အပိုင်း (၁၂၁၈)
Vol. 82 Ch. 1218
ဘုတ်
နဂါးငွေ့တန်း၏အဆက် တည်နေရာရှိ ဥက္ကာခဲကြီး တစ်ခုပေါ်တွင် သက်လယ်ပိုင်း လူတစ်ယောက်သည် မျက်တပ်ရပ်လျက် ရှိ၏။ သူ၏ ခြေထောက်များသည် ပျော့ခွေသွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကြ သွား၏။ သူ၏ ရင်ဘက်တွင် အပေါက်ကြီး တစ်ခုသည် တည်ရှိလို့ နေ၏။
ဝေါ့
၎င်းသည် ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထုတ် လိုက်ပြီး မျက်လုံးများသည် မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ် လျက် ရှိနေ၏။ သူသည် အထိုးခံလိုက်ရသည် ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိနိုင်သည်။
ဤကဲ့သို့သော တိုက်ခိုက်မှုကိုကြုံတွေ့ရလျှင် သူအနေဖြင့် တန်ပြန်တိုက်ခိုက်ရန် အားအင်များ ကျိန်းသေ တည်ရှိနေရမည ဖြစ်၏။ သက်လယ်ပိုင်းလူ၏ အားအင်သည် စကြာဝဠာ လူဆိုးကြီး ငါးဦး၏ အားအင်အဆင့်နှင့် တူညီသည့် လူတစ်ဦးလည်း ဖြစ်၏။
ထို့ပြင် ၎င်းသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် နှိုင်းယှဉ်၍ရသော ချပ်ဝတ်တစ်ခု ကိုလည်း ဝတ်ဆင် ထား၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ၎င်း၏ ရင်ဘတ် တစ်ခုလုံးသည် ဖောက်ထွင်း ခံလိုက်ရသည်။
တည်နေရာ၏ အခြား တစ်ဖက်မှာတော့ ရှေးရွက်သင်္ဘောကြီးသည် ငြိမ်သက်လျက် ရှိနေသည်။ ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေသော ရှန်းယုဟန်သည် ဆွံ့အလျက် ရှိနေ၏။
အဆုံးသတ်မှာတော့ သူသည် မည်သို့မျှ တောင့်မခံနိုင်တော့ပဲ မြေပေါ်သို့ လဲကျသွားတော့၏။ သူ၏ နှလုံးသားမှာတော့ အကြိတ်အခဲကြီး တစ်ခုသည် ဖြစ်လို့ နေခဲ့တော့၏။ လက်ရှိ မြင်တွေ့ခဲ့ရ သော မြင်ကွင်းသည် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဘူး ခဲ့ရချေ။ ထို့ပြင် မေ့ဖျောက်၍ ရနိုင်တော့မည့် အရာမျိုးလည်း မဟုတ်တော့ချေ။
အစ်ကိုကျွင်းသည် အမဲရောင် ချပ်ဝတ်နှင့် လူအား လက်သီးနှင့် တစ်ချက်တည်း ထိုးကာသတ်ဖြတ် ခဲ့၏။ ဤ အရာသည် ရိုးရှင်း လွန်းလှ၏။
လက်သီးကို ဆန့်တန်းလိုက်ရုံပင် ဖြစ်၏။ သို့ပေမဲ့ ထို ရိုးရှင်းလှသော လက်သီးတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပါဝင်နေသည်ကို သူမျက်မြင် တွေ့မြင်လိုက်ရပြီ ဖြစ်သည်။
ထို လက်သီးချက်သည် အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသော သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့အား တဆက်တည်း သတ်ဖြတ်ခဲ့ရုံသာ မက ၎င်းတို့ စီးနင်း လာသော ရွက်သင်္ဘောကြီးကိုလည်းဖျက်စီးခဲ့၏။
ထို ရွက်သင်္ဘော၏ ခေါင်းဆောင်သည် အနောက်သို့ လွင့်စင် သွားပြီးနောက် ဥက္ကာခဲ တစ်ခု အပါ်သို့ ကျရောက် သွားခဲ့သည်။
ရှန်းယုဟန် သည် ဆွံ့အ နေတုန်းပင် ဖြစ်၏။
အစ်ကိုကျွင်းသည် ရှေးရွက်သင်္ဘောကြီးကို ပိုင်ဆိုင်သောကြောင့် အလွန်အားကောင်းလှလိမ့်မည်ဟု ထင်မှတ် ပြီးသားဖြစ်၏။ သို့ပေမဲ့ ဤမျှအထိ အားကောင်းလိမ့်မည်ဟု သူ မထင်မှတ် ခဲ့ချေ။
တည်နေရာချိုးဖျက်ခြင်း အဆင့်ရှိ လူတစ်ယောက် ကိုပင် လက်သီး တစ်ချက်တည်းဖြင့် သတ်ဖြတ် နိုင်ခဲ့သည်။
"အလယ်အလတ် အဆင့်"
ရှန်းယုဟန်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ "အစ်ကိုကျွင်းက တည်နေရာ ချိုးဖြတ်ခြင်း အလယ်အလတ် အဆင့် သိုင်းကျင့်ကြံသူပဲ ဖြစ်ရမယ်"
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးအဆင့်သည် သိုင်းအင်ပါယာ အဆင့်သာ ဖြစ်၏။ သို့ပေမဲ့ ထို အဆင့်တွင် အသေးစိတ် အချက်အလက်များ ပါဝင် နေသေးသည်။
ချေိုးဖျက်ခြင်း အဆင့် ဆိုသည်မှာ ရိုးရှင်းသော အဆင့်များ တည်ရှိလို့နေခဲ့၏။ အဆင့်နိမ့်၊ အလယ်အလတ်နှင့် အထက် အဆင့် တို့ပင် ဖြစ်သည်။
ထို အဆင့် တစ်ခုခြင်းစီတိုင်းတွင်းလည်း အဆင့်နိမ့်၊ အလယ်အလတ်နှင့် အထက် အဆင့် ဟူ၍ ထပ်မံ ခွဲခြား ထားပြန်၏။
ညအင်ပါယာသည် မသေဆုံး ခဲ့စဉ်က တည်နေရာ ချိုးဖျက်ခြင်းအဆင့်၏ အဆင့်နိမ့်ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။
ဤအဆင့်ရှိ လူများသည် ကောင်းကင်နှင့် ဓာတ်သဘာဝများကို နက်နဲစွာ နားလည်ကြပြီး တည်နေရာ အတားအဆီး စွမ်းအင်ကိုလည်း ကောင်းကောင်း အသုံးပြုနိုင်စွမ်း ရှိ၏။
သို့ပေမဲ့ ၎င်းတို့သည် စကြာဝဠာအတွင်းတွင်တော့ ထိန်းချုပ်နိုင်မှု ၊ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှု မရှိသေးချေ။ အပွင့်လင်းဆုံး ပြောရလျှင် ကုန်းမြေတိုက်ကြီး အတွင်းရှိ အက်ကွဲကြောင်း များကိုသာ ချိုးဖျက် နိုင်စွမ်း ရှိသည်။
အထက်နယ်မြေကို ချိုးဖျက်နိုင်ရန် ဆိုသည်မှာ စကြာဝဠာ၏ စွမ်းအင် များကို နားလည်ရန် အထူး လိုအပ် နေသေး၏။ ဤကဲ့သို့သော စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများထက် ပို၍ ခက်ခဲ လွန်းလှ၏။
ထိုအရာကို နားလည်ရန် ဆိုသည်မှာ အဆင့်နိမ့် တည်နေရာ ချိုးဖျက်ခြင်း အဆင့်ကို တက်ရောက်နိုင်မှ ဖြစ်ပေလိမ့်မည်။ စကြာဝဠာ၏ စွမ်းအင်များကို နားလည်နိုင်သော လက်ရွေးစင် သိုင်းကျင့်ကြံသူများသည် လေဟာနယ် ချိုးဖျက်ခြင်း အလယ်အလတ် အဆင့်ကို ချိုးဖျက် ရောက်ရှိခဲ့ပြီး ဖြစ်သည်။
၎င်းတို့ အားလုံးသည် အထက်နယ်မြေကို တက်ရောက်နိုင်ရန် လုံလောက်သည့် အရည်အသွေး များကို ပိုင်ဆိုင် ခဲ့ပြီး ဖြစ်၏။ ဟုတ်ပေသည် လေဟာနယ် ချိုးဖျက်ခြင်း အလယ်အလတ် အဆင့် ဆိုသည်မှာ အခြားသော သူများကို နင်းခြေပစ်နိုင်သော စွမ်းအားမြင့် ကျင့်ကြံသူလည်း ဖြစ်၏။
ဤအဆင့်ကို ချိုးဖျက်ပြီးနောက် လူ တော်တော်များများသည် အထက်နယ်မြေ ကိုသာ တက်ရောက်ရန် ရွေးချယ် ခဲ့ကြ၏။ သို့ပေမဲ့ အဆုံးသတ် မှာတော့ ၎င်းတို့သည် ကျဆုံးသူ၊ သေဆုံးသူ ဟူ၍ ပြောင်းလဲ သွားကြသည်။
သက်ဆိုင်ရာ အချက်အလက်များ အရ ဆိုလျှင် လေဟာနယ် ချိုးဖျက်ခြင်း အလယ်အလတ် အဆင့်ကို ပိုင်ဆိုင် ထားသော လူများ၏ အထက်နယ်မြေကို တက်ရောက်နိုင်သောနှုန်းမှာ ငါးရာခိုင်နှုန်း အောက်ပင် နည်းပါး နေသေး၏။ ယေဘုယျဆိုလျှင် လူတစ်ရာတွင် ငါးယောက်သာလျှင် အထက်နယ်မြေသို့ တက်ရောက်နိုင်ခဲ့၏။
သို့ပေမဲ့ အထက်နယ်မြေသို့ တက်ရောက်ရန်မှာ မည်သို့မျှ ရပ်တန့်၍မရနိုင်သော ဆန္ဒဖြစ်၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ဆိုသလိုပင် စကြာဝဠာအတွင်း တည်ရှိနေသော သိုင်းကျင့်ကြံသူများသည် ဤ ကဲ့သို့ ကြိုးစားရင်း သေဆုံးနေခြင်းပင် ဖြစ်သည်။
ဤကဲ့သို့ အထက်နယ်မြေသို့ တက်ရောက်ရာတွင် ကျဆုံးရသည့် အကြောင်းအရင်းမှာ များပြားစွာ တည်ရှိ နေ၏။ ဥပမာ အားဖြင့် ခန္တာကိုယ်အားအင်သည် လုံလောက်သည့် ကြံ့ခိုင်မှုမရှိခြင်း၊ ဝိညာဉ် အားအင်သည် လုံလောက်သည့် ကြံ့ခိုင်မှု မရှိခြင်း စသဖြင့်။
အဓိကအားဖြင့် စကြာဝဠာ၏ စွမ်းအင်ကို လုံလောက်စွာ နားမလည်ပါက တည်နေရာရွေ့လျားခြင်း လေဟာနယ်ထဲ၌ အဆုံးသတ်သွားမှာ သေချာ၏။ ဤကဲ့သို့သောအရာမျိုး ကို နားလည်နေသူသည် လေဟာနယ် ချိုးဖျက်ခြင်း အထက်အဆင့်သို့ ရောက်ရှိနေသူသာလျှင် ဖြစ်ပေလိမ့်မည်။
ဤသို့သော စွမ်းအားမြင့် ကျင့်ကြံသူများသည် အားလုံးသောဓာတ်ဘာဝများကို နားလည် နေကြပြီး စကြာဝဠာ၏ စွမ်းအင်များကိုလည်း နက်နက်နဲနဲ နားလည်နေကြ၏။ ထို့ကြောင့် အထက်နယ်မြေသို့ တက်လှမ်းရန် အောင်မြင်မှုသုံးဆယ် ရာခိုင်နှုန်းခန့် ရှိခဲ့၏။
ဤကဲ့သို့သော စွမ်းအင် အဆင့်ကို ပိုင်ဆိုင် ပါက သေမျိုးလောကတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အဆင့်ကိုပိုင်ဆိုင်ပြီး ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေသော လူသားအဖြစ်သို့ ပြောင်းလဲသွားမှာဖြစ်၏။ သို့ပေမဲ့ တည်နေရာချိုးဖျက်ခြင်း အထက်အဆင့်ကို ပိုင်ဆိုင်သော လူများသည်လည်း အထက်နယ်မြေကို တက်လှမ်းကြသေး၏။ အဘယ့်ကြောင့်ဆိုသော် ဤ နယ်မြေတွင် နေထိုင်ပါက ၎င်းတို့၏ စွမ်းအင်နှင့် သက်တမ်းသည် အကန့်အသတ်နှင့် ရှိနေပေလိမ့်မည်။
ထို့ကြောင့် အသက်ကိုစွန့်စားပြီးနောက် အထက်နယ်မြေဆီသို့ တက်ရောက်ရန်သာ ရွေးချယ်ကြတော့၏။ စွန့်စားနိုင်မှသာလျှင် အောင်မြင်မှုကိုရရှိမှာ သေချာ၏။
အဆင့်များကို မိတ်ဆက်ပေးပြီးနောက် ရှမ့်ယုဟန်၏ အကြောင်းကို ပြန်၍ ပြောဆိုရပေလိမ့်မည်။
လက်ရှိအချိန်မှာတော့ သူသည် ကျွင်းချောင်ရှောင်း တစ်ယောက် လေဟာနယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူကို လက်သီး တစ်ချက်တည်းနှင် တိုက်ခိုက် ပြီးနောက် အလယ်အလတ်အဆင့် ကျွမ်းကျင်သူ ဖြစ်ကြောင်း နားလည်လိုက်မိ၏။ သို့ပေမဲ့ အမှန်တရားမှာတော့ ကျွင်းချောင်ရှောင်းသည် လေဟာနယ် အဆင့်နိမ့် အဆင့်ကိုပင် ရောက်ရှိဖူးသူ မဟုတ်ချေ။
လေဟာနယ်ချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ရန် သူသည် တစ်ချက်ထိုး သတ်ဖြတ်မှုကို ထုတ်ဖော်အသုံးပြုခဲ့ခြင်းသာ ဖြစ်တော့၏။
သတ်လယ်ပိုင်း လူသည် ကံဆိုးသည့် အခြေအနေနှင့် ကြုံဆုံ ခဲ့ရသည်။
ထိုသူသည် အလွန်တရာ မာနကြီး မောက်မာလွန်းသောကြောင့် ကျွင်းချောင်ရှောင်း ၏ တစ်ချက်ထိုး လက်သီးသည် တစ်ရာရာခိုင်နှုန်း အားပြည့်သွားခဲ့၏။ ထို့ကြောင့်ပင် လက်သီးချက်ကို ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ စွမ်းအင်များ ပြည့်လာသည့်နှင့် ကပ်စေးနည်းကာ သိမ်းဆည်းမထားချေ။ တစ်ခါတည်း ထုတ်ဖော်အသုံးပြုခဲ့သည်။
ဟူး ……။
လေပြေညင်းများ တိုက်ခတ်သွားခဲ့၏။ လှေဦး၏ ထိပ်တွင်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်း၏ နက်မှောင်သော ဆံနွယ် များသည် လေနှင့်အတူ ပါသွားခဲ့ပြီး တောက်ပြောင်လျက်ရှိနေသော ခေါင်းတုံးသည် ထင်ပေါ် လာခဲ့၏။
"အ … အစ်ကိုကျွင်း"
ရှမ့်ယုဟန်သည် ကြောင်အအဖြင့် ပြောလိုက်သည်။ "အ … အစ်ကိုကျွင်း ခေါင်းတုံး ဖြစ်သွားတာလား"
ကျွင်းချောင်ရှောင်းသည် ဘာမှပြန်မပြောချေ။ သိုလှောင်လက်စွပ် အတွင်းမှ အမဲရောင်ခြုံလွှာ တစ်ခုကို ထုတ်ယူပြီး ခေါင်းကိုပတ်ပြီးနောက် ပြောလိုက်၏။ "မင်းကို ငါ ကာကွယ်ပေးနေတယ် ဆိုတော့၊ မင်း ကျိန်းသေပေါက် လုံခြုံ ရမယ်..."
ရွှီး
ရှေးရွက်သင်္ဘောကြီးသည် အရှေ့ဆီသို့ ပျံသန်း ထွက်ခွာသွားခဲ့သည်။
ဘုတ် ….။
သေဆုံးသွားခဲ့ပြီ ဖြစ်သော သက်လယ်ပိုင်းလူသည် အသက်နှင့် ခန္ဓာကိုယ် အိုးစားကွဲသွားပြီ ဖြစ်သော်လည်း ၎င်း၏ မျက်နှာပေါ် တွင် နာကျင်နေသည့် အမူအရာမျိုး တည်ရှိလို့နေေရှေးရွက်သင်္ဘောအပေါ် မှာတော့ ကျွင်းချောင်ရှောင်းသည် သိုလှောင် လက်စွပ်များကို ရေတွက်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဒီကောင် အတော်ကို ချမ်းသာ တာပဲ"
"အစ်ကိုကျွင်း"
ရှမ့်ယုဟန်သည် တည်ငြိမ်သွားခဲ့ပြီး သူ၏ မျက်လုံးများ အတွင်းမှာတော့ အထင်ကြီးမှုများနှင့် ပြည့်နှက်နေခဲ့၏။
"ဒီတော့ အစ်ကိုကျွင်းက တည်နေရာချိုးဖျက်ခြင်း အလယ်အလတ်အဆင့်ကို ရောက်နေတဲ့ လူတစ်ယောက်ပေါ့”
"တည်နေရာ ချိုးဖျက်ခြင်း အလယ်အလတ် အဆင့် ဟုတ်လား"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါက ဘာကို ဆိုလိုတာလဲ"
ရှမ့်ယုဟန်သည် တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "အစ်ကိုကျွင်းက တည်နေရာချိုးဖျက်ခြင်း အဆင့်အကြောင်း မသိဘူးလား"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ဖြန့်ကားကာ ပြောလိုက်၏။ "ငါက တစ်နှစ်ပတ်လုံး ဂြိုလ်ထဲမှာပဲ နေပြီး ဂိုဏ်းကို စီမံခန့်ခွဲ နေရတာလေ။ အပြင်ကို ထွက်လေ့မရှိဘူး။ ဒီတော့ ကိစ္စ တော်တော်များများကို မသိဘူးလို့ ပြောရမယ်"
"ကျုပ် နားလည်ပြီ"
ရှမ့်ယုဟန်သည် နားလည်သွားခဲ့၏။ ပြီးသည့်နောက် မှာတော့ တည်နေရာချိုးဖျက်ခြင်း အဆင့် အကြောင်းအား သေသေချာချာ ရှင်းပြတော့သည်။
"ဒီလောက် ရှုပ်ထွေးတာလား"
တည်နေရာ ချိုးဖျက်ခြင်း အဆင့်တွင် အဆင့်ကြီး သုံးဆင့် ခွဲခြား ထားသည့် အကြောင်းကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အသွားခဲ့၏။သူ၏ သိုင်းသူတော်စင်ပြည့်စုံခြင်း ကျင့်ကြံခြင်းပြီးလျှင် သေမျိုး စကြဝဠာကြီးကို ကျော်ဖြတ်ရန်မှာ အဆင့်ကြီး သုံးဆင့်ကို ချိုးဖျက်ရန် လိုနေသေး၏။
စနစ်က ပြောလိုက်သည်။ "မင်းကို ကြည့်ရတာ ဒီအဆင့်တွေကို လွယ်လွယ်ကူကူနဲ့ ချိုးဖျက်နိုင်မဲ့ ပုံစံ ပြောနေတာပါ့လား"
"အစ်ကိုကျွင်း"
ရှမ့်ယုဟန်သည် အားပျော့သလို ပြောလိုက်မိ၏။ "အစ်ကိုကျွင်းက ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲ နေရတာ ဟုတ်လား"
"ဟုတ်တယ်လေ" ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။
"ဒါ … ဒါက အရမ်းကို အားကောင်းလား" ရှမ့်ယုဟန်သည် မေးလိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ မစဉ်းစားဘဲ ပြောလိုက်သည်။ "ဂြိုလ်ကြီးထဲက အားအကောင်းဆုံးသော ဂိုဏ်းတွေထဲက တစ်ခုပေါ့"
အလုံးစုံသော အားအင်အဆင့်အရဆိုလျှင် ဤအရာသည် အမှန်ပင်ဖြစ်၏။ သို့ပေမဲ့ ကုန်းရှန့်၏ ပါးစပ်မှ ထွက်လာသည့်အခါမှာတော့ ပါးပိတ်ရိုက်ချင်စရာ ကောင်းလှသည့် ပုံစံမျိုး ဖြစ်နေတော့၏။
"အစ်ကိုကျွင်း ကျုပ် ဂိုဏ်းထဲကို ဝင်လို့ ရလား"
ရှမ့်ယုဟန်က မေးလိုက်၏။ လက်သီးတစ်ချက်တည်းနှင့် တည်နေရာချိုးဖျက်ခြင်း အဆင့်နိမ့်ကျင့်ကြံသူအား သတ်ဖြတ်ခဲ့၏။ ဤအရာသည် ကျိန်းသေပေါက် ကျွမ်းကျင်သူများထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သောသူ၏ ဂိုဏ်းထဲသို့သာဝင်ခွင့်ရပါက သူ၏အနာဂတ်သည်လည်း ကျိန်းသေပေါက် တောက်ပသွားမှာ သေချာ၏။
"အင်း … မင်းဝင်လို့ရတာပေါ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းက အဓိကအားဖြင့် ကြီးမြတ်တဲ့ ဂိုဏ်းကြီးတစ်ခုလေ။ ဒီတော့ ပါရမီ ဒါမှမဟုတ် ပိုက်ဆံအပေါ် မူတည်ပြီး ဂိုဏ်းသားတွေ ဖြစ်လာတာ။ မင်းဆီမှာ နှစ်ခုလုံးမရှိဘူးဆိုရင်တော့ အားနာပါတယ်"
"အစ်ကိုကျွင်း"
ရှမ့်ယုဟန်သည် အလောတကြီး ပြောလိုက်သည်။
"ကျုပ်ဆီမှာ ပိုက်ဆံတွေ ရှိပါတယ်"