မိတ်ဆွေဟောင်း၊ စစ်ပွဲအတု၊ ကျယ်ပြောခြင်းမြစ်ရှိ ဝိဉာဉ်ကျွန်းမှ ကပ်ဆိုက်သောကာလ
Vol. 25 Ch. 490
ကျန်းချန်းရွှမ်က ဆွံ့အသွားသည်။
ရှန်းရူယန်သည်လည် ထိုအတိုင်းပင်။
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်သည် မမျှော်လင့်ထားသည့် ခွဲခြားခြင်းမရှိသည့် တိုက်ခိုက်မှုကြောင့် နောက်သို့ဆုတ်လိုက်ရသည်။
သူတို့သည် မေးထားသောမေးခွန်းကို ချက်ချင်းမဖြေခဲ့သည်နှင့် အကြင်နာကင်းမဲ့သော တိုက်ခိုက်မှုနှင့် တိုက်ခိုက်ခံခဲ့ရလေသည်။
ထို့အပြင် တိုက်ခိုက်မှုများသည် အသက်ကိုနုတ်နိုင်သည့် တိုက်ခိုက်မှုများဖြစ်ကြသည်။
ထိုကဲ့သို့သာဖြစ်ခဲ့လျှင်....
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့၏မျက်လုံးများ အေးစက်သွားသည်။
ကျီ..ကျီ..
သတိပြုမိသည့် လှုပ်ရှားမှုမရှိဘဲလျှက် ဓားပျံနှစ်ချောင်းက သူတို့၏ခန္တာကိုယ်များမှ ထွက်လာပြီး သူတို့အားတိုက်ခိုက်နေသည့် ဓမ္မရတနာများကို အင်အားထုတ်ရခြင်းမရှိဘဲနှင့် ပိုင်းဖြတ်လိုက်ကြသည်။
ကွဲအက်နေသောအသံများ ဆက်တိုက်ထွက်လာသည်။
ဓမ္မရတနာများသည် ဓားပျံများမှပိုင်းဖြတ်မှုကြောင့် ကြေမွသွားခဲ့ရသည်။
ထိုအခြင်းအရာသည် နှာခေါင်းကောက်သောသူ၊ မျက်လုံးကျဉ်းသောသူနှင့် အခြားသူများအားလုံးကို ချက်ချင်းထိတ်လန့်သွားစေသည်။
ဘယ်လို....ဒါဘယ်လို ဖြစ်နိုင်မှာလဲ?
သူတို့ဘာဖြစ်နေသည်ကိုနားမလည်နိုင်သေးမီတွင်ပင် ကျန်းနှင့် ရှန်းတို့၏ ဓားပျံများက သူတို့ရှေ့သို့ ရောက်နေပြီဖြစ်သည်။
၎င်းသည် နှာခေါင်းကောက်သောသူ၊ မျက်လုံးကျဉ်းသောသူနှင့် အခြားသူများအားလုံးကို ကြောက်ရွံသွားစေသည်။
"စီနီယာ၊ စီနီယာ၊ ကျွန်တော့်ကိုချမ်းသာပေးပါ။ ကျွန်တော်တို့က ကျောက်နဂါးကျွန်းက ကျင့်ကြံသူတွေပါ။ ကျေးဇူးပြု၍..."
ပေါ့...ပေါ့..ပေါ့...
သူတို့ပြီးဆုံးအောင်မပြောနိုင်မီတွင်ပင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့၏ ဓားပျံများက တစ်ဦးပြီးတစ်ဦးကို ပါးစပ်ပိတ်ပေးလိုက်သည်။
လက်ရှိအဆင့်က အခြေတည်ဝိဉာဉ်အဆင့် ကျင့်ကြံသူဖြစ်သောကြောင့် နှာခေါင်းကောက်သောသူနှင့် မျက်လုံးကျဉ်းသည့်သူနှင့် အခြားသူများအားသတ်ရန် အင်အားပင်မလိုပါ။
ချက်ချင်းပင် ထိုကျောက်နဂါးကျွန်းမှကျင့်ကြံသူများသည် ထိုစုံတွဲ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ထိုလူများ၏ ဓမ္မရတနာများကို ဖယ်ရှားပြီးနောက် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က ထွက်သွားတော့မည်အချိန်တွင် အဝေးမှများစွာသောအလင်းတန်းများက လင်းလက်လာခဲ့သည်။
၎င်းသည် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အား မျက်မှောင်ကြုတ်မိစေသည်။
သို့သော်လည်း သူတို့က အလင်းတန်းများကိုအာရုံစိုက်ကြည့်လိုက်ရာ အလင်းတန်းများထဲက တစ်ခုအား မြင်လိုက်သောအခါ၌ သူတို့၏မျက်နှာများက အံ့ဩသည့်အမူအရာများဖြစ်သွားကြသည်။
ဝှစ်...ဝှစ်..
တစ်ချိန်တည်း၌ပင်၊ ထိုအလင်းတန်းက ချည်းကပ်လာသည်။
အံ့ဩနေသည့်အသံက လေထဲတွင်ထွက်ပေါ်လာသည်။ "တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း"
ထိုအသံကိုကြားသည်နှင့် အလင်းတန်းမှပုံရိပ်များက သူတို့၏အသွင်ကိုပြလာကြသည်။
တစ်ဦးမှာ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့၏ အသိအကျွမ်းဖြစ်သည့် သူတို့နှင့်အတူ ထိုနေ့က ရှေးဟောင်းအကြွင်းအကျန်များအတွင်းသို့ လိုက်ဝင်ခဲ့သော ကွမ်းရှင်းထင်ဖြစ်သည်။
သို့သော်လည်း သူမ၏ကျင့်ကြံဆင့်က ယခင်ကနှင့်စာလျှင် များစွာတိုးတက်သွားကာ နဝမဆင့် ရွှေအမြုတေအဆင့်ထိ ရောက်သွားပြီဖြစ်သည်။
"တာအိုရောင်းရင်းကွမ်း၊ မတွေ့ရတာကြာပြီနော်"
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က သူမကို ပြုံးကာနှုတ်ဆက်လိုက်ကြသည်။
ရိုးသားစွာပြောရလျှင် ထိုစုံတွဲသည် အသိအကျွမ်းဟောင်းကိုထိုနေရာ၌တွေ့ရသည်ကို အံ့ဩဝမ်းသာဖြစ်နေကြသည်။
ကွမ်းရှင်းထင်သည် ယခင်ကအတိုင်းပင်ဖြစ်သည်။
သူမက ပြစ်တင်သလိုပြောသည်။ "ရှင်တို့နှစ်ယောက်နိုဗာရေပြင်ကိုလာမယ်ဆိုလည်း ကျွန်မကိုဘာလို့ အကြောင်းမကြားတာလဲ? ကျွန်မကအိမ်ရှင်အဖြစ်နဲ့ တာဝန်ကျေအောင်လုပ်ပေးရမှာပေါ့။" စုံတွဲက ကွမ်းရှင်းထင်၏မေးခွန်းကို ဖြေရန်ခက်ခဲနေသည်။
ကံကောင်းစွာပင်၊ ထိုအချိန်၌ သူမ၏ဘေးမှ အခြားနှစ်ယောက်သည် မနေနိုင်ဘဲ ကွမ်းရှင်းထင်ကို သိချင်သည့်ရုပ်နှင့်ကြည့်နေကြသည်။
သူတို့အထဲမှ ချစ်ဖို့ကောင်းသည့် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော မိန်းကလေးကျင့်ကြံသူက မေးလိုက်သည်။ "စီနီယာ အစ်မကွမ်း၊ သူတို့နှစ်ယောက်က..?”
ကွမ်းရှင်းထင်က ချက်ချင်းလက်ကိုမြောက်ကာ သူ့နဖူးကိုပုတ်လိုက်သည်။
"ကြည့်စမ်းပါဦး။ ကျွန်မအချင်းအချင်းမိတ်ဆက်ပေးဖို့မေ့နေတာ။ ဂျူနီယာညီမမုံ့၊ ဂျူနီယာမောင်လေးချန်း၊ ဒါက အစ်မ အရင်ခရီးသွားတုန်းက သိခဲ့တဲ့ မိတ်ဆွေတွေလေ။"
သူမစကားပြောလိုက်သည်နှင့် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်ကာ "တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း၊ သူတို့နှစ်ယောက်က ကျွန်မတို့ကျယ်ပြောခြင်းမြစ်ရဲ့ ဝိဉာဉ်ကျွန်းက ဂျူနီယာလေးတွေပါ။ မုံ့ချန်နဲ့ ချန်းချင်းယန်ပါ။"
"မင်္ဂလာပါ။"
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က အခြေတည်ဝိဉာဉ်စံသခင် အရောင်အဝါကို မထုတ်ထားပါ။
ကွမ်းရှင်းထင်၏မိတ်ဆက်ပေးမှုကိုကြားလျှင် သူတို့က မုံ့ချန်နှင့် ချန်းချင်းယန်တို့အား ပြုံး၍ နှုတ်ဆက်လိုက်ကြသည်။
သူတို့သည်လည်း ပြန်လည်နှုတ်ဆက်လိုက်သည်။
ထိုသူတို့သည်စီနီယာအစ်မ ကွမ်းရှင်းထင်၏ မိတ်ဆွေကောင်းများဖြစ်သည်။
ဂျူနီယာညီမနှင့် ဂျူနီယာမောင်လေးများဖြစ်သောကြောင့် မပေါ့ဆရဲကြပါ။
"ဒါနဲ့..."
ကွမ်းရှင်းထင်က တစ်ခုခုကိုတွေးမိသွားကာ ထိုစုံတွဲကိုမေးလိုက်သည်။
"ကျောက်နဂါးကျွန်းကလူတွေကို အခုနက တွေ့လိုက်သေးတယ်။ ရှင်တို့ကို ပြသနာရှာသေးလား? ဘယ်လိုလဲ? အဆင်ပြေရဲ့လား?"
ကွမ်းရှင်းထင်နှင့်အခြားနှစ်ဦးက ဘာဖြစ်သွားမှန်းကို မမြင်လိုက်ကြကြောင်းသိသာပါသည်။
သူတို့က ကျောက်နဂါးကျွန်းကလူများအား အာရုံခံမိခြင်းသာဖြစ်သည်။
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
သူတို့က ဘာကိုမှဖုံးကွယ်မနေတော့ပါ။
ထိုအစား ကွမ်းရှင်းထင်အား အဖြစ်အပျက်အားလုံးကိုပြောပြလိုက်တော့သည်။
မုံ့ချန်နှင့် ချန်းချင်းယန်တို့က ကွမ်းရှင်းထင်၏ဘေး၌ ရှိနေကာ သူတို့လျှာကိုတိတ်တဆိတ် သပ်လိုက်ကြသည်။
သူတို့စီနီယာအစ်မ၏ မိတ်ဆွေများသည် အလွန်ပင် အင်အားကောင်းနေသည်မဟုတ်ပါလား?
ရွှေအမြုတေ နှစ်ဦး၊ သုံးဦးနှင့် ကျီဖုအဆင့် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်သည် သူတို့ထံမှ လွယ်ကူစွာသတ်ဖြတ်ခြင်းခံခဲ့ရသည်။
အခြားတစ်ဖက်၌ ကွမ်းရှင်းထင်သည် ထိုရလဒ်အား များစွာအံ့ဩခြင်းမရှိပါ။
သူတို့ပထမဆုံးတွေ့ဆုံချိန်၌ သူတို့၏ အင်အားက သာမန်ထပ်ပို၍ လွန်ကဲကြောင်းကို သိခဲ့ရသည်။
ယခုမူ အချိန်များစွာကြာမြင့်သွားပြီဖြစ်၍သူတို့၏အင်အားသည်လည်း အလွန်မြင့်သည့်နေရာသို့ ရောက်ရှိနေပြီးဖြစ်လိမ့်မည်။
ထို့သို့တွေးလိုက်ကာ ကွမ်းရှင်းထင်က သူတို့၏ ကျင့်ကြံခြင်းအဆင့်ကိုသာ သိချင်နေခဲ့သည်။
သို့သော်လည်း ထိုကိစ္စများက တိုက်ရိုက်မေးဖို့ရန်မသင့်တော်ပါ။ ထို့ကြောင့် သူမက သက်သေရရန် အခွင့်အရေးကိုစောင့်ဆိုင်းရမည်ဖြစ်သည်။
ထိုအချိန်တွင် သူမက ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အား ကျယ်ပြောခြင်းမြစ်ရှိဝိဉာဉ်ကျွန်းသို့ ဖိတ်ခေါ်လိုက်သည်။
အကယ်၍ တစ်ဦးနှင့် တစ်ဦးဆုံတွေ့ခြင်းမရှိခဲ့လျှင်တော့ ကောင်းပါသည်။
သို့သော် နှစ်ဖက်စလုံးက တွေ့ပြီးပြီဖြစ်ရာ ထိုစုံတွဲငြင်းဖို့ရန် အကျိုးအကြောင်းမသင့်တော့ပါ။
အရေးအကြီးဆုံးအချက်မှာ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က နိုဗာရေပြင်၏အခြေအနေကို သိချင်နေသည်။ သူတို့က ဤနေရာတွင် အခြေတည်ဝိဉာဉ်အင်အားစုများကြား စစ်ပွဲဖြစ်ရလောက်သည့် အကြောင်းအရင်း အတိကျသည် မည်သို့ဖြစ်ကြောင်းကို သိလိုနေသည်။
***