အပိုင်း (၁၂၂၉)
Vol. 83 Ch. 1229
“မီးစိတ်ဝိညာဉ်ဟုတ်လား။”
အားရာသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါကသေမျိုးလောကကြီးထဲမှာ ရှိတဲ့ မီးဓာတ်အမျိုးအစား စိတ်ဝိညာဉ်မျိုးစေ့တွေထဲက ထိပ်တန်းမျိုးစေ့တွေထဲက တစ်ခု မဟုတ်လား။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းကြားဖူးလို့လား။”
“ကြားဖူးတာပေါ့။”
အားရာသည် အမှောင်နတ်ဆိုးဘုရင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒါက မီးစိတ်ဝိညာဉ်နဲ့ တူညီတဲ့ မိစ္ဆာစိတ်ဝိညာဉ်တစ်မျိုးပဲလေ။ သူက သေမျိုးလောကကြီးမှာရှိတဲ့ အထူးစိတ်ဝိညာဉ်မျိုးစေ့တွေကနေပြီးတော့ ဖြစ်တည်လာခဲ့တဲ့ အကောင်ပဲ။”
“ဒီလိုလား။” ကျွင်းချောင်ရှောင်းသည် ဝမ်းသာသွားမိသည်။
အားရာသည် ထပ်မံကာ ပြောလိုက်၏။ “သခင့်အနေနဲ့ ဒါကို မြန်မြန်ဆန်ဆန်နဲ့သန့်စင်နိုင်ခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။”
မြေပေါ်တွင် ရွံ့တစ်ခုကဲ့သို့ ပျော့ခွေလျက်ရှိနေသော အမှောင်နတ်ဆိုးဘုရင်သည် သူ၏ဘဝမှာ မျှော်လင့်ချက် လုံးဝမရှိတော့သလို ခံစားလိုက်မိ၏။ မီးဓာတ်အမျိုးအစား စိတ်ဝိညာဉ်သည် သူနှင့်တူညီသည့်အဆင့်တွင် တည်ရှိသူ ဖြစ်၏။
ထို့အပြင် အမြင့်မားဆုံးသော ယန်ဓာတ်သဘာဝများလည်း ပါဝင်လျက်ရှိ၏။ ထို့ကြောင့် ဤအရာနှင့်သာ သန့်စင်မည်ဆိုပါက အမှောင်နတ်ဆိုးဘုရင်သည် သေဆုံးသွားမှာ သေချာသည်။
“ဘိုး … ဘိုးဘေး ကြီးကြီး။ ကျေးဇူးပြုပြီး လက်လွှတ်ပေးပါ။”
အမှောင်နတ်ဆိုးဘုရင်သည် တောင်းပန်လိုက်၏။ သူ့အနေနှင့် စကြဝဠာ၏ အတွင်းပိုင်းတွင် မွေးဖွားလာကတည်းက ဤကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။ နောက်ဆုံး စည်းအား ချိုးဖြတ်ပြီးသည့် နောက် ခဏတာလွတ်မြောက်ခွင့်ကို ရရှိခဲ့သည်ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ ပြန်လည်ချုပ်နှောင်ပြီး သန့်စင်ခြင်းကို ခံခဲ့ရ၏။ ထိုအရာမှာ လက်သင့်မခံနိုင်စရာပင် ဖြစ်တော့၏။
“မင်းအနေနဲ့ ဒီအပြစ်မရှိတဲ့သတ္တဝါတွေကို ဘာလို့ လက်လွှတ်မပေးခဲ့တာလဲ။ ဘာလို့ ဒီဂြိုဟ်တွေနဲ့ ဂြိုဟ်မှာနေတဲ့လူတွေအကုန်လုံးကို လက်လွှတ်မပေးခဲ့တာလဲ။”
ကျွင်းချောင်ရှောင်းသည် အရှေ့သို့ အသာတိုးကပ်ပြီးသည့်နောက်မှာတော့ သူ၏ ညာဘက်လက်ထဲတွင် မီးစိတ်ဝိညာဉ် ပေါ်ပေါက်လာခဲ့၏။ သူသည် အေးစက်စက် ပြောလိုက်မိသည်။ “အရွယ်ရောက်ပြီး သူတိုင်းက ကိုယ်ပြုလုပ်ခဲ့တဲ့ အမှားအယွင်းအတွက် ကိုယ်တိုင်တာဝန်ခံရမယ်။”
ဝှစ် ဝှစ် ဝှစ် ….။
တောက်ပလျက်ရှိနေသော မီးတောက်များသည် ထပ်မံကာ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သန့်စင်ခြင်းကို ထပ်မံကာပြုလုပ်တော့၏။
အား အား အား
ရှေးရွက်သင်္ဘောကြီးသည် ကြယ်ကောင်းကင်ခံတပ်ဆီသို့ မြန်ဆန်လှသည့် အရှိန်နှုန်းနှင့်သွားလာလျက်ရှိနေ၏။ ကျွင်းချောင်ရှောင်းနှင့် အားရာတို့သည် အတူတကွ အလုပ်လုပ်ဆောင်ပြီးသည့်နောက်မှာတော့ အမှောင်နတ်ဆိုးဘုရင်အား သန့်စင်ရန် ကြိုးစားလျက်ရှိနေသည်။
“ဘယ်လိုရာဇဝတ်မှုမျိုးပြုလုပ်ခဲ့လို့ ဒီလိုမျိုး နှိပ်စက်ခံနေရတာလဲ။ အဲနေရာမှာ ငါသာဆိုရင် သေတာကြာပြီပေါ့။ ဒီအသံကြီးကို နေ့စဉ်နေ့တိုင်း ကြားနေရတာ ငါ့ရဲ့ ခေါင်းတွေပေါက်ကွဲလုမတတ်ပဲ။”
အကျဉ်းထောင်ထဲတွင် ရှိနေသော အကျဉ်းသားများအားလုံးသည် နှလုံးသားထဲ၌ နာကျင်မှုကို ခံစားလျက်ရှိနေကြ၏။ ၎င်းတို့သည် ထိုအကျဉ်းသားအော်ဟစ်လိုက်သည့်အသံကို ပြန်လည်ကြားယောင်မိတိုင်း ညဘက်များ၌ အိပ်၍ပင်မပျော်ချေ။
ထောင်ထဲမှာတော့ ကျိုးဒူဒူသည် အော်ဟစ်သံများအား အသာနားစွင့်ကာ ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်က ခင်ဗျားကို လုံလောက်တဲ့ကြင်နာမှုမျိုး ပေးပြီးပြီလေ။ ဘာလို့ ခေါင်းမာနေရတာလဲ။”
ဤထောင်၏ ဒုတိယထောင်မှူးတစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် ထောင်သားများအား နေ့စဉ်နေ့တိုင်း အားတက်စေသည့်စကားလုံးများကို ပြောဆိုနေသည့်အပြင် တိုင်လုအားလည်း ဆွဲဆောင်လျက်ရှိနေသေးသည်။
…
တိုင်လုသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျိုးဒူဒူက ပြောလိုက်သည် “တစ်ခြားအကျဉ်းသားတွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ခင်ဗျားက ကောင်းကင်ပေါ်မှာနေထိုင်တဲ့ လူတစ်ယောက်လိုပဲ။”
“ထပ်ပြီး မပြောနဲ့တော့။”
တိုင်လုကပြောလိုက်သည်။ “ကျုပ် လိုက်နာမှာမဟုတ်ဘူး။”
“ကောင်းပြီ။”
ကျိုးဒူဒူသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ အကျဉ်းထောင်ထဲမှ ထွက်ခွာသွားခဲ့သည်။ သို့ပေမဲ့ သူသည် ရှေ့ဆီသို့ လှမ်းလျှောက်ပြီးသည့်အချိန်မှာတော့ သူ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်ပေါက်လာ၏။
အဘယ့်ကြောင့်ဆိုသော် ငြင်းပယ်လိုက်သည့် တိုင်လု၏ လေသံသည် ယခင်တုန်းကထက် ပိုမိုကာ ပျော့ပျောင်းလာခဲ့၏။ ကြည့်ရသည်မှာ သူ့အနေနှင့် အောင်မြင်မှုလမ်းစကို ရောက်နေလောက်ပေပြီ။
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ အကျိုးသက်ရောက်မှုမှာ မဆိုးလှချေ။ တိုင်လုအနေနှင့် စည်းမျဉ်းစည်းကမ်းနှင့် ယုံကြည်ချက်များကို အမြဲတမ်း လက်ကိုင်ထားတတ်သည့် လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ထိုအရာများသည် တဖြည်းဖြည်းနှင့် လျှော့ပေါ့လာခဲ့၏။ အချိန်တိုင်း သူသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအတွက် ကလဲ့စားချေရန်ဆိုသည်မှာ ထိုက်တန်သည့် အရာ ဖြစ်သလားဆိုသည်ကို စဉ်းစားနေမိ၏။
ကျိုးဒူဒူ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ တိုင်လုသည် သက်ပြင်းချလိုက်သည်။
“ထားလိုက်တော့။ ထားလိုက်တော့။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဖျက်ဆီးခံရခြင်းဆိုတာက သူတို့ရဲ့ လုပ်ရပ်အတွက် သူတို့ပြန်ခံရတာပဲ။ ငါက ဘာလို့ သူတို့အတွက် တရားမျှတမှုကို ရှာဖွေဖို့ အမြဲတစေ စဉ်းစားနေရတာလဲ။ ပြီးတော့ ငါက ထောင်ထဲမှာလေ။ ငါ့ဘဝက အန္တရာယ်ထဲမှာ ရှိနေတယ်။”
တိုင်လုသည် နောက်ဆုံးမှာတော့ သူ၏ နှလုံးသားထဲတွင် ရှိနေသော အစိုင်အခဲကြီးအား ဖြေလျှော့နိုင်ခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ သူသည် ပြိုင်စံရှားဂိုဏ်းနှင့် ပူးပေါင်းလိမ့်မည်တော့မဟုတ်ချေ။ သူသည် ထပ်ခါတလဲလဲ တွေးတောထားပြီး သားဖြစ်တော့၏။ သူ၏ လက်ကျန်ဘဝတစ်ခုလုံးကို အကျဉ်းထောင်ထဲတွင်သာ ကုန်ဆုံးစေရန် ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ သူသည် အကြိတ်အခဲကြီးကို ပြန်လည်ကာဖယ်ရှားပြီးသည့်နောက်မှာတော့ နံရံဘက်ကို မျက်နှာမူပြီး သေမျိုးလောကကြီးတစ်ခုလုံး၏ အကြောင်းအရာများအားလုံးကို ပြန်လည် ကာ စဉ်းစားတွေးတောလျက်ရှိနေ၏။ သူ၏ ခေါင်းတွင် ဆံပင်များ မရှိသောကြောင့်သာ ကံကောင်း၏။ မဟုတ်ပါက ဆံပင်ဖြူများပင် ပေါက်လာမှာ သေချာသည်။
…
“နေသာထိုင်သာရှိလိုက်တာ။”
စောင့်ကြည့်ရေးအခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးသည့်နောက်မှာတော့ ရေနွေးတစ်ခွက်ကို ကောက်ကာမော့လိုက်တော့၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးများနှင့် ဖြစ်တည်နေခဲ့သည်။
အမှောင်နတ်ဆိုးဘုရင်ကို သန့်စင်ပြီးသည့်အချိန်တွင် သူသည် မီးဓာတ်စိတ်ဝိညာဉ်များကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့၏။ ထို့ကြောင့်ပင် ပိုမိုကာ ကျွမ်းကျင်လာခဲ့တော့၏။ သူ၏ ဒန်ထျန်ထဲတွင် ရှိနေသော သန္ဓေသားလောင်းသည် အနည်းငယ် ပြောင်းလဲလာခဲ့၏။
“ဒီမီးတောက်တွေကို အစဉ်အမြဲထုတ်နေရင်းက ဒီကောင်လေးကို လေ့ကျင့်ပေးသလို ဖြစ်နေတာပေါ့။ အချိန်တိုင်း မင်းရဲ့ ကျွမ်းကျင်မှုက ပိုပြီးတိုးလာလိမ့်မယ်။” စနစ်က ရှင်းပြလိုက်သည်။
“အင်း … ကြယ်ကောင်းကင်ခံတပ်ဆီကို ရောက်ဖို့ အချိန်အနည်းငယ်လိုသေးတယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့အနေနဲ့ ဒီစွမ်းအင်တွေကို ပိုပြီးနားလည်အောင်လို့ အာရုံစိုက်ထားရမယ်။”
ထို့ကြောင့် သူသည် ရှေးရွက်သင်္ဘောကြီးအား အလိုလို မောင်းနှင်နိုင်သည့်စနစ်ဆီသို့ ပြောင်းလဲလိုက်ပြီးနောက် အားရာနှင့်အတူ ပူးပေါင်းကာ အမှောင်နတ်ဆိုးဘုရင်ကို ဆက်လက်သန့်စင်၏။ ဖြစ်စဉ်သည် ဖော်ပြ၍ မရနိုင်အောင် ကြမ်းတမ်းလွန်းလှ၏။
အတိုချုပ်အားဖြင့်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် မီးဓာတ်စိတ်ဝိညာဉ် များအား ပြင်းပြင်းထန်ထန်ထုတ်လွှတ်ပြီးသည့်နောက်မှာတော့ တစ်ဖက်လူ၏ ဓာတ်သဘာဝများအားလုံးကို ဝါးမြိုရန် ကြိုးစားခြင်းပင်။
ပြီးသည့်နောက်မှာတော့ သူ၏ ထိုဓာတ်သဘာဝများကို အသုံးပြုသည့်နှုန်းသည်လည်း ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့်ပင်လျင် အမှောင်နတ်ဆိုးဘုရင်အား သန့်စင်သည့်လုပ်ငန်းစဉ်ကလည်း ပိုမိုကာ မြန်ဆန်လာခဲ့သည်။
“သခင်။ လက်ရှိအဆင့်အရဆိုလို့ရှိရင် ဆယ်နှစ်လောက်ပဲ ကျန်တယ်။”
“သခင်။ လက်ရှိအခြေအနေအရဆိုလို့ရှိရင် ငါးနှစ်လောက်ပဲ ကျန်ပါတယ်။”
“သခင် ……..”
အားရာသည် နေ့စဉ်နေ့တိုင်းဆိုသလိုပဲ အချိန်ကို တွက်ချက်လျက်ရှိနေသည်။ သူမ တွက်ချက်လိုက်သည့်အချိန်တိုင်း တွင် အချိန်သည် တဖြည်းဖြည်းနှင့် လျှော့ကျလာခဲ့၏။ ထို့ကြောင့် အံ့အားတသင့်ဖြင့် ပြောလိုက်၏။
“သခင်ရဲ့မီးဓာတ်စိတ်ဝိညာဉ်ကို အသုံးပြုမှုကပိုအားကောင်းပြီး မြန်ဆန်လာတယ်။”
“ဒါတွေအားလုံးက အမှောင်နတ်ဆိုးဘုရင်ကြောင့်ပဲ။” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
သူ့အနေနှင့် အမှောင်နတ်ဆိုးဘုရင်ကို အမှန်ပင် ကျေးဇူးတင်နေမိ၏။ ၎င်းသာ မရှိသည်ဆိုပါက သူ့အနေနှင့် မီးဓာတ်စိတ်ဝိညာဉ်ကို ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်ဖို့ဆိုသည်မှာ မလွယ်ကူလှချေ။
ကျွင်းချောင်ရှောင်းသည် သူ၏ ကျေးဇူးတရားကို ထုတ်ဖော်ပြသတတ်သည့်လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူသည် မီးဓာတ်စိတ်ဝိညာဉ်၏ စွမ်းအင်များကို ပိုမိုတိုးမြှင့်ကာဖြင့် ထုတ်ဖော်ခဲ့တော့၏။
သူသည် နေ့စဉ်နေ့တိုင်း မနားဘဲနှင့် သန့်စင်ခြင်းအမှုကို ပြုလုပ်လျက်ရှိ၏။ အဓိကအားဖြင့် သီးခြားတာဝန်ပြည့်စုံစေရန်အတွက် ဆယ်ရက်သာ လျှင် လိုအပ်သေး၏။ ဤအတောအတွင်း သူသည် ထိုအမှောင်နတ်ဆိုးဘုရင်အား သန့်စင်နိုင်ရန် ရည်မှန်းထားခဲ့သည်။
ကိုးရက်
ရှစ်ရက်
တစ်ရက်
၂၄ နာရီ
၂ နာရီ
အား အား ….
မီးစိတ်ဝိညာဉ်များ၏ ပေါင်းစပ်မှုကို ခံရပြီးသည့်နောက်မှာတော့ အမှောင်နတ်ဆိုးဘုရင်သည် နာကျင်စွာဖြင့် အော်ဟစ်လျက်ရှိ၏။
“မြန်မြန် …… မြန်မြန်။”
ကျွင်းချောင်ရှောင်းသည် အပူချိန်ကို ဆက်တိုက်ပဲ တိုးမြှင့်လျက်ရှိနေ၏။ သူ၏ နဖူးပေါ်ရှိ သွေးကြောများပင်လျှင် ဖောင်းကြွလာခဲ့၏။ သီးခြားတာဝန်များအများအပြားကို ပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် ဖိအားဒဏ်ကို ခံစား ရနေသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် တာဝန်ပြီးမြောက်ရန်ငါးမိနစ် မကြာသော အချိန်အတောအတွင်းသို့ ရောက်ရှိလာသော်လည်း တစ်ဖက်လူသည် အလုံးစုံသန့်စင်ခြင်းကို မခံရသေးချေ။
“သခင်”
အားရာကပြောလိုက်သည်။ “ဒါက ပြီးတော့မယ်။”
အားအား အားအား
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ လက်ထဲတွင် ရှိနေသော မီးတောက်၏ အပူချိန်သည် ပိုမိုကာ တိုးတက်လာခဲ့၏။
ဒင်
၅၉ စက္ကန့်
ဒင်
၃၀ စက္ကန့်
ဒင်
၁၀ စက္ကန့်
ကုန်ဆုံးတော့မည့်အချိန်၏ ဂဏန်းများသည် သူ၏ နားထဲတွင် ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာ၏။
အား အား
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ထားမိ၏။ သူ၏ ဒန်ထျန်ထဲတွင် ရှိနေသော သန္ဓေသားလောင်းသည် သက်ရောက်လာခဲ့တော့သည်။ ၎င်းသည် ကြမ်းကြမ်းတမ်းတမ်းနှင့်တုန်ခါလာပြီးသည့်နောက်မှာတော့ နောက်ဆုံးတွင် ထိုစွမ်းအင်လှိုင်းများသည် ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။
အား
အမှောင်နတ်ဆိုးဘုရင်သည် ကျယ်လောင်လှသော အသံနက်ကြီးနှင့် အော်ဟစ်လိုက်၏။
ဘုန်း
မကြာခင်မှာပဲ မီးဓာတ်စိတ်ဝိညာဉ်များသည် ရုတ်တရက်ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာတော့ အမှောင်နတ်ဆိုးဘုရင်ကို လွှမ်းခြုံသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ခွာသွားခဲ့ပြီး ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့၏။
“ဒင် …. သီးခြားတာဝန်ပြည့်စုံသည်။ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀ အား ရရှိသည်။”
“ဒင် … ဂိုဏ်းစုဆောင်းမှတ် - ၁၁၈၉၉၀ / ၁၀၀၀၀၀”
“ဒင် …. ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် ……..”
“ဒင် …. သီးခြားတာဝန်ပြည့်စုံသည်။ ဖုံးကွယ်ထားသည့် ဆုလာဘ်များကို ရရှိသွား၏။ လင်းယွမ်ခန်းမဆောင်၏ ဂိုဏ်းချုပ်သီးသန့် နတ်ဘုရားလက်နက် အဆင့်မြင့်တင်ခြင်း ကျောက်တုံးတစ်ခု အတွေ့အကြုံအဆောင် ၂၀”
စက္ကန့်အနည်းငယ်သာ ကျန်ရှိတော့သည့်အချိန်တွင် သီးခြားတာဝန်သည် အောင်မြင်စွာ ပြည့်ဝသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရရှိသည့်အရာများမှာ ထိုက်တန်သည့် အရာများပင်ဖြစ်သည်။ ထို့အပြင် စိတ်လှုပ်ရှားစရာလည်း ကောင်းလွန်းလှ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်များကို စိတ်ဝင်စားရန် အချိန်မရှိချေ။ သူ၏ မျက်လုံးများ အားလုံး သည် သူ၏ ရှေ့တွင်ရှိသော မီးတောက်တည်နေရာဆီသို့ ရောက်ရှိလျက်ရှိသည်။
သူ၏ ဒန်ထျန်ထဲတွင် ရှိသော သန္ဓေသားလောင်းသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာတော့ သူ၏ ရှေ့တည့်တည့်တွင် မီးတောက်များ တောက်လောင်လျက်ရှိ၏။ ထိုမီးတောက်များသည် ကြာပန်းတစ်ခု၏ ပုံပန်းသွင်ပြင်မျိုးဖြစ်ပေါ်လာခဲ့၏။ ပြီးသည့်နောက် ထိုကြာပန်းလေးထဲမှ လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ထွက်ပေါ်လာခဲ့သည်။
ချစ်စရာကောင်းလှသော ၂ နှစ်အရွယ် ကလေးတစ်ယောက်သည် ခေါင်း ၃ လုံး၊ လက် ၆ ဖက် ပုံပန်းသွင်ပြင်မျိုးနှင့် ပေါ်ပေါက်လာခဲ့၏။ ထိုကလေးလေးသည် နီရဲလျက်ရှိနေသော အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ပြီး ချစ်စရာပုံပန်း သွင်ပြင်မျိုးကိုလည်း ပိုင်ဆိုင်၏။
“ဒါဘာလဲ။”
အားရာက ကြောင်အသွားသည်။
ဝါး
ကလေးသည် အပျင်းကြောဆန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ခေါင်း ၂ လုံးနှင့် လက် ၄ ဖက်တို့သည် အနောက်ဘက်၌ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
၎င်းသည် မျက်လုံးကိုဖွင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းကို ကြည့်ကာ ကလေးကဲ့သို့ အသံမျိုးဖြင့် လှမ်း၍ အော်လိုက်သည်။ “ဖေဖေ”