၏လက်များမှ လက်ချောင်းများကို ကိုက်လိုက်ကြသည်။

မန္တာန်များကို ရွတ်ဆိုလိုက်ပြီးနောက် သူတို့သည် လက်ချောင်းများကိုဆက်သလိုက်ပြီး အမြန်ပင်ကြောက်မက်ဖွယ်ကောင်းသည့် အနီရင့်ရောင်မြူများအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုသွေးချင်းချင်းနီနေသည့်မြူများထဲတွင် နတ်ဆိုးလက်နှစ်ဖက်သည် တစ်ခုကအနီဖြစ်ကာ တစ်ခုက အစိမ်းရောင်ဖြစ်ပြီး သရဲလက်သည်းပုံစံများဖြင့် ရုတ်တရက် ထွက်ပေါ်လာသည်။

တစ်ချိန်တည်း၌ ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့သည် သူတို့၏ခေါင်းပေါ်တွင် စစ်မှန်ရတနာနှစ်ခု ထွက်ပေါ်စေလိုက်သည်။ ရွှေဓားမောက်ရှည်နှင့် အစိမ်းရင့်ရောင်ဓားပျံတို့ဖြစ်ကာ ၎င်းတို့သည် ကျန်းချန်းရွမ်နှင့်ရှန်ရူယန်တို့ဆီသို့ ဦးတည်နေကြသည်။

“ဂရုစိုက်ကြ။” နှင်းပန်းပွင့်စံသခင်သည်အဝေးမှ အော်လိုက်သည်။

အမှန်မှာ သူမသည် သူမ၏အန္တရာယ်အရှိဆုံးအခြေအနေတွင် ကူညီသူရှိလိမ့်မည်ဟုမမျှော်လင့်ထားပါ။

တစ်ချိန်တည်း၌ပင်။

ကျန်းချန်းရွမ်က ရောက်လာခဲ့သည်။

ပတ်ဝန်းကျင်တွင် အပူချိန်က ပျံဝဲတက်နေကာ ပြင်းထန်သော မီးအလင်းရောင်က ကောင်းကင်တစ်ခုလုံးကို အနီရောင်ခြယ်လိုက်သည်။

ပြီးနောက် လူတိုင်းက မီးတောက်များဖြင့် တောက်လောင်နေကာ ရုပ်လုံးပေါ်နေသည့် မီးနဂါးသည် ထိုဓားမောက်ရှည်နှင့် ဓားပျံ၊ အနီနှင့် အစိမ်းရောင် နတ်ဆိုးလက်များသို့ ဦးတည်သွားနေကြောင်း တွေ့ရှိခဲ့ရသည်။

ဟန်တုန်းပင်းနှင့် ဆန်းကျယ်မြစ်သည် အကြည့်နှင့်လှောင်လိုက်သည်။

သူတို့အမြင်၌၊ ကျန်းချန်ရွမ်သည် အဆင့် (၅) မန္တာန်ကို သုံးလိုက်ကာ သူတို့အား ကျရှုံးစေမည်မှာ အလွန်သာမန်ဖြစ်နေသည်။

သို့သော် သူတို့ထိုအတွေးကိုတွေးနေသည့်အချိန်တွင်ပင် ကျန်းချန်းရွမ်ကလက်ကိုမြောက်လိုက်ကာ အခြားမန္တာန်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

“ဟိန်းသံ၊ ဟိန်းသံ၊ ဟိန်းသံ။”

နဂါးဟိန်းသံ သုံးခုက ထပ်ထွက်လာပြီး ကောင်းကင်ပေါ်၌ ပဲ့တင်ထပ်နေကာ မီးနဂါးသုံးကောင် ထပ်ရောက်လာပြီး တစ်ကောင်ဆီ၌လည်း မီးတောက်များဖြင့် လွှမ်းခြုံထားပြီး အစစ်အမှန်နဂါးကဲ့သို့ ဖြစ်နေကာ သူတို့၏တိုက်ခိုက်မှုများဆီသို့ ဦးတည်သွားလိုက်သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်က နောက်သို့ပြန်ဆုတ်လိုက်ရသည်။

ကျန်းချန်းရွှမ်က အဆင့် (၅) မီးမန္တာန်အား မည်ကဲ့သို့ အမြန်ပုံဖော်နိုင်ရပါသနည်း? ၎င်းသည် တပြိုင်နက်နီးပါးပင် ဖြစ်သည်။ သူကအဆင့် (၅) မီးမန္တာန် ကျွမ်းကျင်အဆင့်ဖြစ်ပါသလား? သူတို့သည် ထိုသို့တွေးမိသည်နှင့် ရုတ်တရက် သူတို့၏အပေါ်မှ ကောင်းကင်ကမဲမှောင်လာသည်ကို တွေ့လိုက်ကြရသည်။

ပြီးနောက် ကွဲအက်သွားသည့်အသံနှင့် မိုးကြိုးသွားများသည် အပေါ်မှ ကျဆင်းလာကာ သူတို့၏ လုပ်နိုင်စွမ်းက ကျန်းချန်ရွမ်၏ မီးနဂါးလေးကောင်ထပ်ပိုမို၍သာလွန်ပေသည်။

“ဒါက အဆင့် (၅) မိုးကြိုးဓာတ်စစ်မှန်ရတနာပဲ။” ထိုသတိပြုမိခြင်းသည် ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့အား ဆွံ့အသွားစေသည်။

မိုးကြိုးဓာတ်မန္တာန်များသည် ၎င်းတို့ကဲ့သို့ နတ်ဆိုးကျင့်ကြံသူများအတွက် ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိသာပါသည်။ အထူးသဖြင့် အဆင့် (၅) မိုးကြိုးဓာတ်စစ်မှန်ရတနာပင်ဖြစ်သည်။

ကျန်းချန်ရွှမ်၏ မီးနဂါး (၄) ကောင်လည်း ရှိနေသေးသည်ကို ပြောဖို့ရန်ပင်မလိုပါ။

ဂျုန်း..

ကျယ်လောင်သော မိုးချိန်းသံနှင့်အတူ၊ ဟန်တုန်းပင်းနှင့် ဆန်းကျယ်မြစ်တို့ အလွန်ဂုဏ်ယူရသော အနီနှင့် အစိမ်းရောင် လက်များက ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့ ၏ တိုက်ခိုက်မှုနှင့် အတူ ဖျက်စီးခြင်းခံလိုက်ရသည်။

ခွပ်..ခွပ်..ခွပ်။

ထို့နောက် မိုးကြိုးက ရှန်းရူယန်၏လက်ထဲ၌ ပေါ်လာခဲ့သည်။

ဝှစ်..ဝှစ်..

မိုးကြိုးလှံတံက ကောင်းကင်ကိုဖြတ်သန်းသွားကာ စစ်မှန်ရတနာနှစ်ခုအားထိုးခွဲလိုက်သည်။

ကြီးမားသောမှိုပွင့်သဏ္ဍန်တိမ်တိုက်များဖြင့် အဆုံးမရှိသည့် မိုးကြိုးများတလက်လက်ဖြစ်သွားကာ လေထဲတွင်ပေါက်ကွဲသွားပြီး ဟန်တုန်းပင်းနှင့် ဆန်းကျယ်မြစ်တို့ပူးပေါင်းဆင့်ခေါ်ထားသော စစ်မှန်ရတနာများကို နောက်သို့ပြန်လှည့်သွားအောင်လုပ်လိုက်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?”

နှစ်ဦးသားက ထိတ်လန့်သွားခဲ့၏။

သို့သော် သူတို့မတုံ့ပြန်နိုင်မီတွင် မီးဖို၏အဖုံး ပွင့်သွားသံက သူတို့နားထဲဝင်လာခဲ့သည်။

ကလန်ဟူသော အသံမြည်သွားသည်။

အဆုံးမရှိသော ရွှေရောင်မီးတောက်များ ဒီရေလှိုင်းများကဲ့သို့ သူတို့ကိုဦးတည်ကာ လိမ့်တက်လာခဲ့သည်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများသည် ကြောက်ရွံစွာ ပြူးကျယ်သွားရတော့သည်။

“ဒါက စစ်မှန်နေမီးတောက်ပဲ”

ဆန်းကျယ်မြစ်သည် မတတ်နိုင်ဘဲ ပြောလိုက်သည်။

ထိုကဲ့သို့ မီးတောက်မျိုးသည် လွန်ကဲသော ယန်စွမ်းအင်မှဆင်းသက်လာပြီး သူတို့အဆင့်ဖြစ်သော နတ်ဆိုးကျင့်ကြံသူများအား သေစေနိုင်သည်။

နှစ်ဦးသားသည် အချိန်ဆွဲမနေရဲတော့ပေ။

ခွပ်..ခွပ်..ခွပ်..

ကျန်ရှိနေသောလက်ချောင်များကို ကိုက်လိုက်ကြပြီးနောက် အလွန်သိပ်သည်းသည့် အနီရင့်ရောင် မြူများအဖြစ် သူတို့ကိုယ်ကို ပြောင်းလဲလိုက်ကြလေတော့သည်။

၎င်းတို့၏ ရောင်ဝါသည် ရုတ်တရက် ပျံဝဲတက်သွားသည်ကို မည်သူမဆိုခံစားလိုက်မိကြသည်။

သို့သော်လည်း သူတို့သည် ကျန်းချန်းရွှမ်နှင့် အခြားသူများကို မတိုက်ခိုက်တော့ပေ။

ထို့အစား သူတို့က အလင်းစီးကြောင်းနှစ်ခုအဖြစ်ပြောင်းလဲကာ အဝေးသို့ပျံသန်းသွားတော့သည်။

“ဟွန့်၊ အခုအရမ်းနောက်ကျသွားပြီ။” ကျန်းချန်းရွမ်၏ အနောက်တွင် ကြီးမားသည့် ဂဠုန်ငှက်၏အရိပ်သည် ဝင်းလဲ့တောက်ပကာ ပေါ်ထွက်လာသည်။

ဟန်တုန်းပင်းနှင့် ဆန်းကျယ်မြစ်တို့ မတုံ့ပြန်နိုင်မီကျန်းချန်းရွမ်၏ ပုံရိပ်က သူတို့လွတ်မြောက်မည့်လမ်းကို တားဆီးထားလိုက်လေသည်။

“ဘယ်လို?”

နှစ်ဦးသားကို တုံ့ပြန်ရန်အခွင့်အရေးမပေးတော့ပဲ ကျန်းချန်းရွှမ်း၏လက်ထဲရှိ ထာဝရလောင်မြိုက်မီးဖိုက ရုတ်တရက် ကြီးမားလာကာ ချက်ချင်းကြီးမားသည့်အရိပ်အဖြစ် ပြောင်းလဲသွားပြီး သူတို့နှစ်ဦးကို ဝါးမြိုလိုက်သည်။

၎င်းနှင့်အတူပါဝင်သည်မှာ များပြားသော ပမာဏနှင့် စစ်မှန်နေမီးတောက်ပင်ဖြစ်သည်။

ရှန်းရူယန်၏ လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားက မိုးကြိုးအဖြစ် ပြောင်းလဲသွားကာ သူတို့နှစ်ဦးတည့်တည့်သို့ သွားလိုက်သည်။

ဂျုန်း...

ဘွန်း...မီးနှင့် မိုးကြိုးတို့သည် ရောယှက်သွားလေသည်။

ဟန်တုန်းပင်းသာမက ဆန်းကြယ်မြစ်သည်လည်းရက်စက်ကြမ်းတမ်သောတိုက်ခိုက်မှုကို မခံနိုင်ကြပေ။ သူတို့၏ ယခင်က ဂုဏ်ယူခဲ့ရသော ခုခံရေးရတနာများက စာရွက်များကဲ့သို့ ကြေမွပျက်စီးသွားကာ မီးနှင့်မိုးကြိုး၏ အမြစ်ဖြတ်ချေမှုန်းခြင်းကိုခံလိုက်ရသည်။

ချက်ချင်းပင် ရှေ့ဆက်ပြီး အလွန်အားကောင်းကာ အလျော့မပေးသည့် ယန်စွမ်းအားနှစ်ခုကက တစ်ဆက်တည်း တိုက်ခိုက်ခဲ့ပြီး ချက်ချင်း သူတို့၏ခန္တာကိုယ်များအား အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီသွားစေခဲ့တော့သည်။

“အားးး..အား...”

ဝမ်းနည်းစရာကောင်းသည့်အော်သံနှစ်ခုကလေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ဝှစ်ဝှစ်....

ပြီးနောက်တွင် အနီရင့်ရောင်အလင်းနှစ်ခုသည် ကြေမွသွားသောခန္တာကိုယ်များမှ ထွက်လာသည်။

၎င်းတို့ ထွက်ပြေးလွတ်မြောက်သွားတော့မည့်အချိန်တွင်၊ ထိုအချိန်တွင်ပင်၊ လွန်ကဲသည့် အအေးရောင်ဝါက ရုတ်တရက် ကျဆင်းလာသည်။

မကြာမီ၊ ကြီးမားသည့် နှင်းပွင့်များက ကောင်းကင်ပေါ်မှ ကျဆင်းလာလေသည်။

***

All Chapters