← Chapters

အပိုင်း (၁၂၂၃)

Vol. 82 Ch. 1223

အပိုင်း (၁၂၂၃)

Vol. 82 Ch. 1223

ထို့အပြင် အမှောင်နတ်ဆိုးဘုရင်သည် လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး တည်ရှိနေခဲ့၏။ ထို့ကြောင့် လောကလက်ချောင်း၏ အဆုံးမဲ့ တိုက်ခိုက်မှုသည် သူ့အပေါ်တွင် အကျိုးသက်ရောက်မှု ရှိ၏။ သို့ပေမဲ့ ကောင်းကင်ပေါ်တွင် လေဝဲကြီးတစ်ခုနှင့် လက်ချောင်းကြီးတစ်ခု ဖြစ်တည်လာပြီး မမြင်ရသည့် အားလှိုင်းကြီးတစ်ခုသည် ၎င်းအား တိုက်ခိုက်ရန် ပြင်ဆင်ခဲ့လာသည့်အချိန်မှာတော့အမှောင်နတ်ဆိုး ဘုရင်သည်ထိုတိုက်ခိုက်ချက်ကို ရှောင်ရှားနိုင်စွမ်း ရှိခဲ့သည်။

ဂိုဏ်းချုပ်၏ နတ်ဘုရားလက်နက်သည် အလွန်တရာ ကောင်းမွန်လှသည့်အရာတစ်ခုဖြစ်သည်ဆိုသော်လည်း တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိခိုက်အောင် ပြုလုပ်နိုင်ဖို့ ဆိုသည် မှာတော့ ခက်ခဲလွန်းလှ၏။ ထိုသို့သောအရာ၌ ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မှု မရှိသလို စိတ်ဓာတ်ကျမှု လည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော လောကလက်ချောင်း၏ အဆုံးမဲ့တိုက်ခိုက်မှုသည် သူ့အတွက် ဟန်ပြ တစ်ခုသက်သက်ထက် မပိုခဲ့ချေ။ သူ၏ အစစ်အမှန် ရည်ရွယ်ချက်သည် အခွင့်အရေးကို အရယူပြီးသည့်နောက် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို ထုတ်ဖော်ကာ အသုံးပြုရန်ပင် ဖြစ်၏။

“သွားစမ်း”

ရှက်ရွံ့စရာကောင်းလှသည့် စကားလုံးများကို အော်ဟစ်ပြီးသည့်နောက်မှာတော့ ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်း စေတီသည် အလွန်တရာ ခံ့ညားပြီး ဆန်းကြယ်လွန်းလှသော အော်ရာများကို ထုတ်ဖော်ကာ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

မမြင်ရသည့် အားလှိုင်းများကြောင့် စိတ်အာရုံပျောက်လျက်ရှိသော အမှောင်နတ်ဆိုးဘုရင်သည် ကောင်းမွန်လှသည့် အကာအကွယ်ကိုပင် ထုတ်ဖော်အသုံးပြုနိုင်စွမ်း မရှိတော့ပေ။ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။

ဟုတ်ပေသည်။ အားအင်အဆင့်အရဆိုလျှင် ကြီးမားသည့် သက်ရောက်မှုသည် သူ့အပေါ် ကျဆင်းမလာခဲ့ချေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အသံတစ်ခုသည် သူ၏နားထဲဆီသို့ တိုးဝင်လာပြီးသည့်နောက်မှာ တော့ ခြေထောက်တစ်ခုလုံး ပျော့ခွေလုမတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

“ခွေးကောင်လေး... ဒီနေ့ကစပြီး ငါမင်းကို ရိုက်နှက်ရအုံးမယ်”

“ခွေးကောင်လေး... နောက်တစ်ကြိမ် နင်နဲ့ငါ ဆုံတွေ့ပြီရင် ငါ့ကို ကြီးကြီးလို့ ခေါ်စမ်း”

“ခွေးကောင်လေး... ဒီနေ့မှာ ဘယ်လက်နက်နဲ့ နှိပ်စက်ခံချင်လဲ ဆိုတာကိုရွေးလိုက်”

“ခွေးကောင်လေး... ငါထပ်လာခဲ့မယ်”

အတိတ်တုန်းက ပြောဆိုခဲ့သည့် စကားလုံးများသည် သူ၏ မှတ်ဉာဏ်ထဲတွင် ထပ်တလဲလဲ ဖြစ်တည်လျက် ရှိနေတော့သည်။ အမှောင်နတ်ဆိုးဘုရင်သည် အလွန်အမင်း ကြောက်လန့်သည့် စိတ်ဓာတ်များ၏ လွှမ်းခြုံခြင်းကို ခံခဲ့ရသည်။ အဆုံးသတ်မှာတော့ သူသည် မည်သို့မှ မခုခံနိုင်တော့ဘဲ ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်းစေတီ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရတော့သည်။

..............

လွန်ခဲ့သည့်နှစ်ပေါင်း ငါးသောင်းတုန်းက သေမျိုးစကြဝဠာ၏ အထဲတွင် သာမန်လူများ၏ မိစ္ဆာအတွေးများကို စုပ်ယူတတ်သည့် မိစ္ဆာစွမ်းအင်လှိုင်းတစ်ခု တည်ရှိလာခဲ့၏။

လွန်ခဲ့သည့်နှစ်ပေါင်းလေးသောင်းတုန်းက ထိုမိစ္ဆာစွမ်းအင်များသည် တဖြည်းဖြည်း စုစည်းလာပြီးသည့်နောက်မှာတော့ သန္ဓေသားလောင်းတစ်ခုအဖြစ်သို့ ဖြစ်တည်လာခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်း သုံးသောင်းတုန်းက ထိုသန္ဓေသားလေးသည် သိစိတ်များ စတင်ကာ ပိုင်ဆိုင်လာခဲ့၏။

လွန်ခဲ့သည့်နှစ်ပေါင်း နှစ်သောင်းတုန်းက သာမန်လူများ၏ စိတ်ထဲတွင်ရှိနေသော မိစ္ဆာအတွေးများကို ဆက်လက်စုပ်ယူ ပြီးသည့်နောက်မှာတော့ သန္ဓေသားလောင်းလေးသည် ခန္ဓာကိုယ်ပုံစံသွင်ပြင်အဖြစ်သို့ တိုးတက်ရောက်ရှိခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းခွဲ - မူလအားဖြင့် ကလေးတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးသာ ရှိနေသေးသော အမှောင်နတ်ဆိုးဘုရင်သည် နောက်ဆုံးမှာတော့ မိစ္ဆာစွမ်းအင်များ၏ကြားတွင် နိုးထလာခဲ့ပြီဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင်တော့ ဆိုးရွားလှသည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။

သို့ပေမဲ့ သူသည် အထက်နယ်မြေမှ ဖန်တီး လိုက်သည့် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ပြီးသည့်နောက်မှာတော့ ထျန်းယွမ်ကုန်းမြေတိုက်ကြီးထဲတွင်ရှိသော နတ်ဆိုးစည်းတောင်ကြားအတွင်းတွင် ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး နေ့စဉ်နှင့် အမျှ နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။

ဘာတစ်ခုမှ မလုပ်ရသေးခင် ဆုံးရှုံးမှုကို ခံခဲ့ရသော ခရမ်းရောင်ဘုရင်သည် သူနှင့်ယှဉ်ပါက အလွန်တရာ ကံကောင်းလှသည်ဟု ဆိုရမှာဖြစ်သည်။ သေမျိုး စကြဝဠာထဲတွင် မွေးဖွားလာခဲ့သော မိစ္ဆာစိတ်ဝိညာဉ်သည် ဘာတစ်ခုမှပင် မလုပ်ရသေးခင်တောင်မဟုတ် အရွယ်ပင်မရောက်သေးခင် ဖမ်းဆီးနှိပ်စက်ခြင်းကို ခံနေရလေသည်။

ဝူး ဝူး ဝူး…။

ညစဉ်ညတိုင်း နတ်ဆိုးစည်းတောင်ကြားဆီမှ အမှောင်နတ်ဆိုးဘုရင်၏ အော်ဟစ်ငိုယိုသံကို ကြားနေရ၏။ ထိုအသံကို ကြားကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြ၏။ ထို့ကြောင့် ပင်လျှင် ဤနတ်ဆိုးစည်းတောင်ကြားထဲသို့ မည်သူမှသည် သွားရောက်ခြင်း မရှိခဲ့တော့ချေ။ ဤသို့နှင့်ပဲ သူသည် နှစ်ပေါင်းတစ်သောင်းနီးပါးခန့် အားရာ၏ နှိပ်စက် ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ကလေးအဖြစ်မှသည် အရွယ်ရောက် သည့် လူတစ်ယောက်အဖြစ်သို့ ရောက်ရှိခဲ့၏။

သူ့အနေနှင့် အဆုံးစွန်သန့်စင်သောအရာတစ်ခုအဖြစ်သို့ သန့်စင်ခံရခါနီးအချိန်မှာတော့ အစဉ်အမြဲစောင့်မျှော် နေခဲ့သည့် အလင်းတန်းတစ်ခုသည် အမှောင်နတ်ဆိုးဘုရင်၏ ရှေ့၌ပေါ်ပေါက်လာခဲ့တော့သည်။

အဘယ်ကြောင့် ဆိုသော် သူ့အား အစဉ်အမြဲဖိနှိပ်ထားခဲ့သော ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင်ဖြစ်၏။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့၏။ ထိုအချိန်တုန်းက သူ၏ စိတ်ထဲ၌ ဖြစ်ပေါ်နေသော ခံစားချက်များသည် ဖော်ညွှန်းပြရန်ပင် ခက်ခဲလှ၏။

အမှောင်နတ်ဆိုးဘုရင်သည် ချက်ချင်းထွက်ကာ မကောင်းသည့် ကိစ္စရပ်များကို မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် သူသည် နှစ်ပေါင်းတစ်သောင်းနီးပါးခန့် သန့်စင်ခံရသည့်ဖြစ်သောကြောင့် မိစ္ဆာစွမ်းအင် တော်တော် များများကို လိုအပ်နေသေး၏။ ထို့ကြောင့် အလွန်အားကောင်းလွန်းလှသော ဘုရင်တစ်ပါး၏ စွမ်းအင်များကို ပြန်လည်ရရှိနိုင်စေရန် အတွက် ရှိရှိသမျှသော မိစ္ဆာစွမ်းအင်များကို လိုက်လံကာ စုပ်ယူတော့သည်။

နောက်ထပ် နှစ်ပေါင်းငါးထောင်လောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူသည် မူလအားအင်အဆင့်ကို ပြန်လည်ရောက်ရှိခဲ့၏။ ပြီးသည့်နောက်မှာတော့ စည်းအစီအရင်ကြီးကို ချိုးဖြတ်ပြီးသည့်နောက် ထျန်းယွမ် ကုန်းမြေတိုက်ကြီး၌ ပြိုင်ဘက်ကင်း တည်ရှိသူ တစ်ယောက်ဖြစ်အောင် အားလုံးကို မွှေနှောက်သောင်းကျန်းလေ တော့၏။

သို့ပေမဲ့ အချိန်အတော်ကြာ ဆိုးသွမ်းသည့် ကိစ္စရပ်များကို ပြုလုပ်ပြီးသည့်နောက်မှာတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ရုတ်တရက်ပြန်လည်ကာ ပေါ်ပေါက်လာခဲ့တော့၏။

အမှောင်နတ်ဆိုးဘုရင်သည် မွေးဖွားလာသည်၊ ဖိနှိပ်ခံရသည်၊ စည်းမှလွတ်မြောက်သည် ပြီးနောက် ထပ်မံကာ ဖိနှိပ်ခံရလေသည်။

..........

ဟူး ဟူး

လေပြင်းများ တိုက်ခတ်ပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးသည် ကွဲအက်လျက် ရှိနေတော့သည်။ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ ကျဆင်းလာပြီးသည့်နောက်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထား သော သိုင်းကျင့်ကြံသူ တစ်သိန်းနီးပါးတို့သည် ၎င်းတို့၏ ဝိညာဉ်သိစိတ်များ ပျောက်ကွယ်သွားပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံးမှ ပျောက်ကွယ်သွားခဲ့ကြ၏။

ရှမ့်ယုဟန်သည်လည်း ဆွံ့အလျက်ရှိနေသည်။

ဒဏ်ရာ ရရှိထားသော ထျန်းယွမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံ သူများအားလုံးသည်လည်း ကြောင်အလျက်ရှိနေ၏။

မည်သည့်အရာများ ဖြစ်နေသနည်း။ မူလအားဖြင့် ဖုန်များ ဖုံးလွှမ်းလျက်ရှိနေသော တည်နေရာကြီး တစ်ခုလုံးသည် ပြန်လည်ကာ ကြည်လင်လာခဲ့တော့၏။ တောင်ကြီး တစ်ခုကဲ့သို့ ရှည်လျားလှသော ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီအား သူတို့မြင်လိုက်ရတော့သည်။

“ဒါ.. ဒါက”

ရှမ့်ယုဟန်က ထအော်လိုက်သည်။ “ဒါက ထျန်းဟွမ်ကုန်းမြေတိုက်က ပျောက်သွားတဲ့ နတ်ဘုရား လက်နက် မဟုတ်လား။ သူ့အနေနှင့် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီကို မမြင်ဘူးချေ။ သို့ပေမဲ့ စာများထဲမှာတော့ ဖတ်ရှုခဲ့ဖူး၏။ ထို့ကြောင့် ပုံပန်းသွင်ပြင်နှင့် အော်ရာများကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် တစ်ခါတည်း တန်း၍ ပြောဆိုနိုင်ခြင်းပင်ဖြစ်၏။

ဒဏ်ရာရရှိထားသော သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း မျက်လုံးအပြူးသား ဖြစ်မိနေကြ၏။ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီက ဘာမှန်းမသိဘဲ ပျောက်ကွယ်သွားခဲ့သော နတ်ဘုရားလက်နက်သည် သူတို့၏ လောကတွင် ထပ်မံကာ ပေါ်ပေါက်လာခဲ့တော့သည်။ ဤအရာသည် အိမ်မက်များ ဖြစ်နေသည်လား။

လက်ရှိအခြေအနေ မှာတော့ ကောင်းကင်ယံထက်တွင် တလိပ်လိပ် ဖြစ်တည်နေသော အမဲရောင်တိမ်လှိုင်းကြီး များသည် ပျောက်ကွယ်သွားခဲ့တော့သည်။ ကောင်းကင်၏အထက်တွင် နေ၏ အလင်းရောင်သည် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့သည်။

ရေရှည်စောင့်မျှော်နေသော နေ၏ နွေးထွေးမှုကို ခံစားရပြီးသည့်နောက်မှာတော့ ဒဏ်ရာရရှိထားသော သိုင်းကျင့်ကြံသူများသည် မြေပေါ်တွင် ဒူးထောက်ကာဖြင့် မျက်ရည်များ တသွင်သွင် ကျဆင်းနေခဲ့ကြ၏။

ဖောင်း ဖောင်း

၎င်းတို့အား ဝိုင်းရံလျက်ရှိနေသော အမဲရောင်ဝတ်စုံဝတ် သိုင်းကျင့်ကြံသူများမှာတော့ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲကာ သေဆုံးပျောက်ကွယ်သွားခဲ့ကြတော့၏။ ထျန်းယွမ်ကုန်းမြေတိုက်ကြီးတွင် ရှိနေသော အမဲရောင် ဓာတ်သဘာဝများ အားလုံးသည် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ ကြီးမားလွန်းလှသော ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် မြန်မြန်ဆန်ဆန်ပဲ ပျံသန်းလာခဲ့သည်။

ရွှီး

ပြီးသည့်နောက်မှာတော့ တွေဝေလျက်ရှိနေသော ရှမ့်ယုဟန်၏ရှေ့တွင် သူသည် မတ်တပ်ရပ်ကာဖြင့် ပြောလိုက်၏။ “အရာအားလုံး ပြီးသွားပြီ”

ဘုတ်

ရှမ့်ယုဟန်သည် မြေပေါ်တွင် ဒူးထောက်ပြီးသည့်နောက်မှာတော့ ကျေးဇူးတင်စွာဖြင့် ပြောလိုက်မိသည်။ “ကျေး... ကျေးဇူးတင်ပါတယ် အစ်ကိုကျွင်း၊ ကျုပ်တို့ ထျန်းယွမ်ကုန်းမြေတိုက်ကြီးအတွက် အမှောင်နတ်ဆိုးဘုရင်ကို ဖျက်ဆီးပေးတဲ့အတွက်ကြောင့်ပါ”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ရှမ့်ယုဟန်အား ဒူးထောက်ထိုင်နေရာမှ အသာ ဆွဲမလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် သီလ၊ သမာဓိနှင့် ပြည့်စုံစွာ ပြောလိုက်တော့သည်။ “မိစ္ဆာတွေကို သတ်ဖြတ်ပစ်တယ်ဆိုတာက လူစွမ်းကောင်းတွေ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲလေ”

“အစ်ကိုကျွင်း”

ရှမ့်ယုဟန်သည် ဘယ်နေရာက ပေါ်လာမှန်းမသိသည့် သိုလှောင်လက်စွပ် အနည်းငယ်ကို ထုတ်ယူ လိုက်၏။ ပြီးနောက်ပြောလိုက်တော့သည်။ “ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”

“မဖြစ်ဘူး”

ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “မင်းက ငါ့ကို စော်ကားနေတာပဲ”

“တကယ့်ကို ယောက်ျားဆန်တာပဲ” စနစ်သည် အချိန်အတော်ကြာ လက်ခံသူနှင့် နေထိုင်ခဲ့သည်ဖြစ်၏။ ယခု များပြားလွန်းလှသော စိတ်ဝိညာည်ကျောက်တုံးများကို သီလ၊ သမာဓိဆိုသော စိတ်ဓာတ်ဖြင့် ကျားကန်ကာ ငြင်းဆန်လျက်ရှိနေ၏။ အံ့အားသင့်စရာကောင်းလှချေသည်။

“တချို့ ပိုက်ဆံတွေက လက်ခံလို့ ရသလို၊ တချို့ပိုက်ဆံတွေက လက်ခံလို့ မရဘူးလေ”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ “ဒါက ငါ့ဘဝရဲ့ စည်းမျဉ်းစည်းကမ်းပဲ”

ရှမ့်ယုဟန်က ပြောလိုက်သည်။ “အစ်ကိုကျွင်းက ကျုပ်တို့ ထျန်းယွမ်ကုန်းမြေတိုက်ကြီးကို ကူညီပေးခဲ့တယ်လေ။ ဒါကြောင့်မလို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို လက်ခံသင့်ပါတယ်”

............

ကျွင်းချောင်ရှောင်းသည် သံမဏိကဲ့သို့ စိတ်ထားဖြင့် မလှုပ်မရှား တည်ရှိလို့ နေခဲ့သည်။

“အစ်ကိုကျွင်း”

“မင်းဘက်က ဒီလောက် လေးနက်နေပြီဆိုမှတော့ ငါက စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို လက်ခံရမှာပေါ့”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဒါပေမဲ့ နတ်ဆိုးဘုရင်ကို ကူညီပြီးတော့ သုတ်သင် ပေးခဲ့တဲ့ ဆုလာဘ်အတွက် မဟုတ်ဘူး။ ငါ့ရဲ့ဂိုဏ်းထဲကို ဝင်တဲ့ ဝင်ကြေးပဲ”

“ကောင်းပြီ” ရှမ့်ယုဟန်သည် ပျော်ရွှင်စွာ ပြောလိုက်၏။

ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကို လက်ခံခဲ့လိုက်၏။ သို့ပေမဲ့ ဤကဲ့သို့ လက်ခံရခြင်းသည် ဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်အတွက် ပေးရသည့် ဝင်ကြေးအတွက်သာ ဖြစ်၏။ အမှောင်နတ်ဆိုးဘုရင်ကို သုတ်သင်ရှင်းလင်းသည့်အတွက်ကြောင့် မဟုတ်ချေ။ စာဖတ်သူများအနေနှင့်လည်း ဤအရာကို နားမရှုပ်သင့်ပေ။

သူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “ငါက ငါ့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ဘယ်တော့မှ ချိုးဖောက်ပစ်မှာ မဟုတ်ဘူး”

စနစ်က ရုတ်တရက် ထအော်လိုက်သည်။ “ဂိုဏ်းတစ်ခုထဲကိုဝင်ဖို့ အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်း အသုံးပြုရမယ်လို့ ဘယ်သူက စည်းမျဉ်းစည်းကမ်း ချမှတ်ခဲ့တာလဲ။ ဘယ်ဂိုဏ်းက အဲလို အရည်အချင်း ရှိတာလဲ”

“ငါ့ရဲ့ဂိုဏ်းပေါ့”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “သမိုင်းမှာ အားအကောင်းဆုံးသော ပြိုင်စံရှားဂိုဏ်းပေါ့”

“.......”

စနစ်သည် စောဒဏတက်ရန်ပင် အားမရှိသလို ဖြစ်သွားသည်။

................

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ အတွင်း စောင့်ကြည့်ခန်းထဲမှာတော့ ကျိုးဒူဒူသည် မည်သို့မှ ဆက်၍ မကြည့်နိုင်တော့ချေ။ ထို့ကြောင့် ကြည့်ရှုနေသည့် ပုံရိပ်ယောင်မြင်ကွင်းဆီမှ ခေါင်းကို တစ်ဖက်ဆီသို့ လွှဲလိုက်ရ သည်။ အားအကောင်းဆုံးသော အကျဉ်းသားများ ထားရှိရာအခန်း၏ ထောင့်တစ်နေရာတွင်တော့ အကျဉ်းသား များသည် မျက်လုံးကို မှိတ်ထားကြပြီး တချို့မှာတော့ မကြည့်ရဲကြည့်ရဲဖြင့် ပုံရိပ်ယောင်အစီအရင်ကြီးကို ကြည့်လျက် ရှိသည်။

ဂလု

စကြဝဠာလူဆိုးကြီးသုံးယောက်တို့သည် တံတွေးကို မျိုချလိုက်မိကြသည်။ ၎င်းတို့၏ လက်များသည့် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေ၏။

သံမဏိကဲ့သို့ စိတ်ဓာတ်ကို ပိုင်ဆိုင်သော အစ်ကိုကြီး အစိမ်းရောင် မာဖလာသည်ပင်လျှင် ပုံရိပ်ယောင်မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ မျက်မှောင်များ ကုတ်လျက်ရှိသည်။ မျက်နှာပေါ်တွင် ရှိနေသော ကြွက်သားများသည် တဆတ်ဆတ် တုန်လျက်ရှိနေတော့သည်။

သူတို့သည် အဘယ်ကြောင့် ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုး ဖြစ်နေရသနည်း။ အဘယ်ကြောင့်ဆိုသော် ယခုမှ ရောက်ရှိလာခဲ့ သော အကျဉ်းသားတစ်ယောက်ကြောင့် ဖြစ်၏။ ထိုသူသည် ကြိုးများနှင့် ချုပ်နှောင်ခြင်းကို ခံခဲ့ရပြီးသည့်နောက် အဆိုးရွားဆုံးသော၊ ကြောက်မက်ဖွယ်ရာအကောင်းဆုံးသော နှိပ်စက်ခြင်းမျိုးနှင့် ထောင်မှူးမိန်းကလေး၏ နှိပ်စက်ခြင်းကို ခံနေရလေ၏။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း …..

အား … အား … အား………။

All Chapters