အပိုင်း (၁၂၂၈)
Vol. 83 Ch. 1228
သူ၏ ကံတရားကို စမ်းသပ်နေတုန်း အထူးသော ပစ္စည်းတစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု ကျွင်းချောင်ရှောင်းက မထင်မှတ်ခဲ့ချေ။ ထိုအရာသည် တစ်ခါတည်း ပေါ်ပေါက်လာခဲ့၏။ ဖျက်ဆီး၍မရနိုင်သော ဝတ်စုံများ ထပ်မံပေါ်မလာ စေရန်သာ မျှော်လင့်နေမိသည်။ သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များကို ပိုမိုအသုံးပြုရမည်ဆိုလျှင်တောင်မှ ဤအရာကို နှောင့်နှေးခြင်းမရှိဘဲ ဝယ်ယူမှာသေချာ၏။
“ဟမ်”
ရုတ်တရက် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးများသည် အေးခဲသွားတော့၏။ နောက်ဆုံးအကြိမ် ဤကဲ့သို့ သောပစ္စည်းကို ဝယ်ယူခဲ့စဉ်က သူသည် ဂိုဏ်းစုဆောင်းမှတ်တစ်သိန်းတိတိကို ကုန်ကျခဲ့သည်။
လက်ရှိအခြေအနေမှာတော့ အဆင့်မြင့်စတိုးထဲတွင် ရှိသော ဤပစ္စည်းသည် ဈေးပေါလှသည်မှာမဟုတ်ချေ။ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ၃၀၀၀၀ ကျော်သာ တည်ရှိနေ၏။ သူဝယ်ယူနိုင်ရန် တတ်နိုင်သည့်အရာ ဖြစ်သလား သေချာမသိပေ။
ဤပစ္စည်းနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် ရောထွေးလှသည့် ခံစားချက်များ တည်ရှိနေသည်။ သူသည် ထိုကဲ့သို့သောပစ္စည်းကို တွေ့ရှိရသည့်အတွက် အလွန်တရာ ပျော်ရွှင်နေသည်ဆိုသော်လည်း ဈေးပေါလှသည် မဟုတ် ကြောင်းကို သိရှိသောကြောင့် စိုးရိမ်ပူပန်လျက်ရှိနေသေး၏။
ဟူး
သူသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက်မှာတော့ ပစ္စည်းကို အသာနှိပ်ကြည့်လိုက်၏။ ပစ္စည်းပေါ်တွင် ပြသလျက်ရှိနေသော ဈေးနှုန်းမှာ ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀ ဖြစ်လို့နေသည်။
“ဈေးပေါလိုက်တာ။”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားမိ၏။
ပုံမန်အားဖြင့် ဤကဲ့သို့သော ပစ္စည်းမျိုးသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀ တိတိ ကုန်ကျနိုင်သည့် ပစ္စည်းများဖြစ် သည်။ လက်ရှိအချိန်တွင် အဘယ်ကြောင့် ထက်ဝက်ဈေးဖြင့် ရောင်းချနေရသနည်း။
စနစ်က ပြောလိုက်၏။ “အထူးပစ္စည်းမျိုးဆိုရင်တောင်မှ အဆင့်အတန်းအမျိုးမျိုးရှိသေးတယ်လေ။ ဈေးကြီးလေ ပစ္စည်းက ပိုကောင်းလေ ပေါ့။”
“………” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။
သူ့အနေနှင့် ပိုက်ဆံများပိုမိုအသုံးပြုလျှင် ပိုမိုကောင်းမွန်သည့်ပစ္စည်းများကို ရရှိလေဖြစ်သည်။ ထိုအရာသည် အမှန်တရားပင် ဖြစ်၏။
“ငါ့ဆီမှာ လက်ရှိ ဂိုဏ်းစုဆောင်းမှတ် ၃၀၀၀၀ ရှိတယ်လေ။ ဒါကို ယူအုံးမလား။” စနစ်က ကမ်းလှမ်းလိုက်သည်။
“ပြောနေစရာတောင် မလိုဘူးလေ။”
ဒင်
ဂိုဏ်းစုဆောင်းမှတ် ၆၈၉၉၀ / ၁၀၀၀၀၀
ကျွင်းချောင်ရှောင်းအနေနှင့် ဤကဲ့သို့သော အထူးပစ္စည်းမျိုးကို ဝယ်ယူရန် နှစ်ခါပြန် စဉ်းစားနေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် တစ်ခါတည်း ဝယ်ယူပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ကာ ဆန်းကြယ်လှသည့် သေတ္တာကြီးရှေ့တွင် မတ်တပ်ရပ်လိုက်၏။ သူသည် တိတ်တဆိတ်ကြိတ်ကာ ဆုတောင်းလျက်ရှိနေ၏။
“ဗုဒ္ဓ … ကျောက်စိမ်းအင်ပါယာ … ကွမ်ရင်မယ်တော် …. စီနီယာအဖြူ ကောင်းချီးပေးပါ။”
ဘုတ်
သူသည် သေတ္တာအား အသာထိကြည့်လိုက်သည့်နောက်မှာတော့ ရွှေရောင်အလင်းတန်းများနှင့် လွှမ်းခြုံသွား၏။
ဆွစ်
ချက်ချင်းပဲ ကျွင်းချောင်ရှောင်း၏ ဝိညာဉ်သည် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်သွားသလို ဖြစ်တည်ပြီးသည့်နောက်မှာတော့ ပုံရိပ်ယောင်တည်နေရာကြီးတစ်ခုဆီသို့ ရောက်ရှိသွားသည်။
“ဒါက ဘယ်နေရာလဲ။”
ဒွီ ဒွီ ဒွီ …..။
ရုတ်တရက် သူသည် မြေပြင်တွင် ထူးဆန်းသည့်အရေးအကြောင်းများ တည်ရှိနေသည့် တည်နေရာကြီးတစ်ခု ပေါ်လာကြောင်းကို သိရှိလိုက်ရ၏။ ကြည့်ရသည်မှာ ဤအရာသည် ယစ်ပူဇော်ခြင်းအခြေအနေတစ်ခုကို ဖန်တီးပြုလုပ်သည့် တည်နေရတစ်ခုလိုပင်။
“ငါ့ကိုရော ယစ်ပူဇော်တော့မှာလား။”
ဆွစ် ဆွစ်
တွေးနေတုန်းမှာပဲ မတူညီသည့် အရောင်အဆင်းများ တည်ရှိနေသည့် စွမ်းအင်လုံးများသည် မည်သည့်နေရာကမှန်း မသိဘဲ ရောက်ရှိလာ၏။
“လူချောလေး။”
ရုတ်တရက် အဘိုးအိုတစ်ယောက်၏အသံသည် တည်နေရာထဲတွင် ပေါ်ပေါက်လာခဲ့သည်။
“မင်းဆီမှာ ဓာတ်ငါးပါးနဲ့ ပတ်သက်နေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေတယ်ဆိုတော့ တကယ့်ကို ကောင်းကင်စိတ်ဝိညာဉ် အစီအရင်က စုစည်းထားတဲ့ စိတ်ဝိညာဉ်မျိုးစေ့ ငါးခုနဲ့ ထိုက်တန်တာပေါ့။ ဒီအရာတွေက သစ်သား၊ သတ္တု၊ ရေ၊ မီး နှင့် မြေ ဓာတ်တွေပဲ။ မင်းအနေနဲ့ အဲအရာတွေထဲက တစ်ခုကို ရွေးချယ်လို့ရမယ်။”
ဤအဘိုးအိုသည်စကားပြောရာတွင်တစ်လုံးချင်းစီ ဖြည်းဖြည်းချင်း ပြောဆိုနေခြင်း ဖြစ်သောကြောင့် နားထောင်ရင်း ထ၍ ရိုက်နှက်ချင်စိတ်ပင် ပေါက်မိလာသည်။
“စိတ်ဝိညာဉ်မျိုးစေ့ ငါးခု ဟုတ်လား။”
ကျွင်းချောင်ရှောင်းအနေနှင့် ဓာတ်ငါးပါးထဲတွင် ရှိသော စွမ်းအင်ငါးမျိုးအကြောင်းကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ နားလည်လိုက်ပြီဖြစ်၏။ ထို့ကြောင့် သူသည် လေးလေးနက်နက် ပြောလိုက်မိ၏။ “ကလေးတွေမှပဲ ရွေးချယ်မှာပေါ့။ အကုန်လုံးကို လိုချင်တယ်လေ။”
“မင်းအနေနဲ့ တစ်ခုပဲ ရွေးလို့ရတယ်။”
“………”
“တစ်ခါတည်းရွေးပြီးသွားပြီဆိုတာနဲ့ အရှေ့ကို လှမ်းလျှောက်ပြီးတော့ ဒီအရာနဲ့ ပေါင်းစပ်လိုက်တော့။”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ မီးတောက်အမျိုးအစား နှင့် သက်ဆိုင်ယေန်ဓာတ်ကို ကိုယ်စားပြုသည့်မီးဓာတ်သဘာဝကို လိုအပ်နေသည်။
ဖြောက်
သူသည် မီးဓာတ်သဘာဝ၏ ရှေ့တွင် မတ်တပ်ရပ်လိုက်၏။
ဟူး ဟူး ဟူး
ပူလောင်လှသော လှိုင်းများသည် သူ၏ ရှေ့တည့်တည့်ဆီသို့ လာရောက်ကာ ဟပ်လေသည်။ ကျွင်းချောင်ရှောင်း အနေနှင့် ဤဓာတ်သဘာဝမှာ သူထိန်းချုပ်နိုင်သော မီးဓာတ်သဘာဝမျိုးထက် ပိုမို၍ အားကောင်းလျက်ရှိနေသည်ကို ချက်ချင်းသိရှိလိုက်သည်။
“ဒါက မီးစိတ်ဝိညာဉ်ပဲ။”
အဘိုးအိုတစ်ယောက်၏ အသံက ထွက်ပေါ်လာခဲ့၏။ “သေမျိုးစကြဝဠာကြီးထဲမှာ အားအကောင်းဆုံးထဲက တစ်ခုပေါ့။”
“တကယ်လား။”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို လှမ်း၍ ဖမ်းဆုပ်လိုက်၏။ သို့ပေမဲ့ သူမထိတွေ့ရသေးခင်မှာပဲ မီးစိတ်ဝိညာဉ် သည် အသိစိတ်ရှိပုံပေါ်၏။ ချက်ချင်းဆိုသလိုပဲ ကြိုးတစ်ခုကဲ့သို့ ပြောင်းလဲကာဖြင့် သူ၏ လက်ကောက်ဝတ်ကို ရစ်ပတ်သွားသည်။
အား
ထိုအချိန်မှာတော့ သူ၏ အသားအရေ တစ်ခုလုံးသည် မီးလုံးနှင့်ထိတွေ့ပြီးသည့်နောက်မှာတော့ ဝိညာဉ်တစ်ခုလုံး သည် အကင်ခံလိုက်ရသလို စူးရှသည့် နာကျင်မှုမျိုးကို ရရှိလာ၏။
ဟူး ဟူး ဟူး
ကျန်သော စိတ်ဝိညာဉ်မျိုးစေ့ လေးခုသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့တော့၏။ တည်နေရာတစ်ခုလုံးသည် မီးတောက်များနှင့် လွှမ်းခြုံသွားသည်။
အား အား အား
ခန္ဓာကိုယ်တစ်ခုလုံးသည် မီးလောင်မြှိုက်ခံရသလိုပင် ခံစားလျက်ရှိနေသည့်အပြင် ဝိညာဉ်သည်လည်း မီးလောင်ကျွမ်းနေသလို ခံစားနေရ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မီးပင်လယ်ကြီးထဲတွင် ရပ်တန့်နေရသလိုမျိုး နာကျင်မှုကို ခံစားနေရသည်။ သူ၏ မျက်နှာပြင်တစ်ခုလုံးသည်လည်း ရှုံ့မဲ့လျက်ရှိနေ၏။
နတ်မီးခန္ဓာကိုယ်နှင့် ပေါင်းစပ်ခဲ့သည့်အချိန်က တူညီသည့် နာကျင်မှုနှင့် နှိပ်စက်ခံရမှုမျိုးကို တွေ့ကြုံခဲ့ရပြီးသား ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသည့် မေ့ပျောက်လို့မရလောက်အောင် နာကျင်လှသည့် ခံစားချက်မျိုးကို ခံစားနေရခြင်းပင်။
နာရီဝက်လောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ အလွန်ပူပြင်းလှသော အပူချိန်များသည် ကျဆင်းလာပြီးနောက်ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်နိုင်ခဲ့သည်။
ဟူး ဟူး
တည်နေရာတစ်ခုလုံးတွင် မီးတောက်မီးလျှံများနှင့် ပြည့်နှက်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းမှာတော့ နာကျင်မှုကို မခံစားရတော့ချေ။ ထိုအစား တလက်လက်တောက်ပလျက်ရှိနေသော မီးတောက်များနှင့် တသားတည်းဖြစ်နေသလို ခံစားနေမိ၏။
“လာခဲ့စမ်း။”
သူသည် လက်ကို အသာဖြန့်ကားလိုက်သည်။
ဆွစ် ဆွစ်
တောက်ပနေသော မီးတောက်များသည် စိတ်လှုပ်ရှားလျက်ရှိနေသော ကလေးငယ်များကဲ့သို့ပင် ခုန်ပေါက်စွာဖြင့် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ ဒန်ထျန်ထဲတွင် လေပွေလှိုင်းလေးတစ်ခုကဲ့သို့ ဖြစ်တည်လာ၏။
ပြီးသည့်နောက်မှာတော့ တည်နေရာထဲတွင် ရှိနေသော ဓာတ်သဘာဝများ အားလုံးကို စုပ်ယူလိုက်ပြီးသည့်နောက်မှာတော့ သူ၏ ဒန်ထျန်ထဲတွင် သန္ဓေသားလောင်းလေးတစ်ခု၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်လာခဲ့သည်။
“လူချောလေး။”
အသံအိုကြီးက ပြောလိုက်၏။ “မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မီးဓာတ်စိတ်ဝိညာဉ်က သန္ဓေသားလောင်လေးအဖြစ် ဖြစ်တည်လာခဲ့ပြီ။ မင်းအနေနဲ့ သေသေ ချာချာ ဂရုစိုက်ဖို့လို့တယ်။ ပိုပြီးအားကောင်းအောင် ပြုလုပ်ပေးနိုင်မယ်ဆိုရင် သူက အခြေတည်ဝိညာဉ်လိုမျိုး ဖြစ်တည်လာလိမ့်မယ်။”
ဆွစ်
ကျွင်းချောင်ရှောင်း၏ အမြင်အာရုံတစ်ခုလုံးသည် မဲမှောင်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် အပြင်ဘက် လောကဆီသို့ ပြန်လည်ရောက်ရှိလာ၏။
…
ခဏလောက်ငြိမ်သက်ပြီးသည့်နောက်မှာတော့ သူသည် ဒန်ထျန်ထဲကို အသာကြည့်လိုက်၏။ ဒန်ထျန်ထဲတွင် လက်သည်းခွံ့တစ်ခု အရွယ်အစားရှိနေသော သန္ဓေသားလောင်းလေးတစ်ခု တည်ရှိနေသည်ကို သိသည့်အချိန်မှာတော့ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်လိုက်မိသည်။
“ချီးတဲ့မှ … သောက်ကျိုးနည်းပြီ။”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ ဂုဏ်ပြုပါတယ်။ အခု ဗိုက်ကြီးနေပါပြီ။”
ဘုတ်
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျသွားခဲ့၏။ သူ၏ မျက်လုံးများသည် ချာချာလည်လျက်ရှိနေ၏။
…
တတိယမြောက် အထူးကုန်ပစ္စည်းသည် သူ့အား မဖျက်ဆီးနိုင်သော အဝတ်အစားများ မပေးခဲ့ချေ။ ထိုအစား ဗိုက်ကြီးအောင် ပြုလုပ်ပေးခဲ့သည်။
“ဒါ ဘယ်လို သောက်တလွဲအရာမျိုးလဲ။”
ကုန်းရှန့်သည် မည်သို့မျှ နားမလည်နိုင်အောင်ဖြစ်နေသည်။ ထို့အပြင် ယောက်ျားတစ်ယောက်အနေနင့် ဗိုက်ထဲတွင် သန္ဓေသားလောင်းတစ်ယောက် တည်ရှိနေသည်ဆိုသည်မှာ လက်ခံရန် ခက်ခဲလှသည့်အရာမျိုးဖြစ်ပေသည်။ ဤအရာကို ပျော်ပျော်ရွှင်ရွှင်ကြီး နေထိုင်ရလောက်အောင်သူသည် သေလမ်းရှာစွန်း လည်း မဟုတ်ချေ။
စနစ်သည် ပျော်ရွှင်စွာ ပြောလိုက်မိ၏။ “မင်းရဲ့ ဒန်ထျန်ထဲမှာ ရှိနေတာ စိတ်ဝိညာဉ်အမျိုးအစားတစ်ခုပဲလေ။ ဒါက သန္ဓေသားလောင်းလေးတစ်ခုနဲ့ တူတဲ့ အဓိပ္ပာယ်ပဲ။ ဒါလောက်ကြီး စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။”
ဘုတ်
ကျွင်းချောင်ရှောင်းသည် ညာဘက်လက်သီးနှင့် ဘယ်ဘက်လက်ဖဝါးအား ထိုးနှက်ကာ ပြောလိုက်သည်။ “ဒါတော့ ဟုတ်တယ်။”
သူ၏ စိတ်ဓာတ်ကျနေသည့် အသွင်အပြင်အမူအရာအားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
စနစ်က ပြိုလဲသွားမိသည်။ “စကားလေးတစ်ခွန်းထဲနဲ့ ဒီလိုမျိုး ချက်ချင်းပြောင်းလဲသွားအောင် လုပ်နိုင်မှန်းသိလို့ရှိရင် ငါအရင်တုန်းက စကားတွေ အများကြီးပြောခဲ့တာ ဘာအတွက်လဲ။”
“အခု ငါ ဘာပြောင်းလဲသွားပြီလဲ။”
ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ထဲကို လှည့်ပတ်ကာ ကြည့်ရှုလိုက်၏။ တလက်လက်တောက်ပနေသော အပူလှိုင်းများ၏ အောက်တွင် သူ၏ မရီဒန်၊ သွေးကြောများနှင့် တစ်ခြားသောအရာများသည် ပိုမိုကာ တိုးတက်သွားသည်ကို အာရုံခံမိ၏။
ရွှီ
လက်များကို ဖြန့်ကားပြီးသည့်နောက်မှာတော့ တလက်လက်တောက်ပနေသော မီးတောက်များသည် သူ၏ လက်ထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။
“ဒါက မီးစိတ်ဝိညာဉ်လား။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒါက အရင် ငါ့ရဲ့ မီးတောက်တွေထက် နည်းနည်းလေးပဲ ပိုပြီး အားကောင်းတာပဲ။”
“ကျေးဇူးပြုပြီး။”
စနစ်က ပြောလိုက်၏။ “ဒါက အခု မွေးတောင် မမွေးသေးတဲ့ သန္ဓေသားလောင်းလေးလေ။ ပြီးတော့ မင်းခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နတ်ဘုရားအဆင့် မီးမျိုးစေ့တွေအကုန်လုံးကြောင့် မင်းရဲ့အဆင့် တိုးလာတယ်ဆိုပေမဲ့ ထပ်ပြီးတိုးတက်လာစရာ မရှိတော့ဘူး။ ဒါပေမဲ့ ဒီမီးစိတ်ဝိညာဉ်ကတော့ ပိုမိုပြီး အားကောင်းလာစေလိမ့်မယ်။”
“ဒါကတော့ အမှန်ပဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါကို အသုံးပြုပြီးတော့ အမှောင်နတ်ဆိုးဘုရင်ကို သန့်စင်ပစ်ဖို့ စမ်းကြည့်ရမယ်။”
…
ထျန်းယွမ်အကျဉ်းထောင်စေတီထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့်အားရာတို့သည် တောက်ပစွာ ပြုံးလျက်ရှိနေတော့ ၏။ ၎င်းအပြုံးသည် မိစ္ဆာတစ်ကောင်၏ အပြုံးထက်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။
ကြိုးဖြင့်ချိတ်ကာ ချုပ်နှောင်ခြင်းကို ခံထားရသော အမှောင်နတ်ဆိုးဘုရင်မှာတော့ ထိတ်လန့်တုန်လှုပ်သည့်အသံဖြင့် ပြောလိုက်၏။
“ဘိုး … ဘိုးဘေး… ကြီးကြီး မှားပါပြီ။ ကျုပ်တကယ်မှားပါပြီ။”
အား အားအား
အော်ဟစ်သံသည် အကျဉ်းထောင်ကိုးခုလုံးကို ဖုံးလွှမ်းလျက်ရှိနေ၏။ အကျဉ်းသားများသည် ထိုအရာကို အသားကျ နေပြီဖြစ်သော်လည်း ထိုအော်သံကို ကြားရှိရသည့်အချိန်တိုင်းတွင် ၎င်းတို့၏ နားထဲသို့ ဝိညာဉ်တစ္ဆေသရဲများ ဝင်ရောက်နေသကဲ့သို့ပင် ခံစားနေမိကြသည်။
နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်မှာတော့ အမှောင်နတ်ဆိုးဘုရင်သည် မြေပေါ်တွင် ပက်လက်လှန်ကာ လဲကျလျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေပြီး ဆိုးရွားသည့် အခြေအနေတစ်ခုကို ရင်ဆိုင်နေရသည်ဟု ဆိုရမည်။
များပြားလှသည့် ဂြိုဟ်များ၊ လူသန်းပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့သော မိစ္ဆာစိတ်ဝိညာဉ်သည် လက်ရှိအခြေအနေမှာ တော့ အပြစ်ပေးခံနေရပြီဖြစ်၏။ သူသည် ထိုအရာနှင့် ထိုက်တန်လွန်းလှ၏။
ဝိုး
အားရာသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “သခင် ဒီတစ်ကြိမ် ဆင့်ခေါ်လိုက်တာ ဘယ်လိုမီးဓာတ်အမျိုးအစားလဲ။ ဒီကောင့် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မိစ္ဆာစွမ်းအင်တွေကို အချိန်တိုအတွင်းမှာပဲ သန့်စင်ပစ်လိုက်နိုင်တာကိုး။”
“ဒါက မီးစိတ်ဝိညာဉ်လေ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သေမတတ်နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရသော အမှောင်နတ်ဆိုးဘုရင်သည် ထိုအချင်းအရာကို ကြားလိုက်သည့် အချိန်မှာတော့ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မျက်လုံးများ ပြူးထွက်သွားခဲ့တော့သည်။ သူသည် စိတ်ထဲတွင် ဝမ်းနည်းစွာဖြင့် ပြောလိုက်မိ၏။ “ငါ ကြာရှည်အသက်ရှင်တော့မှာ မဟုတ်ဘူးပဲ။”