← Chapters

အပိုင်း (၁၂၂၂)

Vol. 82 Ch. 1222

အပိုင်း (၁၂၂၂)

Vol. 82 Ch. 1222

ဗီလိန်များသည် စကားအလွန်များသည့်လူများ ဖြစ်သည်ဟု မည်သူက ပြောဆိုခဲ့သနည်း။ ဤအမှောင်နတ်ဆိုး ဘုရင်သည်မလိုအပ်သည့်စကားများကို တစ်ခွန်းမှမပြောခဲ့ဘဲ တိုက်ရိုက်ဆိုသလို အားကောင်းလှသည့် စွမ်းအင်များ ကို စုစည်းကာ ကျွင်းချောင်ရှောင်းအား ဖိနှိပ်ခြင်းကို ပြုမူခဲ့၏။

အလုံးစုံသော စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြု၍ သတ်ဖြတ်ခြင်းကို ပြုလုပ်သည့် အချိန်မှာတော့ သူသည်အစစ်အမှန်သတ်ဖြတ်ခြင်းဆိုသည်ကို ပြသချင်မိသည်။ ထို့အပြင် ကျွင်းချောင်ရှောင်း၏ မောက်မာမှုသည် သူ့အား အလွန်တရာ မပျော်မရွှင် ဖြစ်စေ၏။ ထို့ကြောင့်ပင်လျှင် နှောင့်နှေးခြင်းတစ်ချက် မရှိဘဲနှင့် စွမ်းအင်များကို ထုတ်ဖော်ကာ ဖိနှိပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။ ဤကဲ့သို့သော တဝီဝီဖြင့် စကားများလွန်းသော လူတစ်ယောက်ကို သူ၏လက်ဖြင့် ရိုက်နှက်ကာ သတ်ဖြတ်ချင်စိတ်သည် နှလုံးသားထဲ၌ အရှိန်အဟုန် ပြင်းပြင်းနှင့် ဖြစ်တည်လာခဲ့သည်

ဝှစ် ဝှစ် ……။

ကြောက်မက်ဖွယ်ရာကောင်းလှသော မိစ္ဆာစွမ်းအင်နှင့် ချီများသည် အရင်ဦးဆုံး ဖြစ်တည်လာပြီးသည့်နောက်မှာ တော့ ကျွင်းချောင်ရှောင်း၏ အမဲရောင်ဝတ်ရုံကြီးကိုပင် အနောက်ဘက်သို့ လွင့်စင်သွားခဲ့စေ၏။ ၎င်း၏ ပြောင်ရှင်းလျက်ရှိနေသော ခေါင်းပြောင်ပြောင်ကြီးသည် ပတ်ဝန်းကျင်ထဲတွင် တောက်ပစွာ တည်ရှိနေခဲ့၏။

“ဟ... ခေါင်းတုံးပဲလား” အမှောင်နတ်ဆိုးဘုရင်သည် အထင်အမြင်သေးစွာ ပြောလိုက်သည်။

“ချီးတဲ့မှ... ခင်ဗျားလည်း ခေါင်းတုံးမဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းအနေဖြင့် စောဒကတက်ရန် အချိန်မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အခြေအနေသည် အလွန်တရာ အန္တရာယ်များလျက် ရှိနေ၏။

ဝှက်

ချက်ချင်းပဲ ရှန်းဟွမ် နတ်ဘုရားချပ်ဝတ်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့၏။ သူ၏ ကျင့်ကြံခြင်းအဆင့် များသည် ထွက်ပေါ်လာခဲ့ပြီးသည့်နောက်မှာတော့ ၎င်း၏ရှေ့တည့်တည့်တွင် အကာအကွယ် အတားအဆီး အလွှာ များသည် တစ်လွှာပြီးတစ်လွှာ ဖြစ်တည်လာခဲ့၏။ သူ့အနေနှင့် အားအင်အဆင့်ကို တိုးတက်လာစေရန်အတွက် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို ထုတ်ဖော်ကာ အသုံးပြုနိုင်စွမ်း ရှိနေသည်။ သို့ပေမဲ့ ထိုသို့ ပြုလုပ်လိုက်သည်ဆိုသည်နှင့် ဝှက်ဖဲဆိုသည်မှာ ရှိတော့မည် မဟုတ်ချေ။

“အရှင်မင်းသား”

ဝှစ် ဝှစ်

ဒဏ်ရာရရှိထားသော ထျန်းယွမ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ရှေ့သို့လှမ်းတက်လာပြီး သည့်နောက်မှာတော့ ရှမ့်ယုဟန်အား အသာဆွဲခေါ်ပြီးသည့်နောက် လွတ်ကင်းသည့်တည်နေရာတစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။

စွမ်းအင်များသည် ကျွင်းချောင်ရှောင်းကိုသာ ပစ်မှတ်ထားခဲ့သည် ဆိုသော်လည်း မိစ္ဆာချီများ၏ သက်ရောက်မှုကို တော့ ရှောင်ရှား၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့် ၎င်းတို့အားလုံးသည် အပြင်းအထန် ကြိုးစားကာ အနောက်ဘက်သို့ ဆုတ်ခွာနေကြရ၏။

ဂျိန်း

ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီးသည့် အောက်သို့ ကျဆင်းလာပြီးသည့်နောက်မှာတော့ မူလအားဖြင့် ပျက်စီးလျက် ရှိနေသော မြေပြင်တစ်ခုလုံးသည် ဆိုးရွားစွာ ထိခိုက်သွားပြီး အက်ကွဲကြောင်းကြီးများအဖြစ် ကြီးမားစွာ ဖြစ်တည်လာခဲ့သည်။ ကောင်းကင်ယံအထက်ဆီမှ ငုံ့၍ ကြည့်လိုက်မည်ဆိုလျှင် မူလအားဖြင့် သေးငယ်သော အက်ကွဲကြောင်းများ အားလုံးသည် လက်ရှိအချိန်မှာတော့ ချောက်ကြီးတစ်ခုအဖြစ် ကြီးမားစွာ ဖြစ်တည်သွားခဲ့သည်။

ဤကြီးမားလှသည့် တိုက်ခိုက်မှုသည် အတွင်း၌ ရှိနေသော မြေအောက် ကျောက်အခန်းလေးကိုပင် သက်ရောက်စေခဲ့ပြီး ထိုအထဲတွင် အသက်ရှင်ကာ တည်ရှိနေခဲ့သော အဘိုးကြီးများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများ အားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေကြတော့သည်။ ၎င်းတို့အားလုံးသည် မြန်မြန်ဆန်ဆန်ဖြင့် ဆုတောင်းခြင်းကို ပြုလုပ်နေကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော ဘေးအန္တရာယ်ကြီးနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ ၎င်းတို့သည် မည်သို့မှ စွမ်းအားရှိသည့်ပုံ မပေါ်တော့ချေ။ ကောင်းကင်ကိုသာ လာရောက်ကယ်တင်ကြစေရန် ဆုတောင်းနေမိ၏။

.............

ဝှစ် ဝှစ် ဝှစ်

လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာရာ တည်နေရာဆီမှာတော့ လေများသည် တဝုန်းဝုန်းနှင့် တိုက်ခတ်လျက် ရှိနေသည်။ ကောင်းကင်တစ်ခုလုံးသည် ဖုန်များဖြင့် ပြည့်နှက်လျက် ရှိနေပြီး မူလအားဖြင့် နက်မှောင်လျက် ရှိနေသော လောကကြီးတစ်ခုလုံးသည် မိစ္ဆာချီများ၏ ဖုံးလွှမ်းခြင်းကို ခံခဲ့ရသည်။

ရွှီး ရွှီး

ရှမ့်ယုဟန်ကို ခေါ်ဆောင်သွားခဲ့သော သိုင်းကျင့်ကြံသူများသည် လွတ်ကင်းရာနေရာဆီသို့ ရောက်ရှိသွားခဲ့သည် ဆိုသော်လည်း ဖြူလျော်နေသည့် မျက်နှာနှင့်အတူ မနည်း မတ်တပ်ရပ်နိုင်ရန် ကြိုးစားနေရပြီး သွေးများလည်း အန်ထွက်လျက် ရှိနေ၏။ ၎င်းတို့အားလုံးသည် အစောကြီးကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီးသား ဖြစ်တော့သည်။ လက်ရှိ အခြေအနေမှာတော့ အသက်ကို စတေးကာဖြင့် ၎င်းတို့၏ မင်းသားအား ကူညီကယ်ဆယ်ရခြင်းဖြစ်သောကြောင့် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ကြတော့သည်။

လက်ရှိအခြေအနေမှာတော့ သူတို့သည်လုံးဝ တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ချေ။

ဟုတ်ပေသည်။ လက်ရှိအခြေအနေမှာတော့ သူ့တို့ကို မည်သူမှ ဂရုမစိုက်ကြချေ။ အဘယ်ကြောင့်ဆိုသော် ရန်သူအားလုံးတို့ ဂရုစိုက်နေသည်မှာ ဖုန်များတလိပ်လိပ် ဖြစ်တည်နေသည့် တည်နေရာကိုသာ ဖြစ်တော့သည်။ ဤကဲ့သို့သော စွမ်းအင်အမျိုးအစား၏အောက်တွင် အရှင်မင်းသား၏ ကူညီသူသည် အချိန်ကိုက် ရှောင်ရှားခြင်း ကိုသာ မပြုလုပ်နိုင်ပါက ကျိန်းသေပေါက် ဒုက္ခရောက်တော့မှာ သေချာသည်။

“အစ်ကိုကျွင်း”

ရှမ့်ယုဟန်သည် စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်မိ၏။ မူလအားဖြင့် ဖုန်များတလိပ်လိပ် ဖြစ်တည် နေသော တည်နေရာသည် လေပြင်းများ တိုက်ခတ်ခြင်းကြောင့် ပြန်လည်ကာ ကြည်လင်လာခဲ့၏။ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်သည် ပေါ်ပေါက်လာခဲ့သည်။ သူသည် အလွန်အမင်း ပျော်ရွှင်သွားခဲ့၏။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ အမူအရာသည် အေးခဲသွားတော့၏။

ထို့အတူ ဒဏ်ရာရရှိထားသော ထျန်းယွမ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည်လည်း ဆွံ့အသွားခဲ့ကြသည်။

အမှောင် နတ်ဆိုးဘုရင်သည်လည်း မျက်နှာပေါ်တွင် အံ့အားသင့်မှုများ တည်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဤ တည်နေရာကြီး တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်ရပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာထဲတွင် မတ်မတ်ရပ်နေနိုင်သည်သာမက ၎င်း၏ရှေ့တွင် ထူးဆန်းသည့်လက်နက်များ လွင့်မျောလျက် ရှိနေသည်ကိုလည်း မြင်လိုက်ရ၏။

အဘယ်ကြောင့် ထူးဆန်းနေရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လက်နက်မျိုးကို သူတို့ မမြင်ဘူး သောကြောင့်ပင် ဖြစ်တော့၏။ လက်နက်၏ ပုံပန်းသွင်ပြင်သည် တံမြက်စည်းနှင့် ဆင်တူလှ၏။ ဤအရာသည် တံမြက်စည်း မဟုတ်ချေ။ အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်များပင် ဖြစ်သည်။

“ကပ်သီးလေး၊ ကပ်သီးလေးပဲ”

ကျွင်းချောင်ရှောင်းသည် စိတ်တည်ငြိမ်သည့် ပုံပန်းသွင်ပြင်မျိုးဖြစ်သည် ဆိုသော်လည်း နှလုံးသားထဲမှာတော့ ကြိတ်ကာ ပျော်ရွှင်လျက် ရှိနေ၏။ ရှန်ဟွမ်နတ်ဘုရားချပ်ဝတ်၏ ကာကွယ်ပေးမှုရှိသည်ဆိုသော်လည်း သူသည် စောနက ကျဆင်းလာခဲ့သော လက်ဝါးရိုက်ချက်ကြီးကို ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ထိပ်တိုက်ရင်ဆိုင်မှုကို ပြုလုပ်သည့်အရာ၌ မှော်ပညာဖြင့် အဆင့်မြှင့် တင်ထားသော ဖုန်စုပ်စက် အခုနှစ်ဆယ်အား ထုတ်ယူကာ တစ်ခါတည်း ရင်ဆိုင်ခဲ့ခြင်းပင်ဖြစ်၏။

ဤအရာသည် ခပ်ချောချောလူနှင့် စကြဝဠာလူဆိုးကြီးငါးဦးတို့အား ရင်ဆိုင်တိုက်ခိုက်သည့်အချိန်တွင် အသုံးဝင် သည့်အရာမျိုး မဟုတ်သော်လည်း တစ်ဖက်လူသည် မိစ္ဆာကျင့်ကြံသူဖြစ်နေသောကြောင့် အသုံးဝင်နိုင်လိမ့်မည် ဟု သူက တွေးထင်ခဲ့သည်။ ဤဖုန်စုပ်စက်သည့် မိစ္ဆာကျင့်ကြံသူများအတွက်တော့ သဘာဝရန်သူပင် ဖြစ်သည်။

ထို့ကြောင့်ပင်လျှင် မိစ္ဆာလက်ဝါးရိုက်ချက်ကြီး ကျဆင်းလာသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် အကာအကွယ်များကို အရင်ဆုံး ဖန်တီးပြုလုပ်ကာဖြင့် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက် အများ အပြားကို ဝယ်ယူ၍ တစ်ခါတည်း အသက်သွင်းခဲ့တော့သည်။

သူတို့၏ ကုန်းမြေတိုက်ကြီးတွင် ပုန်းအောင်းလျက် ရှိနေသော ဟွိုင်များအား ရင်ဆိုင်ရာတွင် သူသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်တစ်ခုကို အသုံးပြု၍ လုံလောက်ခဲ့သည်။ သို့ပေမဲ့ ဤကြောက်မက်ဖွယ် ကောင်းလှသော အမှောင်နတ်ဆိုးဘုရင်နှင့် ရင်ဆိုင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် ပေါ့ပေါ့တန်တန် မစဉ်းစားခဲ့ချေ။ ထို့ကြောင့်ပင်လျှင် အခုနှစ်ဆယ်တိတိကို ထုတ်ဖော်ကာ အသုံးပြုခဲ့ခြင်းပင် ဖြစ်၏။

ကံကောင်းစွာဖြင့် သူ၏ အကြံအစည်သည် အောင်မြင်သွားခဲ့သည်။ သို့ပေမဲ့ ပေးဆပ်ရသည့်တန်ဖိုး အနေဖြင့်တော့ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားခဲ့သော ဖုန်စုပ်စက် အခုနှစ်ဆယ်လုံးသည် ပေါက်ကွဲကာ လွင့်စင်သွားခဲ့တော့သည်။

“ကောင်လေး”

အမှောင်နတ်ဆိုးဘုရင်သည် စိတ်ဝင်တစားဖြင့် မေးလိုက်မိ၏။ “ဒါ ဘယ်လိုရတနာမျိုးလဲ။ ဒီဘုရင်ရဲ့ စွမ်းအင်တွေကိုတောင် တကယ်တမ်း စုပ်ယူနိုင်ခဲ့တာပဲ”

“ဒါက... ကျောက်စိမ်းပုလင်းလို့ ခေါ်တယ်လေ” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။

“ပုလင်း ဟုတ်လား”

အမှောင်နတ်ဆိုးဘုရင်သည် ကြောင်အသွားခဲ့၏။ ဤတံမြက်စည်းကဲ့သို့သောအရာသည် ပုလင်းတစ်ခုနှင့် မည်သို့မှ မတူညီချေ။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ဆီမှာ ခရမ်းရွှေရောင် ဘူးသီးခြောက် တစ်ခုလည်း ရှိသေးတယ်။ သူ့ရဲ့စွမ်းအင်တွေကို စမ်းကြည့်ချင်လား”

ဝေါ့ ……..။

ထိုအချိန်မှာတော့ သူသည် သွေးတစ်လုတ် အန်ထွတ်လာခဲ့၏။

“ဟား ဟား ဟား ဟား”

အမှောင်နတ်ဆိုးဘုရင်သည် ဆန်းကြယ်စွာဖြင့် ရယ်မောလိုက်၏။ “မင်းက လက်ဝါးရိုက်ချက်ကြီးကို ဖြေရှင်းနိုင်တယ်ဆိုပေမယ့် ဒဏ်ရာ ရရှိမှုကိုတော့ ရှောင်ရှားလို့ မရပါဘူး။ မင်းအနေနဲ့ ရတနာတွေ ထုတ်ဖော်ပြီးတော့ ငါ့ရဲ့ရိုက်ချက်ကို ကာကွယ်နိုင်မယ် ဆိုရင်တောင်မှ ငါက မင်းကို ဒဏ်ရာရအောင် လုပ်နိုင်သေးတယ်”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် သူ၏နှုတ်ခမ်းထောင့်တွင် ရှိနေသော သွေးများကို သုတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ မမျှော်လင့်ထားမှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

“လာခဲ့စမ်း”

အမှောင်နတ်ဆိုးဘုရင်က ပြောလိုက်၏။ “မင်းရဲ့ဘူးသီးခြောက်ဆိုတဲ့အရာကို ထုတ်လိုက်။ ဘယ်လောက်အားကောင်းတဲ့ ရတနာလည်းဆိုတာ ငါကြည့်လိုက်မယ်”

တစ်ဖက်လူ ခေါ်ဆောင်လာခဲ့သော အကူအညီပေးသည့်သူသည် အလွန်တရာ အားနည်းလှသည်ကို သူသေချာ သိရှိပြီးဖြစ်၏။ သူ၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းကို ခံရပြီးသည့်နောက်မှာပင် ဒဏ်ရာရရှိသွားခဲ့၏။ ထို့ကြောင့် သူသည်သာ စိတ်လိုလက်ရ တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူသည် ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာ၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်ကို အသာဝှေ့ယမ်းလိုက်၏။ ဂိုဏ်းချုပ်၏ သီးသန့်လက်နက်ဖြစ်သော လောက လက်ချောင်းလက်နက်သည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။

“ဒါက မင်းပြောတဲ့ ဘူးသီးခြောက်ဆိုတဲ့အရာလား” အမှောင်နတ်ဆိုးဘုရင်က မျက်မှောင်ကုတ်လိုက်၏။ စောန တုန်းက တံမြက်စည်းနှင့်တူသောအရာအား ပုလင်းဟု ခေါ်ဆို၏။ လက်ရှိအချိန်တွင် ယားကုတ်တံနှင့် တူညီသော အရာအား ဘူးသီးခြောက်ဟု ပြောဆိုလျက် ရှိနေသည်။ သူ့အား အသိဉာဏ်မရှိဟု ဆိုကာ စိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ရန် စီစဉ်ထားလေသည်လား။

ကျွင်းချောင်ရှောင်းမှာတော့ ကောင်းကင်ပေါ်သို့ လက်နှစ်ချောင်း ညွှန်ပြလျက် ရှိနေသော လက်နက်ကြီးကို အသာမြှောက်ကာ ပြောလိုက်၏။ “ဒါက ဘူးသီးခြောက်လို့ မထင်ဘူးလား”

“.........”

ရှမ့်ယုဟန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက် ရှိနေတော့သည်။ ထူးဆန်းလှသည့်အရာသည် ဘူးသီးခြောက်နှင့် တစ်ချက်ကလေးမှ မတူညီချေ။ ထို့အပြင် လက်နက်၏ ပုံပန်းသွင်ပြင်သည် ထူးခြားလျက် ရှိနေသည်။

“ပေါက်ကရတွေ မပြောနဲ့”

အမှောင်နတ်ဆိုးဘုရင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မြန်မြန်... မင်းရဲ့ လက်နက်က ဘယ်လောက် အားကောင်းတယ်ဆိုတာ ဒီဘုရင်က စမ်းသပ်ကြည့်မယ်”

ဖောင်း ……။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လောကလက်ချောင်းပေါ်ရှိ ခလုတ်အား အသာနှိပ်လိုက်တော့၏။ သူ၏ မျက်လုံးများသည် ဇီးကွက်တစ်ကောင်၏ မျက်လုံးကဲ့သို့ ပြူးကျယ်စွာဖြင့် အမှောင်နတ်ဆိုးဘုရင်အား စူးစိုက်၍ ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင်တွင် ရှိနေသော အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူများ အားလုံးကို တစ်ယောက်ချင်းဆီ စေ့စေ့ငံ့ငံ့ လိုက်၍ကြည့်ရှုတော့သည်။ ပြီးသည့်နောက်မှာတော့ အသံကျယ်ကြီး ဖြင့် ပြောလိုက်သည်။ “မင်းတို့အားလုံး ငါ့ရဲ့အစွမ်းကို သိရစေမယ်”

ဟူး ဟူး ဟူး …..။

ချက်ချင်းပဲ ကောင်းကင်ယံအထက်တွင် တိမ်မဲကြီးနှစ်ခု ဖြစ်တည်လာခဲ့၏။ တစ်ခုသည် လေပွေကြီးတစ်ခုကဲ့သို့ ဖြစ်တည်ပြီး တစ်ခြားတစ်ခုမှာတော့ လက်ချောင်းတစ်ခုကဲ့သို့ ဖြစ်တည်လာ၏။ ထိုနှစ်ခုသည် ပေါင်းစုံပြီးသည့် နောက်မှာတော့ တည်နေရာကြီးတစ်ခုလုံးတွင် လေးနက်သည့် အော်ရာများ ဖြစ်တည်လာခဲ့တော့၏။

“လာပြီ၊ လာပြီ”

ကုန်းရှန့်၏ အရှက်မဲ့ဆုံးသော တိုက်ကွက်သည် တည်နေရာကြီး တစ်ခုလုံးတွင် ဖြစ်တည်လာခဲ့သည်။

“အမ်”

အမှောင်နတ်ဆိုးဘုရင်သည် တစ်ချက် ကြည့်ရှုလိုက်ပြီးသည့်နောက် မျက်မှောင်ကုတ်လိုက်၏။ လက်ရှိ အခြေအနေမှာတော့ ကောင်းကင်ယံတွင် တိမ်မဲများ စုစည်းလာပြီးသည့်နောက် သူ၏ဖင်နေရာဆီမှ အေးစက်သည့် ခံစားချက်များ ထွက်ပေါ်နေခဲ့၏။

“မကောင်းတော့ဘူး” သူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့တော့၏။ သူသည် ချက်ချင်းပဲ လက်ကို ယမ်းခါလိုက်တော့သည်။

ဖောင်း

မမြင်ရသည့်အားအင်လှိုင်းကြီးတစ်ခုသည် သူ၏အနောက်ဘက်မှ ရောက်ရှိလာပြီးသည့်နောက်မှာတော့ သူ့ကို တိုက်ခိုက်တော့၏။ သူသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်တော့၏။ “တော်တဲ့ကောင်လေး... ဒီလို ညစ်ပတ်တဲ့ တိုက်ကွက်မျိုးကို ထုတ်ပြီး သုံးရဲတာပေါ့”

ရွှီး

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းထက်၌ ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ အသဲပုံ ပုံစံ လက်သင်္ကေတတစ်ခုကို ပြုလုပ်ကာ ပြောလိုက်၏။ “သွား... ငါ့အချစ်လေး”

ဟူး ဟူး ဟူး …။

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် လေထုထဲတွင် ပေါ်ပေါက်လာ၏။ ပြီးသည့်နောက် တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာခဲ့ပြီးသည့်နောက်မှာတော့ အမှောင်နတ်ဆိုးဘုရင်အား ဖိနှိပ်သွားခဲ့သည်။

“ခွေးကောင်လေး... မင်းရဲ့ကြီးကြီးက လာပြီကွ” အားရာ၏အသံသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။

အမှောင်နတ်ဆိုးဘုရင်သည်ထိုအသံကို ကြားရသည့်အချိန်မှာတော့ ဒူးခေါင်းတစ်ခုလုံး ပျော့ခွေသွားခဲ့သည်။

ဂျိန်း

ကြီးမားလွန်းလှသော ကောင်းကင်ဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် မြေပေါ်သို့ ကျဆင်းလာခဲ့ပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးတွင် ဖုန်များ အလိပ်လိပ် တက်လာခဲ့တော့သည်။ သို့ပေမဲ့ ထိုစေတီကြီးဆီမှ ထွက်ပေါ်လာခဲ့သော ဆန်းကြယ်လှသည့်အော်ရာများသည် လူပေါင်းများစွာတို့အား စိတ်ချမ်းသာမှုကို ပေးစွမ်းနေလေသည်။

All Chapters