နတ်ဆိုးကပ်ဘေး၏နိမိတ်လက္ခဏာ၊ နတ်ဆိုးအဆိပ်အတောက်ပြန့်ပွားခြင်း၊ ကျီယန်နေနန်းတော်၊ နိုဗာရေပြင်မှ တိုက်ပွဲ(၂)
Vol. 25 Ch. 488
ထိုကိစ္စကိုကြားပြီးနောက် လူတိုင်းထိုအခြေအနေ၏နက်နဲမှုကို နားလည်သွားကြတော့သည်။
ဟန်တုန်းပင်းနှင့် ဆန်းကြယ်မြစ်တို့သည် သူတို့၏ စိတ်များပျက်ပြားသွားသည်မှာ နတ်ဆိုးအတွေးများကြောင့် ဖြစ်ဟန်တူသည်။
သူတို့သည် နတ်ဆိုးလမ်းစဉ်သို့ ရုတ်တရက်ဦးတည်ချက်ပြောင်းလဲသွားရခြင်းမှာ အံ့ဩစရာ မရှိတော့ပါ။ ၎င်းသည် အဆိပ်အတောက်ပစ္စည်းကြောင့်ဖြစ်သည်။
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့သည် နတ်ဆိုးကပ်ဘေးသည် သူတို့၏ကမ္ဘာတွင် နိမိတ်လက္ခဏာများပြလာရခြင်းသည် ကမ္ဘာ၏အနာဂတ်အား ကိုယ်တိုင်ကူညီမှုပုံစံတစ်ခုဟု ခန့်မှန်းလိုက်ကြသည်။
၎င်းသည် ကျင့်ကြံသူများအား အဓိကပြသနာများသည် အန္တရာယ်ကျရောက်အံ့ဆဲဆဲဖြစ်ကြောင်း ကျရောက်လာတော့မည့်နတ်ဆိုးကပ်ဘေးအတွက်ပြင်ဆင်ထားသင့်ကြောင်း သတိပေးနေခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးအဆိပ်အတောက်ပစ္စည်းများကို ရှာဖွေတွေ့ရှိလာခြင်းသည် သူတို့ကမ္ဘာကြီး၏အနာဂတ်မှာပို၍အားနည်းလာတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့မဟုတ်လျှင် ၎င်းသည် ထိုကဲ့သို့ ဖောက်ပြန်ပျက်စီးသွားစေသည့် လွှမ်းမိုးမှုမျိုး ပေါ်ထွက်လာခြင်းမရှိနိုင်ပါ။
ထိုကိစ္စအားကာကွယ်တားဆီးရန်မတတ်နိုင်ခြင်းသည် ပြင်းထန်သောစီမံချက်ဖြစ်သည့် လောက၏ဆန္ဒဖြစ်သောမိမိရှင်သန်ရေးအတွက်ကြိုးစားကာ ထိုနိမိတ်လက္ခဏာများကို သိသာထင်ရှားလာစေခဲ့ခြင်းကိုဖော်ပြနေခြင်းဖြစ်သည်။
သူတို့သတိပြုမိခဲ့သော ဤအခြေအနေသည် အကောင်းမြင်နိုင်စရာမရှိပါ။
သူတို့၏လောကက မျက်စိတစ်မှိတ်အတွင်းပျက်စီးသွားနိုင်ခြင်းမရှိသော်လည်း အရေးကြီးသည့် အခြေအနေက အလွန်ဝေးကွာခြင်းမရှိတော့ပုံရသည်။
"ကျွန်မတို့ ဘာတုံ့ပြန်မှုတွေလုပ်ထားနိုင်မလဲ? အဲ့ဒီအဆိပ်အတောက်ပစ္စည်းတွေနဲ့ လူတွေကို ခြေရာခံနိုင်ဖို့ နည်းလမ်းတစ်ခုခုများရှိမလား? ဒါဆိုသူတို့ကို လိုအပ်သလိုရင်ဆိုင်နိုင်မှာလား?" ယန်ဝူရွှမ်းက မေးလိုက်ကာ ဖြေရှင်းရန်အတွက်စိတ်လှုပ်ရှားနေသည်။
"အခုထိတော့မရှိသေးဘူး။"
စံသခင်ရွှမ်းယန်က ခေါင်းခါလိုက်သည်။
"ဒါမဲ့ မကြာခင်တော့ရှိလာသင့်ပြီ"
"ဟမ်?"
ထိုဖော်ပြချက်က လူတိုင်းကိုသူ့အား အံ့ဩစွာ ကြည့်မိစေသည်။
စံသခင်ရွှမ်းယန်ကရှင်းပြသည်။ "ငါသိရသလောက် ငါတို့မြောက်ပိုင်းနယ်နိမိတ်က ကောင်းကင်သခင်တွေအများစုက အဲ့ဒီအဆိပ်အတောက်ပစ္စည်းတွေကိုခြေရာခံနိုင်ဖို့ အဆင့် (၆) သန့်စင်တဲ့ယန်စစ်မှန်ရတနာကို ထုလုပ်နိုင်ဖို့ ပူးပေါင်းလုပ်ဆောင်နေကြတာကြာပြီ။ ဒါပေမဲ့ အခု အဲ့ဒီသန့်စင်တဲ့ယန်စစ်မှန်ရတနာက ပြည့်စုံခါနီးပါပြီ။"
ထိုသန့်စင်သောယန်စစ်မှန်ရတနာသည် တကယ်မှာ အဆင့် (၆) ဓမ္မရတနာဖြစ်သည်။
အဆင့် (၆) သို့ရောက်ရှိနေသော ဓမ္မရတနာများသည် သန့်စင်သောယန်ချီကို မွေးဖွားပေးနိုင်သဖြင့် သန့်စင်သောယန်စစ်မှန်ရတနာဟုခေါ်သည်။
ထိုဓမ္မရတနာသည် အဆင့် (၅) ဓမ္မရတနာများထပ် ပို၍ အင်အားကြီးကာ သက်ရောက်မှုအားကြီးသည်။ ၎င်းအား စစ်မှန်သည့် ကောင်းကင်သခင်ကသာ ပြုလုပ်နိုင်သည်။
သို့သော်လည်း အနစ်သာရကိုးပါးမသေမျိုးကျင့်ကြံရေးလောက၏ လက်ရှိပတ်ဝန်းကျင်တွင်၊ ကေင်းကင်သခင်အချို့တွင် ယခုမှ အဆင့်တက်သူအချို့နှင့် အခြေခံမလုံလောက်သည့်သူအချို့သည် ကိုယ်ပိုင်သန့်စင်သောယန်စစ်မှန်ရတနာ မရှိကြပေ။
ထိုအချိန်တွင်။
လူတိုင်းက စံသခင်ရွှမ်းယန်ယခုပင်ပြောလိုက်သောစကားကိုမှတ်မိသွားကာ စိတ်ချလျက်သက်ပြင်းချလိုက်ကြသည်။
အကယ်၍ မြောက်ပိုင်းနယ်နိမိတ်မှ ကောင်းကင်သခင်များက တကယ်ပင် အဆိပ်အတောက်ပစ္စည်းကို ခြေရာခံနိုင်သည့် သန့်စင်သောယန်စစ်မှန်ရတနာကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင် များစွာသော ဖြစ်နိုင်ချေရှိသည့် ပုန်းကွယ်နေသောအန္တရာယ်များကို ရှင်းပစ်နိုင်မည်ဖြစ်သည်။
မဟုတ်လျှင် နှင်းပန်းပွင့်စံသခင် ယခုပင်ကြုံတွေ့ခဲ့ရသော ကိစ္စမျိုးက မကြာခနဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကာ နတ်ဆိုးကပ်ဘေးအတွင်း သံသယများပြန့်ပွားလာရလိမ့်မည်ဖြစ်သည်။
"စံသခင်ရွှမ်းယန်၊ မြောက်ပိုင်းနယ်နိမိတ်ထဲက ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကို ခင်ဗျားရဲ့နားလည်မှုအရ နတ်ဆိုးကပ်ဘေးကဘယ်အချိန်မှာ တကယ်စတင်လိမ့်မယ်လို့ ခန့်မှန်းထားလဲခင်ဗျ?"
ကျန်းချန်းရွှမ်က မေးလိုက်ကာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။
လူတိုင်းက စံသခင်ရွှမ်းယန်ထံသို့ အာရုံပြန်စိုက်လိုက်ကြသည်။
အချိန်အနည်းငယ်ခန့်တွေးဆပြီးနောက်မှ သူသည် တုံပြန်လိုက်သည်။ "ကျုပ်လည်းမသေချာဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ နားလည်မှုအရ ကျုပ်တို့ရင်ဆိုင်ရမဲ့ နတ်ဆိုးကပ်ဘေးက ဒီရာစုနစ်အတွင်း ဖြစ်သင့်တယ်။ မဟုတ်ရင် အဲ့ထပ် စောရင်လည်းစောမယ်။"
"အဲ့ဒီလိုလား?"
ထိုအကြောင်းကြားလျှင် ထိုအုပ်စု၏ အမူအရာကပို၍ လေးနက်သွားသည် အကယ်၍ ပြသနာက ဤသို့ဆိုလျှင် သူတို့က စတင်၍ ပြင်ဆင်ဖို့ရန်လိုအပ်နေပြီဖြစ်သည်။
စံသခင်ရွှမ်းယန်က လူတိုင်းကို ပြောလိုက်သည်။ "ဒီကိစ္စက တော်တော်လေးအရေးကြီးနေပြီ။ ကျုပ်က ကျီယန်နေနန်းတော်ကိုသွားပြီး ကျီယန်မီးတောက်ကောင်းကင်သခင်ကို အကြောင်းကြားဖို့ စီစဉ်ထားတယ်။"
စံသခင်ရွှမ်းယန်ပြောပြသည့် ကျီယန်နေနန်းတော်က မြောက်ပိုင်းနယ်နိမိတ်၏ ဝိဉာဉ်ဖွဲ့စည်းခြင်းဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။
ကျီယန်မီးတောက် ကောင်းကင်သခင်သည် ဝိဉာဉ်ဖွဲ့စည်းခြင်းကိုလွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရယူထားခဲ့နိုင်သော ထင်ရှားသည့်သူတစ်ဦးဖြစ်သည်။
ကောင်းကင်သခင်များထဲတွင် သူသည် အလွန်အင်အားကြီးသောပုံရိပ်တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
စံသခင်ရွှမ်းယန်က ကျီယန်နေနန်းတော်ကို သွားဖို့ရန်စီစဉ်နေရာ ကျန်းချန်းရွှမ်၊ ရှန်းရူယန်နှင့် နှင်းပန်းပွင့်စံသခင်တို့ကလည်း ဓားဖုံးနန်းတော်တွင် ဆက်မနေတော့ရန်ဆုံးဖြတ်ခဲ့ကြသည်။
နှုတ်ဆက်ပြီးသည့်နောက် နန်းတော်မှ ထွက်လာခဲ့ကြသည်။
သူတို့အဝေးသို့ရောက်သောအခါ နှင်းပန်းပွင့်စံသခင်ကလည်း ထိုစုံတွဲကို နှုတ်ဆက်သွားသည်။ နောက်ပိုင်းတွင် ကျန်းချန်းရွှမ်က ရှန်းရူယန်အား သူမယခင်ဘဝတွင် သိဖူးခဲ့နိုင်သော ကျီယန်နေနန်းတော်အကြောင်းနှင့် ကျီယန်မီးတောက်ကောင်းကင်သခင်အကြောင်းကို မေးခဲ့တော့သည်။
ရှန်းရူယန်က ခေါင်းညိတ်သည်၊ ပြီးနောက် ခေါင်းခါလိုက်သည်။
"ကျွန်မအချိန်တုန်းက ကျီယန်နေနန်းတော်ရှိခဲ့တယ်။ ဒါမဲ့ အခြေတည်ဝိဉာဉ်စံသခင် တစ်ယောက်တောင်မရှိတဲ့ သေးငယ်တဲ့ဂိုဏ်းလေးတစ်ခုပဲ။
နှစ်တွေကြာပြီးနောက်မှာ ရှင်သန်နိုင်ခဲ့ရုံသာမကပဲ အဓိကဝိဉာဉ်ဖွဲ့စည်းခြင်းဂိုဏ်းတောင် ဖြစ်လာခဲ့တာ အံ့ဩစရာပဲ။
ကျီယန်မီးတောက်ကောင်းကင်သခင်ကတော့ ကျွန်မတို့အချိန်တုန်းကရှိခဲ့လားဆိုတာမသေချာဘူး။
အချိန်တွေအရမ်းကွာဟသွားတာနဲ့ဆုံးဖြတ်ရရင် အကယ်၍ အရင်ကတည်းကသူရှိခဲ့မယ်ဆိုရင်တောင် သူကအခု တော်တော်တောင်အိုနေလောက်ပြီ။
ကောင်းကင်သခင်ရဲ့သက်တမ်းက ရှည်တယ်ဆိုရင်တောင် နှစ်ပေါင်း ၈၀၀၀ ထိတော့မရှည်နိုင်ဘူး။ သက်တမ်းကိုဆွဲဆန့်နိုင်တဲ့ ဝိဉာဉ်ပစ္စည်းတွေကို စားသုံးမှပဲဖြစ်နိုင်မှာ..."
***