← Chapters

ဝိညာဉ်ဖမ်းဆုပ်မှုအရည်အချင်း

Vol. 90 Ch. 1252

ဝိညာဉ်ဖမ်းဆုပ်မှုအရည်အချင်း

Vol. 90 Ch. 1252

“ဝိညာဉ်ဖမ်းဆုပ်မှုအရည်အချင်းဟုတ်လား” ရှီမာယူယူ မျက်တောင်ခတ် လိုက်သည် “နာမည်ကြားတာနဲ့တင် အရမ်းအားကောင်းတဲ့ အမှောင်ဝိညာဉ် အရည်အချင်းဖြစ်ရမယ်”

“အားကောင်းတာပေါ့၊ တစ္ဆေလောကမှာ ထိပ်တန်းဝိညာဉ်အရည်အချင်း တွေရှိတယ်၊ ဘယ်လိုလဲ သင်ချင်လား ငါ့ကိုဆရာလို့ခေါ်တာနဲ့ သင်ပေးမယ်” မိုယွိ ဖျားယောင်းလေသည်။

ရှီမာယူယူသည် အမှောင်အရည်အချင်းကို အရင်ကတစ်ခါမှမသင်ဖူးပေ။ သူမ ဝမ်းကွဲနှင့် ရှိစဉ်ကပင် သင်ရန်မစဉ်းစားခဲ့ပေ။ သို့သော် သူပြောသည့် စကားများကို ရုတ်တရက်ကြားလိုက်ရသောအခါ လှုံ့ဆော်မှုကိုစတင်ခံစားရ ကာ အမှောင်အရည်အချင်းကို မည်သို့သုံးရမည်ကို စဉ်းစားနေမိသည်။

ဒါပေမဲ့ သူ့ကိုဆရာလို့ခေါ်ရမယ်ဆိုရင် မသင်တာမှကောင်းသေးတယ်။

“ကျွန်မ အခုဝိညာဉ်စွမ်းအင်ကို မသုံးနိုင်ဘူးလေ ဘယ်လိုလုပ်သင်မှာလဲ ကျွန်မဝိညာဉ်စွမ်းအင် ပြန်ကောင်းလာရင် ရှင်ကပြန်သွားလောက်ပြီ၊ ဒီလိုလုပ် ရင်ရော ရှင်ကဒီအမှောင်အရည်အချင်းနည်းလမ်းကို ချရေးလိုက်၊ ကျွန်မ ဝိညာဉ်စွမ်းအင် ပြန်ကောင်းလာရင် အဲနည်းလမ်းအတိုင်းလေ့ကျင့်လိုက်မယ် ဘယ်လိုလဲ”

“ဘယ်လိုလဲဆိုတာမရှိဘူး ဒီအမှောင်အရည်အချင်းက ငါကိုယ်တိုင် လက်ဆင့်ကမ်းပေးမှရမှာ မှတ်ထားလို့မရသလို ချရေးလို့လည်းမရဘူး” မိုယွိ ဆက်ပြောလေသည် “ပြီးတော့ ငါ မင်းကျန်းမာရေးကို စစ်ပြီးပြီ ရှားပါးတဲ့ နတ်ဆိုးအလင်းခန္ဓာကိုယ်က မင်းကိုခက်ခဲအောင်လုပ်ပေမဲ့လည်း အကျိုးမရှိ တာတော့မဟုတ်ဘူး၊ အခုလိုပေါ့ မင်းဝိညာဉ်အရည်အချင်း ချိပ်ပိတ်ခံရတာ တောင် အမှောင်ဝိညာဉ်စွမ်းအင်ကို သုံးနိုင်သေးတယ် အတူတူပဲလေ”

“အဲဒါကဖြစ်နိုင်လို့လား” ရှီမာယူယူသည် မျက်လုံးပြူးလာသည်။ သူမ သည် အရင်က ထိုအရာကို မစဉ်းစားခဲ့ဖူးပေ။

“မင်းရဲ့အမှောင်စွမ်းအင်ကခန္ဓာကိုယ်ထဲက ထွက်မလာနိုင်ဘူးဆိုပြီး အဲဒါ ကို အမြဲချိပ်ပိတ်ထားခဲ့တာမလား၊ အဲဒီတော့ မင်းဝိညာဉ်စွမ်းအင်ချိပ်ပိတ်တာ လည်း ခံရရော မင်းရဲ့အမှောင်ဝိညာဉ်စွမ်းအင်ကို ဖွင့်ဖို့မစဉ်းစားခဲ့ဘူး အဲဒါ ကြောင့် အဲလိုမတွေးမိတာပဲ” မိုယွိ ပြောလေသည်။

ရှီမာယူယူသည် သူပြောသည့်စကားကို ဝန်ခံသည်။ သူမသည် အမှန် တကယ်ပင် ထိုအရာကိုမစဉ်းစားခဲ့ပေ။ အမှောင်စွမ်းအင်ကိုလွှတ်မည့် အတွေး မတွေးခဲ့ပေ။

မိုယွိ ပြောလိုက်သည့်စကားများသည် သူမ၏ စိတ်ခံစားချက်များကို သက်ရောက်စေသည်။ ဝိညာဉ်စွမ်းအင်မရှိသော နေ့ရက်များသည် အမှန် တကယ်ပင် ပျင်းစရာကောင်းသည်။ သို့သော် အမှောင်စွမ်းအင်ကို ထုတ်လွှတ် လိုက်သည်နှင့် မမြင်နိုင်သောအခြေအနေ ဥပမာအားဖြင့် သူမ ခန္ဓာကိုယ်သည် ထိုကဲ့သို့အရာများကို မခံနိုင်မည်ကို စိုးရိမ်မိသည်။

သူမ စိုးရိမ်မှုများကို သူ့ကိုပြောပြသောအခါ မိုယွိသည် ပေါ့ပါးစွာရယ် မောကာ ပြောလိုက်သည် “စွမ်းအင်နှစ်ခုအတိုက်အခံဖြစ်လို့ မင်းခန္ဓာကိုယ် မခံနိုင်မှာကို စိုးရိမ်နေတာလား ဒါပေမဲ့ အခုအခြေအနေက ပြောင်းသွားပြီလေ မင်းမှာ အလင်းစွမ်းအင်မှမရှိတော့တာ ဆိုလိုတာက ဘာအငြင်းပွားစရာမှမရှိ တော့ဘူး”

“တကယ်လား ပြန်သွားရင် စမ်းကြည့်ရမယ်” ရှီမာယူယူသည် ရယ်မော လိုက်ရင်းနှင့် “ဒါပေမဲ့ အဲလိုဆိုရင်တောင် ရှင့်ကိုဆရာလို့ ခေါ်ဖို့ကမဖြစ်နိုင်ဘူး”

“အဲလောက်ချက်ချင်းကြီးပြောဖို့မလိုပါဘူး ဖမ်းဆုပ်မှုအရည်အချင်း စွမ်းအားကိုသိသွားရင် ငါ့ဆီကသင်ချင်မှာပဲ” မိုယွိသည် ယုံကြည်ချက်ရှိရှိ ပြော လေသည်။

“လက်ဖက်ရည်ပိုင်းနဲ့ပတ်သတ်ပြီး ကျွန်မကို ဆရာလို့ခေါ်မယ်ဆိုရင် ရှင့် ကိုဆရာလို့ခေါ်ဖို့ ဝန်မလေးပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ ကျွန်မတို့က လက်ဖက်ရည်အကြောင်းအရင်ပြောတာဆိုတော့ ကျွန်မကို ဆရာ လို့အရင်ခေါ်သင့်တယ်”

“….”

သူမကို ဆရာလို့ခေါ်ရမယ်ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

“တစ္ဆေလောကမှာ ငါ့တပည့်ဖြစ်ချင်နေတဲ့သူ ဘယ်နယောက်ရှိလဲ သိရဲ့ လား အခု မင်းကိုအခွင့်အရေးပေးတာကို မင်းကမလိုချင်ဘူး”

“ဒါဆိုရင် လူသားလောကမှာ ကျွန်မတပည့်ဖြစ်ချင်တဲ့သူ ဘယလောက် များလဲ မသိဘူးလား အခုရှင့်ကိုလည်း အခွင့်အရေးပေးနေတာ ငြင်းမလို့လား” ရှီမာယူယူသည် သူ့စကားကိုပင် သုံးကာငြင်းလိုက်သည်။

“…”

ပါးနပ်ပြီး စကားတတ်လိုက်တဲ့ မိန်းကလေးပါလား။

“ကောင်းပြီလေ အရင်ဆုံး အဓိကအလုပ်ကိုရျင်းရအောင် ရှင့်ရဲ့ ဖမ်းဆုပ် မှုဝိညာဉ်အရည်အချင်းကို ကြွားပါဦး၊ ကျွန်မကို ဆွဲဆောင်နိုင်လောက်အောင် အံ့ဩဖို့ကောင်းလားဆိုတာ ဘယ်သူသိနိုင်မလဲ” သူမ တောင်းဆိုလိုက်သည်။

“ဒါဆိုရင် သေချာကြည့်နေ ဒီဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်းက ကိုယ့် ခန္ဓာကိုယ်ထဲက ဝိညာဉ်အတွက်အသုံးဝင်ရုံတင်မကဘူး တခြားသူရဲ့ဝိညာဉ် အတွက် ပါအသုံးဝင်တယ်” မိုယွိ ပြောလိုက်သည်။

“ဒါဆိုရင် ဝိညာဉ်ကျင့်ကြုံမှုနဲ့ ယှဉ်လို့ရတာမဟုတ်ဘူးလား” ရှီမာယူယူ သိချင်စိတ်ဖြင့်မေးလိုက်သည်။

သူမ ပြောသော ဝိညာဉ်ကျင့်ကြံမှုဆိုသည်မှာ သူမကိုယ်ပိုင် ဝိညာဉ်ကို လေ့ကျင့်ပေးသည့်အရာမဟုတ်ဘဲ တစ္ဆေလောက၏ ဝိညာဉ်ကိုသန့်စင်သော နည်းလမ်းပင်ဖြစ်သည်။

“မင်းက ဝိညာဉ်ကျင့်ကြံမှုအရည်အချင်းကိုသိလို့လား”

“အာ ကျွန်မတို့ထာဝရရှင်သန်သူနယ်မြေမှာတုန်းက တစ္တေလောက,က လူပြောဖူးတာ” ရှီမာယူယူသည် သာမန်ကာလျှံကာပင် ရှင်းပြလိုက်သည် “ရှင့် ဝိညာဉ်ဖမ်းဆုပ်မှုအရည်အချင်းကလည်း ဝိညာဉ်ကျင့်ကြံမှုအရည်အချင်းနဲ့ အတူတူပဲလား”

“သေချာပေါက် မတူဘူးပေါ့” မိုယွိ ငြင်းဆန်လေသည် “ငါ့ ဖမ်းဆုပ်မှု ဝိညာဉ်အရည်အချင်းက သူတို့ဝိညာဉ်ကို အဓိကထိန်းချုပ်တယ်၊ သူတို့ရဲ့ အံ့ဖွယ်အသိစိတ်အောက်မှာရော သတိမေ့နေတဲ့အခြေအနေမှာရော သုံးလို့ရ တယ်၊ ဒါက သာမန်အမှောင်စွမ်းရည်ဆိုတာထက် ပိုတယ်၊ ဒါပေမဲ့ ဝိညာဉ် လေ့ကျင့်မှုက မတူဘူး”

“ဘာမတူတာလဲ”

“ဝိညာဉ်ကျင့်ကြံမှုနဲ့ ဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်းကွာခြားချက်က ဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်းမှာဆိုရင် ဝိညာဉ်တွေ သတိဆက်ပြီးရှိအောင် လုပ်လို့ရတယ် ဝိညာဉ်လေ့ကျင့်မှုကကျတော့ ဝိညာဉ်ရဲ့ အံ့ဖွယ် အသိစိတ်ကို လုံးဝဖြတ်လိုက်ပြီး အလောင်းကောင်တွေလို လမ်းလျှောက်အောင်လုပ်လိုက် တာပဲ” မိုယွိရှင်းပြလေသည်။

“အဲနှစ်ခုလုံးက ဝိညာဉ်တွေကို ထိန်းချုပ်တာပဲမဟုတ်ဘူးလား အဲ ဝိညာဉ် တွေက လွတ်လပ်မှုကို ဆုံးရှုံးပြီးနေပြီလေ ဘာကွာသေးလို့လဲ” ရှီမာယူယူ ထောက်ပြလေသည်။

“သေချာပေါက် ကွာတာပေါ့၊ ဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်းကို မသုံးတော့ဘူးဆိုရင် အဲဝိညာဉ်တွေက သူတို့လွတ်လပ်မှုကိုပြန်ရနိုင်တယ်၊ ဒါပေမဲ့ ဝိညာဉ်ကျင့်ကြံခြင်းကတော့ မရဘူး” မိုယွိ ပြန်ချေပလေသည်။

“ဒါပေမဲ့ အဲဒီဝိညာဉ်တွေကို ထိန်းချုပ်နိုင်မှတော့ အဲဒီဖမ်းဆုပ်မှုဝိညာဉ် အရည်အချင်းကို သင်လိုက်ရင်တောင် ရှင့်လိုလူမျိုးနဲ့ဆို လွတ်လပ်မှုကို လွယ် လွယ်နဲ့ ပြန်ရမှာမဟုတ်ဘူး” ရှီမာယူယူ ခန့်မှန်းလေသည် “အဲလိုဆိုရင်တောင် ရတာ မရတာက ဘာများကွာသွားလို့လဲ”

“မင်းမသိလို့လေ တစ္ဆေလောကမှာက ဘာအများဆုံးရှိလဲသိလား တစ္ဆေ မျိုးနွယ်ဟုတ်ဘူးနော် ဝိညာဉ်ကအများဆုံးပဲ” မိုယွိ ဆက်ပြောလေသည် “မင်း ဒါကိုသင်ပြီး နောက်တစ်ချိန် တစ္ဆေလောကကိုလာမယ်ဆိုရင် မင်းမှာ အင်အား တွေအများကြီးရှိမယ်လို့ ဆိုလိုတာပဲ”

“ဒါမရှိရင်တောင် အဲဒီဝိညာဉ်တွေကို ရှင်းဖို့က နည်းလမ်းတွေရှိပါတယ်” ရှီမာယူယူ ရေရွတ်လိုက်သည်။

သူမတွင် သူတို့အကြောက်ဆုံးဖြစ်သော တစ္ဆေတစ်ရာအလံရှိသည်။ ဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်းနှင့် ကိုင်တွယ်သည်ဖြစ်စေ ဝိညာဉ်ကျင့်ကြံမှု အရည်အချင်းကိုသုံးသည်ဖြစ်စေ… တစ္ဆေတစ်ရာအလံတော်ကိုတွေ့သည်နှင့် ကျိုးနွံစွာ အရှုံးပေးရလိမ့်မည်။

သူ့ကိုတော့ ထိုအကြောင်းပေးသိမည်မဟုတ်ပေ။

“မင်းမှာ ဘာနည်းလမ်းရှိတာလဲ” မိုယွိသည် သူမ စကားများကို မယုံပေ “ငါဆီကနေ ဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်းကိုသာ သင်လိုက် သေချာကြည့် ထား”

သူသည် ထိုအလောင်းကောင်များဆီသို့လျှောက်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ လှိုင်းဂယက်များထလာပြီး ဝိညာဉ်ကို ချည်နှောင်ထားသည့် စွမ်းအားမှာ ပျောက်ကွယ်သွားလေသည်။

အရိပ်များ တဖြည်းဖြည်းပေါ်လာသည်ကို ရှီမာယူယူမြင်လိုက်ရသည်။ သူတို့သည် တစ္ဆေလောကကို ဦးတည်သွားသည့်ပုံပေါက်သည်။ သို့သော် မိုယွိ သည် လက်နှစ်ဖက်ဖြင့် ချိပ်ပိတ်လိုက်ရာ ထိုဝိညာဉ်များသည် ရောက်နေရာ တွင်ရပ်ပြီး လှုပ်မရပေ။

“ဘယ်လိုလဲ” သူ သူမကိုမေးလိုက်သည်။

“မဆိုးဘူးပဲ သေပြီးသွားရင် တစ္ဆေလောကကို ဝိညာဉ်တွေသွားရမယ်ဆို တဲ့စည်းမျဉ်းရှိတယ် ရှင်က အဲစည်းမျဉ်းကိုတောင် ဆန့်ကျင်နိုင်တယ် ဆိုလိုတာ က ရှင်က အံ့ဩလောက်စရာပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ဒါပေမဲ့ ဒါက စစ်ဆေးတဲ့နေရာမှာတော့ အသုံးမဝင်ဘူးမလား”

အသစ်ဖြစ်လာသော ဝိညာဉ်များတွင် မည်သည့်စွမ်းအားမှမရှိပေ။ တချို့ သော ဝိညာဉ်များသည် ရှုပ်ထွေးနေဆဲဖြစ်ကာ သူတို့ကိုယ်သူတို့ ဝိညာဉ်ဖြစ် သွားသည်ကိုပင် မသိကြသေးပေ။

“သူတို့ ဝိညာဉ်တွေကို နှိပ်စက်ပြီး မေးခွန်းမလို့ စဉ်းစားနေတာလား” ရှီမာယူယူ မေးလိုက်သည် “လူသားတွေက သေပြီးသွားလို့ တစ္ဆေလော ကကိုသွားမယ်ဆိုရင် ဘာမှမမှတ်မိဘူးလို့ ကြားဖူးတယ်၊ ဒါက အသစ်စတာနဲ့ အတူတူပဲလေ သူတို့ဝိညာဉ်ကိုဖမ်းရင်တောင်မှ သူတို့က အရင်ကအကြောင်း တွေကို ဘာမှမသိတော့လို့ သူတို့ဆီကဘာမှမရဘူးလေ”

“ငါ မေးမယ်လို့ ဘယ်သူက ပြောလဲ”

“မဟုတ်ဘူးဆိုရင် ကျွန်မတို့လိုချင်တဲ့ သတင်းတွေဘယ်လိုရမှာလဲ”

“မြင်ရင်သိလိမ့်မယ် မင်းပြောသလိုပဲ ရင်သတ်ရှုမောဖွယ်ရာကို ကြည့်ရမဲ့ အချိန်ပေါ့”

***

All Chapters