← Chapters

အပိုင်း (၁၂၃၆)

Vol. 83 Ch. 1236

အပိုင်း (၁၂၃၆)

Vol. 83 Ch. 1236

စားသောက်ခန်း၏ အဝင်ဝတွင်တော့ ဖုန်များသည် နေရာအနှံ့ပျံ့နှံ့လျက်ရှိနေ၏။ စိတ်ဝိညာဉ်စွမ်းအင်များသည် လည်း တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့လျက်ရှိ၏။

ရှမ့်ယုဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အံ့အားသင့်လျက် ရှိနေ၏။ သူ၏ မြင်ကွင်းထဲတွင်တော့ ဂိုဏ်းချုပ်သည် သူ့အား နောက်ကျောပေးကာ ရပ်လျက် ရှိနေ၏။ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော ဒေါသတရားများနှင့် စိတ်ဝိညာဉ်စွမ်းအင်များသည် ရူးသွပ်သွားသော နတ်ဆိုးတစ်ပါးကဲ့သို့ပင်။

ချက်ချင်းဆိုသလိုပဲ ရှမ့်ယုဟန်သည် ဂိုဏ်းချုပ်တစ်ယောက် လှုပ်ရှားတိုက်ခိုက်လိုက်ပြီဖြစ်ကြောင်း နားလည် လိုက်ပြီဖြစ်၏။ စားသောက်ခန်းထဲတွင် ရှိနေသော စားပွဲနှင့် ပစ္စည်းပစ္စယများ အားလုံးကို လွှင့်စင်သွားစေခဲ့ တော့၏။

ဝှစ် ဝှစ်

လေအေးများ တိုက်ခတ်ပြီးသည့်နောက် ဖုန်များသည် ပြန်လည် ငြိမ်သက်သွား၏။ ရှမ့်ယုဟန်၏ မျက်လုံးများသည် အပြူးသား ဖြစ်လို့နေသည်။ စားသောက်ခန်း၏ အဝင်ဝ တည်နေရာကြီးတစ်ခုလုံးသည် ပြိုလဲလျက် ရှိနေပြီး နံရံများတွင်လည်း အပေါက်ကြီးတစ်ခုက ဖြစ်တည်နေခဲ့၏။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မြောက်ပိုင်းမြို့၏ မြို့နံရံကြီးတစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။ ထိုတည်နေရာသည် အလွန်တရာ မာကျောလွန်းလှသည် ဆိုသော်လည်း လက်ရှိအခြေအနေမှာတော့ အက်ကွဲကြောင်းများ ဖြစ်တည်နေပြီး ပင့်ကူမျှင်များကဲ့သို့ပင် ပုံပေါ်နေလေသည်။

ဂလု …..။

ရှမ့်ယုဟန်သည် တံတွေးကို မျိုချပြီးသည့်နောက် စိတ်ထဲမှာ ကြိတ်ကာပြောလိုက်၏။ တစ်စုံတစ်ခု ကြီးကြီး ကျယ်ကျယ် ဖြစ်ပြီပဲ။

သူဘာကို ဆိုလိုသနည်း။ ဂိုဏ်းချုပ်ကို အကြိမ်ပေါင်းများစွာ ရန်စလျက် ရှိနေသော မျက်နှာပေါက်ဆိုးဆိုးနှင့် လူသည် လက်ရှိအချိန်မှာတော့ မြို့၏နံရံထဲ နစ်ဝင်လျက် ရှိနေ၏။ ၎င်း၏ ရင်ဘတ်ပေါ်တွင် ကြီးမားသည့် ဒဏ်ရာကြီးတစ်ခု တည်ရှိနေပြီး သေမလို အခြေအနေသို့ပင်ရောက်ရှိနေ၏။ ဂိုဏ်းချုပ်၏ လက်သီးချက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

စကြဝဠာတည်နေရာကြီးထဲတွင် တိုက်ခိုက်သည်ဆိုပါက ဤအရာသည် ပြဿနာကြီးတစ်ခု မဟုတ်ပေ။ သို့ပေမဲ့ ကြယ်ကောင်းကင်ခံတပ်ထဲတွင်တော့ သိုင်းပညာရှင်များတိုက်ခိုက်ခြင်းကို တားမြစ်ထား၏။

ရှမ့်ယုဟန် သည် ရှေ့သို့ ပြေးထွက်သွားချင်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ သတိပေးသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ ငါ နားလည်ပြီ။ ဂိုဏ်းချုပ်က တိုက်ခိုက်တော့မှာမို့လို့ ငါ့ကို အပြင်ဘက်မှာ ဘာဖြစ်ဖြစ် ထွက်မလာဖို့ ပြောခဲ့တာကိုး။

..................

ရှမ့်ယုဟန် စားသောက်ခန်းထဲသို့ ဝင်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ အခန်းတံခါးဝဆီသို့ သွားလိုက်၏။ မျက်နှာပေါက်ဆိုးဆိုးနှင့် အဘိုးအိုသည် လက်ပိုက် ခေါင်းမော့ကာ မထိတထိဖြင့်ပြောလိုက်၏။ “အမှိုက်လေး... မင်း ငါပြောခဲ့တာကို မေ့သွားပြီလား”

“ဘာပြောခဲ့တာလဲ”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို မော့ကာပြောလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ မည်သည့် ခံစားချက်မှ မရှိချေ။ ဤနေရာတွင် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောတပည့်များသာ တည်ရှိမည် ဆိုပါက ဂိုဏ်းချုပ်သည် ပိုးစိုးပက်စက် ကြမ်းတမ်းတော့မည်ဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိမှာ‌ သေချာသည်။ “အစ်ကိုကြီး... ခင်ဗျားကတော့ ကံဆိုးပြီပဲ”

သို့ပေမဲ့ ဤမျက်နှာပေါက်ဆိုးဆိုးနှင့်လူသည် နားလည်မှု မရှိပေ။ ထို့ကြောင့် အေးစက်စက် ပြောလိုက်၏။ “မင်း ငါ့ကိုတွေ့တယ်ဆိုလို့ရှိရင် ဘိုးဘိုးကိုတွေ့တဲ့ မြေးလိုမျိုး ရှောင်ထွက်သွားရမှာ မဟုတ်လား”

သူသည် ဘေးတစ်ဖက် ဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “အခု ဘေးတစ်ဖက်ကသွား။ မင်းအခန်းထဲကို ဝင်ချင်ရင် နောက်ပေါက်ကနေဝင်တော့”

မြို့ထဲသို့ မဝင်ခင်တွင် ကျွင်းချောင်ရှောင်းသည် ခဏတာ ရပ်တန့်လိုက်၏။ ထို့ကြောင့် သူ့အား အနည်းငယ် နှောင့်နှေးမှုကို ဖြစ်ပေါ်စေခဲ့၏။ ထို့ကြောင့်ပင် သူသည် ကျွင်းချောင်ရှောင်းအား အငြိုးအတေးထားရှိခဲ့ခြင်းပင် ဖြစ်သည်။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အလွန်တရာ ကံဆိုးလွန်းလှ၏။

“အင်း” ကုန်းရှန့်သည် ပြန်လည် တုန့်ပြန်လိုက်၏။ သို့ပေမဲ့ သူသည် ဘေးတစ်ဖက်ဆီသို့ ရှောင်သွားခြင်း မဟုတ်ဘဲ ရှေ့တည့်တည့်ဆီသို့ ဆက်ကာ တိုးလိုက်ခြင်းပင်။

“အမ်”

မျက်နှာပေါက်ဆိုးဆိုးနှင့် အဘိုးအိုသည် အနည်းငယ်တော့ အံ့အားသင့်မိသွား၏။ သူသည် သေသေချာချာ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပြီဖြစ်တော့၏။ သို့ပေမဲ့ တစ်ဖက်လူသည် မကြားချင်ဟန်ဆောင်ကာဖြင့် ရှေ့တံခါးဆီမှ လှမ်းတက်ရန် နည်းလမ်းကိုသာ ရွေးချယ်ခဲ့၏။ “အမှိုက်လေး... မင်း...”

ဟူး

မျက်နှာပေါက်ဆိုးဆိုးနှင့်လူသည် ပါးစပ်ကိုဟ၍ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည့်အချိန်မှာပဲ သူ့ရှေ့ဆီသို့ လှမ်းလျှောက်လာလျက်ရှိသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သူ၏ ဦးခေါင်းကို မော့လိုက်၏။ မျက်လုံးထဲတွင်တော့ ကြောက်မက်ဖွယ်ရာကောင်းလှသော ဒေါသတရားများ ဖြစ်တည်နေပြီး ထိုဒေါသတရားများပါဝင်လျက် ရှိနေသော အကြည့်သည် သူ၏မွှေးညှင်းများကိုပင် ထောင်ထသွားစေခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် လက်သီးထိုးနှက်ချက် တစ်ခုကို ခံယူခဲ့ရသည်။

မြေးတစ်ယောက်ကဲ့သို့ ဆက်ဆံရမည် ဟုတ်လား။ သူသည် ပစ္စည်းပစ္စယများကို အရင်ဆုံး ဝယ်ယူချင်နေ၏။ ထို့ကြောင့်သာလျှင် အရာအားလုံးကို သည်းခံနေခြင်းသာဖြစ်သည်။ လက်ရှိပစ္စည်းများကို ဝယ်ယူပြီးပြီ ဖြစ်သောကြောင့် ဆက်လက်ကာ ရန်စမည်ဆိုပါက သေလမ်းရှာနေခြင်းပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း အနေဖြင့် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု ဘယ်သောအခါကမှ မသတ်မှတ်ခဲ့ချေ။ တစ်စုံတစ်ယောက်သည် သူ့အား ရန်စနှောက်ယှက်သည်ဆိုပါက ကောင်းကင်နှင့်မြေကြီး၏ မည်သည့် နေရာ၌ ရှိသည်ဖြစ်ဖြစ် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

ဘုန်း

လက်သီးတစ်ချက်။

လက်သီးတစ်ချက်တည်းသာ ထိုးနှက်ခဲ့ခြင်းဖြစ်သည်။ မျက်နှာပေါက်ဆိုးဆိုးနှင့် အဘိုးကြီး၏ ကျင့်ကြံခြင်းသည် မဆိုးလှချေ။ သို့ပေမဲ့ တစ်ဖက်လူသည် ဤခံတပ်ထဲတွင် တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ရင်အုံကို ထိုးနှက်ခံခဲ့ရခြင်းပင် ဖြစ်တော့၏။ ဤလက်သီးကို ခံယူပြီးသည့်နောက်မှာတော့ သူသည် ဝင်ပေါက်တံခါးဝဆီမှ နံရံများကို ဖောက်ထွင်းကာဖြင့် မြို့ရိုးနံရံထဲတွင် နစ်မြှုပ်လျက် ရှိနေ၏။

“ငါ့ကောင် ပြန်လာပြီပဲ”

စနစ်က ပြောလိုက်သည်။ ဤအရာသည် လက်ခံသူသာ ဖြစ်တော့၏။ အထက်နယ်မြေမှ မိုးကြိုးကပ်ဘေးကြီးကိုပင် မျက်နှာနှင့် ခုခံရဲသည့် သူ၏ လက်ခံသူပင် ဖြစ်တော့သည်။

..................

သူ့အား ပစ်မှတ်ထားလျက်ရှိသော မျက်နှာပေါက်ဆိုးဆိုး၏ အဘိုးကြီးအား တိုက်ခိုက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တည်နေရာမှာတင် မတ်တပ်ရပ်လျက်ရှိနေ၏။ သူ၏ မျက်နှာသွင်ပြင်သည် ခံစားချက် ကင်းမဲ့နေ၏။

သို့ပေမဲ့ အနားပတ်ဝန်းကျင်တွင် တည်ရှိလျက်ရှိနေသော သိုင်းကျင့်ကြံသူများသည် ဆွံ့အလျက် ရှိနေကြ၏။ ဤကြည့်ကောင်းပုံပေါ်သော လူငယ်လေးသည် အစစ်အမှန်ပင် ခံတပ်၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရဲလျက် ရှိနေ၏။ ၎င်းသည် မြို့ထဲ၌ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လျက်ရှိနေ၏။

တစ်ဖက်လူသည် သေဆုံးလုမတတ်ပင် ဖြစ်နေသည်။ ဤအရာသည် ခွင့်လွှတ်ပေးလို့မရသော မှုခင်းဖြစ်ရပ်ပင် ဖြစ်လေသည်။

အထူးသဖြင့် ကျွင်းချောင်ရှောင်းအား မေးခွန်းထုတ်လျက်ရှိနေသော စားသောက်သူများ အားလုံးသည် ဤမြင်ကွင်းကို မျက်မြင်တွေ့ရပြီးသည့်နောက်မှာတော့ မျက်လုံးအပြူးသား ဖြစ်နေတော့၏။

“ကောင်းကင်ဘုံ... ဒီကောင်လေးက ငကြောက် မဟုတ်ဘူးပဲ။ ကြမ်းတမ်းချင်တဲ့အချိန်မှာ ဘယ်အရာကိုမှ ဂရုမစိုက်တတ်တဲ့ တကယ့်ကို လူကြမ်းတစ်ယောက်ပါလား”

စိတ်ဝိညာဉ်စွမ်းအင်များ၏ ပေါက်ကွဲမှုသည် ပြင်းထန်လွန်းသောကြောင့် မြောက်ပိုင်းခရိုင်တစ်ဝက်လုံးနီးပါး တွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် အဖြစ်အပျက်ကို တစ်ခါတည်း သတိပြုမိလိုက်ကြ၏။ ပျက်စီး နေသော အဆောက်အဦနှင့် ဂုဏ်ယူစွာ မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းကို မြင်ရသည့်အချိန်မှာ တော့ သူတို့သည် မယုံကြည်နိုင်သလို ဖြစ်နေသည်။

“သူကတော့ သွားပြီပဲ”

“ခံတပ်ထဲမှာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရဲတယ်ပေါ့”

“ဒါက ကျိန်းသေပေါက် ပြင်းထန်တဲ့ အပြစ်ပဲ။ မြို့ထဲမှာရှိတဲ့ တရားရေးရာ လူတွေက မကြာခင် ရောက်လာ လိမ့်မယ်”

လူအများ၏ ပြောဆိုနေမှုကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်သည် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ မျက်နှာပေါက်ဆိုးဆိုးနှင့် အဘိုးအိုအား နှိပ်စက်ထိုးနှက်ရခြင်းသည် ကောင်းမွန်သည့် ခံစားချက် များကို ပြန်လည်ရရှိစေ၏။

ဆွစ် ဆွစ်

ခဏအတွင်းမှာပဲ ချပ်ဝတ်အပြည့်အစုံကို ဝတ်ဆင်ထားသော စစ်သည်များသည် လမ်း၏ ဘေးတစ်ဖက်တစ်ချက် ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ဝိုင်းရံထားသည်။ ၎င်းတို့သည် ခါးတွင်ချိတ်ထား‌သော လက်နက်များ အားလုံးကို ဆွဲထုတ်လိုက်ပြီးသည့်နောက် အော်ဟစ်လိုက်ကြ၏။ “မလှုပ်နဲ့”

ကုန်းရှန့်သည် ထိုသူတို့၏ စကားအတိုင်း လိုက်လျောပြီးသည့်နောက် လက်ကို မြှောက်ကာဖြင့် အသာ ဘေးတစ်ဖက်သို့ လှည့်လိုက်သည်။

မြောက်ပိုင်းမြို့၏ လုံခြုံရေးတပ်ဖွဲ့မှူးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ခံတပ်ထဲမှာ တိုက်ခိုက်တယ်ဆိုတာ စည်းမျဉ်းစည်းကမ်းကို ချိုးဖြတ်တာပဲ။ သူ့ကို ဖမ်းချုပ်လိုက်ကြ”

“ကောင်းပါပြီ” စစ်သည် တစ်ဒါဇင်ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာကြသည်။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

အလွန်မာကျောလွန်းသော သံမဏိချိန်းကြိုးများသည် ကျွင်းချောင်ရှေင်း၏ လက်ကောက်ဝတ်ကို ချုပ်နှောင် လိုက်၏။

သူသည် တစ်ချက်ကလေးမှ မငြင်းဆန်ချေ။ စောနတုန်းက မောက်မာလျက်ရှိသည့် သွင်ပြင်အမူအယာ များသည် ပျောက်ကွယ်သွားပြီး ယခုအချိန်မှာတော့အပြစ်ကင်းစင်လွန်းသော ကလေးလေး တစ်ယောက်ကဲ့သို့ပြောင်းလဲနေသည်။

“ဂိုဏ်းချုပ်”

စားသောက်ခန်း၏ အဝင်ဝတွင် မတ်တပ်ရပ်လျက်ရှိသော ရှမ့်ယုဟန်သည် ဂိုဏ်းချုပ်တစ်ယောက် ဖမ်းဆီးခံလိုက်ရသည်ကို မြင်ရသည့်အချိန်မှာတော့ အရှေ့ဆီသို့ လှမ်းတက်သွားချင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ သတိပေးစကားကို ပြန်လည်ကြားလိုက်သည့် အချိန်မှာတော့ သူ၏ ဖြစ်စေချင်သော အတွေးများကို ဖိနှိပ်လိုက် တော့သည်။

“သူ့ကို ခေါ်သွားတော့” လုံခြုံရေးတပ်မှူးက အော်ဟစ်လိုက်၏။

ဖြောက် ဖြောက် ဖြောက်

ကျွင်းချောင်ရှောင်းသည် အပြစ်သားတစ်ယောက်ကဲ့သို့ လူအများ၏ ရှေ့မှာပင် ဆွဲယူခေါ်ဆောင်ခြင်းကို ခံခဲ့ရ၏။

အထူးသဖြင့် ဤကောင်လေး၏ မျက်နှာပေါ်ရှိ မောက်မာသည့်အပြုံးများအစား အပြစ်ကင်းစင်သည့်အပြုံးအဖြစ်ချက်ချင်း ပြောင်းလဲသွားခဲ့သည်ကို မြင်ချိန်မှာတော့ သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားစေသည်။

“ကြယ်ကောင်းကင်ခံတပ်မှာ ငရဲကြီးကိုးထပ် ရှိတယ်တဲ့။ ဒီကောင်လေးက ပြစ်မှုကို ပြုလုပ်ထားပြီဆိုမှတော့ အဲမှာ ချုပ်နှောင်ခံထားရမှာပဲ။ ဒါပေမဲ့ ပြုံးနေနိုင်သေးတယ်။ ကြည့်ရတာ တကယ့်ကို လူကြမ်းတစ်ယောက်ပဲ”

“ဟို လွှင့်စင်သွားတဲ့ လူတစ်ယောက်အကြောင်းကို ငါ ကောင်းကောင်းသိတယ်။ သူက သံမဏိသိမ်းငှက် ကုန်းမြေတိုက်ကလေ။ သူက စိတ်တိုတတ်ပြီး ကြမ်းတမ်းတဲ့ စရိုက်ရှိတယ်။ အခု သူက ဒီလိုအခြေအနေမျိုး ဖြစ်သွားပြီ။ သူ့ရဲ့ သိုင်းကျင့်ကြံခြင်းအဆင့်ကလည်း ကျိန်းသေပေါက် ရပ်တန့်သွားလိမ့်မယ်”

လူများအားလုံးသည် ဆွေးနွေးလျက် ရှိနေသေး၏။ သို့ပေမဲ့ မြို့၏လုံခြုံရေးသည် ပျက်စီးသွားသည့် တည်နေရာ များကို လာရောက်ရှင်းလင်းသည့်အချိန်မှာတော့ လူများအားလုံးသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ် သွားကြ၏။

“ငါဘာလုပ်ရမလဲ”

ရှမ့်ယုဟန်သည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေသည်။ ဂိုဏ်းချုပ်သည် သူ့အား ထွက်မလာရန် မှာကြားခဲ့သည်ဆိုသော်လည်း တပည့်တစ်ယောက်အနေဖြင့် ဂိုဏ်းချုပ်တစ်ယောက် ထောင်ထဲသို့ ရောက်ရှိသွားသည်ကို မည်ကဲ့သို့ ဆက်လက်ကာ ကြည့်ရှုနေရမည်နည်း။

“ဂိုဏ်းချုပ်”

ရှမ့်ယုဟန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ပြစ်မှုလျော့ကျစေဖို့ တစ်စုံတစ်ယောက်ကို ကျွန်တော် ကျိန်းသေပေါက် သွားရှာမယ်”

.......

ကျွီ

နက်မှောင်နေသော အခန်းလေးထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ခြေထိပ်၊ လက်ထိပ်များနှင့်အတူ အထဲသို့ လျှောက်ဝင်လာခဲ့သည်။ ဤနေရာသည် အကျဉ်းထောင်တစ်ခု မဟုတ်ပေ။ ခဏတာ စစ်ဆေးရေး အခန်းတစ်ခုသာ ဖြစ်တော့၏။ ကြယ်ကောင်းကင်ခံတပ်တွင် တရားရေးရာ ဌာနတစ်ခုလည်း တည်ရှိနေ၏။ ပြစ်မှုများကို သေသေချာချာ သုံးသပ်ပြီးသည့်နောက်မှာတော့ မည်သည့်နေရာတွင် ချုပ်နှောင်ထားမည်ကို ဆုံးဖြတ်ပေးသည့်နေရာလည်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စစ်သည်နှစ်ယောက် ခြံရံပြီး ဖမ်းချုပ်ခြင်းကို ခံထားရပြီးနောက်သူသည် နှစ်နာရီတိတိ ဤနေရာထဲတွင် ထိုင်လျက်ရှိနေ၏။

အခန်းထဲတွင်တော့ အလွန်တရာ ယဉ်ကျေးသိမ်မွေ့ပုံပေါက်သော သက်လတ်ပိုင်းလူ တစ်ယောက် ရောက်ရှိလာပြီး စုတ်တံနှင့် စာရွက်များ တည်ရှိနေသည့် စားပွဲတစ်လုံး၏ အနောက်တွင် ထိုင်ကာ ပြောလိုက်၏။

“မင်းက ကြယ်ကောင်းကင်ခံတပ်ထဲမှာ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ သိုင်းပညာရှင်တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေတယ်လေ။ ဒီတော့ မင်းရဲ့အပြစ်ကို ဝန်ခံရဲ့လား”

“ဝန်ခံပါတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“……”

သက်လတ်ပိုင်းလူသည် ဆွံ့အသွားမိ၏။ သူသည် များပြားလှသောအပြစ်သားများကို စစ်ဆေးသုံးသပ်ရမည့် လူတစ်ယောက်ဖြစ်ခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့ တစ်ခါတည်း ဝန်ခံလိုက်သည့် လူတစ်ယောက်ကိုတော့ ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်လေသည်။

All Chapters