← Chapters

နတ်ဆိုးကပ်ဘေး၏နိမိတ်လက္ခဏာ၊ နတ်ဆိုးအဆိပ်အတောက်ပြန့်ပွားခြင်း၊ ကျီယန်နေနန်းတော်၊ နိုဗာရေပြင်မှ တိုက်ပွဲ

Vol. 25 Ch. 487

နတ်ဆိုးကပ်ဘေး၏နိမိတ်လက္ခဏာ၊ နတ်ဆိုးအဆိပ်အတောက်ပြန့်ပွားခြင်း၊ ကျီယန်နေနန်းတော်၊ နိုဗာရေပြင်မှ တိုက်ပွဲ

Vol. 25 Ch. 487

ဓားဖုံးနန်းတော်တွင် စံသခင်ရွှမ်းယန်၊ တိရှင်းကျဲ့(ကမ္ဘာမြေလမ်းလျှောက်သူ) နှင့် ယန်ဝူရွှမ်းတို့သည် ကျန်းချန်းရွှမ်နှင့် အခြားသူများပြန်ရောက်လာမည်ကို မမျှော်လင့်ထားကြပေ။ သို့သော် သူတို့သုံးဦး၏ အဖြစ်အပျက်များကို ကြားပြီးနောက် သူတို့၏အမူအရာများ ပြောင်းလဲကုန်ကြသည်။

အထူးသဖြင့် စံသခင်ရွှမ်းယန်ဖြစ်သည်။ သူ၏မျက်နှာသည် နားထောင်နေစဉ်တွင် အလွန်တည်ငြိမ်နေခဲ့သည်။

ကျန်းချန်းရွှမ်၊ ရှန်းရူယန်နှင့် နှင်းပန်းပွင့်စံသခင်တို့သည် အဓိကအချက်ကို သတိပြုမိကြပြီး သူတို့၏ အာရုံကို စံသခင်ရွှမ်းယန်ဆီသို့ ထားလိုက်ကြသည်။

နှင်းပန်းပွင့်စံသခင်က မေးမြန်းလိုက်သည်။ "စံသခင်ရွှမ်းယန်၊ ဒီကိစ္စကို နားလည်သဘောပေါက်ထားတာများ ရှိလား?"

တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့သည်လည်း သူတို့၏အကြည့်များကို စံသခင်ရွှမ်းယန်ဆီသို့ ထားလိုက်ကြကာ သူ၏တုံ့ပြန်မှုကိုစောင့်နေကြသည်။

စံသခင်ရွှမ်းယန်က အချိန်အနည်းငယ်ခန့် တိတ်ဆိတ်နေကာ မဲမှောင်နေသည့် အမူအရာနှင့် ပြောလိုက်သည်။ " ဒါက နတ်ဆိုးကပ်ဘေးရဲ့ နိမိတ်လက္ခဏာပဲ"

"နတ်ဆိုးကပ်ဘေးရဲ့ နိမိတ်လက္ခဏာလား?"

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားကြသည်။ နှင်းပန်းပွင့်စံသခင်၊ တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့က ၎င်းနှင့်ပက်သက်၍ အချက်အလက်များကို သိပ်မသိကြပါ။

ပြီးနောက် သူတို့သည် ငယ်ရွယ်ကြသောကြောင့် သူတို့ထဲ၌ နှစ်ပေါင်း (၉၀၀) ကျော် အသက်ရှင်ခဲ့ဖူးသောသူ မရှိသဖြင့် နှစ်ပေါင်း (၁၂၀၀) ကျော်တွင် တစ်ခါဖြစ်တတ်သော နတ်ဆိုးကပ်ဘေးကို ကိုယ်တိုင်ကြုံတွေ့ဖူးခြင်းမရှိကြပေ။

စံသခင်ရွှမ်းယန်သာလျှင် မဟာကျင့်ကြံသူတစ်ဦးအနေဖြင့် နတ်ဆိုးကပ်ဘေးဟုခေါ်သောအရာ၏ သဘောသဘာဝကို အပြည့်အဝနားလည်ပေသည်။ သူကခေါင်းညိတ်လိုက်ကာ သူတို့၏ကြောက်ရွံမှုကို အတည်ပြုပေးလိုက်သည်။

"ဟုတ်တယ် ဒါက တကယ်ပဲ နတ်ဆိုးကပ်ဘေးရဲ့ မကောင်းတဲ့နိမိတ်တစ်ခုပဲ။"

ခေတ္တမျှရပ်လိုက်ပြီးနောက် စံသခင်ရွှမ်းယန်သည် ဆက်ပြောလိုက်သည်။ "အခု မင်းတို့ကို အမှန်တရားတစ်ချို့ကိုပြောပြဖို့ အချိန်ကျပြီ။"

ထိုစကားကိုကြားလျှင် နှင်းပန်းပွင့်စံသခင်၊ မြေလမ်းလျှောက်သူ၊ ယန်ဝူရွှမ်းနှင့် ကျန်းချန်းရွှမ်တို့သည် စိတ်ဖိစီးသွားကြကာ သူတို့မသိသေးသည့် ယခင်က လျှို့ဝှက်ချက်အချို့ကို သိရတော့မည်ဖြစ်ကြောင်း သတိပြုမိသွားသည်။

ရှင်းရူယန်သည်ပင် တစ်ချိန်ကကမ္ဘာပေါ်တွင် ထိပ်တန်းထင်ရှားသည့်သူဖြစ်ခဲ့သော်လည်း အာရုံစိုက်နေကာ စံသခင်ရွှမ်းယန်ပြောမည့်စကားကို သေချာနားထောင်ရန် ပြင်ဆင်လိုက်သည်။

များစွာသော လျို့ဝှက်ချက်များကိုသိထားသည်မှလွှဲ၍ အရာအားလုံးသည် သူမ၏ခေတ်နှင့် မတူညီပဲပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်းကို နားလည်ပါသည်။

နောက်ဆုံး၌ ထိုအချိန်တွင် အချိန်များစွာကြာသွားခဲ့ပြီးဖြစ်သည်။ ထိုကြာမြင့်သွားသောအချိန်များစွာ အတွင်း၌ သူမ,မသိခဲ့ရသော ပြောင်းလဲမှုများစွာလဲရှိပါသည်။

စံသခင်ရွှမ်းယန်က ဆက်ပြောသည်။

"နတ်ဆိုးကပ်ဘေး (သို့) နတ်ဆိုးဘေးအန္တရာယ်နဲ့ပက်သက်ပြီး ပြောရရင် မင်းတို့ အားလုံးကြားဖူးကြမယ်လို့ ထင်တယ်။ ကြာခုနှစ်ပွင့်နတ်ဆိုးဂိုဏ်း၊ အနက်ရောင်ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကြက်သွေးရောင်သခင်တို့က ငါတို့ကမ္ဘာမှာရင်ဆိုင်နေရတဲ့ နတ်ဆိုးကပ်ဘေးတွေပဲ။

ဒီကပ်ဘေးတွေဟာ နှစ်ပေါင်း (၁၂၀၀) ရောက်တိုင်းတစ်ခါဖြစ်ပေါ်လာတတ်တယ်။ ဒါပေမဲ့ ကြာခုနစ်ပွင့်နတ်ဆိုးဂိုဏ်း ထွက်ပေါ်လာတိုင်း ကြားပိုင်းကာလက နှစ် (၁၀၀၀) ထိ အချိန်တိုသွားတတ်တယ်။ ပြီးတော့ ကောင်းကင်သခင်တွေရဲ့ ခန့်မှန်းချက်အရ ဒီကာလက ခန့်မှန်းထားတာထပ် အချိန်ပိုတိုနေတယ်"

သူ၏စကားများကြောင့် နှင်းပန်းပွင့်စံသခင်၊ မြေလမ်းလျှောက်သူနှင့် ယန်ဝူရွှမ်းတို့က အလွန်ထိတ်လန့်သွားသည်။ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့ပင် မလွယ်ကူသည်ကို ခံစားမိလိုက်ကြကာ နတ်ဆိုးကပ်ဘေးများ၏ကြားကာလ တိုတောင်းလာသည့် ဆိုလိုရင်းကို နားလည်လိုက်ကြသည်။

၎င်းကဖော်ပြနေသည်မှာ လောကကြီး၏အနာဂတ်က တိုက်စားခံရတော့မည်ဖြစ်သည်။ ပြီးနောက် လောကများအကြား အဆီးအတားများက အားနည်းလာခြင်းဖြစ်ကြောင်း ဆိုလိုသည်။

လောကများအကြား အဆီးအတားများအားနည်းလာသည်က အကန့်သတ်သို့ရောက်သွားသည်နှင့် ထိုအချိန်တွင် အပြင်လောကမှ လူသည် နတ်ဆိုးကပ်ဘေးကိုဖန်တီးစရာမလိုတော့ပဲ ဤကမ္ဘာတစ်ခုလုံးကို လုံးဝထိန်းချုပ်နိုင်သွားတော့မည်ဖြစ်သည်။

"စီနီယာအစ်ကို၊ ရှင်ပြောတဲ့ နတ်ဆိုးနိမိတ်လက္ခဏာက ဘာတွေလဲ? တာအိုရောင်းရင်းကျန်းနဲ့ သူရဲ့အဖော်တွေရင်ဆိုင်ခဲ့ရတာနဲ့ ဘာများသက်ဆိုင်နေတာလဲ?" ယန်ဝူရွှမ်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဒါက ငါမင်းတို့နဲ့ ဆွေးနွေးချင်တဲ့အရာပဲ" စံသခင်ရွှမ်းယန်က စိုးရိမ်စွာနှင့်ပြောလိုက်သည်။

"ကြက်သွေးရောင်သခင်လက်ထက်ကတည်းက ငါတို့ကမ္ဘာမှာနတ်ဆိုးကပ်ဘေးက လက္ခဏာအမျိုးမျိုး ပြနေခဲ့တာ။ ဥပမာအနေနဲ့ အနက်ရောင်ကောင်းကင်နတ်ဆိုးဂိုဏ်က သယ်ဆောင်လာတဲ့ ကပ်ဘေးက နေ့လည်ခင်းနဲ့ မနက်ပိုင်းတွေမှာ ရှင်းမပြနိုင်တဲ့ မှောင်မိုက်ခြင်းအချိန်ကိုသယ်ဆောင်လာခဲ့တယ်။

ကြာခုနှစ်ပွင့်နတ်ဆိုးဂိုဏ်းလက်ထက်မှာတော့ ခုနစ်ရောင်ပါတဲ့ ကြာပွင့်တွေပေါ်လာပြီး များစွာသော အခြေတည်ဝိဉာဉ်ကျင့်ကြံသူတွေကို လမ်းကြောင်းလွဲစေခဲ့တယ်။ အဲ့ဒီကျင့်ကြံသူတွေဟာ သူတော်ကောင်းတရားမှာ သီလကြီးကြသူတွေ ဖြစ်ကြတယ်၊ နတ်ဆိုးကျင့်ကြံသူတွေကို ချေမှုန်းခဲ့ကြတဲ့ သူရဲကောင်းတွေဖြစ်ခဲ့ကြပြီး သူတို့ဟာ နတ်ဆိုးလမ်းစဉ်ကို ကျရောက်ခဲ့ရတယ်။ ဒါက ကောင်းကင်သခင် တွေခဲ့ရတဲ့ မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပဲ။

နောက်ပိုင်းမှာ သူတို့ဟာ စုံစမ်းစစ်ဆေးပြီး နားလည်လာခဲ့ရတာဟာ နတ်ဆိုးကပ်ဘေး ပေါ်ပေါက်လာတဲ့အချိန်တွေမှာ အခွင့်အလမ်းလို့ထင်ရတဲ့အရာတွေဟာ စိတ်ကိုယိုယွင်းပျက်စီးစေတဲ့အရာတွေ ဖြစ်ပြီး ဒီကမ္ဘာမှာအများကြီးပေါ်လာလိမ့်မယ် ဆိုတာကိုတွေ့ခဲ့ရတယ်။

အဲ့ပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့သူတွေဟာ ကာကွယ်ရေးရတနာ မပိုင်ဆိုင်ထားရင် နတ်ဆိုးချီရဲ့ စွန်းထင်းမှုကိုခံရပြီး ကိုယ်တိုင်အသိအမြင်ဆုံးရှုံးသွားကာ နတ်ဆိုးလမ်းစဉ်ကထိန်းချုပ်သွားတဲ့ ရုပ်သေးတစ်ခုဖြစ်သွားနိုင်မှန်းကို တွေ့ရှိခဲ့ကြရတယ်။

လက်ရှိ အနစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောကမှာ ဒီအခြေအနေအတွက် သင့်တော်တဲ့ နာမည်ကိုပေးထားပြီးပြီ။ အဲ့တာက နတ်ဆိုးအဆိပ်အတောက်ပြန့်ပွားခြင်းလို့ခေါ်တယ်။ ကြောက်စရာအကောင်းဆုံးတစ်ခုက အဲ့လိုအဆိပ်အတောက်ကူးစက်ခံရတဲ့ ကျင့်ကြံသူဟာသူတို့ရဲ့ ကျင့်ကြံမှုတွေကို ခြေရာမခံနိုင်အောင်ဖုံးကွယ်ထားနိုင်ပြီး သူတို့ကိုယ်တိုင်မဖော်ထုတ်ရင် ကျုပ်လို မဟာကျင့်ကြံသူအတွက်တောင် သူတို့ကို သတိပြုမိဖို့ခက်ခဲ့တယ်။"

***

All Chapters