မိတ်ဆွေဟောင်း၊ စစ်ပွဲအတု၊ ကျယ်ပြောခြင်းမြစ်ရှိ ဝိဉာဉ်ကျွန်းမှ ကပ်ဆိုက်သောကာလ (၂)
Vol. 25 Ch. 491
ကျန်းချန်ရွမ်၊ ရှန်းရူယန် နှင့် ကွမ်းရှင်းထင်တို့သည် ကျယ်ပြောခြင်းမြစ်ရှိ ဝိဉာဉ်ကျွန်းသို့ အတူ ခရီးထွက်လာကြပြီး သူတို့သည် နောက်ဆုံး၌ စိတ်ထဲ၌ ရှိသော မေးခွန်းကို မေးခဲ့သည်။
ဤသည်ကိုကြားလျှင် ကွမ်းရှင်းထင်နှင့် သူမ၏နောက်လိုက်များသည် ခါးသီးစွာ ပြုံးလိုက်ကြသည်။
ကွမ်းရှင်းထင်က ပြောလိုက်သည်။ “ရိုးရိုးသားသားပြောရရင် နိုဗာရေပြင်က အဓိက အခြေတည်ဝိညာဉ်အင်အားစုကြီးတွေက ပေါက်ကွဲပြီး ဒီလိုကြီးမားထဲ ပြဿနာထဲ ဝင်မိတာဟာ ကောင်းကင်ဘုံ ရေသလင်းကျောက် မိုင်းတွင်းရဲ့ ပိုင်ရှင်ဖြစ်ဖို့ တိုက်ခိုက်နေကြတာပါ”
“ကောင်းကင်ဘုံ ရေသလင်းကျောက်မိုင်းတွင်း?”
ကျန်းချန်းရွမ်နှင့် ရှန်းရှုယန်၏ နှလုံးက ခုန်သွားသည်။
ရှင်းလင်းစွာဖြင့် သူတို့နှစ်ဦးသားသည် ထို ကောင်းကင်ဘုံရေသလင်းကျောက် သည် တန်ဖိုးရှိသည့် ရေဓာတ် ရတနာဖြစ်ကာ ဓမ္မအသုံးအဆောင်ပစ္စည်းများနှင့် အဆင်နိမ့်ဓမ္မရတနာများ ဖန်တီးပြုလုပ်ရာတွင် သီးသန့်တန်ဖိုးရှိကြောင်း သတိပြုမိကြသည်။
သူတို့က ယခု မိုင်းတွင်းတစ်ခုလုံးကိုပင် တွေ့ရှိသွားလေသည်။
အခြေတည်ဝိညာဉ်အင်အားစုကြီးများက သံတမန်ခင်းသည့် ကိစ္စများကို ဘေးဖယ်ကာ ထိုကဲ့သို့ ကြီးမားသည့် ပြဿနာထဲ၌ ဝင်ရောက်လာသည်မှာ အံ့ဩစရာ မကောင်းတော့ပေ။
အကယ်၍ သူတို့ဖိနပ်အောက်၌ရောက်နေလျှင် ထိုကဲ့သို့ တန်ဖိုးရှိသော သယံဇာတအတွက် စစ်မဖြစ်ရန်မှာ ခက်ခဲသည်။
ကွမ်းရှင်းထင်သည် ကျန်းချန်းရွမ်နှင့် ရှန်းရူယန်အား ဖြစ်ပေါ်နေသည့် အသေးစိတ်ပြဿနာအား ပြောပြနေသည်။
သူမပြောပြသည်ကို နားထောင်ပြီး ထိုစုံတွဲက မျက်ခုံးတွန့်လိုက်သည်။
ကွမ်းရှင်းထင် ပြောပြချက်အရ ထိုပြဿနာကြီး၌ ပါဝင်နေသည့် အခြေတည်ဝိဉာဉ်အဆင့်အင်အားစုကြီးများ ၃စု ရှိသည်။
ကျောက်နဂါးကျွန်း၊ ဖန်းထျန်းဝိဉာဉ်ကျွန်း နှင့် အဇူရာကောင်းကင်ကျွန်းတို့ ဖြစ်ကြသည်။
ထို အင်အားစုကြီးသုံးစု၏ အင်အားများသည် ပုံမှန်အဆင့်သာရှိသည်။
အစ၌ အင်အားစုကြီးသုံးစုသည် တစ်ဖက်နှင့်တစ်ဖက် ဘာမှမလုပ်နိုင်ဟု ပြောလို့ရသည်။
သို့သော် အချိန်ကုန်ဆုံးသွားသည်နှင့် ကျောက်နဂါးကျွန်း၏ အင်အားက ပိုမို၍ သန်မာပြီးရင်း သန်မာလာသည်။
သူတို့၏လုပ်ဆောင်ချက်များက ပိုမို၍ စိုးမိုးလာကာ မသမာမှုများ ရှိလာသည်။
အထူးသဖြင့် ၎င်းတို့၏ကျွန်းသခင် ကျောက်နဂါးစံသခင်ကြီးက အခြေတည်ဝိဉာဉ်အလယ်ဆင့်ကို ထိုးဖောက်နိုင်ခဲ့သောကြောင့် ဖန်းထျန်းဝိဉာဉ်ကျွန်းနှင့် အဇူရာကောင်းကင်ကျွန်းတို့၏ စံသခင်ကြီးများကို ဖိအားစတင်၍ ပေးခဲ့သည်။
အခြေတည် ဝိဉာဉ်အလယ်ဆင့်သည် အခြေတည်ဝိဉာဉ် အစောပိုင်းအဆင့် ၂ ဆင့်ပေါ်၌ လွှမ်းမိုးနိုင်သည့် အားသာချက်ရှိကြောင်း သံသယဖြစ်ဖွယ်မရှိပါ။
ရွေးချယ်စရာမရှိစွာဖြင့် မူလ၌ ဖရိုဖရဲတိုက်ပွဲမှ အခြားအင်အားစုကြီး နှစ်ခုသည် နောက်ဆုံး၌ ကျောက်နဂါးကျွန်း၏ အင်အားကိုကျော်နိုင်ရန် အင်အားစုကြီးများကို ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။
နောက်ဆုံး၌ အင်အားစုကြီး နှစ်ခုသည် ကျောက်နဂါးကျွန်နှင့် ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်။
လူတိုင်းအံ့ဩစေရန်ပင် ကျောက်နဂါးကျွန်းက ငြင်းပယ်ခဲ့သည်။
ကျောက်နဂါးကျွန်းစံသခင်ကြီးသည် တကယ်ပင် ကောင်းကင်ဘုံရေသလင်းကျောက်မိုင်းတွင်းကို လက်ဝါးကြီးအုပ်ချင်နေသည်။
၎င်းသည် ဖန်းထျန်းဝိဉာဉ်ကျွန်း နှင့် အဇူရာကောင်းကင်ကျွန်းတို့ကို ဒေါသထွက်စေခဲ့သည်။
အသက်ရှုချိန်တစ်စက်ကိုမျှ မဖြုန်းပဲ အင်အားစုကြီးနှစ်ခုသည် ကျောက်နဂါးကျွန်းနှင့် မီးကုန်ယမ်းကုန် တိုက်ခဲ့ကြသည်။
ယခုအချိန်ထိ အင်အားစုကြီး သုံးခု၏ တိုက်ပွဲ၌ သေဆုံးသော ရွှေအမြုတေတေအဆင့်ကျင့်ကြံသူများသည် ၁၂ ဦး အထိပင် ရောက်နေပြီဖြစ်သည်။
ကျွန်းချန်းရွမ်နှင့် ရှန်းရူယန်တို့ သတ်ခဲ့သော သူများပင် မရေတွက်ရသေးပေ။
ထိုတန်ဖိုးသည် ကောင်းကင်ဘုံရေသလင်းကျောက်မိုင်းတွင်း၏ တန်ဖိုးထပ်ပင် ကျော်နေပြီဖြစ်သည်။
ယခုမူ အကယ်၍ ထိုတိုက်ပွဲကို တစ်စုံတစ်ယောက်မှ ရပ်ချင်လျှင်ပင် မဖြစ်နိုင်တော့ပါ။
အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်မှ သူတစ်ဦးဦး လာမပြောသရွေ့ ထိုတိုက်ပွဲသည် ရပ်ဖို့ရန် မဖြစ်နိုင်ပါ။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေဖြစ်သည်။
သို့သော်လည်း အကြောင်းရင်းတစ်ချို့ကြောင့် ကျန်းချန်းရွမ်နှင့် ရှန်းရူယန်တို့က တစ်ခုခုကို လွတ်နေကြောင်း ခံစားနေရသည်။
သူတို့သည် မှားနေသည်ကို အတိအကျ မဖော်ထုတ်နိုင်သေးသော်လည်း သူတို့၌ ထိုအခြေအနေက ပုံမှန်မဟုတ်ကြောင်း ခိုင်မာသည့် အာရုံရနေသည်။
သူတို့နှစ်ဦးသား ထိုအကြောင်းကို တွေးနေသောအချိန်၌ပင် ကွမ်းရှင်းထင်က ရုတ်တရက် ပြုံးကာ ပြောလာခဲ့သည်။
“တာအိုရောင်းရင်းကျန်း တာအိုရောင်းရင်းရှန်းတို့ ကြည့်ပါဦး။ ဒါက ကျွန်မတို့ရဲ့ ကျယ်ပြောခြင်းမြစ်ရဲ့ ဝိဉာဉ်ကျွန်းပါ”
သို့သော် ပြောပြီးသည်နှင့် သူမ၏ ဘေးမှ မုံ့ချန်နှင့် ချန်းချင်းယန်တို့က ရုတ်တရက် ကြောင်အ, သွားသည် သူတို့၏ အမူအရာများက စိုးရိမ်ဖွယ် ပြောင်းလဲသွားသည်။
“ဘယ်လို … ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..?”
အဝေးမှ ကြီးမားသည့် ကျွန်းကြီးပေါ်၌ ကောင်းကင်ထိ မီးတောက်များဖြင့် ဖုံးလွမ်းနေသည်။
၎င်းနှင့်အတူရှိနေသည်မှာ စွမ်းအားကြီးသည့် ဓမ္မစွမ်းအင်လှိုင်းများ ဖြစ်သည်။
၎င်းတို့၏ ကြား၌ အလွန်ခံညားထည်ဝါသည့် ပုံရိပ်လေးခုက တစ်စုံတစ်ဦး၏ နှလုံးတွင် ကြောက်လန့်မှု များဖြင့် စွဲကပ်သွားစေသည်။
ကံမကောင်းစွာပင် ထိုပုံရိပ်များထဲက တစ်ခုသည် အခြားသုံးခု၏ ချောင်ပိတ်ခြင်းကို ခံနေရသည်။
“ဆရာ”
ကွမ်းရှင်းထင်၊ မုံ့ချန် နှင့် ချန်းချင်းယန် တို့သည် အသိစိတ်တဝက်ဖြင့် အော်လိုက်ပြီး ထိုပုံရိပ်က တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်ခံနေရသည်ကို တွေ့ခဲ့ရသည်။
ထိုအချိန်တွင် သူတို့၏ဆရာအား တိုက်ခိုက်နေသည့် လူသုံးယောက်မှာကျောက်နဂါးကျွန်းစံသခင်ကြီး၊ ဖန်းထျန်းဝိဉာဉ်ကျွန်းစံသခင်ကြီး နှင့် အဇူရာကောင်းကင်ကျွန်းစံသခင်ကြီးတို့ ဖြစ်ကြကြောင်း ရှင်းလင်းစွာ တွေ့လိုက်ရသည်။
ဘယ်လိုဖြစ်တာလဲ?
ထိုသုံးယောက်သည် အသိစိတ်ကင်းမဲ့နေကြသည်။
ယခင်က အသေအကြေတိုက်ခိုက်နေသော အင်အားစုကြီး သုံးခုသည် ယခုပူးပေါင်းသွားခဲ့ကြောင်း သူတို့ နားမလည်နိုင်ပေ။
အရေးကြီးဆုံးအချက်မှာ သူတို့သည် ကျယ်ပြောခြင်းမြစ်၏ ဝိဉာဉ်ကျွန်းကို အဘယ်ကြောင့် တိုက်ခိုက်ကြပါသနည်း?
ဝှစ်..ဝှစ်…..
ကွမ်းရှင်းထင်နှင့် အခြားသူများအား အာရုံခံမိပြီးနောက် ပုံရိပ် ၇ခု သို့ ၈ခုသည် ကျယ်ပြောခြင်းမြစ် ဝိဉာဉ်ကျွန်းမှ ရုတ်တရက် သူတို့ဆီ ပျံသန်းလာလေသည်။
၎င်းတို့အား ပဏာမအခြေတည်ဝိဉာဉ်ကျင့်ကြံသူ နှစ်ဦးက ဦးဆောင်လာသည်။
ကျန်ရှိနေသည့် လူ ငါးဦး ခြောက်ဦးခန့်က ရွှေအမြုတေတေ နှောင်းပိုင်းအဆင့်များဖြစ်ကြသည်။
သိသာနေသည်မှာ ထိုသူများက ကွမ်းရှင်းထင်နှင့် အခြားသူများကို သတ်ရန်လာကြခြင်းဖြစ်သည်။
“ပြေးကြ”
ရုတ်တရက် ကွမ်းရှင်းထင်နှင့်အခြားသူများက ဆရာဟုခေါ်သော သူ့ထံမှ ကျယ်လောင်သည့် အသံတစ်ခု ထွက်လာသည်။
“ငါတို့အားလုံး သူတို့ဆီက လှည့်စားခံလိုက်ရတာ ကောင်းကင်ဘုံရေသလင်းကျောက်မိုင်းတွင်းနဲ့ သူတို့ အင်အားစုကြီး သုံးခုကြားက တိုက်ပွဲတွေက အတုတွေပဲ ရှင်းထင်, အမြန် မုံ့ချန်နဲ့ ချင်းယန်ကို ခေါ်ပြီး ပြေးတော့။ ဝေးလေကောင်းလေပဲ။ ဘယ်တော့မှ ပြန်မလာနဲ့”
စကားပြောပြီးသည်နှင့် သူ၏ ပုံရိပ်သည် ရှေ့မှ လူသုံးဦးလက်ချက်ကြောင့် ကီလိုမီတာ ဒါဇင်ပေါင်း များစွာ လွင့်ထွက်သွားရသည်။
နောက်ဆုံး၌ ပင်လယ်ရေနှင့် ရိုက်မိကာ ချက်ချင်း ကြိးမားသည့် ပေပေါင်းများစွာရှည်သည့် ရေတိုင်ကြီးနှင့် အတူ မြင့်တက်လာသည်။
“ဟားဟား ဒီအခြေအနေမှာတောင် ပြေးချင်နေသေးတာလား? ကျယ်ပြောခြင်းမြစ် ငါအမှန်ကို ပြောပြဖို့ မစိုးရိမ်နေတော့ဘူး ဒီနေ့ မင်းနဲ့ ဒီကျွန်းက လူတွေအားလုံး ဒီကထွက်နိုင်မှာ မဟုတ်ဘူး”
မုတ်ဆိတ်ရှည်နှင့်လူက ထေ့ငေါ့ပြောလိုက်သည်။
ထိုသူသည် ကျောက်နဂါးကျွန်း၏ ကျွန်းသခင်ဖြစ်ကာ ကျောက်နဂါးကျွန်း၏ စံသခင်လည်းဖြစ်သည်။
သူသည် အခြေတည်ဝိဉာဉ်၏ အလယ်ဆင့် ဖြစ်ကာ အဆင့်မြင့်ဆုံးကျင့်ကြံသူလည်း ဖြစ်သည်။
သူ၏ဘေးတွင် ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ရှိသည်။
၎င်းတို့မှာ ဖန်းထျန်းစံသခင်နှင့် အဇူရာကောင်းကင်စံသခင်တို့ ဖြစ်သည်။
ထိုအချိန်၌ သူတို့သည် ပင်လယ်ထဲသို့ ပစ်ချခံလိုက်ရသော ကျယ်ပြောခြင်းမြစ်စံသခင်ကို သရော်ပြုံးများဖြင့် ကြည့်နေကြသည်။
တစ်ချိန်တည်း၌ပင်။
ကျန်းချန်ရွမ်နှင့် ကွမ်းရှင်းထင်တို့က ပိတ်ခံထားရပြီးဖြစ်ပြီး ကီလိုမီတာ ရာကျော်အဝေး၌ပင် ရှိသေးသည်။
အခြေတည်ဝိဉာဉ်အဆင့် စံသခင်အတွက် ထိုအကွာအဝေးက မျက်စိတမှိတ်အတွင်းတွင်သာ လိုက်မှီနိုင်သည်။
ရွှေအမြုတေတေအဆင့် ကျင်ကြံသူများအတွက် ၎င်းသည် အန္တရာယ်ရှိသည့် အကွာအဝေးဖြစ်သည်။
“တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း၊ ဂျူနီယာညီမမုံ့၊ ဂျူနီယာမောင်လေးချန်း အမြန် သွားကြမယ်”
ထိုအချိန်၌ ကွမ်းရှင်းထင်သည် အသိစိတ်ပြန်ကပ်လိုက်သည်။
အခြားစကားပြောမနေတော့ပဲ သူမသည် ချက်ချင်း ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူတို့ ဘာမှ မလုပ်နိုင်သေးမှီ ထိုလူ ၇ဦး ၈ဦးခန့်သည့် သူတို့၏ပထမဆုံးတိုက်ခိုက်မှုကို စတင်လိုက်သည်။
ထိုသူတို့ အထဲ၌ ပဏာမအခြေတည်ဝိဉာဉ်ကျင့်ကြံသူ နှစ်ဦးသည် ပြင်းထန်သည့် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သည်။
လေထဲ၌ ခေါင်းလောင်းတစ်လုံးနှင့် မျှော်စင်တစ်ခုသည် ရုတ်တရက် ပြင်းထန်သည့်အားနှင့် သူတို့အား ဖိနှိပ်လိုက်သည်။ ကျီ ကျီ ကျီ….
ဓမ္မရတနာနှစ်ခုပင် သူတို့အပေါ် ကျရောက်နေသည်။ သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းတစ်ခုက ထွက်ပေါ်လာကာ ကွမ်းရှင်းထင်နှင့် အခြားသောလူများကြား လေထုပါးပါးတစ်လွှာ ဖြစ်ပေါ်လာသည်။
ထိုအချိန်၌ သူတို့က လှည့်ထွက်ကာ ပြေးမည်အပြုတွင် သူတို့၏အရှိန်က သေချာပေါက် နှေးသွားလေသည်။
သူတို့ မလွတ်နိုင်ရုံသာမက သူတို့ခုခံရန် အကောင်းဆုံးအခွင့်အရေးကိုပါ ဖြုန်းပစ်နိုင်သည်။
ကွမ်းရှင်းထင်က ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့အား တောင်းပန်သည့်အကြည့်နှင့် ကြည့်ကာ သူမ၏ အသံကို မုံ့ချန်နှင့် ချန်းချင်းယန်တို့ စုံတွဲသို့ ပို့လွှတ်လိုက်သည်။
“ခနနေ ငါ သူတို့ကို အချိန်ဆွဲဖို့အကောင်းဆုံးကြိုးစားထားမယ်။ အဲ့အချိန်မှာ မင်းတို့ ခွဲပြီးပြေးနိုင်တယ်။ တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း ကျွန်မ ရှင်တို့ကို ပါဝင်ပက်သက်စေမိလို့ တောင်းပန်ပါတယ်”
စကားပြောပြီးပြီးချင်း ကွမ်းရှင်းထင်သည် သူ၏သွေးအဆီအနှစ်ကို လောင်ကျွမ်းစေပြီး အခြား တစ်ဖက်မှ တိုက်ခိုက်မှုကို တားဖို့ရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်တွင် သူမ၏ပခုံးကို လက်တစုံက ငြင်သာစွာ ဖိလိုက်သည်။
ကျန်းချန်းရွမ်သည် အေးဆေးစွာကြည့်ကာ တစ်လုံးချင်းဆီ ပြောလိုက်သည်။
“တာအိုရောင်းရင်းကွမ်း၊ မင်းအသက်ကို စွန့်စားစရာမလိုပါဘူး။ ငါနဲ့ ငါ့ဇနီးကိုသာ အပ်ထားလိုက်ပါ”
***