← Chapters

အပိုင်း (၁၂၃၀)

Vol. 83 Ch. 1230

အပိုင်း (၁၂၃၀)

Vol. 83 Ch. 1230

“ဖေဖေ”

စကားသံသည် စူးရှပြီး ရှင်းလင်းလွန်းလှ၏။

ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက်ရှိနေသော အားရာသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်လျက်ရှိပြီး မျက်လုံးများသည်လည်း ပြူးကျယ်လျက်ရှိနေ၏။ ဤကောင်လေးသည် သခင်၏သား ဖြစ်နေသည်လား။

ကောင်းကင်ဘုံ၊ ဤအရာသည် မယုံကြည်နိုင်စရာပင် ဖြစ်၏။ ထိုသို့ဆိုလျှင် အမေသည် မည်သည့်နေရာသို့ ရောက်နေသနည်း။

မဟုတ်သေးပေ။ သခင်တွင် မိန်းမတစ်ယောက်ရှိသည်ဟု သူမ ဘယ်တုန်းကမှ မကြားခဲ့ဖူးချေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် သားတစ်ယောက်က ရုတ်တရက် ပေါ်ပေါက်လာရသနည်း။ အားရာသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲတွင် ရှိနေသည်ဆိုသော်လည်း အကြောင်းအရာ တော်တော်များများ ကိုတော့ နားလည်သည်ဟု သူမကိုသူမ ခံယူထား၏။

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ ဤကောင်ကလေးသည် ရုတ်တရက် ကြာပန်းမီးတောက်များထဲမှ ထွက်ပေါ်လာပြီးသည့်နောက် သူ့အား ဖေဖေဟု ခေါ်ဆိုလျက်ရှိနေသည်။ အကယ်၍ သူ၏ ရည်းစားသာ ကြားမိ သည်ဆိုပါက ကျိန်းသေပေါက် ထွက်ကာ ရိုက်နှက်တော့မှာ သေချာသည်။

“ရည်းစား ဟုတ်လား။ လက်ခံသူက အိမ်မက် မက်နေတာပဲ” စနစ်သည် ဘေးတစ်ဖက်မှ သုံးသပ်လိုက်မိ၏။

“ဖေဖေ”

ကလေးက ပြောလိုက်သည်။ “သား… ဆာနေပြီ”

ဘန်း

ကျွင်းချောင်ရှောင်းသည် ဤကောင်လေးအား ရိုက်နှက်ကာ အော်လိုက်၏။ “ငါက အခုမှ လူပျိုပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီး ကလေးတစ်ယောက်က ရလာမှာလဲ”

ဝူး ဝူး ဝူး

ကလေးသည် အော်ဟစ်ငိုယိုလျက်ရှိနေ၏။ “ဖေဖေ… အကြင်နာတရားမဲ့လိုက်တာ”

အားရာသည် ဘေးတစ်ဖက်တွင်ရပ်၍ မကြည့်နိုင်တော့ချေ။ ထို့ကြောင့် အလျင်အမြန် ရှေ့သို့တိုးသွားပြီး သည့်နောက် ဖျောင်းဖြလိုက်တော့၏။ “သခင်… တကယ့်ကို ကြမ်းတမ်းလှပါတယ်ဆိုတဲ့ ကျားရိုင်းတွေတောင်မှ သူ့ရဲ့ကလေးကို သူပြန်မစားဘူး။ ဒီတော့ စိတ်ကို တည်ငြိမ်အောင်ထားပါ”

“…………”

ကျွင်းချောင်ရှောင်း၏ စိတ်ပိုင်းဆိုင်ရာတစ်ခုလုံးသည် အလုံးစုံပြိုပျက်လျက် ရှိနေ၏။ နှစ်ပေါင်း တစ်ထောင် ကျော်ကြာပြီးသည့်နောက်မှာတော့ သူသည် သူ၏ဂုဏ်သိက္ခာကို အစဉ်အမြဲထိန်းသိမ်းထားတတ်သူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ ဘယ်ကရောက်လာမှန်းမသိသော ကလေးတစ်ယောက်သည် သူ့ကို ဖေဖေဟု ခေါ်နေ၏။ ဤအရာကို သူမည်သို့မှ သည်းမခံနိုင်ချေ။

ဟူး

စိတ်ထဲတွင် ဖြစ်ပေါ်နေသော ထိခိုက်မှုများကို ဖိနှိပ်ပြီးသည့်နောက်မှာ‌တော့ ကျွင်းချောင်ရှောင်းသည် အရာ အားလုံးကို လက်လွှတ်ကာဖြင့် လေးလေးနက်နက် မျက်နှာဖြင့် ပြောလိုက်၏။ “မင်းက ဘယ်သူလဲ”

“သားက ဖေဖေ့ရဲ့ ခန္ဓာကိုယ်ထဲကနေ မွေးဖွားလာတဲ့လူလေ။ ဖေဖေရဲ့ သားပါပဲ” ကလေးက ပြောလိုက်သည်။

“ကျွန်မသိပြီ”

အားရာက ရုတ်တရက် နားလည်သွားသည်။ “သခင်… ဒါက မီးစိတ်ဝိညာဉ် တစ်ခုပဲလေ။ ဒါက သန္ဓေသားအဖြစ်ကနေပြီးတော့ အခြေတည်ဝိညာဉ်ပုံစံမျိုး ဖြစ်တည်လာခဲ့တာ။ သူက စိတ်ဝိညာဉ်အသိစိတ်ကို ပိုင်ဆိုင်ရုံတင်မကဘူး ခန္ဓာကိုယ်တစ်ခုကိုပါ ပိုင်ဆိုင်နေတာပဲ”

ဝေါ့

ကျွင်းချောင်ရှောင်းသည် သွေးတစ်လုတ်အန်ထွက်လာခဲ့၏။ ဤကောင်လေးသည် သူ၏ခန္ဓာကိုယ်မှ မွေးဖွား လာခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူမွေးထားသော သားပင် ဖြစ်ပေလိမ့်မည်။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အထီးကျန်စွာ တစ်ယောက်တည်း နေထိုင်ရတာ မဟုတ်တော့ဘူး။ အခု ကလေးတစ်ယောက်တောင် မွေးပြီးသွားပြီ”

အခြေအနေတစ်ခုလုံးသည် ကျွင်းချောင်ရှောင်းအား သွေးအန်ထွက်သည်အထိ ဖြစ်ပေါ်စေခဲ့၏။

“ဖေဖေ”

ရုတ်တရက် တခြားသော ကလေးတစ်ယောက်၏ အသံသည် ထွက်ပေါ်လာခဲ့သည်။

ကျွင်းချောင်ရှောင်း သည် မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး တည်နေရာထဲတွင် ငြိမ်ငြိမ်သက်သက်ကြီးနှင့် ဆွံ့အလျက် ရှိနေတော့၏။ ပြီးသည့်နောက်မှာတော့ တုန်ယင်စွာဖြင့် ခေါင်းကို အသာလှည့်ကြည့်လိုက်သည့် အချိန်မှာတော့ တည်နေရာထဲတွင် ကြိုးနှင့်ချည်နှောင်ထားခြင်း ခံထားရသော အသက်နှစ်နှစ်မှ သုံးနှစ်အရွယ် ကလေးလေး တစ်ယောက် တည်ရှိလို့နေခဲ့ပြီး ထိုကောင်ကလေးသည် မီးစိတ်ဝိညာဉ်ထက်ပင် ပိုမို၍ ချစ်ဖို့ ကောင်းနေသေး၏။

“သခင်”

အားရာက ထအော်လိုက်၏။ “ဒါက မိစ္ဆာစိတ်ဝိညာဉ်ပဲ။ အလုံးစုံသန့်စင်ခံရပြီးတဲ့နောက်မှာ သန္ဓေသား ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားတာပဲ။ ဒီကောင်လေးကလည်း သခင့်ကို သူ့ရဲ့အဖေတစ်ယောက်လို ဆက်ဆံ နေတာပဲ”

“အား….”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကို မော့ကြည့်ပြီးသည့်‌နောက် အားရပါးရ အော်ဟစ်လိုက်၏။ မကြာခင်မှာပဲ သူသည် မြေပေါ်သို့ လဲကျသွားပြီး သတိလစ်မေ့မျောသွားခဲ့တော့သည်။

……………….

အမှောင်နတ်ဆိုးဘုရင်အား သန့်စင်သည့် လုပ်ငန်းစဉ်တွင် မီးစိတ်ဝိညာဉ်သည် အပြင်းအထန် အလုပ်လုပ်ခဲ့ရပြီး တမဟုတ်ချင်း တိုးတက်ကာ အခြေတည်ဝိညာဉ်တစ်ခုအဖြစ်ဆီသို့ ပြောင်းလဲသွားခဲ့၏။ ဤအရာသည် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်သလိုပင် ဖြစ်သည်။ အမှောင်စိတ်ဝိညာဉ်ကို သန့်စင်နိုင် ရုံသာမက သူ၏ဒန်ထျန်ထဲတွင်ရှိနေသော မီးစိတ်ဝိညာဉ်သည်လည်း ပိုမိုကာ အားကောင်းလာခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို မပျော်ရွှင်ရစေသည်မှာ တာဝန်ပြည့်စုံသွားသည်ဆိုသော်လည်း ဘာမှန်းမသိဘဲ သူသည် သားနှစ်ယောက်ရလို့သွားခဲ့ခြင်းပင်ဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း… ရှင်က ချောမောပြီးတော့ တကယ့်ကို အနာဂတ်လမ်းရှည်ကြီးကို လျှောက်လှမ်းနိုင်တဲ့ လူတစ်ယောက်ပဲလေ။ ဒါပေမဲ့ ရှင့်မှာ ကလေးနှစ်ယောက်ရှိတယ်။ ကျွန်မ လက်မခံနိုင်ဘူး။ အားနာပါတယ်”

“မိန်းကလေး… ငါ့ရဲ့ ရှင်းပြချက်ကို နားထောင်ပါအုံး” ကျွင်းချောင်ရှောင်းသည် ကြည့်ကောင်းလှသော ပုံပန်း သွင်ပြင်ဖြင့် လှည့်ကာလျှောက်သွားသော မိန်းကလေးနောက်သို့ အလျင်အမြန်လိုက်ကာ ရှင်းပြလိုက်၏။ သို့ပေမဲ့ မည်သို့မှ မတတ်နိုင်တော့ချေ။

သူသည် ထိုအကြောင်းအရာကို စဉ်းစားပြီးသည့်နောက် နဖူးမှ ချွေးစီးများပင် ပြန်လာမိ၏။

“အိမ်မက်ပဲ။ ဒါက အိမ်မက်တစ်ခုပါပဲ”

သူသည် အိမ်မက်မှ နိုးထလာသလိုမျိုး နဖူးပေါ်တွင် တင်ကျန်နေသည့် ချွေးစီးများအား အသာပွတ်သပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ချက်ချင်းသူ၏ အမူအရာများသည် တုန်ခါသွားတော့၏။ အဘယ့်ကြောင့်ဆိုသော် အိပ်ရာပေါ်တွင် ဤကလေးနှစ်ယောက်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိနေ၏။ တစ်ယောက်သည် သူ၏လက်မကို စုပ်လျက်ရှိနေပြီး တခြားတစ်ယောက်သည် သူ၏နှာခေါင်းဝ ကို ခြေမဖြင့်ညှပ်၍ထား၏။

မီးစိတ်ဝိညာဉ်သည် လူသားကလေးငယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးနှင့် ဆင်တူသည်ဆိုသော်လည်း ၎င်း၏ မျက်ခုံးနှစ်ခုကြားထဲတွင် မီးပုံစံအမှတ်အသားလေးတစ်ခုက တည်ရှိလို့နေခဲ့သည်။ မိစ္ဆာစိတ်ဝိညာဉ်မှာ သန့်စင် ခံရပြီးသည့်နောက် အလွန်တရာပင် ချစ်ဖို့ကောင်းလှသည်။

သူသည် ရွက်သင်္ဘောကြီး၏ ပဲ့ထိန်းခန်းဆီမှသည် မဲနက်လျက်ရှိနေသော စကြဝဠာကြီးဆီသို့ လှမ်း၍ ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ မျက်ရည်များ ထိန်းမနိုင်အောင်ပင် ကျဆင်းလာခဲ့တော့သည်။ “ဒါ ငါလိုချင်တဲ့ ဘဝမျိုး မဟုတ်ဘူးပဲ”

…………

(မွချ် မွချ် မွချ်)

ရွက်သင်္ဘောကြီး၏ စားသောက်ခန်းထဲမှာတော့ မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့သည် အချိန်အတော်ကြာ ငတ်ပြတ်နေသကဲ့သို့ အစားအစာများကို ပလုတ်ပလောင်းနှင့် စားလျက်ရှိသည်။

ရှမ့်ယုဟန်သည် တဖြည်းဖြည်း နှင့် များပြားစွာ ဖြစ်တည်လာခဲ့သော ပန်းကန်လွတ်များကို ကြည့်ကာ တီးတိုးမေးလိုက်မိ၏။ “ဂိုဏ်းချုပ်… ဂိုဏ်းချုပ်ရဲ့ သားနှစ်ယောက်က တကယ့်ကို စားနိုင်တာပဲ”

ဖောင်း ဖောင်း

မင်းသားလေးသည် မြေပေါ်သို့ လဲကျသွားပြီးနောက် ပါးစပ်ထဲမှ အမြှုပ်များပင် ထွက်လျက်ရှိ၏။

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသော ကျွင်းချောင်ရှောင်းသည် ခြေထောက်အား ထိုင်ခုံပေါ်သို့ အသာလှမ်းတင်ကာဖြင့် ပြောလိုက်သည်။ “ဒါ သားတွေမဟုတ်ဘူး။ ဓာတ်သဘာဝ နှစ်ခုပဲ”

“မှတ်ထားပါ့မယ်။ မှတ်ထားပါ့မယ်”

မီးတောက်စိတ်ဝိညာဉ်သည် သူ၏ ဒန်ထျန်ထဲတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး မိစ္ဆာစိတ်ဝိညာဉ်မှာတော့ ကုန်းရှန့်၏ သန့်စင်ခြင်းကို ခံရပြီးသည့်နောက် ပဋိညာဉ်ရေးထိုးထားသလို ဖြစ်တည်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုနှစ်ခုသည် လူသား ခန္ဓာကိုယ်အဖြစ် ပိုင်ဆိုင်ကြသည်ဆိုသော်လည်း အစစ်အမှန် လူသားများ မဟုတ်ကြချေ။

ကျွင်းချောင်ရှောင်း ထိန်းချုပ်နိုင်စွမ်းရှိသော ဓာတ်သဘာဝ နှစ်ခုထက် မပိုချေ။ သို့ပေမဲ့ ၎င်းတို့အား ဖေဖေဟု ခေါ်ခြင်းမှတော့ မရပ်တန့်နိုင်ခဲ့ချေ။

…………..

“ဖေဖေ… သား ဆာလာပြန်ပြီ”

“ဖေဖေ… ထမင်းကြော် ထပ်စားချင်သေးတယ်”

“ဖေဖေ… ဘာလို့ ရုပ်ကြီးက သုန်မှုန်နေတာလဲ”

“ဖေဖေ… ညစ်ပတ်တဲ့ဟာသတွေ ပြောပြချင်လား”

ဤစိတ်ဝိညာဉ်နှစ်ကောင်သည် သရဲတစ္ဆေများကဲ့သို့ပင် သူ၏အနားမှ မခွာဘဲ တတွတ်တွတ်နှင့် ရှိနေတော့၏။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည့် ကျွင်းချောင်ရှောင်းအားကပ်၍ ပူဆာခြင်း၊ ဆော့ကစားခြင်းကို ပြုလုပ်စေခဲ့၏။ ပို၍ စိတ်ဓာတ်အကျစေဆုံးမှာ မီးဓာတ်စိတ်ဝိညာဉ်သည် စိတ်တိုတတ်သည့် ကလေးတစ်ယောက်ဖြစ်လို့နေခဲ့သည်။ သူသည် မိစ္ဆာစိတ်ဝိညာဉ်အား ရိုက်နှက်တတ်၏။

“ဖေဖေ… ဒီစိတ်ဝိညာဉ်က သားကို ထပ်ရိုက်ပြန်ပြီ။ ဝူး ဟူး ဟူး”

“တော်ပြီ။ လုံလောက်ပြီ”

နောက်ဆုံးတစ်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်ဘဲ ထ၍ အော်လိုက်မိတော့သည်။

၎င်းတို့၏ ဖေဖေသည် ဒေါသထွက်နေသည်ကို သိရှိပြီးသည့်နောက် မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့သည် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ်ထရပ်လိုက်ကြ၏။ ၎င်းတို့ ညီအစ်ကိုနှစ်ယောက်သည် ခေါင်းများကို ငုံ့ထားခဲ့ပြီး အပြစ်ကြီးတစ်ခု ပြုလုပ်ထားသကဲ့သို့ အမူအရာမျိုးဖြင့် တည်ရှိလို့နေ၏။ မျက်လုံးထဲတွင်တော့ မျက်ရည်များ ဝိုင်းလျက်ရှိနေ၏။

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နှလုံးသားများ နာကျင် သလိုပင် ခံစားလိုက်မိသည်။

…………

စနစ်က ပြောလိုက်သည်။ “မီးစိတ်ဝိညာဉ်နဲ့ မိစ္ဆာစိတ်ဝိညာဉ်တို့က ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝ နှစ်ခုဆိုပေမယ့် တစ်ခုက လက်ခံသူရဲ့ ခန္ဓာကိုယ်ထဲကနေက မွေးဖွားလာတာဖြစ်ပြီး တခြားတစ်ခုက သန့်စင်ခြင်းကို ခံရပြီး ပဋိညာဉ်ရေးထိုးခဲ့တာလေ။ ဒီတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အသားအရေ၊ အသွေးအသားနဲ့ မခြားနားပါဘူး”

……………..

“ဒီမှာကြည့်၊ ဒီတူတစ်ချောင်းကို လွယ်လွယ်ကူကူနဲ့ ချိုးဖြတ်လို့ရတယ်”

ဖြောက်

“ဒါပေမဲ့ နှစ်ချောင်း ဒါမှမဟုတ် ဒီထက်များတဲ့ တူချောင်းတွေဆိုလို့ရှိရင်……”

အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်း သည် သူ၏ စိတ်ကိုသူ ပြုပြင်လိုက်တော့၏။ ထို့ကြောင့် သူသည် သူ၏သားနှစ်ယောက်အား သင်ခန်းစာများ ပေးရန် စီစဉ်လိုက်တော့သည်။ ထို့ကြောင့် တူများကို ထုတ်ယူကာဖြင့် ချိုးချေသည့် ဥပမာကို ပြသလျက် ရှိနေသည်။ ထိုအရာမှာ စည်းလုံးခြင်း၏ အားအင်အကြောင်းကို ရှင်းပြပြီး ကလေးနှစ်ယောက်ခဏခဏ ရန်မဖြစ်ရန်သွေးဆောင်နေခြင်းလည်း ဖြစ်သည်။

အခြေအနေသည် ကြောင်တောင်တောင်တော့ နိုင်လွန်းလှ၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် ကြီးမားလွန်းလှသော သံချောင်းကြီးနှစ်ချောင်းကို ထုတ်ယူလိုက်၏။ ထိုအရာသည် သူတော်စင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနေသည့် သံချောင်းများပင် ဖြစ်တော့သည်။ ၎င်းသည် ထိုအရာများကို လှမ်းပေးကာပြောလိုက်၏။ “ကြည့်… မင်းတို့ ဒီအရာကို ချိုးဖြတ်ပစ်လို့ရလား။ နှစ်ခုပေါင်းပြီးတော့ ချိုးကြည့်စမ်း”

“မင်း ဘာလို့ ကောင်းကင်စတေးခြင်းလှံကို ထုတ်ပြီးတော့ မချိုးခိုင်းရတာလဲ” စနစ်သည် ဘေးတစ်ဖက်ဆီမှ စောဒကတက်လိုက်သည်။

မီးစိတ်ဝိညာဉ်သည် သံချောင်းတစ်ချောင်းကို လှမ်းယူလိုက်၏။ ပြီးနောက် သူ၏လက်များတွင် မီးတောက် များဖြင့် ဖုံးလွှမ်းသွားတော့၏။ သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဒါကို ချိုးဖြတ်ပစ်ရမှာလား။ ဒီလိုမျိုး မီးလောင်တိုက်သွင်းလို့ကော မရဘူးလား”

ဟူး ဟူး

တောက်ပလွန်းသော မီးတောက်များ၏ အောက်တွင် ကြီးမားလှသော သံချောင်းကြီးသည် ချက်ချင်းပဲ အရေပျော်သွားခဲ့တော့၏။

“……”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။

“ဖေဖေ”

မိစ္ဆာစိတ်ဝိညာဉ်သည် ကြီးမားလှသည့် သံချောင်းကြီးကိုယူကာ အားပြတ်သလို ပြောလိုက်၏။ “ဒါကို ချိုးဖြတ်ပစ်ရမှာလား။ တိုက်စားပစ်လို့လည်း ရတယ်လေ”

ဟူး ဟူး

၎င်း၏လက်ဝါးဆီမှ ထူးဆန်းလှသည့် ဓာတ်သဘာဝများ ထွက်ပေါ်လာပြီးသည့်နောက် သံချောင်းကြီးသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဘုတ်

ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင်လဲကာ ထပ်မံ၍ မေ့မျောသွားခဲ့တော့၏။

ချီးတဲ့မှ… မင်းတို့ ညီအစ်ကို နှစ်ယောက် ညီညီညွတ်ညွတ် နေထိုင်ဖို့ သံချောင်းတွေကို စုစည်းပြီးချိုးရင် မကျိုးနိုင်ဘူးဆိုတဲ့ ဥပမာပြောတာလေ။ ဘယ်လိုဖြစ်ပြီးတော့ တစ်ယောက်ရဲ့ စွမ်းအင်တစ်မျိုးစီ ထုတ်ပြီးတော့ ဖျက်ဆီးပစ်နေရတာလဲ

သို့ပေမဲ့ ကုန်းရှန့်အား စိတ်ကျေနပ်ရစေသည်မှာ ဤရောင်းရင်းလေးနှစ်ယောက်သည် အလွန်တရာ အားကောင်း လှ၏။ ၎င်းတို့အား သေသေချာချာ ပျိုးထောင်ပေးမည်ဆိုပါက အနာဂတ်တွင် ကြီးမားစွာ အသုံးတည့်ပေလိမ့်မည်။

စနစ်က ပြောလိုက်၏။ “သေမျိုးစကြဝဠာထဲမှာ မွေးဖွားခဲ့တဲ့ ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်တွေက တခြားဂြိုဟ်တွေက ဓာတ်သဘာဝတွေထက် ပိုပြီးအားကောင်းတယ်လေ။ လက်ခံသူအနေနဲ့ နှစ်ခုတောင်ရတာဆိုတော့ ဘာ မပျော်ရွှင်စရာရှိလို့လဲ”

“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ထဲတွင်ရှိနေသော တွေဝေမှုများ အားလုံးကို လက်လွှတ်လိုက်ပြီးနောက် ဤကလေးနှစ်ယောက်အား စိတ်လိုလက်ရဖြင့် လက်ခံလိုက်တော့သည်။

All Chapters