နတ်ဆိုးကပ်ဘေး၏နိမိတ်လက္ခဏာ၊ နတ်ဆိုးအဆိပ်အတောက်ပြန့်ပွားခြင်း၊ ကျီယန်နေနန်းတော်၊ နိုဗာရေပြင်မှ တိုက်ပွဲ(၃)
Vol. 25 Ch. 489
"အဲ့လိုကြည့်ရရင် အဲ့ဒီကျီယန်မီးတောက်ကောင်းကင်သခင်က မင်းပြန်လည်မွေးဖွားပြီးမှ ကျီယန်နေနန်းတော်ဆီကို ဝင်ခဲ့တာထင်တယ်"
စကားစမြည်ပြောကြပြီးနောက် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က သူတို့၏ နိုဗာရေပြင်ဆီသို့ ခရီးကို ဆက်သွားနေကြသည်။
သူတို့၏မူလအစီအစဉ်မှာ လဲလှယ်ရေးပွဲပြီးနောက် ရွှေမီးဖိုဂိုဏ်းသို့ဝင်ရန်ဖြစ်ပြီး တိုးတက်မှုအတွက် အခွင့်အလမ်းများရှာရန်ဖြစ်သည်။
ယခုမူ နတ်ဆိုးကပ်ဘေးက ဝိုးတဝါးပေါ်လာသည့်အတွက် အထူးသဖြင့် အဓိကပြသနာများ၏ ဖြစ်နိုင်ခြေကို ရင်ဆိုင်နေရသောအခြေအနေတွင် သူတို့၏ကျင့်ကြံခြင်းကို အဆင့်မြင့်ရန်နှင့် အင်အားကိုတိုးမြင့်ရန်မှာ အရေးတကြီးဖြစ်လာခဲ့သည်။
သို့သော်လည်း သူတို့သည် လပေါင်းများစွာဝေးကွာခဲ့ပြီးနောက် နိုဗာရေပြင်သို့ ပြန်လည် ရောက်ရှိခဲ့ချိန်တွင် ကြီးမားသော တိုက်ပွဲကြီးဖြစ်နေခဲ့သည်ကို ထိတ်လန့်စွာ ရှာဖွေတွေ့ရှိခဲ့ရတော့သည်။
ထိုပြသနာ၏စကေးမှာ များစွာသော အခြေတည်ဝိဉာဉ်အဆင့် အင်အားစုများတိုက်ပွဲဆင်ကာ ပါဝင်နေသည့် ပြသနာဖြစ်ပေသည်။
မည်သို့ဖြစ်ရပါသနည်း?
ရေပြင်သည် ကုန်းမြေထပ် ဖရိုဖရဲကိစ္စများပိုများသော်လည်း အခြေတည်ဝိဉာဉ်အင်အားစုများ ပါဝင်တိုက်ခိုက်သည့် ပွင့်လင်းသည့်တိုက်ပွဲက ဖြစ်လေ့ဖြစ်ထမရှိပါ။
အထူးအခြေအနေသာမဟုတ်ခဲ့လျှင်ဖြစ်သည်။
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့မျက်ခုံးများက စိုးရိမ်စိတ်ဖြင့် မြင့်တက်သွားသည်။
အကြောင်းမှာ သူတို့ရှေ့မှ တိုက်ပွဲသည် သူတို့ဖြတ်သွားရမည့် ပင်လယ်ကွေ့ပေါ်ရှိ လမ်းပေါ်၌ ဖြစ်နေသောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့က ပင်လယ်ကွေ့သို့သွားချင်လျှင် ထိုတိုက်ခိုက်နေသည့် တိုက်ပွဲကိုအမှတ်မထင် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
၎င်းသည် ပြသနာများသည့်ကိစ္စပင်ဖြစ်သည်။
အကယ်၍ ကိစ္စများ တစ်ခုခုမှားယွင်းသွားလျှင် သူတို့က တိုက်ပွဲထဲ ပါဝင်သွားနိုင်သည်။
သို့သော်လည်း ဤလောကတွင် ဤကဲ့သို့ပင်ဖြစ်ပါသည်။
သင်ကြောက်ရွံ့လေလေ၊ ဖြစ်လာလေလေပင် ဖြစ်သည်။
ထိုစုံတွဲက ထိုတိုက်ပွဲနေရာကို မည်သို့ဖြတ်သွားကာ ပင်လယ်ကွေ့သို့ မည်သို့သွားရမည်ကို တွေးနေစဉ် ကျင့်ကြံသူအုပ်စုတစ်ခုက သိပ်မဝေးသောနေရာမှ ရုတ်တရက်ပျံလာကြသည်။
ဦးဆောင်သူမှာ ပဉ္စမမြောက် ရွှေအမြုတေအဆင့်ကျင့်ကြံသူယောကျ်ားလေးတစ်ဦးဖြစ်သည်။
သူ၌ ကောက်နေသောနှာခေါင်းရှိကာ သူ၏မျက်လုံးများက ရန်လိုမှုနှင့်ပြည့်နေသည်။
သူနှင့်သူ့အဖော်များက ချက်ချင်း ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ကိုဝိုင်းလိုက်ကြပြီး ချည်းကပ်လာကြသည်။
ထိုကျင့်ကြံသူများထဲက မျက်လုံးကျဉ်းကျဉ်းနှင့် ကျင့်ကြံသူတစ်ဦးက စူးရှစွာမေးလိုက်သည်။ "မင်းတို့ကဘယ်သူတွေလဲ? နိုဗာရေပြင်မှာ ဘာကိစ္စရှိလို့လဲ? အမြန်ပြောနော် မဟုတ်ရင် ငါတို့မင်းတို့ကို ရန်သူအဖြစ်သတ်မှတ်လိုက်မယ်။"
ထိုစကားကိုကြားလျှင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က မျက်မှောင်ကြုတ်လိုက်သည်။
သူတို့က ဒေါသထွက်ခဲ့သော်လည်း ထိုသူများနှင့် အရေးမပါသော အငြင်းပွားစရာကိစ္စများကို ရင်ဆိုင်ဖို့ရန် ကောင်းမွန်သည့်နည်းလမ်းကိုသိပါသည်။
သူတို့၏ အခြေတည်ဝိဉာဉ်အရောင်အဝါကို ထုတ်လွှတ်လိုက်ရုံနှင့်ပင် ထိုသူများကို ဟန့်တားနိုင်သည်။ သို့သော် ထိုသို့ပြုလုပ်လိုက်လျှင် မလိုအပ်သည့် အာရုံစိုက်မှုများကို ရရှိကာ ထိုဧရိယာကို သို့သိပ်စွာဖြတ်သန်းသွားနိုင်ရန်ခက်ခဲလိမ့်မည်။
ကံကောင်းစွာပင် ထိုပင်လယ်ကွေ့အနီးတစ်ဝိုက်ရှိဧရိယာက ကွေ့ကောက်သဖြင့် လူတိုင်းရှာတွေ့ရန် ခက်ခဲသည်။ ပြီးနောက် အကယ်၍ လူတစ်ဦးကဖြတ်နိုင်ခဲ့လျှင်ပင် သင့်တော်သည့်တံဆိပ်ပြားနှင့် မဟုတ်လျှင် ရွှေမီးဖိုဂိုဏ်းသို့ဝင်နိုင်မည်မဟုတ်ပါ။ တစ်ခုတည်းသောစိုးရိမ်စရာမှာ သူတို့ထားခဲ့ချိန်၌ ကြုံတွေ့ရမည့်ပြသနာပင်ဖြစ်သည်။
သို့သော်လည်း ထိုပြသနာများသည် အခုချိန်အတွက် ပြသနာများမဟုတ်ပါ။
ထိုစုံတွဲက မတုံ့ပြန်မီတွင်ပင် ကောက်သည့်နှာခေါင်းနှင့် သူ့အဖော်များ၏အမူအရာက စိတ်မရှည်တော့ပဲ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့အား တိုက်ခိုက်မှုကို ထုတ်လွတ်လိုက်တော့သည်။
***