← Chapters

အပိုင်း (၁၂၂၀)

Vol. 82 Ch. 1220

အပိုင်း (၁၂၂၀)

Vol. 82 Ch. 1220

“ဒီကောင်လေး ဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဤကဲ့သို့သော နာမည်သည် အလွန်အားကောင်းလွန်းလှသော အမှောင် နတ်ဆိုးဘုရင်ကဲ့သို့ လူတစ်ယောက်ရဲ့ နာမည်ဖြစ်လို့နေသည်လား။

“သခင်”

အားရာသည် စိတ်ဝင်တစားဖြင့် မေးလိုက်မိ၏။ “ဘာလို့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ကျွန်မ အားရပါးရ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ လူတစ်ယောက်ရဲ့ အကြောင်း ကို ဘာလို့ မေးရတာလဲ။”

“………..”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ယင်လျက်ရှိနေ၏။ သူ့အနေနှင့် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်ရဲ့ ရိုက်နှက်ခြင်းကို မခံဖူးဘူးဆိုသော်လည်း ထိုအရာသည် မည်မျှကြောက်မက်ဖို့ကောင်းမည်ဆိုသည်ကို သူကောင်းကောင်းနားလည်မိ၏။ ထို့အပြင် ကောင်းကင်မူလဖိနှိပ်ခြင်းဝိညာဉ်စေတီထဲသို့ ရောက်ရှိသွားသည်ဆိုသည် နှင့် မည်မျှအားကောင်းလှသည့်သူမဆို ငကြောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး အားရာ၏စကားကို နားထောင်ရ၏။

ထို့ကြောင့် ဤဝိညာဉ်ရိုက်နှက်မှုသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းပြီး နာကျင်မှုများနှင့် ပြည့်နှက်နေသည့် အရာဖြစ်မှန်းကို ကောင်းကောင်းနားလည်သင့်ပေ၏။ ယခု အမှောင်နတ်ဆိုးဘုရင်ဟု နာမည်ကြီးလှသောလူသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက အားရာ၏ နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ထိုအရာသည် သူမထင်မှတ် ထားသည့်ကိစ္စပင်ဖြစ်တော့သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးသည့်နောက်မှာတော့ လက်ကို ယမ်းခါကာ ပြောလိုက်မိ၏။ “မင်းနဲ့ ဒီအမှောင်နတ်ဆိုးဘုရင်ဆိုတဲ့ လူအကြောင်းကို သေသေချာချာ ပြောပြပါအုံး။”

အားရာက ပြောလိုက်သည်။ “သေမျိုးစကြဝဠာလောကကြီးထဲမှာ အရမ်းကို ထူးခြားလှတဲ့ အမှောင်ဓာတ်သဘာဝတွေရှိတယ်လေ။ အချိန်ကာလ တွေ တဖြည်းဖြည်းနဲ့ ကြာမြင့်လာတဲ့အချိန်မှာတော့ အဲ့ဒီဓာတ်သဘာဝတွေက မိစ္ဆာဓာတ်သဘာဝတွေအဖြစ် စုစည်းပြီးတော့ အမှောင်နတ်ဆိုးဘုရင်ဆိုပြီး ဖြစ်တည်လာခဲ့တာပဲ။ ဒီအကောင်လေး စပြီးဖြစ်တည်လာတဲ့နေ့မှာပဲ အထက်နယ်မြေမှာရှိတဲ့ စွမ်းအားမြင့်ကျင့်ကြံသူ တွေက သိရှိသွားခဲ့ကြတယ်။ ထို့ကြောင့် စေတီတစ်ခုကို ဖန်တီးပြီးတော့ လောကမှာရှိတဲ့ မိစ္ဆာဓာတ်တွေကို သန့်စင်ဖို့ စီစဉ်ခဲ့ကြတယ်။ ပြီးတော့ သူတို့က သေမျိုးလောကကြီးတစ်ခုလုံးကို ကပ်ဘေးတွေ ယူဆောင်လာနိုင်တဲ့ အမှောင်နတ်ဆိုးဘုရင်ကို ထျန်းယွမ်ကုန်းမြေတိုက်ကြီးထဲမှာ ဖိနှိပ်ချုပ်နှောင်ထားခဲ့တယ်။”

“ဒါဆိုရင် အဲဒီဖိနှိပ်ချုပ်နှောင်ခဲ့တဲ့ စေတီဆိုတာက အခု ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို ပြောတာလား။” ကျွင်းချောင်ရှောင်းသည် မေးလိုက်မိ၏။

“ဟုတ်တယ်လေ။”

အားရာသည် ပြုံးရွှင်စွာ ပြောလိုက်သည်။ “ဒါကြောင့်ပဲ ကျွန်မက လောကမှာရှိတဲ့ မိစ္ဆာဓာတ်တွေအားလုံးကို သန့်စင်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေတာပေါ့။”

ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ကြောက်မက်ဖွယ်ရာကောင်းပြီး အလွန်တရာ အားကောင်းလှသည်ကို သူ ကောင်းကောင်းသိ၏။ သို့ပေမဲ့ ထိုအရာသည် အထက်နယ်မြေမှ ရောက်ရှိလာသည့် အရာမှန်းတော့ မထင်မှတ်မိခဲ့ချေ။

သေမျိုးစကြဝဠာကြီးထဲတွင်ရှိသော ပစ္စည်းများသည် မည်မျှအားကောင်းလှသည်ဆိုဆို ကျိန်းသေပေါက် အထက် နယ်မြေဆိုသည့်အရာ၏ အရိပ်အောက်တွင် တည်ရှိနေသည်ဖြစ်ကြောင်းကို နားလည်သွားမိတော့၏။

“ဒါက သာမန်ပဲလေ။”

စနစ်က ပြောလိုက်သည်။ “ပြီးတော့ ဒီစေတီက မိုးကြိုးအပြစ်ပေးမှုရဲ့ စွမ်းအင်တွေကိုတောင် ခုခံနိုင်တဲ့ အရာပဲလေ။”

“ဒါကတော့ အမှန်ပဲ။”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ ပြီးနောက်ပြောလိုက်၏။ “မင်းနဲ့ ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်းစေတီတို့က အမှောင်နတ်ဆိုးဘုရင်ကို ကောင်းကောင်းဖိနှိပ်ထားနိုင်သေးတာပေါ့။”

“ဟုတ်ပါတယ်။”

အားရာက ခေါင်းညိတ်လိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် အဲကောင်ကို ထပ်ပြီးတွေ့မယ်ဆိုရင် ရင်ဆိုင်နိုင်လား။”

“ဘာလို့လဲ။”

အားရာသည် ရုတ်တရက် မျက်လုံးအပြူးသားဖြင့် မေးလိုက်မိ၏။ “ဒီကောင်လေးက သခင့်ကို အနိုင်ကျင့်ခဲ့လို့လား။”

“ဟုတ်တယ်လေ။”

ကျွင်းချောင်ရှောင်းသည် နာကျင်နေသည့် အမူအရာဖြင့် ဟန်ဆောင်ကာ ပြောလိုက်မိ၏။ “ငါ ဆိုးဆိုးဝါးဝါး အနိုင်ကျင့်ခံခဲ့ရတယ်။”

ဆွစ် ဆွစ် ဆွစ်

ချက်ချင်းပဲ ကြာပွတ်၊ ဖယောင်းတိုင်၊ လက်ထိပ်၊ ပုဆိန်၊ ကြိုး တစ်ခြားသော အပြစ်ပေးရာတွင်အသုံးပြုသည့် ပစ္စည်းများသည် အားရာ၏ အနောက်ဘက် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။

သူမ၏ မျက်လုံးများသည် ရဲရဲနီလျက်ရှိ၏။ သူမက ပြောလိုက်၏။ “သခင် …. ကျွန်မ ကျိန်းသေပေါက် လက်စားချေမယ်။”

တိုက်ဆိုင်စွာဖြင့် အကျဉ်းသားအနည်းငယ်ကို စိတ်ပိုင်းဆိုင်ရာအရ စကားလုံးများဖြင့် နှိပ်စက်ပြီး ကော့ပက်ကော့ပက် ဖြင့် ပြန်လာသော ကျိုးဒူဒူသည် ရုတ်တရက် စောင့်ကြည့်ရေးအခန်းဆီမှ ဖြတ်လျှောက်သွား ခဲ့၏။

မျက်နှာတစ်ခုလုံး မဲမှောင်၍ မျက်လုံးများနီရဲလျက်ရှိနေသော အားရာကို မြင်လိုက်သည့်အချိန်မှာတော့ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပေါ်သို့ပင် လဲကျသွားခဲ့သည်။

အားရာသည်အမှန်ပင်စိတ်ဆိုးလျက်ရှိနေသည်။သခင်သည် အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ နှိပ်စက်လိုက်သည်ဖြစ်သော အမှောင်နတ်ဆိုးဘုရင်မှာတော့ ကျွင်းချောင်ရှောင်းဆိုသည့်လူကို တစ်ချက်ကလေး တောင် မသိခဲ့ချေ။

“မင်းလုပ်နိုင်တယ်ဆိုတာ သေချာလို့လား။”

“သခင့်အနေနဲ့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို သူ့အပေါ်သာ တင်ထားလိုက်။ ကျန်တဲ့ကိစ္စကို ကျွန်မ တာဝန်သာထားလိုက်တော့။”

“ကောင်းပြီ။ ပြဿနာမရှိဘူး။”

ကျွင်းချောင်ရှောင်းသည် သူ၏ ကိုယ်ပိုင်အားအင်ဖြင့် အမှောင်နတ်ဆိုးဘုရင်ကို အနိုင်ယူတိုက်ခိုက်ရန်ဆိုသည်မှာ သိပ်မဖြစ်နိုင်ဟု ခံစားမိ၏။ သို့ပေမဲ့ ဤစေတီနှင့်သာ ထုရိုက်နိုင်သည်ဆိုပါက ကျိန်းသေပေါက် လွယ်ကူသွားပေလိမ့် မည်။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြီးတော့ အဲဒီလူဆီမှာ နောက်လိုက်တွေအများကြီးရှိသေးတယ်လေ။”

အားရာက ပြောလိုက်သည်။ “အဲနောက်လိုက်တွေက သူ့ရဲ့ ကိုယ်ပိုင်အမှောင်ဓာတ်သဘာဝတွေနဲ့ ဖန်တီးထားတဲ့ လူတွေလေ။ အဓိကခန္ဓာကိုယ် ကိုသာ ကျွန်မတို့ ထိန်းချုပ်နိုင်ပြီဆိုရင် ကျန်တဲ့လူတွေအားလုံးကို လွယ်လွယ်ကူကူနဲ့ ရင်ဆိုင်လို့ရသွားပြီ။”

“ငါနားလည်ပြီ။”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ အံ့အားသင့်လျက်ရှိနေ၏။ ဤအမှောင်နတ်ဆိုးဘုရင်၏ အားအင်အဆင့် သည် သာမန်ထက်ပိုကာ အားကောင်းလွန်းလှ၏။ တည်နေရာချိုးဖြတ်ခြင်း အဆင့်နိမ့် စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်ကိုပင် ဖန်တီးနိုင်စွမ်းရှိပြီဆိုမှတော့ ကျိန်းသေပေါက် အားကောင်းလွန်းလှသည့် လူတစ်ယောက်ဖြစ်မှာ သေချာသည်။

ကျွင်းချောင်ရှောင်းသည် အမှောင်နတ်ဆိုးဘုရင်နှင့် ရင်ဆိုင်သည့်အချိန်တွင် ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်းစေတီကို အသုံးပြုရမည့်အပြင် ၎င်း၏ နောက်လိုက်များကို ရင်ဆိုင်ရန်အတွက်တော့ စည်းဓားမော့ကြီး ကို ထုတ်၍အသုံးပြုရမည်ဟု တွေးတောထားခဲ့၏။

သို့ပေမဲ့ ထိုအရာကို ထုတ်ဖော်အသုံးပြုလိုက်သည်ဆိုပါက သူသည် အချိန်အတော်ကြာ အားနည်းနေမှာ ဖြစ်သည်။ သို့သော်ငြား အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်းနှင့် အထူးတာဝန်လည်း ပြည့်စုံမည်ဆိုမှတော့ ကျိန်းသေပေါက် ထိုက်တန်သည့်အရာဖြစ်ပေလိမ့်မည်။

ထို့အပြင် အထူး တာဝန်အတွက်နှင့် နှင်းဆီဧကရီကိုပင်လျှင် လက်ထပ်ရဲနေသည်ဆိုမှတော့ တစ်ခြား သူ မလုပ်ရဲသည့်အရာသည် လောကကြီးတွင် မည်သည့်အရာရှိနေတော့မည်နည်း။

စနစ်က သုံးသပ်လိုက်သည်။ “ဒါက ယူချင်လို့ ယူခဲ့တာမဟုတ်ဘူးလား။”

“မင်း ဝင်မပြောနဲ့။”

…….

ရွှီး

ရှေးရွက်သင်္ဘောကြီးသည် ပျံသန်းထွက်ခွာသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ အမြန်ဆန်ဆုံးနှုန်းထားဖြင့် ထျန်းယွမ် ကုန်းမြေတိုက်ကြီးသို့ ဦးတည်လျက်ရှိနေသည်။ ဟုတ်ပေသည်။ စွမ်းအင်ကုန်ဆုံးမှုမှာလည်း အလွန်တရာ မြန်ဆန် လွန်းလှ၏။

အထူးတာဝန်နှင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းရရှိရန်အတွက် ကျွင်းချောင်ရှောင်းသည် ကုန်ကျစရိတ်ကို လုံးဝ ဂရုမစိုက်ချေ။ ထျန်းယွမ်ကုန်းမြေတိုက်ကြီးနှင့် နီးနီးသို့ ရောက်လာပြီ။ နီးကပ်လာလေသည်နှင့်အမျှ ရှမ့်ယုဟန်သည် ပိုမိုကာ စိုးရိမ်ပူပန်လာမိသည်။

အစ်ကိုကျွင်းအနေနှင့် အမှောင်နတ်ဆိုးဘုရင်အား မရင်ဆိုင်နိုင်မည်ကို သူ စိုးရွံ့လျက်ရှိ၏။ သူသေဆုံးသွားမည် ဆိုပါက ကိစ္စမရှိချေ။ သို့ပေမဲ့ သူ့အတွက် အစ်ကိုကျွင်းသည်သာ လိုက်ပါသေဆုံးရမည်ဆိုပါက သူသည် အပြစ်သားကြီး တစ်ယောက်လို ခံစားနေမိတော့မှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်၏ စိုးရိမ်ပူပန်မှုကို နားလည်၏။ ထို့ကြောင့်ပင်လျှင် နှစ်သိမ့်ပေးလိုက်သည်။ “မပူနဲ့။ သေမျိုးစကြဝဠာကြီးထဲမှာ ငါ့ကို ချိန်းခြောက်နိုင်တဲ့လူဆိုတာ ဘယ်သူမှ မရှိဘူး။”

“ဒီလိုပဲ မျှော်လင့်ပါတယ်။” ရှမ့်ယုဟန်သည် ကြိတ်ကာ ပြောလိုက်မိသည်။

……..

တစ်လကြာမြင့်ပြီးသည့်နောက်မှာတော့ ……….

“ထူးဆန်းလိုက်တာ။”

ကျွင်းချောင်ရှောင်းက ဇဝေဇဝါဖြစ်သွား၏။ “ဒီနားမှာ စွန့်ပစ်ခံရတဲ့ ဂြိုဟ်တွေအများကြီးပါလား။”

“ဒါတွေက ပျက်စီးနေတဲ့ ဂြိုဟ်တွေပဲ။”

ထျန်းယွမ်ကုန်းမြေတိုက်ကြီးဆီသို့ လာရာလမ်းတွင် များပြားလှသည့် ဂြိုဟ်များတည်ရှိနေပြီး ထိုဂြိုဟ်များသည် စိတ် ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်ကာ သဲကန္တာရတစ်ခုကဲ့သို့ ဖြစ်တည်နေသည်ကို သူ တွေ့ရှိလိုက်ရ၏။ ဤကဲ့သို့ တည်နေရာအနီးအနားတွင် များပြားလှသည့် စွန့်ပစ်ဂြိုဟ်များ တည်ရှိနေသည်ကို မြင်ရသည်မှာ အနည်းငယ် တော့ ထူးဆန်းနေသည်။

“အစ်ကိုကျွင်း”

ရှမ့်ယုဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်၏။ “ဒါတွေက အမှောင်နတ်ဆိုးဘုရင်ပြုလုပ်ခဲ့တဲ့ အရာတွေပဲလေ။ သူက ထျန်းယွမ်ကုန်းမြေတိုက်တစ်ခုထဲကို ပစ်မှတ် ထားနေတာမဟုတ်ဘူး။”

“ဒါဆိုရင် ဒီဂြိုဟ်တွေအားလုံးက သူ့ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတာပေါ့။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“သိပ်မှန်တာပေါ့။”

“………”

ကျွင်းချောင်ရှောင်းသည် တိတ်တဆိတ် ကြိတ်ကာ ပြောလိုက်မိ၏။ “ဒီလောက် အားကောင်းလှတဲ့ သတ္တဝါကို ရင်ဆိုင်ဖို့အတွက် အဓိကတာဝန်ဆိုပြီးတော့ ပေးသင့်တာပေါ့။ ဘယ်လိုဖြစ်လို့ အထူးတာဝန်ဆိုပြီး ပေးရတာလဲ။”

ရွှီး …။

ရှေးရွက်သင်္ဘောကြီးသည် ရှေ့ဆီသို့ ဆက်လက်ကာ ပျံသန်းနေ၏။ ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောကြီးသည် အလွန်တရာခြောက်ကပ်လျက်ရှိနေသော သီးခြားဂြိုဟ်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ တော့၏။

ဤဂြိုဟ်ကြီးသည် အလွန်တရာ ကြီးမားလွန်းလှပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ဤဂြိုဟ်ကြီးနှင့်ယှဉ်သည် ဆိုပါက ကလေးနှင့်လူကြီးကဲ့သို့ပင် ကွာခြားနေပေလိမ့်မည်။ အပြင်ဘက်နှင့်မှ ကြည့်ရှုမည်ဆိုပါက ဂြိုဟ်ထဲတွင် များပြားလှသည့် အက်ကွဲကြောင်းနှင့် တည်နေရာကြီးများ တည်ရှိနေခဲ့ပြီး အချိန်မရွေးပြိုကျပျက်စီးတော့မည် ပုံပန်း သွင်ပြင်မျိုး ဖြစ်တည်နေသည်။

ရှမ့်ယုဟန်သည် ကုန်းပက်ပေါ်တွင် မတ်တပ်ရပ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလျက်ရှိနေ၏။

ဤတည်နေရာသည် ထျန်းယွမ်ကုန်းမြေတိုက်ကြီးဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက သိရှိခဲ့ရသည်။ ပျက်စီးနေ သည့် အခြေအနေကို ကြည့်ရှုမည်ဆိုပါက ကျိန်းသေပေါက် အလွန်ဆိုးရွားသည့်အရာများ ဖြစ်ပေါ်ခဲ့မှန်း သိသာလှသည်။

ရွက်သင်္ဘောကြီးသည် အထဲသို့ ပျံသန်းဝင်ရောက်လိုက်တော့သည်။ တည်နေရာအတားအဆီးကို ဖြတ်သန်းပြီးသည့် နောက်မှာတော့ မြင်ရသော အရာအားလုံးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ် ငြိမ်သက်သွားမိ၏။

ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ပျက်စီးနေပြီး သွေးများ၊ ချိုင့်များနှင့်ပြည့်နှက်နေကာ တည်နေရာ တစ်ခုလုံးသည်လည်း ပြိုလဲလုမတတ် ဖြစ်နေတော့၏။ လောကကြီးတစ်ခုလုံး အဆုံးသတ်သွားသည့် ပုံစံမျိုးပင် ဖြစ်တော့သည်။

ဘောက် ဘောက် ….။

ရှမ့်ယုဟန်၏ ခန္ဓာကိုယ်သည် တည်နေရာထဲတွင် ရပ်တန့်လျက်ရှိနေ၏။ သို့ပေမဲ့ ၎င်း၏ လက်သီးဆီမှ သွေးများ တပေါက်ပေါက်နှင့် ကျဆင်းလျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် သူ့အား မနှစ်သိမ့်ချေ။ အဘယ့်ကြောင့်ဆိုသော် သူနေထိုင်ရာ ကြယ်ကြွေကုန်းမြေတိုက်ကြီး သည် ဤကဲ့သို့ ဖြစ်သွားသည်ဆိုပါက သူ၏ နှလုံးသားတွင် ရှိသော ဒေါသတရားနှင့်နာကျင်မှုသည် ရှမ့်ယုဟန်ကဲ့သို့ပင် ဖြစ်ပေါ်နေမှာ သေချာ၏။ ထို့ကြောင့် သူသည် တစ်ဖက်လူအား နှစ်သိမ့်ရန် မစဉ်းစားချေ။

ရှေးရွက်သင်္ဘောကြီးသည် အရှိန်လျှော့လာပြီးသည့်နောက်မှာတော့ ပျက်စီးလျက်ရှိနေသော တည်နေရာတစ်ခုဆီသို့ ပျံသန်းသွားခဲ့၏။ ဤပျက်စီးနေသည့် တည်နေရာကြီးသည် မြို့ပျက်ကြီးတစ်ခုဖြစ်ကြောင်းကို ခပ်ရေးရေးမြင်နေရသည်။

ထိုတည်နေရာတွင်တော့ ခြောက်ကပ်လျက်ရှိနေသော အရိုးစုများ တည်ရှိလို့နေ၏။ ကြီးမားလှသည့် တွင်းကြီးထဲတွင် လည်း အရိုးစုပေါင်းတစ်သိန်းကျော်တို့သည် စုဝေးတည်ရှိနေကြ၏။

ရှမ့်ယုဟန်မဆိုနှင့် ဤမြင်ကွင်းကို မြင်ရသည့် ကျွင်းချောင်ရှောင်းတစ်ယောက်ပင်လျှင် နှလုံးသားထဲ၌ နာကျင်မှုကို ခံစားလာခဲ့၏။ သူ၏ အရိုးများ၊ အရည်များနှင့် သွေးများ၊ ခန္ဓာကိုယ်များထဲတွင် ဒေါသတရားများသည် တလိပ်လိပ်နှင့် တက်လာခဲ့သည်။

“ကောင်လေး။ ငါ ငွေကြေးတွေ မလိုချင်တော့ဘူး။ ဒီအမှောင်နတ်ဆိုးဘုရင်ဆိုတဲ့လူ ငါ ကျိန်းသေပေါက် သတ်ပစ် မယ်။”

All Chapters