← Chapters

ငါ့ကိုဆရာလို့ခေါ်ရင် သင်ပေးမယ်

Vol. 90 Ch. 1251

ငါ့ကိုဆရာလို့ခေါ်ရင် သင်ပေးမယ်

Vol. 90 Ch. 1251

ရှောင်ဟုန်သည် သူမလက်ကိုကြည့်လိုက်ပြီးမှ အဝတ်များသည် သွေးများ စွန်းပေနေသည်ကို သိလိုက်ရသည်။

“ရပါတယ် လက်ကိုနည်းနည်းထိသွားတာပါ၊ မနေ့ညက နင်တို့စောစော ပြန်လိုက်တာ တော်သေးတယ်၊ မဟုတ်ရင် ဒီအခြေအနေမှာဝင်ပါလိုက်လို့ နင် ဒဏ်ရာရသွားရင် ဘယ်လိုလုပ်ရမလဲမသိဘူး”

“နင် အဆင်ပြေတယ်ဆိုလို့တော်သေးတာပေါ့ ဒီကအခြေအနေက ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဖေတို့က ပြင်ဆင်ပြီးသားပဲ၊ ဒီတိုက်ပွဲက နည်းနည်းခက်သွားပေမဲ့ ငါတို့ လက်နက်သခင်များအသင်းနဲ့တိုက်မှတော့ ငါတို့ ဝိညာဉ်လက်နက်တွေက သူတို့ကို သေတဲ့အထိချေပေးလိုက်တာပေါ့၊ ငါတို့လူအများကြီးတော့ မသေဘူး အဲအစား သူတို့ကိုတော့ရှင်းလိုက်နိုင်တယ်” ရှောင်ဟုန်သည် ဂုဏ်ယူစွာပြုံးလေ သည် “ဒါပေမဲ့ ငါတို့လူတွေ အများကြီးဒဏ်ရာရထားတယ်”

ရှီမာယူယူလည်း ထိုသို့တွေးမိသည်။ အဂ္ဂိရတ်ပညာရှင်အသင်းတွင် ဆေး ရှိသကဲ့သလို့ လက်နက်သခင်များအသင်းတွင်လည်း ဝိညာဉ်လက်နက်များရှိ သည်။ သူတို့သည် အရည်အသွေးကောင်းသော လက်နက်များဖြင့် လူများကို ချေမှုန်းပစ်နိုင်သည်။

လက်နက်သခင်များအသင်းသည် ထိုအခြေအနေကို ကြိုတွေးထားပြီး ပြင်ဆင်ထားသည်ဟု သူမ ခန့်မှန်းမိသည်။ အခြေအနေကို ထိန်းချုပ်နိုင်လိုက် သည်ကိုကြည့်ပြီး သူမ မစိုးရိမ်တော့ပေ။

“ငါကူညီနိုင်တာများ ရှိမလား” ရှီမာယူယူ‌မေးလိုက်သည်။

“ရှိတယ်” ရှောင်ဟုန် ဆက်ပြောလေသည် “သေတဲ့သူမများပေမဲ့ ဒဏ်ရာ ရတဲ့သူများတယ် အကုန်လုံးက အနည်းဆုံးတော့ ဒဏ်ရာနည်းနည်းစီရကြ တယ်၊ ငါတို့အဂ္ဂိရတ်သခင်ရောပဲ ကုသဖို့ဆေးက မလောက်ဘူး ဘေဂုံထန်တို့ က အဂ္ဂိရတ်သခင်တွေဆိုတော့ ဆေးဖော်တဲ့နေရာမှာ ကူညီပေးနိုင်မလား”

“ရတာပေါ့” ဘေဂုံထန် ခေါင်းညိတ်လိုက်သည်။ ဆေးဖော်ရသည်မှာ ဘာမှမဟုတ်ပေ။

ရှီမာယူယူ စိတ်ဓာတ်ကျမိသည်။ အခုချိန် သူမတွင် ဝိညာဉ်စွမ်းအင်မရှိ ပေ၊ ထို့ကြောင့် သူမ ကူညီချင်တောင် မကူညီနိုင်ပေ။

သူမသည် မှော်ဝင်လက်စွပ်ထုတ်ပြီး ပြောလိုက်သည်။ “ငါက ငါသန့်စင် ထားတဲ့ ကုသဆေးတွေပဲ ဒါကိုအရင်သုံးလိုက် မလောက်ရင် ထပ်ပြီးဖော်လိုက် ပေါ့”

“ငါတို့မှာလည်းရှိတယ်” ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် သူတို့၏ ဆေး အပုံလိုက်ကို ထုတ်လိုက်သည်။

ရှောင်ဟုန်သည် မှော်ဝင်လက်စွပ်သုံးခုကို သိမ်းပြီးပြောလိုက်သည် “ဒါနဲ့ ဆက်လုပ်ထားလိုက်မယ် နင်တို့တွေ ဆေးဖော်ပြီးရင် ငါ့ကိုပြောလိုက်ပါ လူလွှတ်ပြီး လာယူခိုင်းလိုက်မယ်”

“ကောင်းပါပြီ”

“ဒါဆိုရင် ဒီဆေးတွေကို အရင်ပေးလိုက်မယ် နင်တို့ပြန်ကြတော့လေ ဒီက အခြေအနေက အခုထိမတည်ငြိမ်သေးဘူး ဒီမှာမလုံခြုံဘူး” ရှောင်ဟုန် ဆက်ပြောလေသည် “ငါသွားတော့မယ် ဒီမှာနှစ်ရက်လောက် ဖြေရှင်းပြီးရင် နင်တို့ကိုလာရှာမယ်”

“ဟုတ်ပြီ သွားလိုက်တော့လေ” ရှီမာယူယူ ပြောလိုက်သည်။

“အင်း သွားပြီနော်”

ရှောင်ဟုန်သည် ထိုမှော်ဝင်လက်စွပ် သုံးကွင်းယူပြီးနောက် အထဲတွင် ဒဏ်ရာရသူရှိမလားဟု စဉ်းစားရင်းနှင့် ယမန်နေ့ညက ပွဲတော်ခန်းမဆီသို့ သွား လိုက်သည်။

ဒဏ်ရာရထားသူများသည် ဆေးကုသနေပြီး ဒဏ်ရာမရသူများသည် အလောင်းများကို ရှင်းလင်းနေသည်။ ရှီမာယူယူတို့သည် လှည့်ပတ်ကြည့်ပြီး နောက် ကြည့်စရာမရှိတော့သည်နှင့် ပြန်သွားလိုက်သည်။

ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် သူတို့အိမ်သို့ပြန်ပြီး ဆေးသန့်စင်ကြလေ သည်။ တခြားသူများသည် ရှီမာယူယူနှင့်အတူ ယမန်နေ့ညအကြောင်းကို ပြော မည်အလုပ်တွင် မိုယွိမှ ဆွဲသွားလေသည်။

“ဒီမိုယွိကတော့ တစ္ဆေမျိုးနွယ်ကရောဟုတ်ရဲ့လား လက်ဖက်ရည်ကို ဘာလို့အဲလောက်ကြိုက်ရတာလဲ” ဖက်တီးကျဓသည် သူတို့ကျောပြင်များကို ကြည့်ပြီး ညည်းညူလေသည်။

“သူ လက်ဖက်ရည်ကြိုက်တာကိုပဲ မင်းပျော်သင့်တယ်” ရှီမာယူလင်း ပြောလိုက်သည်။

“အမှန်ပဲ” ဖက်တီးကျူ သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ ဒီလိုသာ ဆက် သွားရင် လက်ဖက်ရည်သောက်ရတာကို ငြီးငွေ့တော့မယ်”

“နောင်တစ်ချိန် သူမ တစ္ဆေလောကကိုသွားရင် မိုယွိက အထောက်အကူ ကောင်းဖြစ်မှာပါ” ရှီမာယူလင်း ပြောလိုက်သည်။

“သူ တစ္ဆေလောကကိုသွားလိုက်တာနဲ့ လုံးဝတခြားသူဖြစ်သွားမှာ စိုးတာ” ဖက်တီးကျူသည် မိုယွိကိုမယုံပေ။

“အဲတော့ သူ ငါတို့ဘက်ပါအောင် အကောင်းဆုံးကြိုးစားရမှာပေါ့” ရှီမာယူလင်း ဆက်ပြောလေသည် “ဒါပေမဲ့ ယူယူနဲ့ သူ့ဆက်ဆံရေးက ပို ကောင်းလာတယ်၊ နှစ်ယော်ကလုံးက သူငယ်ချင်းတွေလိုပဲ”

“ငါလည်း အဲဒါကိုခံစားမိတယ်” ဝေကျိရွှီ ဆက်ပြောလေသည် “ယူယူက မိသားစုလို သူငယ်ချင်းလိုပဲ ဆက်ဆံတာ ခုနက သူတို့ထွက်သွားတဲ့ပုံကိုကြည့် လိုက်လေ ယူယူက သူ့ကို သူငယ်ချင်းတစ်ယောက်ကလိုပဲမြင်တာ”

“မိုယွိက သူမကို ဘယ်လိုစဉ်းစားလဲမသိဘူး”

“အဲလောက်လည်းမဆိုးဘူးထင်တယ် လူတွေခိုးဝင်မယ်လို့လည်း ကြားလိုက်ရော ယူယူ့ကိုလာကြိုဖို့ပြေးလာတာကို မမြင်ဘူးလား သူမကို ဂရု မစိုက်ဘူးဆိုရင် သူကိုယ်တိုင်မလာဘူးလေ” ဝေကျိရွှီ ကောက်ချက်ချလေ သည်။

“အမှန်ပဲ ဒီလောက်ရက်နည်းနည်းလေးမှာ သူတို့ မတည့်ရတာကနေ သူငယ်ချင်းဖြစ်သွားမယ်လို့ မထင်မိဘူးပဲ” ရှီမာယူလင်း သက်ပြင်းချလေသည်။

“သူတို့နှစ်ယောက်လုံးက လက်ဖက်ရည်ကြိုက်ကြပြီး စိတ်ဝင်စားတာ တူကြတော့ ဆက်ဆံရတာပိုနီးစပ်တာပါ”

“ဟုတ်လောက်မှာပါ”

သို့သော် သည်တစ်ကြိမ်တွင် မိုယွိသည် ရှီမာယူယူကို လက်ဖက်ရည် သောက်ရန်ခေါ်မသွားဘဲ မြို့အပြင်သို့ခေါ်သွားလေသည်။

အတန်ကြာလာပြီးနောက် မြို့အပြင်သို့ရောက်နေပြီကို ရှီမာယူယူ မြင် သောအခါ သိချင်စိတ်ဖြင့်မေးလိုက်သည် “ဒီကိုဘာလို့ခေါ်လာတာလဲ”

“မင်းကို ဒီကိုခေါ်မလာခင် သူတို့သရုပ်မှန်ကို မသိဘူးလို့ မင်းကိုမပြော ခဲ့ဘူးလား အဲဒါကြောင့် အလောင်းကြည့်ဖို့ မင်းကိုခေါ်လာတာ” မိုယွိ ပြော လိုက်သည်။

“အဲလူတွေကို ရှင်သတ်ခဲ့တာလား” ရှီမာယူယူသည် အံ့အားသင့်စွာြဖင့် မေးလိုက်သည်။

“မနေ့က မြို့ထဲမှာဆူညံနေလို့ သူတို့ အနှောင့်အယှက်က ဝေးပြီး နားအေးချင်တာနဲ့ မြို့အပြင်ကို လာခဲ့တာ” မိုယွိ ဆက်ပြောလေသည် “အဲဒါ ကြောင့် သူတို့ကိုတွေ့လိုက်တာပဲ”

“ကျွန်မရဲ့အရင်အတွေ့အကြုံတွေအရဆိုရင် သူတို့က အလောင်းတွေမှာ ဘာသဲလွန်စမှာ ချန်ထားမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါတော့ စမ်းကြည့်မှသိမှာပေါ့” မိုယွိသည် မနေ့ကထိုလူများကို သတ် ခဲ့သော နေရာသို့ သူမကိုခေါ်သွားရာ ထိုအလောင်းများကို တွေ့ရလေသည်။

ရှီမာယူယူသည် အလောင်းများကိုမြင်သောအခါ မည်သည့်ရလဒ်ကိုမှ မခံစားရပေ။ ထို့အပြင် အလောင်းများမှ အဝတ်ကိုမြင်သည်နှင့် သူတို့သည် အရင်ကတွေ့ဖူးသော အင်အားစုဖြစ်သည်ကို အတည်ပြုနိုင်ပြီး အလောင်းတွင် လည်း မည်သည့်သဲလွန်စမှ မချန်ထားနိုင်သည်ကို ခန့်မှန်းမိသည်။

သူမ ဒီအတိုင်းသာ စစ်ဆေးလိုက်ခြင်းဖြစ်သော်လည်း မိုယွိသည် သူမ သိချင်၍ဖြစ်ရမည်ဟု တွေးလိုက်သည်။

ပြီးခဲ့သည့်ရက်များတွင် သူတို့သည် လက်ဖက်ရည်နှင့်ပတ်သတ်သည့် အကြောင်းများအပြင် တခြားအကြောင်းအရာများလည်း ပြောခဲ့ကြသည်။ ရှီမာယူယူသည် ထိုအကြောင်းအရာနှင့်ပတ်သတ်ပြီး ပြောဖူးသည်။

သူမသည် စိုးရိမ်မှုမပြရန် တချို့အကြောင်းအရာများကိုသာ ပြောခဲ့သည် ကို သူမ မှတ်မိသေးသည်။ သို့သော် သူသည် အားလုံးကိုမှတ်မိနေပြီး သတ်ပြီး သည်နှင့် အလောင်းများကို ထိုနေရာတွင် ထားထားသည်။

သို့သော် ရလဒ်သည် သူမ မှန်းထားသလို အတူတူပင်။ ထိုအလောင်းများ တွင် မည်သည့်အရာမှမကျန်ခဲ့သလို အလောင်းများပေါ်တွင်လည်း အသုံးဝင် မည့်အရာမရှိတော့ပေ။ အလောင်းများ သေဆုံးသည်မှာ တစ်ရက်နီးပါး ရှိပြီ ဖြစ်သဖြင့် သူတို့၏ မှတ်ဉာဏ်ကိုလည်း ဖတ်မရတော့ပေ။

“ဘာမှအသုံးဝင်တာမရှိဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ သူတို့မှတ်ဉာဏ်ကိုလည်း ဖတ်မရဘူး အလောင်းတွေက အသုံးမဝင်တော့ဘူး”

“ဒါဆိုရင် သူတို့ဝိညာဉ်ကို ဖမ်းပြီးမေးလိုက်” မိုယွိ‌ ပြောလေသည်။

“ဝိညာဉ်ကို ဖမ်းပြီးမေးမယ် ဟုတ်လား” ရှီမာယူယူသည သူ့ကို လန့်ဖျပ် စွာ ကြည့်လိုက်သည် “သူတို့ဝိညာဉ်က တစ္ဆေလောကကိုတောင်သွားလောက် ပြီ ဘယ်လိုလုပ် ဝိညာဉ်ကို ဖမ်းမလဲ”

“ငါ ဒီမှာသူတို့ဝိညာဉ်ကို ထားခဲ့တယ်” မိုယွိ ပြောလိုက်သည်။

“သူတို့ဝိညာဉ်ကို ဒီမှာထားခဲ့တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ”

“သူတို့ဝိညာဉ်က အလောင်းထဲမှာရှိသေးတယ်” မိုယွိသည် စိတ်ရှည်စွာ ဖြင့် ရှင်းပြခဲသည် “ငါ သူတို့ကိုသတ်တော့ သူတို့ခန္ဓာကိုယ်ထဲမှာပဲ ဝိညာဉ်ကို ပိတ်ထားခဲ့တာ အဲဒါကြောင့် ခန္ဓာကိုယ်ထဲကထွက်သွားနိုင်မှာမဟုတ်ဘူး”

“အဲလိုမျိုးဟာရှိသေးတာလား တစ္ဆေမျိုးနွယ်က လူတိုင်းအဲဒါကိုလုပ်နိုင် တာလား” ရှီမာယူယူသည် သူ့ကို တအံ့တဩကြည့်လေသည်။

“တခြားသူတွေ မသိဘူး ဒါပေမဲ့ ငါသိတယ် ငါ့ဘာသာတီထွင်ထားတာပဲ” မိုယွိ ဆက်ပြောလေသည် “မင်းစိတ်ဝင်စားရင် ငါ့ကို ဆရာလို့ခေါ် သင်ပေးမယ်”

“အဲဒါကို ဖြစ်နိုင်တယ်လို့ထင်နေတာလား”

“ဟုတ်မှာပေါ့” မိုယွိ ဆက်ပြောလေသည် “ဒီအမှောင်အရည်အချင်းက အရမ်းအသုံးမဝင်ပေမဲ့ နောက်အမှောင်အရည်အချင်းက အရမ်းအသုံးဝင်တယ် ဒီအမှောင်အရည်အချင်းမရှိရင် ဝိညာဉ်ရှိရင်‌တောင် အသုံးမဝင်ဘူး”

“ဘာအမှောင်အရည်အချင်းလဲ”

“ဝိညာဉ်ဖမ်းဆုပ်မှုအရည်အချင်း”

***

All Chapters