အပိုင်း (၁၂၂၆)
Vol. 83 Ch. 1226
"ဗုဒ္ဓ နည်းစနစ်တွေကို ကျွမ်းကျင်တဲ့ လူတစ်ယောက် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် တွေးကာ ပြောလိုက်မိ၏။ "ကြည့်ရတာ ငါ့ဂိုဏ်းထဲမှာ ဗုဒ္ဓကျင့်ကြံသူရှိပုံပဲ။ ဒါနဲ့ သူ့နာမည်က ဘာပါလိမ့်"
တပည့်များသည် များပြားလွန်းသောကြောင့် သူသည် တုနန်၏ နာမည်အား မမှတ်မိချေ။
"တုနန်" စနစ်က သတိပေးလိုက်၏။
"ဟုတ်တယ်၊ ဟုတ်တယ်"
ကျွင်းချောင်ရှောင်းသည် သတိရသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ငါ့အနေနဲ ကြယ်ကောင်းကင် ခံတပ်ဆီကို သွားရအုံးမယ်။ ဂိုဏ်းဆီကို လှည့်ပြန်လို့ မဖြစ်ဘူး"
ခနလောက် စဉ်းစားပြီးသည့် နောက်မှာတော့ သူသည် ဒုတိယ နည်းလမ်းအား အလျော့ပေးလိုက်ပြီဖြစ်၏။
ဘာမှန်းမသိသည့် ခံစားချက်ကြောင့် ဂိုဏ်းပိုင် တံမြက်စည်းကို ချိုးခဲ့မိသော တုနန်သာ ဤအဖြစ်ကို သိပါက ကျိန်းသေပေါက် အိမ်သာထဲသွား၍ ထိုင်ငိုနေမိေ"အားရာ"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ငါ နတ်မီးခန္တာကိုယ်နဲ့ မင်းကို ကူညီပေးမယ်။ ဒီ မိစ္ဆာကောင်ကို တစ်ခါတည်း သန့်စင်လိုက်ကြရအောင်"
"ကောင်းပြီ"
အားရာသည် ပစ္စည်းအမျိုးအစား အစုံကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ သခင်နှင့် ကျွန်တို့သည် များပြားလှသောလက်နက်များကို အသုံးပြုကာ အမှောင်နတ်ဆိုးဘုရင် ဆီသို့ လျှောက်သွားပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ပြုလုပ်ကြတော့သည်။
ဤ နေရာတွင် မေးစရာ ရှိသည်မှာ မည်သူသည် ဗီလိန် ဖြစ်နေသနည်း။
အား ..။
ဖြောင်း … ဖြောင်း ….
ဟူး ဟူး …
အား …..အား…..
အကျဉ်းထောင်၏ အောက်ဆုံးထပ်တွင်တော့ ကျယ်လောင်လှသော အော်ဟစ်သံများ ထွက်ပေါ်လျက်ရှိ၏။ ထိုအရာသည် ထောင်ထဲ၌ ရှိနေသော စကြဝဠာ လူဆိုးကြီးသုံးဦးနှင့် တိုင်လုတို့အား ချွေးစေးများပင် ပြန်နေစေ၏။
နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်းသည် မိစ္ဆာ စိတ်ဝိညာဉ်အား အမှန်ပင် သန့်စင်နိုင်စွမ်း ရှိ၏။ သို့ပေမဲ့ သူ့၏ စိတ်ဝိညာဉ် အရည်အသွေးသည် နိမ့်ကျနေသည့်အပြင် ခန္တာကိုယ်သည်လည်း သေမျိုးစကြာဝဠာ ထဲတွင် အားအကောင်းဆုံး မဟုတ်ခဲ့ချေ။
ထို့ကြောင့်အကျိုးသက်ရောက်မှုမှာ သိပ်ပြီး မသိသာလှချေ။ တစ်ရက်လုံးလုံး နှိပ်စက် ရိုက်နှက်ပြီးနောက် အားရာသည် ခနလောက် အနားယူရန် ဆုံးဖြတ်လိုက်သည်။
"သခင် နဲ့ အတူတူ တွဲပြီး အလုပ်လုပ်တော့မယ် ဆိုရင် အနည်းဆုံး နှစ်ပေါင်း ငါးရာကနေ ခြောက်ရာလောက်တော့ ကြာအုန်းမယ် ထင်တယ်"
"အဲလောက် ကြာအုံးမှာလား" ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ် ဖြစ်နေ၏။
အားရာသည် ပြောလိုက်သည်။ "အဓိကအားဖြင့် နတ်မီး ခန္ဓာကိုယ်ဖြစ်တဲ့ သခင့်ရဲ့ ခန္ဓာကိုယ်က အရမ်း အားနည်းတယ်လေ၊ ဒီထက်ပိုပြီး အားကောင်းတဲ့ ခန္ဓာကိုယ်ကို ရှာဖွေနိုင်မယ်ဆိုရင် သန့်စင်နှုန်းက ပိုပြီး မြန်ဆန် လာလိမ့်မယ်"
"……."
ကျွင်းချောင်ရှောင်းသည် ရင်ကို တူနှင့် ရိုက်နှက်ခံလိုက်ရသလို နာကျင်သွား၏။
သူ စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပဲ အကောင်းမွန်ဆုံးနှင့် အတော်ဆုံး အရောင်းသမားသည် ဝင်ကာ ပြောလိုက်သည်။ "ပိုပြီး အားကောင်းတဲ့ ခန္ဓာကိုယ်ကို လိုချင်တာလား၊ မိစ္ဆာစိတ်ဝိညာဉ်ကို ပိုပြီး မြန်ဆန်အောင် သန့်စင်ချင်တာလား၊ ဒါဆိုရင်တော့ အဆင့်မြင့် စတိုးကိုသာ ဖွင့်လိုက်ပါ။ လက်ခံသူ လိုချင်တာ အားလုံးက အဲဒီမှာ ရှိပါတယ်။ ဒန် ဒန့် တန်"
"တော်စမ်း" ကျွင်းချောင်ရှောင်းသည် မပျော်မရွှင်နှင့် အော်လိုက်မိ၏။
"ဂိုဏ်းရဲ့ အဆောက်အအုံကို အဆင့်တစ်ဆယ်အထိ တိုးမြင့်ပြီးတဲ့ နောက်မှာ အဆင့်မြင့်စတိုးကလည်း ပြန်ပြီးတော့ အဆင့်မြင့်သွားတယ်လေ။ ဒီတော့ လက်ခံသူသာ ကံကောင်းမယ် ဆိုရင် တကယ်ကို အစစ်အမှန် မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်တယ်" စနစ်က ပြောလိုက်သည်။
"တကယ်လား"
ဘာပဲပြောပြော သူသည် ရူးကြောင်ကြောင် စနစ်၏ လှည့်ဖျားမှုကို ခံနေရပြီ ဖြစ်၏။ သို့ပေမဲ့ သူသည် အပြင်ဘက် လောကကို ပြန်ရောက်သည့် အချိန်မှာတော့ ရှမ့်ယုဟန်အား ခေါ်ကာ ပြောလိုက်၏။ "ယုဟန် … ငါမင်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောရအုံးမယ်"
"အရေးကြီးတဲ့ကိစ္စ ဟုတ်လား" ရှမ့်ယုဟန်သည် နားစွင့်ကာ ထောင်ထားသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးကြီး နာမည်က သက်တန့်ရောင်လို့လည်း ခေါ်တယ်။ သူက သက်တန့်ရောင်စဉ်ကျမ်းလို့ ခေါ်တဲ့ အရမ်းကို အဆင့်မြင့်တဲ့ သိုင်းနည်းစနစ်တစ်ခုကို တီထွင် ခဲ့တယ်"
ရှမ့်ယုဟန်သည် သက်တန့်ရောင်စဉ်ကျမ်းနှင့် သူတော်စင် သက်တန့်ရောင်တို့အား မကြားဖူးခဲ့ချေ။ သို့ပေမဲ့ နာမည်များကို နားထောင်လိုက်သည်နှင့် အလွန်တရာ ထူးခြားလှသည့်လူများ ဖြစ်လိမ့်မည်ကို ကောင်းကောင်း သိရှိနိုင်သည်။
ထို့ကြောင့် သူသည် ပြောလိုက်မိ၏။ "ဂိုဏ်းချုပ် … ပြိုင်စံရှားဂိုဏ်းက တစ်ကယ့်ကို ထူးခြားတဲ့ လူတွေနဲ့ ပြည့်နေတဲ့ ဂိုဏ်းတစ်ခုပဲ"
"ဒါပေါ့"
ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာ ပြောလိုက်၏။ "သံဃယ ရှိစရာ မလိုဘူးလေ"
"ဂိုဏ်းချုပ် ကျွန်တော့်ကိုလည်း သက်တန့်ရောင်စဉ်ကျမ်း သင်ပေးမှာလား " ရှမ့်ယုဟန်သည် အလွန်ပင် စိတ်လှုပ်ရှားလျက် ရှိ၏။ ဂိုဏ်းထဲသို့ ဝင်ဝင်ခြင်း မှာပဲ သူသည် သိုင်းကျမ်းနည်းစနစ် ရရှိခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် အလွန်တရာ ကောင်းမွန်သော ခံစားချက်များ ရရှိနေသည်။
"ငါပြောတာကို အရင် နားထောင်အုံး"
ကျွင်းချောင်ရှောင်းသည် စတင် ပြောဆို လိုက်၏။ "ဘိုးဘေးကြီးက သက်တန့်ရောင်စဉ်ကျမ်းကို ဖန်တီးပြီးတဲ့ နောက်မှာ နယ်လှည့်ပြီး ခရီးသွားနေတုန်း ကျွမ်းကျင်သူ တစ်စုရဲ့ အုပ်စုဖွဲ့ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ အဆုံးသတ်မှာတော့ သူက ဘယ်လိုမှ ရွေးချယ်ခွင့် မရှိတော့ဘူး။ သူဖန်တီးခဲ့တဲ့ သိုင်းနည်းစနစ်ကို အစိတ်အပိုင်း ခုနှစ်ခုခွဲပြီး စကြဝဠာထဲ လွှင့်ပစ်ခဲ့တယ်။ အဲဒီ ကျမ်းစာ ခုနှစ်ခုက အဆုံးမဲ့တဲ့ လေဟာနယ်ထဲကို ရောက်ရှိ သွားခဲ့တယ်"
ရှမ့်ယုဟန်သည် တုန်လှုပ်စွာ ပြောလိုက်မိသည်။ "စကြဝဠာရဲ့ စွမ်းအင်တွေကိုတောင်အသုံးပြုနိုင်တယ် ဆိုတော့ ဒီဘိုးဘေးကြီးက တည်နေရာ ချိုးဖျက်ခြင်း အလယ်အလတ် အဆင့်ကျွမ်းကျင်သူ ဖြစ်နေတာလား"
"မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကို လက်ညိုးညွှန်ကာ ပြောလိုက်၏။ "စီနီယာ သက်တန့်ရောင်က အထက်နယ်မြေကပဲ"
"ဟမ်"
ရှန့်ယုဟန်သည် ထပ်မံကာ တုန်လှုပ်သွားမိပြန်သည်။ သေမျိုးလောကတွင်တည်ရှိနေသော ဂိုဏ်းတစ်ခုသည် အထက်နယ်မြေမှ လူများနှင့် ပတ်သက်ဆက်နွယ်နေ၏။
ဘာမှန်း မသိသော ဖန်းဂု "ငါ ဒီကောင့်ကို မသိဘူး"
နွီဝါး" ငါလည်း သူ့ကို မသိဘူး"
သက်တန့်ရောင် သူတော်စင် "ထားလိုက်ပါတော့ ငါ့နာမည်က အသုံးပြုခံရတာ များနေပြီဆိုတော့"
"နေအုံး "
ရှမ့်ယုဟန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိ၏။ "ဂိုဏ်းချုပ် … ခုနက ဂိုဏ်းချုပ်ပြောတဲ့ ကျမ်းစာအစိတ်အပိုင်း ဆိုတာက အမှောင်နတ်ဆိုးဘုရင် ရှာနေတဲ့ ကျမ်းစာ အစိတ်အပိုင်းလား"
အရမ်း ညဏ်ကောင်းသည်။ သူ၏ တပည့်သည် ရူးသွပ်နေသူ တစ်ယောက် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ငါ့အနေနဲ့ ဒါကို မသုံးသပ်နိုင်သေးဘူး။ ဒီတော့ သေချာအောင် ပြုလုပ်ဖို့ လိုအပ် နေသေးတယ်"
"အင်း" ရှမ့်ယုဟန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "အဆုံးသတ်မှာတော့ ဒါက မင်းရဲ့ အရာပဲလေ။ ဒီတော့ မင်းကို အတင်းကြီး ဖိအားမပေးပါဘူး"
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် ပြောလိုက်၏။ "ရှန့်အင်ပါယာရဲ့ ရတနာသိုက်က ဘိုးဘေးကြီးတွေရဲ့ လွတ်လပ်တဲ့ တည်နေရာမှာ ထားရှိထားတာလေ။ အထဲမှာလည်း နေရာလွတ်တွေ အများကြီး ထားရှိသေးတယ်။ တပည့်အနေနဲ့ ဝင်ခွင့် ရရင်တောင်မှ အားအင်အကန့်အသတ် ရှိတာမလို့ အပြင်ဖက်တည်နေရာကိုပဲ ဝင်ခွင့် ရှိတယ်။ အထဲကို ဝင်လို့ မရနိုင်ဘူး"
ကျွင်ချောင်ရှောင်းသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ "အဲလောက် ဆန်းကြယ်တာလား"
"ဂိုဏ်းချုပ်ပြောတဲ့ အကြွင်းအကျန်ကျမ်းဆိုတဲ့ အရာက အတွင်းဖက်တည်နေရာမှာ သိမ်းစည်းထားတာပါ။ တပည့် အနေနဲ့ သွားယူဖို့ စွမ်းအားမရှိပါဘူး" ရှမ့်ယုဟန်သည် နာနာကြင်ကြင်နှင့် ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ ပြောလိုက်သည်။ "ငါကော ဝင်သွားလို့ရလား"
"ရတာပေါ့"
ရှမ့်ယုဟန်သည် ခနလောက် စဉ်းစားကာ ပြောလိုက်၏။ "ဒါပေမဲ့ ရှမ့်ကလန်ရဲ့ သွေးမျိုးဆက် မရှိဘူး ဆိုရင် ရတနာသိုက်ထဲမှာ များပြားလှတဲ့ စမ်းသပ်မှုတွေ တွေ့ကြုံရမှာသေချာတယ်"
"ရပြီ ရပြီ … ငါသိပြီ"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ သူ့အနေဖြင့် သက်တန့်ရောင်စဉ်ကျမ်းထဲတွင် ပါဝင်သေူသိချင်သည်မှာ ကျမ်းစာများကို ပေါင်းစည်းပြီးနောက် ပြည့်စုံသည့်သိုင်းနည်းစနစ်ကို လေ့ကျင့်ခွင့်ရရန် ဖြစ်သည်။
"ဂိုဏ်းချုပ် တပည့်က ဂိုဏ်းချုပ်ကို ရှမ့်ရတနာသိုက်ထဲ ခေါ်သွားမယ်"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်လိုက်၏။
ဆွစ်
ရုတ်တရက် သူ၏ ဝိညာဉ်သည် တစ်စုံတစ်ယောက်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသလို အလင်းအတားအဆီးများကို ဖြတ်သန်းကာ တည်နေရာတစ်ခုဆီသို့ ရောက်သွားသည်။
"ဂိုဏ်းချုပ်"
ရုတ်တရက် အသံတစ်ခုသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ "ဒါက ရှမ့်ရတနာသိုက်ပဲ"
ကျွင်းချောင်ရှောင်းသည် သူ၏ မျက်လုံးကို ဖွင့်လိုက်သည့် အချိန်မှာတော့ သူ၏ မျက်လုံးသည် ရောင်စုံ အလင်းတန်းများနှင့် ပြည့်နှက်နေသော တည်နေရာတစ်ခုသို့ရောက်ရှိနေကြောင်းကို သိရှိ လိက်ရ၏။ အိမ်မက် တစ်ခု မက်နေသလို ခံစားနေမိသည်။
ဂလု
ရုတ်တရက် ကုန်းရှန့်သည် တံတွေးမျိုချလိုက်၏။ အဘယ့်ကြောင့် ဆိုသော် သူ၏ ရှေ့တွင် တွင်းကြီးတစ်ခု တည်ရှိနေပြီး တွင်းထဲတွင် များပြားလှသော ရတနာများ ပြည့်နှက်နေသောကြောင့်ပင် ။
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် ပြောလိုက်သည်။ "ဒါက ရှမ့်အင်ပါယာရဲ့ ဘိုးဘေးတွေ မျိုးဆက်အလိုက် နှစ်ပေါင်းများစွာ သိမ်းစည်းခဲ့တဲ့ ရတနာ တွေလေ"
“……..”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ် တစ်ခုလုံး ပြိုလဲလု မတတ်ပင် ဖြစ်နေ၏။ သူ၏ တပည့်၌ ကိုယ်နှင့်မကွာ ဆောင်ယူနိုင်သော တည်နေရာကြီးတစ်ခု ရှိနေသည့်အပြင် ထိုထဲတွင်လည်း ရတနာများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။
ရွှေ၊ငွေ၊ကျောက်သံပတ္တမြား အားလုံးသည် ကျွင်းချောင်ရှောင်းအား မဆွဲဆောင်နိုင်ချေ။ သူသည် ထိုကဲ့သို့သော အရာများကို အညစ်ကြေးသဖွယ် ပြုမူဆက်ဆံတတ်သည် မဟုတ်ပါလား။
သူသည် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည့် အခါမှာတော့ သူ၏မျက်နှာကိုပင် တည်ငြိမ်အောင် မထိန်းသိမ်းနိုင်တော့ပေ။
သူ၏ ရှေ့တည့်တည့် မီတာတစ်ရာတွင် ဆက်စပ်နေသော တွင်းကြီး ကိုးတွင်းတည်ရှိနေ၏။ ထိုအထဲတွင် စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ပြည့်နှက်နေ၏။
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် မိတ်ဆက် ပေးလိုက်သည်။ "ဒါက စိတ်ဝိညာဉ် ကျောက်တုံးတွင်းတွေလေ။ ဘယ်ဖက်ကနေ ညာဖက်အထိက အဆင့်တစ်ကနေ အဆင့်ကိုးအထိ အသီးသီး ရှိတယ်"
ကျွင်းချောင်ရှောင်းသည် ဟန်ချက်ပျက်ကာ မြေပေါ်သို့ လဲကျလု မတက်ပင် ဖြစ်နေ၏။ အဘယ့်ကြောင့် ဆိုသော် ညာဖက်ထောင့်စွန်းတွင် ရှိနေသော စိတ်ဝိညာဉ် ကျောက်တုံးတွင်းသည် အဆင့်ကိုး စိတ်ဝိညာဉ် ကျောက်တုံးများ ဖြစ်နေ၏။
တစ်ဝက်လောက်သာ တည်ရှိနေသော်လည်း ထို စိတ်ဝိညာဉ် ကျောက်တုံးများသည် အနည်းဆုံး နှစ်ဆယ်မှ သုံးဆယ် သန်းအထိ တည်ရှိနေ၏။ အခြားသော အဆင့်ရှစ် စိတ်ဝိညာဉ် ကျောက်တုံး တွင်းများသည်လည်း အပြည့်မဟုတ်တောင် စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်ခန့် တည်ရှိနေသည်။
ရှမ့်အင်ပါယာသည် ရတနာများနှင့်ကျောက်သံပတ္တမြား၊ စိတ်ဝိညာဉ်ကျောက်တုံးများ ပိုင်ဆိုင်သည့်အပြင် အရည်အသွေးမြင့်မားသော လက်နက်၊ သိုင်းကျင်ကြံခြင်း နည်းစနစ် နှင့် သဘာဝ ရတနာများကို လည်း ပိုင်ဆိုင် နေသေး၏။
ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်၏ ပုခုန်းကို အသာပုတ်ကာ ပြောလိုက်သည်။ "ငါ မင်းကို အစ်ကိုကြီးလို့ ခေါ်ခွင့် ပေးမယ်။ ဟုတ်ပြီ မင်းက ငါ့ရဲ့ ညီငယ်လေးပဲ။ ညီလေးရှမ့် ၊ ညီလေးယုဟန်"