အပိုင်း (၁၂၃၃)
Vol. 83 Ch. 1233
အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ ကြယ်ကောင်းကင်ခံတပ်တွင် အသေးစိတ်ကျလှသော တာဝန်ဝတ္တရားများဖြင့် ခွဲခြားထား၏။ ကွမ်ကျူးနှင့် အဘိုးအိုတို့သည် ကြယ်ကောင်းကင်ခံတပ်၏ အဓိက ကင်းထောက်သည့်လူများ ဖြစ်ပြီး သတင်းအချက်အလက်များ စုံစမ်းသည့်နေရာတွင် တာဝန်ယူထားကြ၏။ ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် တပ်မှူးဆိုသည့် တာဝန်မှာတော့ အနည်းငယ်ပို၍ မြင့်မားသည်။ သူသည် အရှေ့မှ ရှေ့ပြေးတိုက်ခိုက်သူြဤတာဝန်ကို ထမ်းဆောင်သူများမှာ သေမျိုးစကြဝဠာထဲတွင် လှည့်လည်သွားလာရသည့် ကင်းသမား ဆယ့်နှစ်ယောက်တို့ပင်ဖြစ်သည်။ ၎င်းတို့သည် ကင်းစောင့်ရုံတင်သာမက လိုအပ်ပါက ဥပဒေနှင့် ငြိစွန်းသူများကို ဖမ်းဆီးရန် တာဝန်ကိုလည်း ယူထားရသေး၏။ စုစုပေါင်း ကင်းသမားသည် ဆယ့်နှစ်ယောက်တိတိရှိပြီး ၎င်းတို့သည် တစ်ယောက်ချင်း သွားလာလှုပ်ရှားရသည်ကို နှစ်သက်ကြ၏။ အထူးသဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းလှသည့် ဝတ်စား ဆင်ယင်မှုများကြောင့် ၎င်းတို့အား လွယ်လွယ်ကူကူဖြင့် သိမြင်နိုင်စွမ်း ရှိသည်။
ရှမ့်ယုဟန်သည် ဤလူများအား တစ်ခါမှတော့မမြင်ဖူးချေ။ သို့ပေမဲ့ ၎င်း၏ ဘိုးဘေးသည် ကင်းသမား ဆယ့်နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရသည်ဖြစ်ကြောင်းကိုတော့ သိရှိခဲ့၏။
“သူတို့က အရမ်းအားကောင်းတာလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ရှမ့်ယုဟန်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဒီလူတွေက တည်နေရာချိုးဖြတ်ခြင်း အလယ် အလတ်အဆင့်ကို ချိုးဖြတ်ရောက်ရှိနေတဲ့ လူတွေလို့ ပြောတယ်။ ဒီလိုလူတွေကသာလျှင် ကင်းသမားတာဝန်ကို ရယူဖို့ အရည်အချင်းရှိတယ်တဲ့”
“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသား ဖြစ်သွားမိ၏။ သေမျိုးလောကထဲတွင် တည်နေရာ ချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိခြင်းဆိုသည်မှာ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည့် အရည်အသွေးကို ပိုင်ဆိုင်ခြင်းပင်ဖြစ်တော့၏။ သို့ပေမဲ့ ထိုကဲ့သို့သော ဆရာကြီးများသည် ဤနေရာတွင် လာ၍ ကင်းသမား ပြုလုပ်နေကြ၏။
“သဲအိတ်တွေ တွေ့ပြီ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ... စိတ်လိုလက်ရသာ ထိုးတော့”
“..........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်သွားခဲ့၏။ အမှောင်နတ်ဆိုးဘုရင်သည်လည်း တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်၏ ထိပ်ဆုံးအဆင့်၌ ရှိသူ တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသာ မရှိပါက ကျိန်းသေပေါက် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ယခု အလွန်အားကောင်းလှသော ကင်းသမားတစ်ယောက်နှင့် ရင်ဆိုင်နေရပြီဖြစ်၏။ ထို့ကြောင့် စိတ်ထဲတွင် စနိုးစနှောင့်ဖြင့် ခံစားနေရ၏။ ထို့အပြင် ဤကဲ့သို့သောလူ ဆယ့်တစ်ယောက်ကလည်း ကျန်ရှိနေသေး၏။
“ကြယ်ကောင်းကင်ခံတပ်က တစ်ခုခုတော့ တစ်ခုခုပဲ”
ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်၏။ “ငါ့အနေနဲ့ တကယ့်ကို သတိထားမှ ဖြစ်မယ်”
မီးနှင့် မိစ္ဆာစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ပြီးသည့်နောက် နတ်ဘုရားလက်နက်ကိုလည်း အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ ကြယ်ကောင်းကင်ခံတပ်၏ ကင်းသမားတစ်ယောက်နှင့် ရင်ဆိုင်တွေ့သည့်အချိန်မှာတော့ သူသည် ချက်ချင်းပဲ သူ့ကိုသူ ထိန်းသိမ်းနေရသည်။ ကြီးမားသည့် လုပ်ငန်းကြီးကို မလုပ်ခင် အဆင်ခြင်မဲ့ လျှောက်ကာ ပြုလုပ်၍ မဖြစ်တော့ချေ။
“ရောင်းရင်း”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ရုတ်တရက်ကြီး ရပ်တန့်လိုက်တဲ့ အတွက် ဒေါသဖြစ်သွားတာပါ။ ဒါက မတော်တဆ ဖြစ်ရပ်ပါပဲ”
သူ၏ လေသံသည် အလွန်အမင်း ယဉ်ကျေးလျက် ရှိနေ၏။ သူသည် ကြောက်ရွံ့လွန်းသောကြောင့် မဟုတ်ပေ။ သူ့အနေနှင့် မလိုအပ်သည့်အချိန်တွင် အားအင်အဆင့်ကို ထုတ်ဖော်ပြီး ပြဿနာတက်စေမည့် အခြေအနေမျိုးကို မရောက်ရှိစေရန် ထိန်းသိမ်းထားခြင်းပင် ဖြစ်၏။
သက်လတ်ပိုင်းလူမှာ ဂရုမစိုက်ချေ။ ထိုအစား ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ကောင်လေး... မတော်တဆမှုတွေ ထပ်ဖြစ်လာနိုင်တယ်လေ။ ဒီတော့ ကြယ်ကောင်းကင်ခံတပ်ထဲကို ဝင်လာပြီဆိုတာနဲ့ အရှိန်ကိုလျော့ထား သင့်တယ်”
သူ့အနေနှင့် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ပြဿနာ လာရှာခြင်း မဟုတ်ပေ။ ကုန်းရှန့်အနေဖြင့် ရွက်သင်္ဘောကြီးကို မောင်းနှင့်သည့်နေရာတွင် အလွန်တရာ မြန်ဆန်နေသည့်အတွက် လာရောက်ကာ တားဆီးခြင်းပင် ဖြစ်တော့၏။
“ကျုပ်... ကြယ်ကောင်းကင်ခံတပ်ကို ရောက်ပြီလား” ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ ပြီးသည့် နောက်မှာတော့ ကြယ်မြေပုံကို ထုတ်ယူပြီးသည့်နောက် အတည်ပြုလိုက်၏။ ပြီးသည့်နောက်မှာတော့ အလောတကြီးဖြင့် တောင်းပန်လိုက်မိသည်။ “အရမ်းမြန်အောင် မောင်းလာမိတယ်။ ဂရုမစိုက်မိဘူး။ တောင်းပန် ပါတယ်”
ဤနေရာသည် တစ်ဖက်လူများ၏ တည်နေရာ အတောအတွင်းကို ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူတကယ် မသိခဲ့ချေ။ သို့ပေမဲ့ မြေပုံကို ထုတ်ယူပြီး ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အမှန်ပင် တခြားသူ၏ တည်နေရာထဲသို့ ရောက်ရှိနေသည်ဖြစ်ကြောင်းကို နားလည်သွားမိ၏။ ထို့ကြောင့် သူသည် မတော်တဆဖြင့် ဝင်ရောက်လာသည်ဖြစ်ကြောင်း တောင်းပန်နေခြင်းပင်ဖြစ်သည်။
ကင်းသမားသည် အသာပြောလိုက်တော့၏။ “မှတ်ထား။ သင်္ဘောတွေ မြန်မြန်ဆန်ဆန် မောင်းတယ်ဆိုတာ ကြယ်ကောင်းကင်ခံတပ်ကြီးရဲ့ တရားရေးရာကို နှောင့်ယှက်တာနဲ့ တူတူပဲ။ ဒီလိုကိစ္စမျိုးကို ထပ်လုပ်မယ်ဆိုရင် ကျိန်းသေပေါက် အပြစ်ပေးခံရလိမ့်မယ်”
“ကောင်းပါပြီ။ ကောင်းပါပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူ ငကြောက်လို လုပ်နေတာကို ပထမဦးဆုံး မြင်ရတာပဲ”
“မင်း ဘာမှ မသိပါဘူး”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ အော်လိုက်မိ၏။ “ငါက ဒီလို အနိုင်ကျင့် ခံရမှုမျိုးကို အောင့်အီး သည်းခံနေခဲ့တာ ကြယ်ကောင်းကင်ခံတပ်ထဲကို အရင်ဆုံးဝင်ရောက်ချင်လို့ပဲ”
တစ်ဖက်သည် သာမန်အဖွဲ့အစည်းလေးသာ ဖြစ်သည်ဆိုပါက သူသည် ရင်ဆိုင်တွေ့သမျှလူတိုင်းအား ဘာတစ်ခုမှ စိုးရိမ်မှုမရှိဘဲ သတ်ဖြတ်မိသွားမှာ သေချာ၏။ သို့ပေမဲ့ ကြယ်ကောင်းကင်ခံတပ်ဆိုသည်မှာ သာမန် အဖွဲ့အစည်းလေးတစ်ခု မဟုတ်ချေ။ တဖက်လူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မည်ဆိုပါက ဖြစ်ပေါ်လာ နိုင်သည့် အကျိုးဆက်များသည် နောက်ဆက်တွဲ ရှည်လျားလွန်းလှ၏။ ထို့အပြင် လက်ရှိအခြေအနေကို သုံးသပ် ရမည်ဆိုလျှင် တစ်ဖက်လူသည် သူမည်သူဖြစ်ကြောင်းကို သေသေချာချာ မသိသေးချေ။
စကြဝဠာလူဆိုးကြီးများအား သတ်ဖြတ်ပစ်သည်ဟုသာ သိမည်ဆိုပါက ကျိန်းသေပေါက် စတင်ကာ တိုက်ခိုက်မှာ သေချာ၏။ ထို့ကြောင့် ဤအရာသည် လောလောဆယ် အခွင့်အရေးတစ်ခုအဖြစ် တည်ရှိနေခဲ့၏။ သူ မည်သူ ဖြစ်သည်ကို တစ်ဖက်လူများ မသိရှိခြင်းသည် ကြယ်ကောင်းကင်ခံတပ်ထဲသို့ ဝင်ရောက်၍ ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်များကို စုံစမ်းစစ်ဆေးနိုင်ရန် အခွင့်အရေးပင် ဖြစ်တော့သည်။
ပြီးသည့်နောက် သိုင်းအင်ပါယာကိုးယောက်ကို ကယ်တင်ရပေလိမ့်မည်။ အခြေအနေသာ ပေးသည်ဆိုပါက ကြယ်ကောင်းကင်ခံတပ် အလုပ်များသွားစေရန် ငရဲကြီးကိုးထပ်ရှိ လူများအားလုံးကို လွှတ်ပေးရန်လည်း စီစဉ်ထား၏။
ကျွင်းချောင်ရှောင်းသည် ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ အချိန်အတိုင်းအတာတိုအတွင်း ပြည့်စုံလှသည့် အကြံအစည်များကို ပြုလုပ်ရန် စဉ်းစားထားသေကြောင့်ပင် ဖြစ်လေသည်။
ကင်းသမားသည် အသာလမ်းဖွင့်ပေးကာ လမ်းဖွင့်၍ မောင်းပေးလိုက်၏။ “ဆက်သွားတော့”
“ကျေးဇူးတင်ပါတယ်” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ပြီးသည့်နောက် ရှေးသင်္ဘောကြီးအား ရှေ့ဆီသို့ လှမ်းတက်လိုက်တော့၏။ တစ်ဖက်လူနှင့် ခပ်ဝေးဝေးဆီသို့ ရောက်ရှိသည့် အချိန်မှပင် သူသည် အသက်ကို ခပ်ပြင်းပြင်းချလိုက်မိ၏။ သူ့အနေနှင့် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အမှန်ပင် တိုက်ခိုက်ချင်မိ၏။ ထိုမှသာလျှင် သူ၏ လက်ရှိ တိုက်ခိုက်ရေးအားအင်ကို စမ်းသပ်နိုင်မှာဖြစ်သည်။ သို့ပေမဲ့ ကြယ်ကောင်းကင်ခံတပ်၏ တည်နေရာထဲသို့ ရောက်ရှိနေသည်ဆိုမှတော့ အမှားအယွင်းများကို မပြုလုပ်မိအောင် ရှောင်ရှားမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏ ဖြစ်ပေါ်လာသည့် အတွေးများကို အတင်းဖိနှိပ်ထားခြင်းသာ ဖြစ်၏။
“စုံစမ်းစစ်ဆေးမှုက အရေးကြီးတယ်။ ဒါမှ လူတွေကို ကယ်တင်နိုင်မှာလေ” ရွက်သင်္ဘောကြီး၏ အရှေ့တွင် ရပ်လျက် ရှိသော ကျွင်းချောင်ရှောင်းသည် သူ၏ အဆုံးစွန်အထိ အရှက်မဲ့လှသော မျက်နှာသွင်ပြင်ကို ထုတ်ဖော် ပြသလျက် ရှိနေတော့သည်။
စနစ်က ပြောလိုက်၏။ “ဒါ ဂုဏ်သိက္ခာတွေကို ဂရုစိုက်တတ်တဲ့ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်မျိုးပေါ့”
“ရွက်သင်္ဘောကို ရပ်လိုက်စမ်း”
ရုတ်တရက် အော်သံတစ်ခုသည် သူ၏အနောက်ဘက်ဆီမှ ပေါ်ပေါက်လာ၏။ ကင်းသမားသည် ၎င်း၏ ရွက်လှေကြီးကို မောင်းနှင်လာပြီးသည့်နောက် သူ၏နောက်သို့ လိုက်ပါလာသည်။
ကျွင်းချောင်ရှောင်းသည် ရပ်တန့်လိုက်ပြီးသည့်နောက် ဇဝေဇဝါ အမူအရာဖြင့် မေးလိုက်မိ၏။ “ကျုပ် အရှိန်များ သွားတယ်လို့ မထင်မိပါဘူး”
“ကောင်လေး”
ကင်းသမားသည် လေးနက်သည့်အသံဖြင့် ပြောလိုက်၏။ “မင်းမှာ ကြယ်ကောင်းကင်မြေပုံ ရှိနေပြီ ဆိုမှတော့ မင်းက ကြယ်ကောင်းကင်ခံတပ်ရဲ့ ဒုတိယတန်းစား ဧည့်သည်ပဲ။ ဒီတော့ မင်းရဲ့ တည်ရှိမှုကို ငါ့အနေနဲ့ စစ်ဆေးဖို့ လိုတယ်”
ကျွင်းချောင်ရှောင်းသည် ကြယ်ကောင်းကင်မြေပုံအား ထုတ်ယူလိုက်၏။ ထိုအရာသည် လူဆိုးကြီးငါးဦးဆီမှ သူ သေချာရယူထားသည့် အရာများဖြစ်၏။ ကျွင်းချောင်ရှောင်းက ပြောလိုက်မိ၏။ “ဒါကို သေချာပြဖို့ မေ့သွားလို့ပါ”
“ကဲ ဒါဆိုလည်း ထုတ်ပေးတော့” ကင်းသမားသည် ထပ်မံကာ အော်ဟစ်လိုက်၏။ တစ်နှစ်ပတ်လုံး တည်နေရာ ထဲတွင် ကင်းလှည့်နေသူတစ်ယောက် ဖြစ်သည်မို့ ကြယ်ကောင်းကင်ခံတပ်ထဲသို့ ခိုးဝင်လာတတ်သည့် သိုင်းကျင့်ကြံသူ အများအပြားကို သူသိရှိပြီးဖြစ်၏။ ထို့အပြင် ဤကဲ့သို့ တရားမဝင် ဝင်ရောက်သူကို သိရှိသည် ဆိုပါက ကျိန်းသေပေါက် ဖမ်းဆီးရတော့မှာဖြစ်သည်။
“..........”
ကျွင်းချောင်ရှောင်းသည် အနည်းငယ် မျက်မှောင်ကုတ်မိသွား၏။ သူ၏ စိတ်ထဲတွင်တော့ တိုက်ပွဲ၏ စစ်စည်၊ စစ်မောင်းအသံကိုပင် ကြားလာရ၏။
“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ပြီးသည့်နောက် မှာတော့ ကြယ်မြေပုံအား လှမ်း၍ ပစ်ပေးလိုက်သည်။
ကင်းသမားသည် ဖမ်းယူပြီးသည့်နောက်မှာတော့ သေသေချာချာ စစ်ဆေးလိုက်၏။ ထိုကြယ်မြေပုံ၏နောက်တွင် ဒုတိယတန်းစားဧည့်သည်ဟူသည့် စာတမ်းကို ရေးထိုးထားခဲ့၏။ ထို့အပြင် ထူးဆန်းသည့် ပုံပန်းသွင်ပြင်မျိုးလည်း ရေးထိုးထားခဲ့သည်။ လက်ရာမှာ အလွန်ပင် သေသပ်လှ၏။
ရှမ့်ယုဟန်သည် အံ့အားတသင့်ဖြင့် တွေးလိုက်မိ၏။ “ဂိုဏ်းချုပ်... ဒီအရာကို ဘယ်လိုလုပ်ယူလာတာလဲ မသိဘူး”
ကြယ်ကောင်းကင်ခံတပ်သည့် သတ်မှတ်ထားသည့်အချိန်ကာလတစ်ခုရောက်တိုင်း ဧည့်သည်များကို ပြန်လည် ခေါ်ယူလေ့ရှိသည်။ ထိုကဲ့သို့သော နေထိုင်ခွင့်ကို ရရှိသည့်သူများသည် ပိုက်ဆံရှိရုံသာ မဟုတ်ပေ။ အရည်အချင်းကလည်း ရှိမှဖြစ်မည်။ ထို့ကြောင့် ဒုတိယတန်းစား ဧည့်သည်မပြောနှင့် တတိယတန်းစားဧည့်သည် တစ်ယောက်ဖြစ်လာဖို့ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလွန်းလှသည်။
စကြဝဠာ၏ လူဆိုးကြီးငါးဦးတို့သည် တတိယတန်းစားဧည့်သည့်အဖြစ်မှသည် ဒုတိယတန်းစားဧည့်သည့် အဖြစ်သို့ ရောက်ရှိရန်အတွက် မှောင်ခိုနည်းလမ်းများကို အသုံးပြုကာ ကြိုးစားခဲ့ရခြင်းပင်ဖြစ်၏။ ထို့ကြောင့် အရင်းအမြစ် အများအပြားကိုလည်း သုံးဖြုန်းခဲ့ရသည်။ ဖြစ်စဉ်တစ်ခုလုံးသည် စာအုပ်တစ်အုပ် ထုတ်ဖော်၍ ရေးရလောက်အောင် ခက်ခဲလွန်းလှ၏။
ကျွင်းချောင်ရှောင်းမှာတော့ တစ်ဖက်လူများဆီမှ သေသေချာချာ သိမ်းဆည်းလာခဲ့သည်ဖြစ်သောကြောင့် လွယ်လွယ်ကူကူပင် ထုတ်ပေးနိုင်စွမ်း ရှိနေတော့သည်။
သူသည် သေသေချာချာ တောင်းလာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အမှန်တကယ်တမ်းမှာတော့ လုယူလာခဲ့ခြင်းသာဖြစ်သည်။ ပြီးသည့်နောက်မှာတော့ ဝိညာဉ်အသိအမှတ်ပြုခတ်နှိပ်ထားသော ဆံပင်ဖြူနှင့် အဘိုးအို၏ အမှတ်အသားအား အတင်းဖယ်ရှားပြီးသည့်နောက်မှာတော့ သူသည် သူ၏ဝိညာဉ်ဖိနှိပ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
စမ်းသပ်စစ်ဆေးမှုကို အတည်ပြုပြီးသည့်နောက် ကင်းသမားသည် ထိုအရာကို ပြန်လည်ပစ်ပေးကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ကြယ်ကောင်းကင်ခံတပ်ရဲ့ ဧည့်သည်တစ်ယောက်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို သတိထားသင့်တယ်။ နောက်တစ်ကြိမ် အရှိန်မြန်ပြီး မောင်းမယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်”
“ခံတပ်ထဲကို အခုမှ ပြန်ရောက်တာမို့ စည်းမျဉ်းစည်းကမ်းတွေကို မေ့သွားတာပါ။ နောက်ထပ် ထပ်မလုပ်တော့ပါဘူး” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ သူထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူ၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ မျက်နှာပေါ်တွင်တော့ အဆုံးမဲ့သည့် ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။
“ချီးတဲ့မှ... ငါ့ကို ဒီလိုမျိုး ဆက်ဆံခဲ့တာပေါ့” သူသည် ပြုလုပ်ရမည့် လုပ်ငန်းစဉ်ကြီး အကြောင်းကို စဉ်းစားထားသည် မဟုတ်ပါက အဆုံးစွန်အထိ တိုက်ခိုက်မိမှာ သေချာ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူနဲ့ သေခါနီး စကားတွေများတတ်တဲ့ ဗီလိန်တစ်ယောက်နဲ့ ဘာထူးလို့လဲ။ ကြိမ်းဝါးနေတာနဲ့တင် ပြီးသွားတာပဲ”