← Chapters

ညတိုက်ပွဲ

Vol. 90 Ch. 1250

ညတိုက်ပွဲ

Vol. 90 Ch. 1250

ရှီမာယူယူသည် မိုယွိလမ်းလျှောက်လာသည်ကို မြင်သောအခါ အံ့အား သင့်မိသည်။

ဒီလူက နေ့လည်တုန်းကပေါ်မလာဘဲ ဘာလို့ဒီအချိန်မှ‌ ရောက်လာတာ လဲ။

“ဘာလို့လာတာလဲ”

“မင်းကိုလာကြိုတာ”

“ကျွန်မကို လာကြိုတယ်ဟုတ်လား”

“ငါ မင်းနေတဲ့နေရာကိုသွားတော့ ပြန်မရောက်သေးတာတွေ့တာနဲ့ လာ ကြည့်တာ” မိုယွိ ပြောလေသည်။

ရှီမာယူယူသည် ပွဲခန်းမဆီသို့ ခေါင်းလှည့်ပြီး ကြည့်လိုက်သည်။ ဘေဂုံထန်နှင့် တခြားသူများသည် တံခါးမှထွက်လာကြသည်။

“ယူယူ ဘယ်လိုလဲ ငါ့သံချပ်ကာက ကောင်းတယ်လို့ပြောသားပဲ” ဖက်တီးကျူသည် ရှီမာယူယူကို နှုတ်ခမ်းတွန့်ကာ ပြုံးပြီးပြောလေသည်။

“အဲဒါက နာလန်လန်ကိုရှင်းဖို့တော့ လုံလောက်တာပေါ့ အဲထက်အား ကောင်းတဲ့လူလာပြီး နင့်ကိုတိုက်ခိုက်ရင်တော့ အသုံးဝင်မှာမဟုတ်ဘူး” ဘေဂုံထန် ပြောလိုက်သည်။

အစောပိုင်းက နာလန်လန်သည် အပြင်တွင်စောင့်နေမည်ဟု သူတို့ ခန့်မှန်းမသိသဖြင့် ရှီမာယူယူကို ထွက်သွားပြီး စမ်းခိုင်းခြင်းဖြစ်သည်။ ထို့ကြောင့် အားလုံးသည် တံခါးအနောက်တွင်နေကာ စောင့်ကြည့်နေကြသည်။ ထင်ထားသည့်အတိုင်းပင် နာလန်လန်တစ်ယောက်တည်းဖြစ်နေသည်ကို မြင် သည်နှင့် သူတို့ထွက်မလာခြင်းဖြစ်သည်။

“နည်းနည်းတော့ အသုံးဝင်ပါတယ် နည်းနည်းပဲ” ရှီမာယူယူ ဆက်ပြော လေသည် “ဘယ်သူသိမလဲ ငါ့ဝိညာဉ်စွမ်းအင် ပြန်ကောင်းလာနိုင်တယ်”

“မြန်မြန်ပြန်ကောင်းပါစေ” ဘေဂုံထန် ဆက်ပြောလေသည် “ဒီနေ့ ဝူမျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်က ငါတို့ကိုကြည့်တဲ့အကြည့်တွေကို မြင်တယ်၊ သူတို့က ရင်းနှီးပြီး အကုန်လုံးကလည်း သန်မာကြတယ် သူတို့ကို ကိုင်တွယ်ဖို့ က မလွယ်ဘူး”

“ကောင်းပြီ ဒီမှာတွတ်ထိုးမနေနဲ့တော့ အရင်ပြန်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။

သူတို့နေသည့်နေရာသို့ ရောက်သောအခါ ရှီမာယူယူသည် အားလုံးကို ပြန်ခိုင်းလိုက်ကာ မိုယွိနှင့် စကားပြောရန် တစ်ယောက်တည်းနေခဲ့လိုက်သည်။

“မိုယွိ ဒီနေ့ညကို ကျွန်မတို့ကိုဘာလို့လာကြိုတာလဲ” ရှီမာယူယူ ‌မေးခွန်း ထုတ်လိုက်သည်။

မိုယွိသည် ရှီမာယူယူကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူမသည် သူ ပေးလိုက်သော ဆင်ခြေကိုမယုံသည့်ပုံပင်။

“လူတစ်ယောက် ခိုးဝင်တယ်လို့ ကြားလို့ မင်း အန္တရာယ် ဖြစ်မှာစိုးလို့လေ” မိုယွိ ပြောလိုက်သည်။

“လူတစ်ယောက် ခိုးဝင်တယ်ဟုတ်လား သူတို့က ကျွင်းမျိုးနွယ် ခေါင်းဆောင်ထက် သန်မာတာလား”

ရှီမာယူယူသည် အံ့အားသင့်သွားသည်။ ထိုလူသည် အားကောင်းပါက ခိုးကြောင်ခိုးဝှက်လုပ်စရာမလိုပေ။ သူတို့ခိုးကြောင်ခိုးဝှက်လုပ်သည်ဆိုသည် ကလည်း ထိုလူသည် ဖော်ပြ၍မရဆိုသည်ကို ဆိုလိုသည်။

အရင်ဥက္ကဌအသတ်ခံရသည့်ကိစ္စနှင့် ဆက်စပ်ကြည့်လိုက်သောအခါ ချောမွေ့သည် ရွက်လွှင့်မှုမဟုတ်သည်ကို ရှီမာယူယူ ခန့်မှန်းမိသည်။ အခမ်းအနားတွင် သေးငယ်သော ပိုးဖလံဖြစ်ဖြစ် ပေါ်လာပါက ချောချောမွေ့မွေ့ပြန်လာနိုင်မည်မဟုတ်ဟု သူမ မနက်ကပင် တွေးနေသေး သည်။

ဟော်ချန်းဒုန်နှင့် တခြားသူများသည် အန္တရာယ်ကို ကောင်းကောင်းဖုံးဖိ ထား၍ဖြစ်နိုင်သည်။

“ငါ မြို့အပြင်ကတောထဲမှာ အနားယူနေတုန်း မတော်တဆကြားလိုက်ရ တာ” မိုယွိ ပြောလေသည် “အဲလူတွေကိုမသိပေမဲ့ သူတို့က တစ်ခုခုကိုယူဖို့ ခိုးဝင်ချင်တယ်ဆိုတာ ကြားလိုက်ရတယ်… ဒီနေ့က လုံခြုံရေးတင်းကြပ်လို့ အကုန်လုံးစိတ်ချတဲ့အချိန်ရောက်မှ ခိုးဝင်ဖို့အခွင့်အရေးကို အသုံးချင်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်”

“သူတို့က ဘယ်အင်အားစုတွေလည်း သိလား” ရှီမာယူယူ‌ မေးလိုက် သည်။

“မသိဘူး ပြီးတော့ စိတ်လည်းမဝင်စားဘူး မင်း မြို့ထဲမှာရှိနေလို့ကြောင့် သာမဟုတ်ရင် ဒါကိုပြောမှတောင်မဟုတ်ဘူး” မိုယွိ ပြောလိုက်သည်။

“…”

ဒါကမှ သူပဲလေ။

“မဟုတ်သေးဘူး ဒီအကြောင်းကို ရှောင်ဟုန့်ကိုအသိပေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် စုတ်တံနှင့် စာရွက်ထုတ်ပြီး မှတ်စုချရေးကာ ပျားများကိုထုတ် ပြီး ထိုမှတ်စုကို ယူသွားခိုင်းလိုက်သည်။

မိုယွိသည် ခြံဝန်းထဲတွင် သူမကိုစောင့်နေသည်။ နီရဲပျားများ သတင်းကို ပို့နိုင်မလား သူ မသေချာဖြစ်နေသည်။

“ဘုန်း”

လက်နက်သခင်များအသင်း အပြင်ဘက်မှ တိုက်ခိုက်သံထွက်လာသည်။ ရှီမာယူယူသည် ထိုဦးတည်ဘက်သို့ကြည့်လိုက်သည်။ မှောင်မဲသော ကောင်းကင်ထက်တွင် ဝိညာဉ်စွမ်းအင် အလင်းရောင်များသည် တောက်ပနေ သည်။

ဘိုင်ရှန်းသည် တစ်နေရာမှ ခုန်ထွက်လာပြီး အဆောင်ငယ်ဘေးမှ မြစ်ထဲ သို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ တည်ဆောက်မှုလှိုင်းတွန့်သည် ခြံဝန်းတစ်ခု လုံးကို လွှမ်းခြုံလိုက်သည်။

ရှီမာယူယူနှင့် မိုယွိတို့ အဆောင်ငယ်တွင်ရှိနေသည်ကို မြင်သောအခါ ပျံလာလေသည်။

“ဘာဖြစ်တာလဲ” ဖက်တီးကျူနှင့် တခြားသူများသည် သူတို့အိမ်များမှ ထွက်လာကာ လက်နက်သခင်များအသင်းရှိရာသို့ ကြည့်လိုက်ကြသည်။

“သူတို့ ရုတ်တရက်ကြီး ဘာလို့တိုက်ခိုက်ကြတာလဲ” ဝေကျိရွှီ မျက်မှောင် ကြုတ်လေသည်။

သူတို့သာ စောစောပြန်မလာခဲ့ပါက တိုက်ပွဲတွင် ဝင်ငြိသွားမည်။ ဝိညာဉ် အရည်အချင်းများကို ကြည့်ရသလောက် သူတို့သည် အစွန်းအစမရှိ ထိုနေရာ တွင် သေသွားနိုင်သည်။

“အဲတိုက်ခိုက်နေတဲ့လူတွေက အားကောင်းလိုက်တာ” ဝူရန်ဖေ ဆက် ပြောလေသည် “ကာကွယ်ရေးတည်ဆောက်မှုကြောင့်သာမဟုတ်ရင် ငါတို့ ခြံဝန်းလေးတော့ ရပ်တည်နိုင်မှာမဟုတ်ဘူး”

“ယူယူက အဆောင်ငယ်လေးမှာရှိတယ် သွားကြည့်ရအောင်ျ”

အားလုံးသည် အဆောင်ငယ်သို့လာကြာရာ အထဲတွင် ဘိုင်ရှန်းကိုလည်း မြင်လိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ သူတို့က ဘာလို့ရုတ်တရက်ကြီးတိုက်ခိုက်နေကြ တာလဲ” ဘေဂုံထန်သည် နောက်ဆုံးမှ ရောက်လာကာ မေးလေသည်။

“ခိုးဝင်တဲ့သူရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်သူလဲ”

“အရင်ဥက္ကဌသေတာကို ကြည့်ရင် ဘယ်သူလဲဆိုတာ မှန်းဖို့မခက်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ သူတို့သရုပ်မှန်က မသိနိုင်ဘူး”

“ဒီတည်ဆောက်မှုက အဲဒီစွမ်းအားကို တောင့်ခံနိုင်ပါ့မလား”

ထိုနေရာတွင် တိုက်ခိုက်နေသူများမှာ အလွန်အားကောင်းရာ နောက် သက်ရောက်မှုအနည်းငယ်နှင့်ပင် တောင့်ခံနိုင်မည်မဟုတ်ပေ။

“ဒီတည်ဆောက်မှုက တံခါးတစ်ရာလဲလှယ်ခြင်းအဖွဲ့ဝင်ကို ဝမ်ချင်းက တောင်းဆိုပြီး အထူးတလည်ဆောက်ခိုင်းထားတဲ့ဟာပဲ အဲဒါကြောင့် ပြဿနာ မရှိဘူး၊ စံတင်အဆင့်နဲ့အဲထက် မြင့်တဲ့အဆင့်တွေ တိုက်ခိုက်တာမဟုတ်ရင် အဆင်ပြေတယ်” ဘိုင်ရှန်း ပြောလိုက်သည်။

ထိုနေရာသည် သူ့ချစ်သူ၏ ခြံဝန်းဖြစ်ရာ အားလုံးသည် သူ့စကားများကို ယုံလိုက်ကြသည်။

“ဘုန်း”

ဝိညာဉ်အရည်အချင်းသည် မြို့တစ်ခုလုံးကို သက်ရောက်ကာ ကြေမွစေ သည်။

“ကံကောင်းလို့ ငါတို့စောစောပြန်လာတာ မဟုတ်ရင် ငါတို့တော့ အန္တရာယ် ဖြစ်မှာပဲ” ဖက်တီးကျူသည် ရင်ဘတ်ကိုပုတ်ကာ ကြောက်လန့်သည် အမူအရာပြလေသည်။

တခြားသူများလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ရှီမာယူယူသည် ပွဲတက်ရသည်ကို မနှစ်သက်သဖြင့် မျက်နှာပြပြီးသည်နှင့် ပြန်လာလို့တော်သေးသည်။ မဟုတ်လျှင် သူတို့အထဲတွင် ပိတ်မိနေပါက မည်သို့ အခြေအနေဖြစ်မည်ကို မည်သူမှ မသိနိုင်ပေ။

“ဦးလေးဟော်နဲ့ တခြားသူတွေက ပြင်ဆင်ထားတယ်ထင်တယ်၊ ငါတို့ ပြန်မလာရင်တောင် ဘာမှမဖြစ်လောက်ဘူးထင်တာပဲ” ရှီမာယူယူသည် တွန့်ဆုတ်စွာ ပြောလေသည်။

“ဒါပေမဲ့ စောစောပြန်လာလိုက်တာ ပိုကောင်းသွားတယ်” ဘိုင်ရှန်း ‌ပြော လိုက်သည်။

ရှီမာယူယူသည် စိုးရိမ်တကြီးကြည့်လိုက်သည် “အဲဒီအကအခြေအ‌နေ ဘယ်လိုလဲမသိဘူး”

ထိုမျှပြင်းထန်သော ပြိုင်ပွဲဖြစ်ရာ သူမ၏ နီရဲပျားများကိုပင် အပြင်မထုတ် ရဲပေ။ သူတို့သာ ကာကွယ်ရေးဧရိယာမှအပြင်ထွက်သွားပါက သေသွားနိုင် သည်။

သူတို့သည် ထိုအခြေအနေတွင် ဝင်ပါရန် မဖြစ်နိုင်သဖြင့် အပြင်ထွက်ပြီး မကူညီရဲပေ။

တိုက်ပွဲသည် တစ်ညလုံးဖြစ်ပြီး နောက်နေ့ မွန်းတည့်မှပင် အသံများ တဖြည်းဖြည်း တိုးသွားတော့သည်။

“ပြီးသွားပြီလား” ဖက်တီးကျူသည် အဆောင်ငယ်ဆီသို့လာပြီး ထို ဦးတည်ဘက်သို့ကြည့်လိုက်သည် “ဘာအသံမှမကြားရတော့ဘူး တိုက်ပွဲက ပြီးသွားပြီထင်တယ်”

“မထွက်ခင် ခဏလောက်စောင့်ဦး အရင်ဆုံးအပြင်ကအခြေအနေကို နီရဲ ပျားတွေကို စစ်ဆေးခိုင်းလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် နီရဲပျားများကိုလွှတ်ပြီး အခြေအနေကြည့်ခိုင်းပြီး သတင်းကို စောင့်နေလိုက်သည်။ “တိုက်ပွဲပြီးသွားပြီ အသင်းကနိုင်သွားတယ်”

အားလုံးသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ အသင်းနိုင်သွား၍ တော်သေးသည် မဟုတ်ပါက သူတို့ထွက်သွားရန် အခက်အခဲ ဖြစ်လိမ့်မည်။

ဘိုင်ရှန်းသည် တည်ဆောက်မှုကိုပိတ်လိုက်ရာ အားလုံးထွက်ပြီး အသင်းဆီသို့ ပြေးသွားလိုက်ကြသည်။

ရှည်လျားသော ညတိုက်ပွဲသည် အမှန်တကယ်ပင် ပြင်းထန်ခဲ့သည်။ လမ်းပေါ်မှ အဆောက်အဦးမှားသည် ပျက်စီးနေကာ တည်ဆောက်မှုဖြင့်ကာ ထားသော အိမ်များသာ ကျန်ရှိလေသည်။

သူမသည် ညပွဲခန်းမသို့လာလိုက်သည်။ အပြင်တွင် အလောင်းများဖြင့် ပြည့်နေသည်။ ကြည့်ရသည်မှာ မနေ့ညက တိုက်ပွဲသည် လွယ်သည့်ပုံမပေါ် ပေ။

ရှောင်ဟုန်သည် လူတချို့နှင့်စကားပြောပြီးနောက် လျှောက်လာသည်ကို သူမ တွေ့လိုက်သည်။

ရှောင်ဟုန်သည် သူမအား မြင်သည်နှင့် သူမ အနားမှလူများကို ထွက်သွားခိုင်းပြီး လျှောက်လာကာ မေးလေသည် “ယူယူ အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေတယ်” ရှီမာယူယူသည် သူမ မျက်နှာ ဖြူဖျော့နေသည်ကို မြင်သောအခါ မေးလိုက်သည် “နင်ဒဏ်ရာရထားတာလား”

***

All Chapters