အပိုင်း (၁၂၂၇ - ခ)
Vol. 83 Ch. 1227-B
"လာခဲ့ ဝင်ကြ ရအောင်"
ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်ကို ဆွဲခေါ်ကာဖြင့် အထဲသို့ဝင်ရောက်လိုက်၏။ အစီအရင်၏ စနစ်သည် ဖျက်စီးခံရပြီးနောက် အခြားသော မည်သည့်တိုက်ခိုက်မှုကိုမှ မကြုံတွေ့ရတော့ချေ။ ထို့ကြောင့် နောက်ဖေခြံဝန်းထဲသို့ လမ်းပတ်လျှောက်နေသလိုပင် သက်သောင့်သက်သာ ရှိနေတော့၏။
ဒုတိယ တည်နေရာမှာတော့ စိတ်ဝိညာဉ် ကျောက်တုံးတွင်းများ မရှိချေ။ သို့ပေမဲ့ များပြားလှသော အဆင့်မြင့် သိုင်းနည်းစနစ်များနှင့် သမိုင်းတွင် ကျော်ကြားလှသည့် လျို့ဝှက်လက်နက်များ၊ ပစ္စည်းအသုံးအဆောင်များ တည်ရှိလို့ နေခဲ့၏။ အထူးသဖြင့် လှိုဏ်ဂူ၏ အလယ်တည့်တည့်တွင် ကျောက်ပြားတစ်ခု ရှိနေပြီး ထိုအပေါ်တွင် ဆန်းကြယ်လှသည့် စွမ်းအင်များ ထွက်ပေါ်နေသည့် အကြွင်းအကျန် ကျမ်းစာ တစ်ခုတည်ရှိလို့ နေသည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာဆီသို့ လျှောက်သွားပြီးသည့်အခါမှာတော့ မျက်လုံးများပင် ဝင်းလက်သွားခဲ့၏။
"ဒါ အမှန်ပဲ"
ထိုအရာသည် သူရှာနေသော သက်တန့်ရောင်စဉ်ကျမ်း အမှတ်ခြောက်ပင် ဖြစ်၏။ ပထမငါးခု သည် စနစ်ဆီမှ ဝယ်ယူထားခြင်း ဖြစ်သည်။
ခြောက်ခုမြောက်မှာတော့ ရှမ့်အင်ပါယာ၏ ရတနာသိုက်မှ ရှာဖွေတွေ့ရှိခဲ့၏။ နောက်ဆုံးမှာတော့ သူသည် မည်သူ့ကိုမှ ထိတ်လန့်ကြောက်ရွံ့စရာ မလိုဘဲ ထိုအရာကို ရရှိနိုင်တော့မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငါ ဒီအကြွင်းအကျန် ကျမ်းစာကိုယူလို့ ရနိုင်မလား"
"အရှက်မရှိ ဒါကို လိုချင်ပြန်ပြီလား"
စနစ်သည်ဝင်ကာ ပြောလိုက်၏။ ဂိုဏ်းဝင်ခွင့်ရရန်အတွက် စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းကိုလည်း အသုံး ပြုရသေးသည်။ အလွန်အားကောင်းလှသော ကျမ်းစာနံပါတ်ခြောက် ကိုလည်း ထပ်ပြီးပေးရဦးမည်။ ဤအရာသည် မည်သို့သော တစ်ဖက်စောင်းနှင်း ကိစ္စမည်နည်း။
စနစ်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။
ထို့သော် ရှမ့်ယုဟန်သည် လေးလေးနက်နက် ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းရဲ့ ဘိုးဘေးတွေ ဖန်တီးခဲ့တာ ဆိုမှတော့ ဂိုဏ်းချုပ် အနေနဲ့ ဒါကို ယူသင့်တာပေါ့..."
စနစ်သည် စိတ်ဓာတ် ကျသွားမိသည်။ "ဒီကောင် တစ်ကယ့်ကို သောက်ရူးပဲဟ"
ဘုတ်
ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်၏ ပုခုံးကို အသာပုတ်ကာ ပြောလိုက်၏။ "ငါနဲ့ တစ်ကယ့်ကို ရေစက်ပါတဲ့ တပည့်လို့ မပြောရဘူး၊ မင်းက သိနားလည်မှုရှိတယ်"
ရွှီ း..။
အကြွင်းအကျန် ကျမ်းစာ နံပါတ်ခြောက်သည် အလျင်အမြန် ပျောက်ကွယ်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ သိုလှောင် လက်စွပ်ထဲသို့ ရောက်ရှိသွားတော့သည်။
ဟုတ်ပေသည်၊ ကျွင်းချောင်ရှောင်းသည် စည်းမျဉ်းစည်းကမ်းနှင့် နေထိုင်သော လူတစ်ယောက် ဖြစ်သည်။ အကြွင်းအကျန် ကျမ်းစာကို ယူပြီးသည့်နောက် ရှမ့်ရတနာသိုက်ထဲရှိ ရတနာများကို တစ်ချက်ကလေးမှ စောင်း၍ မကြည့်တော့ချေ။ ဤအရာများသည့် ရှမ့်အင်ပါယာဘိုးဘေးများ အနေဖြင့် သူတို့၏ မျိုးဆက်သစ်များအတွက် သီးသန့် ချန်ထားခဲ့သောအရာဖြစ်၏။
ထို့ကြောင့် သူသည် ကျမ်းစာ နံပါတ်ခြောက်ကို ရရှိပြီးနောက် ကျန်သည့် အရာများကို သဘောကျနေလျှင် အဘယ့်သို့ သင့်တော်တော့မည်နည်း။
ကျွင်းချောင်ရှောင်းသည် လောဘကြီးသည့် လူတစ်ယောက်လည်း မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်သည်နှင့် အညီ တပည့်ပေါင်း တစ်သိန်းကျော်၏ လိုအပ်ချက်များအား ပြုစု စောင့်ရှောက်ရန် လိုအပ် နေသေး၏။ ထို့ကြောင့် ပိုက်ဆံများ လိုအပ်နေသည်။ အစားအသောက်နှင့် အဝတ်အစားများသည် အလကား ရသည့် အရာမျိုး မဟုတ်ချေ။ ဂိုဏ်းအား ပိုမို၍ အားကောင်းလာစေချင်လျှင် ငွေကြေးများကို အသုံးပြုမှ ဖြစ်ပေလိမ့်မည်။
ဂိုဏ်းအတွက် သူသည် အရင်းအမြစ်များကို ကြိုးစားကာ ရှာဖွေမှဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့အား အရှက်မဲ့သည်ဟု အထင်မမှားသင့်ပေ။ သူလုပ်သမျှသည် ဂိုဏ်းအတွက်သာ ဖြစ်ပေသည်။
ဟူးးး
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းနှင့် သူ့တပည့်များ အတွက် အရာအားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်တော့၏။
"ယုဟန်"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို ဖြန့်ကားကာ ပြောလိုက်သည်။ "ဒီဆေးလုံးကို ယူပြီး သောက်လိုက် မင်းရဲ့ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နဲ့အခြားအရာတွေ ပိုပြီး အားကောင်းလာလိမ့်မယ်"
"ကောင်းပါပြီ"
ရှန့်ယုဟန်သည် ဆေးလုံးများကို ယူပြီး တစ်လုံးပြီး တစ်လုံး ကုန်အောင် သောက်လိုက်တော့၏။ သွေး၊ မရီဒန်နှင့် အခြားသော အရာများ အားလုံးသည် ချက်ချင်းပဲ တိုးတက်သွားခဲ့၏။
သူ၏ ကျင့်ကြံခြင်းသည် သိုင်းဘုရင်အဆင့်တွင်သာ တည်ရှိ၏။ သို့ပေမဲ့ ခန္ဓာကိုယ် ဖြစ်တည်ခြင်း၊ဝိညာဉ် ဖြစ်တည်ခြင်းဆေးလုံးများကို သောက်သုံးပြီးသည့်အခါမှာတော့ အကျိုးဆက်သည် အကန့်အသတ်မဲ့အောင် တိုးတက်လာခဲ့သည်။
နောက်ဆုံးမှာတော့ ခန္ဓာကိုယ် တစ်ခုလုံးသည် အလွန် အားကောင်း သွားခဲ့၏။
"ထင်တဲ့ အတိုင်းပဲကို"
ရှမ့်ယုဟန်သည် စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်မိသည်။ "ဂိုဏ်းချုပ်က အရမ်းကို အားကောင်းတာပဲ"
စနစ်သည် သူ့အား အရူးတစ်ယောက်ဟု တွေးထင်ခဲ့၏။ သို့ပေမဲ့ ၎င်း၏ စိတ်နှလုံးသည် ရိုးရှင်းလွန်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဂိုဏ်းချုပ်ပေးခဲ့သော ဆေးလုံးများသည် ရတနာသိုက်ထဲတွင် ရှိနေသော အရာများထက် ပိုမို၍ အားကောင်းလို့နေ၏။ ရှမ့်ယုဟန်သည် ဤဆေးလုံးများမှာ ဂိုဏ်းထဲသို့ ဝင်ရောက်သည့် ဂိုဏ်းသားများအားလုံး ညီတူညီမျှ ရရှိသည့် အရာဖြစ်ကြောင်း သိရှိပါက ကျိန်းသေပေါက် ရွက်သင်္ဘော၏ ထောင့်တစ်ခုဆီသို့ သွားကာ ထိုင်ငိုနေမှာ သေချာ၏။
"ယုဟန်"
ကျွင်းချောင်ရှောင်းသည် လျို့ဝှက်သိုင်းကျမ်း အနည်းငယ်ကို ထုတ်ယူကာ ပြောလိုက်သည်။
"ရတနာသိုက်ထဲမှာ နည်းစနစ်တွေ တော်တော်များများ ရှိတယ် ဆိုပေမဲ့ မင်းအနေနဲ့ အသုံးပြုလို့ ရတာတွေက နည်းတယ်လေ။ ငါတို့ဂိုဏ်းရဲ့ လျို့ဝှက်နည်းစနစ်တွေက ပိုပြီး အားကောင်းတယ်။ မင်းအနေနဲ့ အနာဂတ်မှာ အချိန်မဖြုန်းဘဲ ဒါကို ကောင်းကောင်း လေ့ကျင့်သင့်တယ်"
"ကောင်းပါပြီ"
ရှမ့်ယုဟန်သည် ထိုအရာကို လက်ခံပြီးသည့်နောက်မှာတော့ ကုန်းပတ် တည်နေရာတစ်ခုသို့ သွား၍ လေ့လာ ကြည့်တော့၏။ သူသည် ပိုလေ့လာလေ ပိုမိုကာ တုန်လှုပ်လေ ဖြစ်၏။
အဆုံးသတ်မှာတော့ သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိသည်။ "ဂိုဏ်းရဲ့ လျို့ဝှက် နည်းစနစ်တွေ အားလုံးက နားလည်ဖို့ လွယ်တယ်။ ပြီးတော့ ဆန်းကြယ်လွန်းအားကြီးတယ်။ ဘိုးဘေးတွေ ချန်ခဲ့တဲ့ သိုင်းနည်းစနစ် တွေထက်တောင် ပိုပြီးတော့ အားကောင်း နေသေးတယ်"
ထိုအချိန်မှာတော့ သူသည် မျှော်လင့်ချက် တပွေ့တပိုက်နှင့် ဖြစ်နေ၏။ သူ့အနေဖြင့် ဂိုဏ်းထဲ၌ နေထိုင်ရင်း ပို၍ အားကောင်းလာအောင် ကြိုးစားကာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာစေရန် စိတ်အား ထက်သန်နေတော့၏။
တစ်လ ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထျန်းယွမ်ကုန်းမြေတိုက်ကြီးဆီမှ ကြယ်ကောင်းကင် ခံတပ်ဆီသို့ ဆက်လက်ကာ ခရီးနှင်တော့သည်။ သီးခြားတာဝန်မှာ တစ်လကျော်အောင် ကျန်ရှိနေသောကြောင့် သူသည် အလွန်ပင် စိတ်လှုပ်ရှားလျက် ရှိနေသည်။
"ငါတော့ မစောင့်နိုင်တော့ဘူး"
စနစ်က ပြောလိုက်၏။ "ဒါဆိုရင်လည်း စတိုးကို မြန်မြန်ဆန်ဆန် refresh လုပ်တော့လေ"
“………” ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ စနစ်ရရှိချိန်ကတည်းက သူသည် သီးခြား တာဝန်ကို တစ်ခါမှ မကျဆုံးခဲ့ချေ။ ထို့ကြောင့် အပြစ်ပေးမှုသည် မည်မျှ ကြီးမားကြောင်း မသိရှိချေ။
"ပြောနေစရာ မလိုဘူး"
စနစ်က ပြောလိုက်၏။ "လက်ခံသူ အနေနဲ့ ကြယ်ကောင်းကင် ခံတပ်ရဲ့ နက်နဲမှုကို သေသေချာချာ မသိဘူးလေ။ ပြီးတော့ မိစ္ဆာစွမ်းအင်တွေကို သန့်စင်တဲ့ နည်းလမ်းကိုသာ မရရင် တာဝန်ကလည်း အောင်မြင်မှာ မဟုတ်ဘူး။"
"မင်းက တစ်ကယ့်ကို တော်တဲ့အရောင်းသမား တစ်ယောက်ပဲ"
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဝန်ခံလိုက်၏။ ပြီးသည့်နောက်သူသည် ပထမဆုံး အမွေးတိုင်ထွန်းပြီး ရေချိုး သန့်စင် လိုက်၏။ ပြီးသည့်နောက် စတိုးထဲသို့ ဝင်ကာ တွေးလိုက်၏။ "ဂိုဏ်းစုဆောင်းမှတ်တွေက အများကြီး မရှိဘူးလေ။ ဒီတော့ ငါလိုချင်တာကို ရဖို့ မျှော်လင့် မိတယ်"
"ဒင် … ဂိုဏ်းစုဆောင်းမှတ် - ၃၈၉၉၀ / ၁၀၀၀၀၀”
ပစ္စည်းသစ်များ မေပါ်လာခင်မှာပဲ သူသည် မျက်လုံးကို စုံမှိတ်ထား၏။ ကျွင်းချောင်ရှောင်းသည် ရှိရှိသမျှ နတ်ဘုရားများကို တိုင်တည်လျက် ရှိနေ၏။ သူ၏ ကံတရားသည် တစ်ကယ့်ကိုကောင်းမွန်သည့် အရာ ဖြစ်လာစေရန် မျှော်လင့်နေမိသည်။
"တကယ့်ကို ကံကောင်းပါစေ။ ကံကောင်းပါစေ"
စနစ်သည် ကျယ်လောင်စွာ ပြောလိုက်၏။ "လက်ခံသူ ဆုတောင်းနေရုံနဲ့ မပြီးဘူး။ အလုပ်လုပ်မှ ဖြစ်မယ်"
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ထဲတွင် တစ်၊နှစ်၊သုံးဟု ရေလိုက်၏။ ထို့နောက် မျက်လုံးဖွင့်လိုက်သည်။
ဟားဟားဟား ဟားဟားဟား
ကုန်းပတ်ပေါ်တွငိ သိုင်းနည်းစနစ်များကို လေ့လာနေသော ရှမ့်ယုဟန်သည် ရုတ်တရက် ပဲ့ခန်းထဲရှိ ဂိုဏ်းချုပ်၏ ရယ်သံကို ကြားလိုက်ပြီးသည့်နောက် ဇဝေဇဝါ ဖြစ်မိနေ၏။
"ဘာတွေ ဖြစ်နေတာလဲ"
ဟားဟားဟား ဟားဟားဟား
ရယ်သံသည် ပိုမို၍ ကျယ်လာခဲ့၏။ ရယ်ရင်းနှင့် သေလုမတက်ဖြစ်နေပုံပင်။
ဘုတ် …….။
ထိုင်ခုံတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့လဲကျသွားသည်။ သူသည် လက်သီးကို ဆုပ်ကာ သစ်သားထိုင်ခုံကို တဒုံးဒုံးနှင့်ထုနေတော့၏။
သူ့အား အဘယ့်ကြောငိ့ ဤမျှ ပျော်ရွှင်နေစေသနည်း။ ဘာမှ မဟုတ်ပေ၊ ကော်ရှင်မှတ် (?) အမှတ်အသားရှိသော သေတ္တာတစ်လုံးကို တွေ့ရှိသောကြောင့်ပင်။
"ကြည့် ….. ငါမှန်တယ်မလား"
စနစ်က ပြောလိုက်၏။ "refresh ကို ရဲရဲဝံ့ဝံ့လုပ်တဲ့သူတွေကသာ ကြီးမားတဲ့ ဆုလက်ဆောင်ကို ရရှိနိုင်တယ် လေ"