သက်တန့်ကျောက်စိမ်းပြားနှင့် နတ်ဆိုးလမ်းစဉ်သို့ကျရောက်ခြင်း၏ မူလအစ (၂)
Vol. 25 Ch. 486
ခနအကြာတွင်ပင်၊ ထွက်ပြေးနေသည့် အခြေတည်ဝိဉာဉ်ကျင့်ကြံသူ ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့သည် လွန်စွာနှေးကွေးသွားပြီး နောက်ဆုံး၌ လေထဲတွင် ခဲတောင့်သွားတော့သည်။
နှင်ပန်းပွင့်စံသခင်က ထွက်ပေါ်လာခဲ့ကာ သူ၏အမူအရာက အေးစက်နေသည်။
သူမ၏လက်ထဲ၌ အသွင်ယူထားသည့် ရေခဲပြာရောင် ကြာပွတ်ရှိနေသည်။
လျှင်မြန်စွာတစ်ချက်လွှဲလိုက်ရာ ကြာပွတ်သည် အေးခဲနေသည့် အခြေတည်ဝိဉာဉ်နှစ်ခုကို ရိုက်လိုက်ပြီး ချက်ချင်းကြေမွသွားစေလိုက်သည်။
ကျန်းချန်းရွမ်နှင့် ရှန်းရူယန်တို့က ကြားဝင်ခြင်း (သို့) အသနားခံခြင်းတို့ကိုပင် လုပ်ချိန်မရှိလိုက်ပေ။
နှင်းပန်းပွင့်စံသခင်သည် အစောပိုင်းက နှစ်ဦးသား၏ ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံလိုက်ရ၍ ဒေါသစိတ်ဖြင့် သူတို့၏အခြေတည်စိတ်ဝိဉာဉ်များကို အေးခဲစေကာ ဖျက်စီးလိုက်လေသည်။
"ဟူး..."
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က စိတ်ထဲမှပင် သက်ပြင်းချလိုက်တော့သည်။
နှင်းပန်းပွင့်စံသခင်သည် သူတို့ဖက်သို့လှည့်လာကာ သူမ၏အမူအရာက အားနာနေသည့်ပုံစံမျိုး ဖြစ်နေသည်။
"ကျွန်မတောင်းပန်ပါတယ်။ ကျွန်မက ဒေါသတွေဖုံးလွှမ်းသွားပြီး ပြန်မထိန်းနိုင်လိုက်လို့ပါ။" သူမက ရှင်းပြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ဘာများပြောနိုင်တော့မည်နည်း?
သူက ပြုံးလိုက်ကာ ခေါင်းခါလိုက်ပြီး "တောင်းပန်စရာမလိုပါဘူး၊ နှင်းပန်းပွင့်စံသခင်။ ကျွန်တော်တို့က အစက သူတို့ကိုနောက်ခံကိုစစ်မေးပြီး အခြား ဖြစ်နိုင်ချေရှိတဲ့ကြံရာပါတွေများ ရှိဦးမလားဆိုတာ သိချင်တာပါ။ အခု ခင်ဗျားက သူတို့ကိုသတ်လိုက်တော့လည်း ထားလိုက်လို့ရပါတယ်။ ဘာမှမဖြစ်ပါဘူး။"
နှင်းပန်းပွင့်စံသခင်၌ အေးစက်သော အကျင့်စရိုက်ရှိသော်လည်း သူမသည် မိုက်မဲသူမဟုတ်ပဲ ကမ္ဘာကြီး၏ နည်းဥပဒေသများကို နားမလည်သောသူမဟုတ်ပါ။
သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ပြောစကားသည် သူမအား လေးစားသမှုနှင့်ပြောနေခြင်း ဖြစ်ကြောင်းသိပေသည်။
သူမ၏ မျက်နှာပေါ်မှ အားနာမှုသည် ပို၍ နက်ရှိုင်းလာသည်။
တစ်ချိန်တည်း၌ သူတို့နှစ်ဦးကို ပိုမို၍ ကျေးဇူးတင်မိသည်။
သူမက ထပ်ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင်တို့နှစ်ယောက်အကူအညီအပေါ် ကြီးမားတဲ့ အကြွေးတင်သွားပြီ။ ကျွန်မရဲ့အကူအညီကို လိုအပ်ခဲ့ရင်လည်း ပြောဖို့ တုံ့ဆိုင်းမနေပါနဲ့။"
ကျန်းချန်ရွှမ်သည် ယဉ်ကျေးစွာဖြင့် သူမ၏ကျေးဇူးတင်မှုကို အသိအမှတ်ပြုလိုက်ပြီး ဟန်တုန်းပင်းနှင့်ဆန်းကြယ်မြစ်တို့၏ အကြောင်းကို မေးလိုက်သည်။
နှင်းပန်းပွင့်စံသခင်သည် မဖြေမီတွင် တွေးဆလိုက်သည်။ "ဟန်တုန်းပင်းက ကန်နိုင်ငံက ဟန်မိသားစုရဲ့ အကြီးအကဲတစ်ဦးပါ။ ဆန်းကြယ်မြစ်ကတော့ ကျွန်မတို့ မြောက်ပိုင်းနယ်နိမိတ်က ထင်ရှားတဲ့ အခြေတည်ဝိဉာဉ်လေလွှင့်ကျင့်ကြံသူတစ်ဦးပါ။ သူတို့ရဲ့အကြောင်းကတော့ ကျွန်မ သေချာမသိပါဘူး။ ဒါပေမဲ့ ကျွန်မသိတာတစ်ခုက သူတို့နှစ်ယောက်လုံး မြောက်ပိုင်းနယ်နိမိတ်မှာ နတ်ဆိုးကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့အတွက် အခြားအခြေတည်ကျင့်ကြံသူအင်အားစုတွေနဲ့ ပူးပေါင်းဖူးကြတယ်။"
ထိုအချိန်တွင်၊ သူမ၏မျက်နှာ၌ ရှုပ်ထွေးနေသော အမူအရာပေါ်လာကာဆက်ပြောသည်။
"ကျွန်မလုံးဝမထင်ထားခဲ့တာက အဲ့နှစ်ယောက်ဟာ သူတို့လည်း တစ်ချိန်က ကျွန်မတို့ဖက်ကနေ နတ်ဆိုးကျင့်ကြံသူတွေကို တိုက်ခိုက်ခဲ့ပါလျက်နဲ့ သူတို့ကိုယ်တိုင် နတ်ဆိုးလမ်းစဉ်ထဲ ကျသွားလိုက်တယ်။ ဒါက တကယ်ပဲ..." နောက်ဆုံး၌ နှင်းပန်းပွင့်စံသခင်က မနေနိုင်ဘဲ ခေါင်းခါလိုက်တော့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က အကြည့်များကိုဖလှယ်လိုက်ကြသည်။
နှစ်ဦးသား၏ အစကတည်းကရှိနေသော သံသယများက ပို၍ ပြင်းထန်လာသည်။
ပြီးနောက် သူတို့သည် ဟန်တုန်းပင်းနှင့်ဆန်းကြယ်မြစ်တို့၏သိုလှောင်လက်စွပ်များကို စစ်ဆေးခဲ့ကြသည်။
လက်စွပ်ပေါ်မှ ဓမ္မစွမ်းအင်အတားအဆီးကိုဖယ်ပြီးနောက် သိုလှောင်လက်စွပ်ကို ဖွင့်လိုက်ကြသည်။
နှင်းပန်ပွင့်စံသခင်သည် တိတ်ဆိတ်စွာကြည့်နေကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပစ္စည်းများယူသည်ထပ် အရေးကြီးသော တစ်ခုကိုရှာနေကြောင်းသိသွားသည်။
သူမသည် ထိုစုံတွဲက သိုလှောင်လက်စွပ်ကိုဖွင့်ရန်ရွေးချယ်ခြင်းက အခြားအကြောင်းရင်းတစ်ခု ရှိလိမ့်မည် ဟုခံစားလိုက်ရသည်။
လက်စွပ်များကိုဖွင့်လိုက်သည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏အမူအရာသည် ထိုးထွင်းသိမြင်မှုနှင့် ပြောင်းလဲသွားသည်။ သူတို့၏လက်ထဲတွင် သက်တံ့ကျောက်စိမ်းပြားနှစ်ခုပါလာသည်။
"ဒါတွေလား?" နှင်းပန်းပွင့်စံသခင်က သူမ၏သိချင်စိတ်ကိုဖော်ပြလိုက်သည်။
သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က စိုးရိမ်နေကြသည်။
ကျန်းချန်းရွမ်က ကျောက်စိမ်းပြားတစ်ခုကို သူ၏နဖူးပေါ်တင်လိုက်သည်။
ချက်ချင်း သက်တံ့ကျောက်စိမ်းပြားသည် အနက်ရောင်ပြောင်းသွားကာ သိပ်သည်းသည့်နတ်ဆိုးချီစွမ်းအင်များကို ထုတ်လွတ်လာကာ သူ၏အသိစိတ်ပင်လယ်ကို လွှမ်းမိုးနိုင်ရန် ကြိုးစားနေခဲ့သည်။
ပခုံးတွန့်လိုက်ကာ ကျန်းချန်ရွှမ်သည် သူ၏ကျယ်ပြောခြင်းကောင်းကင်နတ်ဘုရားကျောက်စိမ်းကို အသိစိတ်ပင်လယ်ထဲတွင် အသက်သွင်းလိုက်သည်။
ချီ..ချီ..ချီ
နတ်ဆိုးချီသည် ကျန်းချန်းရွှမ်၏ ကျယ်ပြောခြင်းကောင်းကင်နတ်ဘုရားကျောက်စိမ်းကိုတွေ့သောအခါ ချက်ချင်း နေရောင်ထဲတွင် အရည်ပျော်သွားသောနှင်းကဲ့သို့ ဘာမှမရှိတော့လောက်အောင် အငွေ့ပျံသွားသည်။
အား... ဟိန်းသံ...
မချိတင်ကဲဝေသနာကိုခံစားရသကဲ့သို့ အော်သံကြီးသည် ကျောက်စိမ်းပြားမှ ပေါ်ထွက်လာသည်။
ကျန်းချန်းရွှမ်၏ အမူအရာက အေးစက်သွားသည်။
သူသည် လက်ထဲက စစ်မှန်နေမီးတောက်ကို ထုတ်လိုက်ကာ ကျောက်စိမ်းပြားထဲ ထည့်သွင်းလိုက်သည်။
စစ်မှန်နေမီးတောက်က ကျောက်စိမ်းပြားပေါ်ကျရောက်သွားသောအခါ ကတ္တရာစေးကဲ့သို့ အနက်ရောင်ပြောင်းသွားတော့သည်၊ ၎င်းသည် ဆီပူအိုးထဲသို့ ရေနွေးပူလောင်းချလိုက်သလိုပင်။
ကျောက်စိမ်းပြားတစ်ခုလုံးသည် ချက်ချင်း ကွဲအက်နေသောအသံများထွက်လာကာ ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။
တစ်ချိန်တည်းမှာပင် ထိုအထဲမှ ဟိန်းသံနှင့် အော်သံများသည် ပို၍ ပို၍ ပြင်းထန်လာသည်။
၎င်းသည် ကျန်းချန်းရွှမ်နှင့်အခြားနှစ်ယောက်ကို မသက်မသာဖြစ်အောင်လုပ်နေသည်။
ကံကောင်းစွာပင် ထိုအခြင်းအရာက သိပ်မကြာလိုက်ပါ။
အသက်ရှုသံတစ်ချို့အကြာတွင်ပင် ကျောက်စိမ်းပြားတစ်ခုလုံးသည် ကျန်းချန်ရွှမ်၏ စစ်မှန်နေမီးတောက်အောက် ပြာကျသွားရတော့သည်။
ထိုအရာကိုမြင်လျှင် နှင်းပန်းပွင့်စံသခင်သည် ထိတ်လန့်သွားလေတော့သည်။
သူမက ကျန်းချန်ရွှမ်အားကြည့်လိုက်ကာ နောက်ဆုံး၌ မနေနိုင်ဘဲ မေးလိုက်တော့သည်။
"တာအိုရောင်းရင်းကျန်း အဲ့တာကဘာလဲ..?"
"ဟမ်?"
သူမပြောစကားမဆုံးသေးမီပင်၊ ရှန်းရူယန်၏လက်ထဲမှ သက်တန့်ကျောက်စိမ်းပြားသည် ပြင်းထန်စွာတုန်ခါလာပြီး သူမ၏ထိန်းချုပ်မှုမှ လွတ်မြောက်တော့မလိုဖြစ်နေသည်။
ရှန်းရူယန်က နှာခေါင်းရှုံလိုက်သည်။
ခနအကြာတွင်အဆုံးမရှိလျှပ်စီးကြောင်းများ သူမ၏လက်ဖဝါးပေါ်တွင် ကနေကြသည်။
ခွပ်..
ခနအကြာတွင် သက်တန့်ကျောက်စိမ်းပြားမှ အော်သံများထွက်ပေါ်လာခဲ့သည်။
ပြီးနောက် ဘန်းဟူသောမြည်သံနှင့် ကျောက်စိမ်းပြားတစ်ခုလုံးသည် အမဲရောင်အမှုန်များအဖြစ် ကူးပြောင်းသွားပြီး ပပျောက်သွားတော့သည်။
၎င်းတို့ သုံးဦးသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ ရှန်းရူယန်က "အကယ်၍ ကျွန်မထင်တာမမှားရင် ဟန်တုန်းပင်းနဲ့ ဆန်းကြယ်မြစ်တို့ နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားရတဲ့အကြောင်းက ဖြစ်နိုင်တာ သူတို့လက်စွပ်ထဲက ကျောက်စိမ်းပြားကြောင့်ပဲ ဖြစ်ရမယ်။ သူတို့ရဲ့စိတ်တွေက ကျောက်စိမ်းပြားထဲက နတ်ဆိုးရည်ရွယ်ချက်ကနေ လုံးဝလွှမ်းမိုးခံလိုက်ရတာဖြစ်မယ်"
သူမ၏အသံကတည်ငြိမ်လာပြီး ဆက်ပြောလိုက်သည်။ "အဓိက စိုးရိမ်ရမဲ့အချက်က ကျွန်မတို့က သူတို့ကိုယ်တိုင်မဖော်ပြတဲ့အချိန်ထိ သူတို့ရဲ့နတ်ဆိုးသဘာဝကို သတိမပြုမိတာပဲ။ စံသခင် ရွမ်းယန်တောင် သတိပြုမိပုံမပေါ်ဘူး။"
ထိုသို့ကြားပြီးနောက် ကျန်းချန်းရွှမ်နှင့် နှင်းပန်းပွင့်စံသခင်တို့က ပြသနာ၏ စိုးရိမ်ရသောအခြေအနေကို သတိပြုမိသွားသည်။
နှင်းပန်းပွင့်စံသခင်က ရုတ်တရက် တစ်ခုခုကိုစဉ်းစားမိကာ သူမ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။
"ဖြစ်နိုင်တာ စံသခင်ကျိုလီနဲ့ စံသခင်ရှန်းလုံတို့ကလည်း ဒီအရာကြောင့် နတ်ဆိုးလမ်းစဉ်ထဲ ရောက်သွားတာလား?
"ဟမ်၊ စံသခင်ကျိုလီနဲ့ စံသခင်ရှန်းလုံ?
နှင်းပန်းပွင့်စံသခင်၏စကားကိုကြားလျှင် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့သည် မနေနိုင်ဘဲ စိတ်ရှုပ်စွာကြည့်နေမိသည်။
သိသာစွာပင်၊ ထိုစုံတွဲက သူမပြောသောသူများအားမသိပါ။
ပြိးနောက် နှင်းပန်းပွင့်စံသခင်က သူပြောသည့် နှစ်ဦးသည်လည်း အကြောင်းတစ်ခုခုကြောင့် ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့ကဲ့သို့ နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်သွားရသည်ဟုဆိုသည်။
ကြည့်ရသည်မှာ သူတို့သည်လည်း ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့ကဲ့သို့ပင် ခံစားခဲ့ရပုံ ပေါ်သည်။
သို့သော်လည်း သူတို့သည် မြောက်ပိုင်းနယ်နိမိတ်မှ အခြေတည်ဝိဉာဉ်ကျင့်ကြံသူ မည်မျှပင် ဤကဲ့သို့ ခံစားနေရပြီဖြစ်ကြောင်း မသိပေ။
အကယ်၍ အရေအတွက်က များပြားလျှင်...
ကျန်းချန်းရွှမ်၊ ရှန်းရူယန်နှင့် နှင်းပန်းပွင့်စံသခင်တို့သည် အကျိုးဆက်ကို မခန့်မှန်းနိုင်တော့ပါ။
သူတို့သုံးဦးစလုံးသည် ပြသနာ၏စိုးရိမ်ရသောအခြေအနေကို ရှင်းလင်းစွာ သတိပြုမိကြသည်။
ချက်ချင်းပင် နှင်းပန်းပွင့်စံသခင်သည် သူတို့နှစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။ "တာအိုရောင်းရင်းတို့၊ ဒီပြသနာက အရမ်းအရေးကြီးတယ်။ ကျွန်မအကြံပေးချင်တာ ရှင်တို့နှစ်ယောက်လည်း ကျွန်မနဲ့ ဓားဖုံးနန်းတော်ကို ပြန်လိုက်ခဲ့ပြီး စံသခင်ရွှမ်းယန်ကို ဒီအကြောင်းကို တင်ပြကြဖို့ပါ။ သူရဲ့ ဗဟုသုတနဲ့ အတွေ့အကြုံတွေအရဆို သူက ဘာဖြစ်နေလဲသိမှာပဲ အကယ်၍ သူမသိရင်တောင် သူက ကောင်းကင်သခင်တွေနဲ့ ရင်းနှီးတော့ တစ်ခုခုတော့ရှာတွေ့နိုင်မှာပဲ။ နှစ်ဦးသားဘယ်လိုထင်ကြလဲ?"
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က နှင်းပန်းပွင့်စံသခင်၏အကြုံပြုချက်အား မငြင်းဆန်ကြပါ။
ထိုသို့ဖြင့် သုံးဦးသည် တိုက်ပွဲနေရာကိုရှင်းလင်းကာ ဓားဖုံးနန်းတော်သို့ ပြန်သွားခဲ့ကြသည်။
***