ကွမ်းရှင်းထင်၏ ထိတ်လန့်မှု၊ စံသခင်ကို ကြမ်းကြုတ်ခက်ထန်စေခြင်း
Vol. 25 Ch. 492
“အာ…..?”
ကျန်းချန်းရွမ်၏ စကားကိုကြားလျှင် ကွမ်းရှင်းထင်၊ မုံ့ချန် နှင့် ချန်းချင်းယန်တို့သည် သူ့အား ထိတ်လန့်စွာ ကြည့်နေကြသည်။
သို့သော်လည်း ကွမ်းရှင်းထင်က စကားမပြောနိုင်မှီ သူမ၏ဘေးရှိ ကျွန်းချန်းရွမ်သည် လက်သီးဆုပ်ကာ ထိုးလိုက်သည်။
ဒန်……
ကြီးမားသော တူကြီးက ရေကန်ထဲသို့ ရိုက်လိုက်သလိုပင်။
မူလက တည်ငြိမ်နေသော နေရာသည် ရုတ်တရက် လှိုင်းများကဲ့သို့ ဂယက်ထသွားသည်။
ခေါင်းလောင်းနှင့် မျှော်စင်သည် တိုက်ခိုက်ခံလိုက်ရသောကြောင့် ရုတ်တရက်ရပ်တန့်သွားပုံပေါ်သည်။
ခေါင်းလောင်းနှင့်မျှော်စင်တစ်ခုလုံးသည် ပြင်းထန်စွာ ခါလာသည်။
နောက်ဆုံး၌ ထို ဒေါင်ကနဲမြည်သွားသည့်အသံ နှစ်ကြိမ်နှင့် ပင်လယ်ထဲတွင် ပြိုကွဲပျက်စီးခဲ့ရကာ ရေတိုင်နှစ်ခုကို ကောင်းကင်ထိ မြင့်တက်သွားစေသည်။
အခြားသူများ၏ တိုက်ခိုက်မှုနှင့် တူညီသည်။ ၎င်းတို့သည် ကျန်းချန်းရွမ်၏ လက်သီးတစ်ချက်နှင့် ကြေမွပျက်စီးသွားသည်။
“ဘာလဲ?”
ထို ပဏာမ အခြေတည်ဝိဉာဉ်ကျင့်ကြံသူနှင့် ရွှေအမြုတေတေကျင့်ကြံသူများက မတတ်နိုင်ပဲ ထိတ်လန့်နေသည့် အမူအရာများ ဖြစ်နေကြသည်။
သို့သော်လည်း သူတို့မတုံ့ပြန်နိုင်မှီပင် နေရောင်ကဲ့သို့ တောက်ပနေသော မျက်စိကျိန်းစေသည့် ဓားအလင်းရောင်က ရုတ်တရက် သူတို့၏ မျက်စိသူငယ်အိမ်ကို ကျယ်သွားစေခဲ့သည်။
ကြောက်စရာကောင်းသည့်အရာက သူတို့၏ ခန္ဓာကိုယ်ရှိအမွေးများကို ထောင်သွားစေသည်။
၎င်းသည် ရွှမ်းကနဲ မြည်နေသောအသံဖြစ်သည်။
ထိုသူများသည် တုံ့ပြန်ရန်အချိန်ပင် မရှိလိုက်ကြပေ။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မျက်စိကျိန်းစေသည့် ဓားအလင်းရောင်ဖြင့် နစ်မြုပ်သွားခဲ့ရသည်။
သူတို့၏ ပုံရိပ်များသည် မိုးလေဒဏ်ကြောင့် လွှင့်ပြယ်သွားရသော သဲကျောက်များကဲ့သို့ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပုံရကာ ခြေရာလက်ရာပင်မကျန်ခဲ့ပဲ ညှင်သာသည့်လေပြေက တိုက်ခတ်သွားလေသည်။
ဒါက…..?
ကွမ်းရှင်းထင် မုံ့ချန်နှင့် ချန်းချင်းယန်တို့က ပါးစပ်ဟောင်းလောင်းဖြင့် ဖြစ်ပျက်သွားသော အရာအားလုံးကို ကြည့်နေကြသည်။
သူတို့၏မျက်လုံးများကိုပင် မယုံနိုင်ကြပေ။
၎င်းတို့သည် ရွှေအမြုတေနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်ကို လူတိုင်းသိသည်။
သူတို့ထဲမှ နှစ်ဦးက ပဏာမ အခြေတည်ဝိဉာဉ်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။
ပြီးတော့ ဘာဖြစ်သွားတာလဲ?
သူတို့အား ကျန်းချန်းရွမ်သည် လက်သီးတစ်ချက် ဓားတစ်ချောင်းနှင့်သာ လွယ်ကူစွာ ရင်ဆိုင် နိုင်ခဲ့သည်။
ဒါက အရမ်းချဲ့ကားလွန်းမနေဘူးလား?
ထိုစုံတွဲကို သေချာသိသော ကွမ်းရှင်းထင်သည်ပင် သူတို့၏အင်အားက ထိုမျှလောက် အဆင့်ထိ ရောက်အောင် သန်မာမည်ဟု လုံးဝမထင်ထားခဲ့ပါ။
လွန်ခဲ့သောနှစ်အနည်းငယ်ကပင် ကျန်းချန်းရွမ်နှင့် ရှန်းရူယန်သည်ပင် ရွှေအမြုတေအဆင့်ကို ကျော်လွန်ပြီး သူတို့၏ ဆရာနှင့် အဆင့်တူနေခဲ့သည်မှာ ဖြစ်နိုင်ပါသလား?
မသိစိတ်ကပင် ကွမ်းရှင်းထင်နှင့် အခြားသူများက ကျန်းချန်းရွမ်ကို လှည့်ကြည့်လိုက်ကြသည်။
ကွမ်းရှင်းထင်က စပ်စုစွာမေးသည်။ “တာအိုရောင်းရင်းကျန်း ၊ ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်က တကယ်ပဲ…..?”
“မင်းမှန်တယ်”
ကျန်းချန်းရွမ်က ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
ထိုအချိန်ရောက်မှတော့ သူ၌ ထပ်မံဖုံးကွယ်စရာမလိုတော့ပါ။
ကွမ်းရှင်းထင်၊ မုံ့ချန်နှင့် ချန်းချင်းယန်တို့က မထင်မှတ်ပဲ ပင့်သက်ရှိုက်လိုက်မိသည်။
ရုတ်တရက် ကွမ်းရှန်းထင်က တစ်ခုခုကိုသတိပြုမိသလိုပုံဖြစ်သွားသည်။
သူမက ကျန်းချန်းရွမ်ဘေးရှိ ရှန်းရူယန်ဖက် လှည့်လိုက်ကာ ပြောလိုက်သည်။
“တာအိုရောင်းရင်းရှန်း၊ တာအိုရောင်းရင်းကျန်းရဲ့ ကျင့်ကြံမှုက အခြေတည်ဝိဉာဉ်အဆင့်ကို ထိုးဖောက်နိုင်ပြီဆိုရင် ရှင့်ရဲ့ ကျင့်ကြံမှုကလည်း…..?”
“ဟုတ်တယ် မှန်ပါတယ်”
ကွမ်းရှင်းထင်၏ မေးခွန်းကို ရင်ဆိုင်ကာ ရှန်းရူယန်ကလည်း ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။
ဒါက တကယ်ပဲ…..
ကွမ်းရှင်းထင်သည် မနေနိုင်ပဲ ပင့်သက်ရှိုက်လိုက်မိပြန်သည်။
အစ၌ သူမသည် ဤနှစ်များ၌ သူမ၏ကျင့်ကြံမှုက တိုးတက်ကောင်းမွန်သည်ဟု ခံစားရသည်။
မမျှော်လင့်ပါပဲ၊ ကျန်းချန်းရွမ်နှင့် ရှန်းရူယန်၏ တိုးတက်မှုက ပို၍ ကောင်းမွန်နေသည်။
သူတို့က အဓိကအဆင့်များ၌ တိုးတက်မှုရှိလာပြီ ဖြစ်သည်။ ထိုအဆင့်သည် များစွာသော ရွှေအမြုတေတေအဆင့်များက ၎င်းတို့၏ဘဝတွင် ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။
ထိုအချိန်၌ ကွမ်းရှင်းထင်သည် သူမ၏ခံစားချက်ကို မည်သို့ ဖော်ပြရမည်ကို မသိတော့ချေ။
သူမသည် ကျန်းချန်းရွမ်နှင့် ရှန်းရူယန်တို့က အခြေတည်ဝိဉာဉ်အဆင့်သို့ ရောက်ပြီးပြီဆိုလျှင် သူမသည် သူတို့အား အကူအညီတောင်းနိုင်သည်။
သို့သော်လည်း သူမက ထိုသို့သော တောင်းဆိုမှုကို မပြုလုပ်နိုင်ခဲ့ပေ။
ထိုအချိန်၌ ကျယ်ပြောခြင်းမြစ် စံသခင်နှင့် သူ့အားဖိနှိပ်လျက်ရှိသော လူသုံးဦးသည် အဝေးမှ ထိုမူမမှန်ခြင်းကို ခံစားမိကြသည်။
၎င်းသည် သူတို့၏မျက်လုံးများကို နက်မှောင်သွားစေသည်။
သူတို့ သုံးဦးသည် ကျန်းချမ်းရွမ်က အခြေတည်ဝိဉာဉ်အဆင့်၏ အင်အားကို ပြသသွားသည်ကို သေချာစွာ သိလိုက်သည်။
အခြေတည်ဝိဉာဉ်က ရုတ်တရက် ပေါ်လာခဲ့သည်။
ထို့ပြင် ကြည့်ရသည်မှာ သူသည် ကျယ်ပြောခြင်းမြစ်စံသခင်ဖက်မှ ဖြစ်သည်။
၎င်းသည် သူတို့၏ မျှော်လင့်ချက်ကို ကျော်လွန်နေသည်။
ထိုလူသုံးဦးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ထို့နောက် ဖန်းထျန်းစံသခင်သည် ရုတ်တရက် ကျန်းချန်းရွမ်းဆီသို့ လျှပ်တပြက်ရောက်လာသည်။
“တာအိုရောင်းရင်း၊ ခင်ဗျားက နိုဗာရေပြင်က ဖြစ်မယ်လို့ ကျုပ်မထင်ဘူး။ ဒါက နိုဗာရေပြင်ရဲ့ အတွင်းရေးကိစ္စပါ။ ခင်ဗျားဝင်မစွက်ဘူးလို့ မျှော်လင့်တယ်။ ကျုပ်တို့က အနာဂတ်မှာ ခင်ဗျားကို သေချာပေါက် အကြွေးပြန်ဆပ်မှာပါ။”
ဖန်းထျန်းစံသခင်က မရောက်လာခင်တွင် သူ၏အသံကို အဝေးမှ ပို့ဆောင်လိုက်သည်။
ကျောက်နဂါးစံသခင်နှင့် အဇူရာကောင်းကင် စံသခင်တို့နှင့် တိုက်ခိုက်နေသော ကျယ်ပြောခြင်းမြစ် စံသခင်က ဖန်းထျန်းစံသခင်သည် ကျန်းချန်းရွမ်ကို သူ၏အသံပို့ဆောင်လိုက်မည်ကို သိနေပုံနှင့် ရုတ်တရက် သူ့ကိုအော်လိုက်သည်။
“တာအိုရောင်းရင်း ဖန်းထျန်းစံသခင်ကို မယုံနဲ့။ သူတို့သုံးယောက်က အရမ်းထူးဆန်းနေတာ သေချာပေါက် တစ်ခုခုမှားနေတာ ရှိရမယ်။ တာအိုရောင်းရင်း သူတို့ လှည့်စားမခံနဲ့”
“မင်းသေပြီပဲ”
ကျယ်ပြောခြင်းမြစ်စံသခင်၏ စကားမျာကို ကြားလျှင် ကျောက်နဂါးစံသခင်နှင့် အဇူရာကောင်းကင် စံသခင်တို့သည် သူ့အားဖိနှိပ်ထားရာမှ သူတို့၏ မျက်လုံးများ၌ လူသတ်ငွေ့များဖြင့် တောက်လောင်နေသည်။
နောက်ပိုင်းတွင် သူတို့၏တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာခဲ့သည်။
ကျယ်ပြောခြင်းမြစ်စံသခင်က သူ၏ခန္ဓာကိုယ်၌ သွေးများပန်းထွက်နေကာ ဆက်တိုက် နောက်ဆုတ်နေခဲ့ရသည်။
တစ်ချိန်ထဲ၌ ဖန်းထျန်းစံသခင်သည် ကျန်းချန်ရွမ်နှင့် အခြားသူများနှင့် ကီလိုမီတာတစ်ရာခန့်အကွာသို့ ရောက်လာခဲ့သည်။
ထိုအကွာအဝေးသည် အခြေတည်ဝိဉာဉ်ကျင့်ကြံသူအတွက် အလွန်အန္တရာယ်များနေပြီဖြစ်သည်။
ကျန်းချန်းရွမ်က မျက်လုံးများကို မှေးလိုက်သည်။
***
စာစဉ် ၂၅ ပြီးပါပြီ။