← Chapters

တစ်သက်လုံး သတိထားနေပါ

Vol. 15 Ch. 211

တစ်သက်လုံး သတိထားနေပါ

Vol. 15 Ch. 211

လောင်းကစားအိမ်များရှိ ကုန်သည်များသည် အပြင်ပန်းက လူသားတွေလို့သာ မြင်​နေရသော်လည်း သူတို့ရဲ့ စိတ်ဝိညာဉ်များက ထူးထူးဆန်းဆန်း​တွေ ဖြစ်သည်။

နောက်ထပ် လောင်းကစားစားပွဲရှိ ဒိုင်တစ်ယောက်ဆိုလျှင် စိမ်းပြာရောင် အ၀တ်အစားများ ၀တ်ဆင်ထားသည့် လူခန္ဓာကိုယ်နှင့် ကြက်ခေါင်းတစ်လုံး ရှိနေတာ ချန်ရှီ မြင်လိုက်ရသည်။ ကြက်၏ ဦးခေါင်းနောက်တွင် အနီအဝါ ခြယ်ထားသော ပန်းတွေရှိသည်။ ကြက်ဦးခေါင်းနှင့် လူ့ခန္ဓာကိုယ်သည် ရှည်လျားသော ကြက်အမွေးများက တွဲလောင်းကျနေ၏။

ချန်ရှီ အခြား လောင်းကစား စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ဤစားပွဲရှိ ဒိုင်လူကြီးကတော့ ပိုးဖလံတစ်ကောင် ဖြစ်ပါ၏။ မီးခိုးရောင် ခေါင်းပေါ်တွင် ယပ်တောင်ပုံ အမွေးထူထူများရှိကာ သိမ်းငှက်ပိုးဖလံကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။ မီးခိုးရောင်-အနက်ရောင် တာအို ၀တ်စုံကို ရွှေရောင်ကော်လာနှင့် အနီရောင်ချည်ဖြင့် ချယ်လှယ်ထားသည့် အဆိပ်ရှိသတ္တဝါငါးကောင်၏ ပုံစံကို ဝတ်ဆင်ထားသည်။

သူ့နောက်တွင် အဖြူရောင် အတောင်နှစ်စုံပါရှိပြီး လူသားနှင့်တူသော်လည်း လူသားမဟုတ်ပေ။

"ကြက်မိစ္ဆာက ထိန်းမနိုင်သိမ်းမရ မဖြစ်ဘူးလား... သူက ဗီဇထိန်းချုပ်ပြီး ပိုးဖလံမိစ္ဆာကို စားလိုက်မှာများလား..."

ချန်ရှီ စိတ်ထဲတွင် ထိုအတွေးမျိုး ရုတ်တရက် ပေါ်လာခဲ့သည်။

လူခန္ဓာကိုယ်နှင့် မြွေဦးခေါင်းပါသော လောင်းကစား စားပွဲတွင်လည်း ကုန်သည်တစ်ဦးရှိသည်။ သူသည် ပန်းပွင့်ကြီးများဖြင့် ၀တ်စုံကို ၀တ်ထားသည်မှာ ပွဲလမ်းသဘင်ထဲ ရောက်နေသလိုပင်။

လောင်းကစားအိမ်များထဲက ဒိုင်အများစုက အဲဒီလိုလူတွေချည်းပါပဲ။

လောင်းကစားစားပွဲဝိုင်း ပတ်လည်ရှိ လောင်းကစားသမားများသည် ဆိုင်ရှင်ဒိုင်၏ ကွဲလွဲမှုကို သတိမထားမိပုံရပြီး အချင်းချင်း လောင်းကစားပြုလုပ်ကာ အလွန်သက်ဝင်လှုပ်ရှားသော လေထုကို ဖန်တီးနေကြသည်။

လောင်းကစားသမားများအပြင် ပျော်ရွှင်သစ်တောတွင် မလုံမလဲဝတ်ထားသော မိန်းကလေးအချို့လည်း ရှိသေးသည်။ အဝတ်အစား မတတ်နိုင်လို့ သူတို့ရဲ့ကိုယ်ပိုင် အစိတ်အပိုင်းတွေကို ဖုံးအုပ်ဖို့ ပိုးသားပိတ်စတွေကိုပဲ အသုံးပြုကြသလိုမျိုး ပေါ်လွင်ထင်ရှားစွာ ၀တ်ဆင်ထားကြသည်။ တခါတရံ လေထုကို လန်းဆန်းစေရန် လောင်းကစားတွင် ပါဝင်ကြပြီး လောင်းကစားသမားများ၏ ကံကို တိုးတက်စေပုံရသည်။

လောင်းကစားသမားများ အနိုင်ရသောအခါတွင် အချို့က ၎င်းတို့အား အပြောင်းအလဲအချို့အဖြစ် လွှင့်ပစ်ကြပြီး အချို့ကတော့ ၎င်းတို့၏ တပ်မက်မှုကို မထိန်းချုပ်နိုင်ဘဲ အမျိုးသမီးများအား ပျော်ရွှင်သစ်တောရှိ အခန်းငယ်တစ်ခုသို့ ခေါ်ဆောင်သွားကြသည်။

သူတို့ထွက်လာတော့ မိန်းကလေးတွေက သူတို့လက်ထဲမှာ ပိုက်ဆံတွေရှိပြီး လောင်းကစားသမားတွေထက်တောင် အရူးအမူး ဖြစ်နေကြသေး၏။

လောင်းကစားတွင် ကျရှုံးသူအချို့သည် ၎င်းတို့၏ လက်ချောင်းများကို ခုတ်ထစ်ကာ လုယူခံလိုက်ရသည်။ လောင်းကစားသမားများသည် လောင်းကစား လုပ်ရင်း လက်ချောင်းအနည်းငယ် ပျောက်ဆုံးသွားတာကို မြင်နေရပြီး တချို့မှာ လက်ဗလာများပင် ဖြစ်နေပြီ။

ပျော်ရွှင်သစ်တော၏ အမှောင်ထောင့်မှာ သူ့မိန်းမကို ရောင်းစားနေတဲ့ အမျိုးသားတစ်ယောက်လည်း ရှိသေးသည်။ ဇနီးဖြစ်သူကို အစောင့်အကြပ်​တွေဆီ အတင်း တွန်းပေးရင်း ငွေကိုယူကာ လောင်းကစားအိမ်ထဲသို့ ပျော်ရွှင်စွာ ဝင်သွားခဲ့သည်။

"ငါ့မိန်းမရေ...ငါ အလောင်းအစား အနိုင်ရတဲ့အခါ မင်းကို ပြန်ရွေးဖို့ ပြန်လာခဲ့မယ်"

ပျော်ရွှင်သစ်တောထဲတွင် အပေါင်ဆိုင်နှင့်တူသော အထူးအခန်းငယ် တစ်ခုရှိသည်။ လောင်းကစားမှာ ရှုံးပြီး ပိုက်ဆံမရှိရင်၊ ပိုင်ဆိုင်မှု၊ မြေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို ပေါင်နှံနိုင်၏။ အခြားအရာများ အဆင်မပြေပါက သားသမီးများကို အတူခေါ်လာရင်လည်း အပေါင်ဆိုင်မှ လက်ခံပေးသည်။

ဒီလိုအရာတွေကို ရောင်းဖို့ နည်းလမ်းကတော့ အမြဲတမ်း ရှိပါသည်။

ညဘက်တွေမှာ လိုအင်ဆန္ဒတွေ လွန်ကဲလာတတ်သည်။ လူတိုင်းသည် လိုအင်ဆန္ဒကို ကျွန်လို အစေခံကာ ချုပ်ကိုင်ခံလိုက်ရသည်။

ချန်ရှီ လူအုပ်ကြားတွင် လမ်းလျှောက်နေခဲ့သည်။ သူ့နားထဲတွင် ပုရွက်ဆိတ်အရွယ်သာရှိသော ရုပ်သေး သေးသေးလေး ရှိ​နေသော်လည်း ၎င်းက အင်္ဂါအစိတ်အပိုင်းအားလုံး မပျက်မကွက် ရှိနေသည်။ ၎င်းက ချန်ရှီနဲ့လည်း စကားပြောနေ၏။

"ဘုရင်ကျန်း..... ဟိုက ခရမ်းရောင်ဝတ်ထားတဲ့ လူကို သတိထားမိလား?"

(ကျန်း = စစ်မှန်သော)

ချန်ရှီ လှမ်းကြည့်လိုက်တော့ ထောင့်မှာ ခရမ်းရောင်ဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်သည်။

“ဟောဒီမှာ ကံဇာတာပညာရှင် ခေါ်တဲ့ ခရမ်းရောင် ၀တ်စုံနဲ့ လူတွေ ခန်းမတိုင်းမှာ ရှိတယ်...."

ရုပ်သေးကတော့ စီးထူဝမ်းပဲ ဖြစ်သည်။ သူသည် ကုံကျိုးကို အလျင်အမြန် ရောက်သွားခဲ့ပြီးဖြစ်သော်လည်း ရုပ်သေး မှော်ပညာ အကူအညီဖြင့် မိုင်ရာနှင့်ချီဝေးကွာသော နေရာမှ ချန်ရှီကို ဆက်သွယ်နိုင်သေးသည်။

လူပန်ဂိုဏ်းရဲ့ ပညာက အလွန်ထူးခြားသည်။ စီးထူဝမ်းသည် ရုပ်သေး ၃၆၀ ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ပြီး ရှုပ်ထွေးမှုမရှိဘဲ အမြင်နယ်ပယ် သုံးရာခြောက်ဆယ် ရှိသည်။ ထို့ကြောင့် သူသည် ချန်ရှီကို ရှာတွေ့သည့် ယွိတူးထဲက ပထမဆုံးလူ ဖြစ်သွားခြင်းပင်။

"လောင်းကစားသမားတွေရဲ့ ကံကြမ္မာကို လျော့ချဖို့ ကံဇာတာပညာရှင်တွေ ရှိတယ်... တချို့ လောင်းကစားသမားတွေက အထူးသဖြင့် ကံကောင်း​ကြတယ်.. ခရမ်းရောင်လူက တခြားလူတွေ လောင်းကစားရုံကနေ ပိုက်ဆံအများကြီး မယူမိအောင် သတိထားပေးရတယ်... တချို့ လောင်းကစားသမားတွေက သရဲနဲ့ နတ်တွေကို လောင်းကစားရုံထဲ ခေါ်လာပြီး ကစားကြတယ်လေ... ကံဇာတာပညာရှင်က သူတို့ကို တိတ်တဆိတ် နှင်ထုတ်ဖို့ ဒါမှမဟုတ် ဖယ်ရှားပစ်ဖို့လည်း လိုအပ်တယ်"

စီးထူဝမ်းဟာ ဤနေရာသို့ မကြာခဏ လာရောက်လည်ပတ်သူ ဖြစ်ပြီး ဤနေရာနှင့် ပတ်သက်သည့် အရာအားလုံးကို သိထားပါသည်။

"သုံးယောက်၊ ငါးယောက်လောက် အုပ်စုဖွဲ့စုပြီး ကစားတတ်တဲ့ လောင်းကစားသမားတွေလည်း ရှိတယ်... တစ်ယောက်နဲ့တစ်ယောက် ပေါင်းစည်းဖို့၊ တစ်ယောက်ကိုတစ်ယောက် လှည့်စားပြီး ငွေတွေအများကြီး ရအောင်ယူဖို့ အချင်းချင်းရဲ့ ကံကြမ္မာကို အသုံးချဖို့ မျှော်လင့်နေကြတာပေါ့... ဒါပေမယ့်လည်း ကံဇာတာပညာရှင်က အပိုင်းပိုင်း ဖြတ်သွားလိမ့်မယ်..."

ချန်ရှီက ဒါကိုကြားတော့: "လောင်းကစားရုံမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်... အပြင်အဆင်ကလည်း စေ့စပ်သေချာတယ် လောင်းကစားသမားက ဘယ်လိုလုပ် နိုင်တော့မှာလဲ?"

စီးထူဝမ်းက ရုပ်သေးရဲ့ ပါးစပ်ကို ဖွင့်ဟလိုက်သည်။

"ကျွမ်းကျင်ငတုံးလေ.... ဆိုလိုတာက ကျွမ်းကျင်ရင်း တုံးသွားတဲ့လူတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိတယ်... လောင်းကစားက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်မယ်လို့ ယုံကြည်တဲ့သူတွေလည်း အများကြီးပဲ....တုရှန်းရှို လာပြီ!"

ချန်ရှီ လှည့်တော့မယ့် အချိန်မှာ စီးထူဝမ်းက ချက်ချင်း အော်လိုက်သည်။

"လှည့်မကြည့်နဲ့... အခု ယွိတူးမြို့ကလူတိုင်း မင်းကို လိုက်ရှာနေတာ မင်းပေါ်လာရင် ဝိုင်းထားလိမ့်မယ်... ဘယ်ဘက်မှာရှိတဲ့ လောင်းကစား စားပွဲကိုသွားပြီး လောင်းချင်ယောင်ဆောင်လိုက်... ညာဘက်ကို ကြည့်လိုက်ရင် တုရှန်းရှိုနဲ့ ကင်းကောင်ကြီး ရှစ်ကောင်ကို တွေ့လိမ့်မယ်...အဲ့အကောင်ကြီး ရှစ်ယောက်စလုံးက အခြေတည်ဝိညာဥ်နယ်ပယ်တွေ!"

ချန်ရှီလည်း ညွှန်ကြားချက်ကို လိုက်နာပြီး ဘယ်ဘက်ရှိ လောင်းကစား စားပွဲသို့ ရောက်လာသည်။ သူသည် ငွေအနည်းငယ်ကို ထုတ်ကာ လောင်းကြေးထပ်ရန် ပြင်ဆင်လိုက့သည်။ ညာဘက်ကို လှမ်းကြည့်လိုက်တော့ သစ်တောရဲ့ ခန်းမအပြင်ဘက်မှာ ရပ်ထားတဲ့ ရထားလုံးတစ်စီးကို တွေ့လိုက်သည်။ ၎င်းကို ကြံ့ဖြူနှစ်ကောင်က ဆွဲထုတ်လာကာ အလွန် ခမ်းနားလှသည်။

အနက်ရောင် အဝတ်အစားဝတ် လူရှစ်ဦးသည် ရထားလုံးကို စောင့်​​ကြပ်နေကြသည်။ သူတို့ထဲက တစ်ယောက်က ရှေ့ကိုလှမ်းပြီး ကန့်လန့်ကာကို ရုတ်သိမ်း​ပေးလိုက်ရာ မြင့်မြတ်တဲ့အသွင်အပြင်နဲ့ လူတစ်ယောက် ဆင်းလာခဲ့လေသည်။

ထိုသူသည် အသက်လေးဆယ် ငါးဆယ်ကျော်လောက်ရှိကာ သူ့​အဝတ်အစားတွေက ရွှေရောင်များဖြင့် တောက်ပနေ၏။ တကယ့် ရွှေချည်တွေနဲ့ ယက်လုပ်ထားသလိုပင်။

စီးထူဝမ်း: "အဲ့ရွှေဝတ်ရုံက အဖိုးတန်တဲ့ ဝတ်ရုံတစ်ခုပဲ... အဖိုးတန်ရုံတင်မကဘူး ခုခံနိုင်စွမ်းလည်း အရမ်းအားကောင်းတယ်... အဆောင်လက်ဖွဲ့ လက်နက်ပေါ့... သေးငယ်တဲ့ အဆောင်စာလုံးကို ရွှေချည်တစ်ခုစီမှာ ရေးထိုးထားတာ... သူ့အဝတ်က နတ်အသွင်ပြောင်းတဲ့ နယ်ပယ်က သန်မာသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တယ်! တုရှန်းရှို ကိုယ်တိုင်လည်း အစွမ်းထက်တယ်... သူ့ရဲ့ စွမ်းအားက ငါ့ထက် မပျော့ဘူး... အရမ်းသတိကြီးပြီး ကြောက်ဖို့ကောင်းတယ် သူ့ရဲ့ကျင့်​ကြံမှုက မြင့်မားပေမယ့် ကင်းကောင်ကြီး ၈ကောင်ကတင် သူ့ကို တိုက်ခိုက်မခံရအောင် ကာကွယ်ဖို့ အစွမ်းထက်ကြတယ်..."

ချန်ရှီ ထိုအကွာအဝေးဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ အနက်ရောင် အဝတ်အစားဝတ်ထားတဲ့ လူရှစ်ယောက်က တစ်ပုံစံတည်းပါပဲ။ ၎င်းတို့သည် သာမန်လူများထက် ဦးခေါင်းတစ်လုံး ပိုမြင့်ပြီး အချိုးအစားကျနသော ကြွက်သားများ နှင့် အဆီအစအနမရှိသော ရင်အုပ်များ ရှိသည်။

၎င်းတို့တွင် စတုရန်းမျက်နှာနှင့် မုတ်ဆိတ်မွေးများရှိပြီး အနက်ရောင် လက်ပြတ်အင်္ကျီ၊ အနက်ရောင် ဘောင်းဘီရှည်များကို ခြေကျင်းဝတ်အထိသာ ရောက်နိုင်သော အနေအထားဖြင့် ၀တ်ဆင်ထားသည်။

တုရှန်းရှို မဝင်မီ တံခါးနှစ်ဘက်စလုံးတွင် လူနှစ်ယောက်က ချက်ချင်းဝင်ရပ်ကာ ကျန်နှစ်ယောက်သည် တံခါးအတွင်းဘက်သို့ အလျင်အမြန် ရောက်လာကာ တစ်ဖက်တစ်ချက်စီတွင် စောင့်နေကြသည်။ သူတို့လေးယောက်ဟာ သူတို့ရဲ့ အခြေတည် ဝိညာဉ်တွေကို ထုတ်ကာ စွမ်းအားနယ်မြေများကို တိတ်တဆိတ် ဖြန့်ကျက်ထားလေ၏။

တံခါးအပြင်ဘက်မှာတော့ လူနှစ်ယောက်က အပြင်ဘက်ကို လှမ်းကြည့်​​နေပြီး တံခါးအတွင်းကတော့ လူနှစ်ယောက်က လောင်းကစားအိမ်ထဲကို လှမ်းကြည့်နေသည်။ ကျန်လေးယောက်က တုရှန်းရှိုကိုဝိုင်းရံကာ လောင်းကစားအိမ်ဆီသို့ လျှောက်ဝင်သွားကြသည်။

ဒီလူရှစ်ယောက်ရဲ့ နောက်ကွယ်တွင် ထူးဆန်းသော အခြေတည်ဝိညာဥ်များ ရှိ​ပေသည်။ ချန်ရှီသည် အသက်ပြန်ရှင်လာပြီးနောက် ဝိညာဉ်များကို မြင်နိုင်စွမ်းရှိလေ၏။ သူ မြင်လိုက်ရတာက ခြေတံရှည်ရှည်နှင့် ခြေဖဝါးနီ ကင်းခြေများကြီး ရှစ်ကောင်က ၎င်းတို့ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေခြင်းပင်။

ကင်းခြေများရဲ့ ဦးခေါင်းဟာ သူတို့ရဲ့ဦးခေါင်းတွေကို ဖုံးအုပ်ထားပြီး ခန္ဓာကိုယ်တစ်လျှောက်မှာ တွယ်ကပ်နေပေမယ့် အလွန်ကြီးမားတာကြောင့် ခန္ဓာကိုယ်တစ်ဝက်က မြေကြီးပေါ် တရွတ်တိုက် ပါလာ၏။

ကင်းကောင်ကြီးများ ရွေ့လျားလာသောအခါ ကင်းခြေများတို့၏ ခြေထောက်များက မြေပြင်ပေါ်သို့ ဆွဲငင်ကာ လှမ်း၍ လိုက်ကြသည်။ သို့သော် ကင်းကောင်​ကြီးများပေါ်ရှိ ကင်းခြေများ ခြေထောက်များသည် ၎င်းတို့၏ ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။

ချန်ရှီဟာ ပေါ့ပေါ့ပါးပါး လောင်းကြေးကို လောင်းချခဲ့ပြီး အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဂရုမစိုက်ဘဲ တုရှန်းရှိုကိုသာ စောင့်ကြည့်နေခဲ့သည်။

တုရှန်းရှိုကလည်း အခြားဒိုင်များအတိုင်းပင်။ သူ့​ဝိညာဉ်သည် နောက်ကျောတွင် ထူထဲသောအနက်ရောင် အမွေးများပါရှိသည့် အဆီဖြူပိုးကောင် ဖြစ်နေ၏။ ၎င်းက ခူကောင်နှင့် ခပ်ဆင်ဆင်တူသော်လည်း အဆ မရေမတွက်နိုင်အောင် ပိုကြီးသည်။

ဦးခေါင်းက အစိမ်းရောင် ရှိသည်။ အလယ်တွင် ချုပ်ရိုးကြောင်း တစ်ခုရှိကာ သူ့မျက်လုံးတွေက ကြီးမားပြီး ဦးခေါင်းရဲ့ အစိတ်အပိုင်း အများစုကို သိမ်းပိုက်ထားသည်။ ၎င်း၏မျက်လုံးအတွင်းတွင် အကွက်ပုံသဏ္ဌာန်ရှိသော သူငယ်အိမ်များရှိသည်။ ရာနှင့်ချီသော မျက်လုံးများထဲ၌ ၎င်းပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုအားလုံးကို ရောင်ပြန်ဟပ်နေသည်။

မျက်လုံးအောက်တွင် လူဦးခေါင်းထက် ပိုကြီးပြီး အစင်းကြောင်းများဖြင့် ဖုံးအုပ်ထားသည့် ခြေသည်းများ ရှိသည်။ ခြေလက်များကို အပိုင်းများဖြင့် ဖွဲ့စည်းထားပြီး အပိုင်းတစ်ခုစီ၏ ရှေ့ဆုံးတွင် ထွားကြိုင်းသော လက်တိုနှစ်ချောင်းနှင့် အခြားတစ်ဖက်တွင် ထွားကြိုင်းသော လက်တိုနှစ်ချောင်းရှိသည်။

အလားတူ ခြေလက်အင်္ဂါပေါင်း သုံးဆယ်ကျော်ခန့် ရှိသည်။ ၎င်းက ရွှေရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် တုရှန်းရှိုရဲ့ နောက်ဘက်တွင် ထွားကြိုင်းသော လက်ကလေးများဖြင့် အင်္ကျီလက်ပြတ်များကို ဖြန့်ထားရာ အလွန်ရယ်စရာကောင်းနေပုံရသည်။

"သူ့ကို ဆက်မကြည့်နဲ့တော့!"

ချန်ရှီနားရှိ ရုပ်သေးက ရုတ်တရက် သတိပေးလာသည်။

"တုရှန်းရှိုရဲ့ မျက်လုံးတွေက အရမ်း ထက်မြက်တယ် သေးငယ်တဲ့ လှုပ်ရှားမှုလေးတွေတောင် သူ့မျက်လုံးတွေထဲကနေ ဖုံးကွယ်ထားလို့ မရဘူး!"

ချန်ရှီက အသံ တိုးတိုးလေးဖြင့် :"ကျွန်တော်က ဘာလို့ တုရှန်းရှိုကို သွားမသတ်ရ​သေးတာလဲ"

စီးထူဝမ်းက ဒေါသတကြီးနဲ့ :"မင်း သူ့ကို သတ်မယ်? သူ့ကို ဘယ်လို သတ်လိုက်မှာလဲ... ဒီမှာ လူတွေအများကြီးရှိတယ် သူ့ဘေးမှာ ကင်းကောင်ကြီး ၄ကောင် ရှိတယ် လူကို မင်းဘယ်လိုလုပ် သတ်နိုင်မှာလဲ... ဒီခန်းမထဲက လူတိုင်းက ရွှေအမြုတေတွေ ထုတ်သုံးလာရင် စွမ်းအားကြောင့် မင်း ကွဲအက်သွားလိမ့်မယ်... မင်း နိုင်ပြီ ပိုက်ဆံတွေ မြန်မြန်သိမ်းပြီး အတွေ့အကြုံ မရှိသေးတဲ့လူကို လှည့်ထွက်လာခဲ့"

ချန်ရှီ ပိုက်ဆံကို အမြန်ကောက်လိုက်စဥ် တုရှန်းရှို ရောက်လာတာကို တွေ့လိုက်သည်။ သူ့နှလုံးသားတွေ တဒိန်းဒိန်း ခုန်လာပြီး။

"သူ ကျွန်​တော့်နားကို ပိုနီးလာပြီ... သူနဲ့ နှစ်မီတာလောက်ပဲ ဝေး​တော့တယ်... ကျွန်တော် သူ့ကို တစ်ချက် တစ်ချက် သတ်နိုင်မယ် ထင်တယ်!"

စီးထူဝမ်းက ဒေါသတကြီးနဲ့ အံကြိတ်လေသည်။

“လက်...လက်လျှော့…”

ထို့နောက် သူသည် ကောင်းကင်နန်းတော် အဖွဲ့သားဖြစ်ကြောင်း ချန်ရှီကသာ စစ်မှန်သော ဘုရင်ဖြစ်ကြောင်း သတိရမိသွားသဖြင့် သူ့လေသံကို ပြန်လျှော့ချလိုက်သည်။

"ဘုရင်ကျန်း မိုက်မဲတာတွေ မလုပ်နဲ့... အရှင်ကအခုမှ ရွှေအမြုတေနယ်ပယ်ပဲ ရှိနေသေးတယ် တစ်ချက်တည်းနဲ့ ကင်းကောင်ကြီး လေးကောင်ရဲ့ အကာအကွယ်ကို ကျော်ဖြတ်ပြီး တုရှန်းရှိုကို သတ်ပစ်ဖို့ မဖြစ်နိုင်ဘူး... ခဏစောင့်..."

ချန်ရှီက သူရထားခဲ့သော ငွေကို ပေါ့ပေါ့တန်တန် ထပ်လောင်းလိုက်သည်။ တုရှန်းရှိုက ဤနေရာသို့ လျှောက်လာပြီး စားပွဲပေါ်ရှိ အမြတ်အစွန်း အခြေအနေကို စစ်ဆေးရန် လောင်းကစားစားပွဲ တစ်ခုရှေ့တွင် ရပ်လိုက်သည်။

လောင်းကစားဒိုင်ကို စကားအနည်းငယ် တိုးတိုးပြောမည် သို့မဟုတ် ဒိုင်ကို ပုခုံးပေါ် လက်ဖြင့် ပုတ်မည် သို့မဟုတ် ဒိုင်က ငွေဆုံးရှုံး​စေတာကို မြင်သောအခါ ဒိုင်အသစ်ကို ခေါ်ရန် လက်ဝှေ့ယမ်းပြလိမ့်မည်။ သူနှင့် ချန်ရှီတို့ စားပွဲကြားတွင် လောင်းကစားစားပွဲတစ်ခုသာ ​ခြားသည်။

နှစ်ဆယ့်လေး​ပေ အကွာအဝေးထဲကို သူဝင်နေပြီ။

ဤအကွာအဝေးတွင် ချန်ရှီသည် သူ၏ပေါင်များကို တွန်းထုတ်ခြင်းဖြင့် ထိုနေရာကို ချက်ချင်း ရောက်ရှိနိုင်သည်။ ချန်ရှီလက်များ အနည်းငယ် တုန်ယင်နေသည်။ လောင်းကစားစားပွဲပေါ်မှ ငွေကို ငုံ့ကြည့်လိုက်သည်။

စီးထူဝမ်း : "ဘုရင်ကျန်း အရှင့်လက်တွေ တုန်နေတယ် စိတ်အေးအေးထားပါ... ထပ်ပြီး အနိုင်ရသွားပြီ ပိုက်ဆံကို မြန်မြန်စုလိုက်!"

ကုန်သည်သည် ချန်ရှီရှေ့ စားပွဲပေါ်ရှိ ငွေများကို ရွှေ့ရန် သစ်သားပေတံကို သုံးနေကာ လူငယ်ဟာ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့သည်။ သူ့ရှေ့တွင် သေးငယ်သော ပြောင်းလဲမှုအပုံကြီး ရှိနေပြီဖြစ်သည်။

သူ၏ လောင်းကစားစားပွဲသည် နံပါတ်များကို လောင်းကြေးထပ်ရတာ ဖြစ်သည်။ စားပွဲပေါ်တွင် ဂဏန်း ဆယ့်ခြောက်လုံး ရေးထိုးထား​ကာ သုံးမှ တစ်ဆယ့်ရှစ်အထိ ရှိသည်။ နံပါတ်တစ်ခုကို မှန်ကန်စွာလောင်းပါက ပေးချေမှုမှာ ခြောက်ဆ ဖြစ်လေသည်။

ချန်ရှီသည် နံပါတ်ကိုးကို နှစ်ကြိမ် လောင်းလိုက်ရာ အန်စာတုံးသည် “၂ ၂ ၅” နှင့် ကိုးမှတ် နှစ်ခုလုံး ပေါက်သွားသောကြောင့် ငွေ တစ်ရာရှစ်တောင် ဖြစ်သွားသည်။ လူငယ်ကတော့ တုရှန်းရှိုရဲ့ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခဲ့သည်။ သူသည် ငွေစုကို ဖြည်းညှင်းစွာ တွန်းထုတ်ပြီး ကိုးကို လောင်းလိုက်သေးသည်။

လောင်းကစားဝိုင်းရှိ အခြားလူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။ အကယ်၍ အန်စာတုံးသည် ကိုးလုံးကဲ့သို့ ထပ်မံထွက်လာပါက ၎င်းသည် ငွေစ ၆၀၀ ကျော် ရရှိသွားမည်ဖြစ်ပြီး ပျော်ရွှင်သစ်တောရဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားမည်။

အန်စာတုံးများကို လှုပ်ယမ်းနေသည့် ဒိုင်ခမျာလည်း ဖိအားများကို ခံစားလာခဲ့ရသည်။ သူသည် ထောင့်စွန်းမှ ခရမ်းရောင်ဝတ် ကံဇာတာပညာရှင်ကို ကြည့်ကာ တစ်ဖက်လူ မြန်မြန်လာကာ ဒီကောင်လေးရဲ့ ကံကြမ္မာကို လျော့ပါးစေမယ်လို့ မျှော်လင့်​နေသည်။

ကံဇာတာပညာရှင်ကလည်း ထိုနေရာက ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိတာကြောင့် မတ်တပ်ထရပ်ကာ ချန်ရှီရဲ့ ကံကြမ္မာကို စောင့်ကြည့်ရန် လျှောက်သွားခဲ့သည်။

တုရှန်းရှိုလည်း ထိတ်လန့်သွားသည်။ အဲဒီနေရာကို ကြည့်လိုက်တော့ လောင်းကစားဝိုင်းမှာ လောင်းကစားသမားတွေ ဝိုင်းနေတာ တွေ့လိုက်ရ၏။ ချန်ရှီကို အလယ်မှာ ပိတ်ဆို့ထားတာကြောင့် သူ ချန်ရှီမျက်နှာကို ခဏအတွင်း မမြင်ရပေ။

"ဖွင့်! ဖွင့်! ဖွင့်!"

လောင်းကစားသမားများက ချန်ရှီထက်ပင် စိတ်လှုပ်ရှားကြပြီး အန်စာတုံးခွက်ကို စိုက်ကြည့်ရင်း အော်ဟစ်​နေခဲ့ကြသည်။

ဒိုင်မှာ ကြက်ခေါင်းနှင့် လူ့ခန္ဓာကိုယ်ပါသော ဘီလူးတစ်ကောင် ဖြစ်သည်။ လောလောဆယ်မှာ ဖိအားတွေကို ခံစားနေရတာကြောင့် သူ့လက်တွေက နည်းနည်းတုန်နေပေမယ့် အန်စာတုံးခွက်ကို ဖွင့်နေတုန်းပဲ။

တစ်၊ သုံး၊ ငါး။

ကိုးပါပဲ။

ဒိုင်လည်း သူ့နဖူးက ချွေးတွေကို သုတ်ဖို့ သူ့လက်ကို မြှောက်လိုက်ပြီး ချန်ရှီရဲ့ ငွေကို အစင်းတစ်ရာရှိတဲ့ ငွေစက္ကူခြောက်ရွက်အဖြစ် လဲလှယ်ပေးလိုက်သည်။ ကျန်ငွေ လေးဆယ့်ရှစ်စကို ငွေဆယ်စနဲ့ ညီမျှသော ငွေအချောင်းလေးခုနှင့် ပြောင်ရှစ်ချောင်းအဖြစ် လဲလှယ်ပေးခဲ့သည်။

ချန်ရှီသည် ငွေအကြေးခွံ အနည်းငယ်ကို ကောက်ယူကာ လောင်းကစားအိမ်ရှိ သူဌေးများကို အတုယူရင်း သူ့အနားရှိ မလုံမလဲဝတ် မိန်းကလေး၏ ရင်ဘတ်ထဲသို့ ငွေကို ထည့်ကာ ကျန်ငွေစက္ကူနှင့် နံပါတ်ကိုးကို ထည့်လိုက်သည်။

ပွဲရုံထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး လောင်းကစားလုပ်သူများကလည်း လောင်းကစား စားပွဲဆီသို့ အပြေးအလွှား ရောက်ရှိလာကြပြီး အလွန်အသက်ဝင်သွားစေသည်။

တုရှန်းရှိုလည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ယေဘူယျအားဖြင့် လောင်းကစားအိမ်မှာ ဒီလိုအခြေအနေမျိုး ကြုံလာရတဲ့အခါ လောင်းကစားအိမ်က ကံဆိုးမှုတွေ ကြုံရတတ်ပါ၏။ ယခုက အလွန်ကံကောင်းနေသည့် လောင်းကစားသမားတစ်ဦး ပေါ်လာခြင်းသာ ဖြစ်ရမည်။

ဒါပေမယ့် ကံဘယ်လောက်ပဲ ကောင်းနေပါစေ နောက်ဆုံးတော့ ကုန်ဆုံးသွားလိမ့်မည်။ သူ လုံးဝ စိတ်ရှုပ်မခံဘဲ ချန်ရှီရဲ့ စားပွဲဆီသို့ လျှောက်သွားသည်။

ချန်ရှီ မျက်လုံးပြူးသွားသည်။

ဆယ်ပေ !

တုရှန်းရှိုဟာ ဆယ်ပေအကွာကနေ သူ့ထံကို ချဉ်းကပ်လာနေပြီ ဖြစ်သည်။

"ဖွင့်! ဖွင့်! ဖွင့်!"

လောင်းကစားသမားများသည် အလွန်စိတ်အား ထက်သန်​နေခဲ့ကြသည်။ ချန်ရှီကတော့ လက်သီးတွေကို ဆုပ်ထားပြီး မျက်လုံးတွေကို ပြူးကျယ်ထား၏။ နီးကပ်လာပါပြီ၊ အရမ်းနီးကပ်နေပြီ။

တုရှန်းရှိုက ဆယ်ပေအတွင်း ဝင်ရောက်နေပြီဖြစ်သည်။

သူ့နားထဲက စီးထူဝမ်း ထိန်းချုပ်ထားသော ရုပ်သေးကလည်း အလွန်စိတ်လှုပ်ရှားနေပါသည်။ သူက သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားပြီး ချန်ရှီကို သတိပေးနေသေး၏။

"လူများလွန်းတယ် တိုက်ဖို့ မသင့်တော်ပါဘူး... ဘုရင်ကျန်း ဒီပွဲကို အနိုင်ရရင် တုရှန်းရှိုနဲ့ ထိပ်တိုက်မတွေ့နဲ့... ပိုက်ဆံကိုယူပြီးသာ ထွက်သွားလိုက်ပါ..."

"ဖွင့်! ဖွင့်! ဖွင့်!"

လောင်းကစားသမားများက အော်ဟစ်ဆဲဖြစ်သည်။

ကြက်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိသော ဒိုင်သည် အန်စာတုံးခွက်ကို ကိုင်ကာ သွားများကို အံကြိတ်ရင်း အန်စာတုံးခွက်ကို ဖွင့်လိုက်သည်။ ခွက်ထဲကို တစ်ချက်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားလေ၏။

"နှစ်၊ လေး၊ လေး...တစ်ဆယ်ဟ... ကိုး မဟုတ်ဘူး!"

"ဟူး--"

လူအုပ်ကြီးလည်း လူစုခွဲကာ လောင်းကစားစားပွဲမှ ထွက်ခွာကာ အခြားလောင်းကစားစားပွဲများဆီသို့ လျှောက်သွားကြသည်။ အခု လောင်းကစားဝိုင်းမှာ လူတစ်ရာလောက် ဝိုင်းရံထား၏။ သူတို့ အခုထွက်သွားရင် တုရှန်းရှိုကို မလွှဲမရှောင်သာ ဝင်တိုက်ကြလိမ့်မည်။

ကင်းကောင်ကြီး လေးကောင်က တုရှန်းရှို အနီးသို့ ဘယ်သူမှ မချဉ်းကပ်လာအောင် လူစုလူဝေးကို ချက်ချင်း တွန်းထုတ်လိုက်သော်လည်း လောင်းကစားသမားတွေက များလွန်းတဲ့အပြင် ၎င်းတို့အားလုံးက ဧည့်သည်များ ဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ မလုပ်ဆောင်ဝံ့ကြပေ။

ချန်ရှီရဲ့ကံကို အခွင့်ကောင်းယူကာ လောင်းကစားအနိုင်ရရန် မျှော်လင့်နေသော လောင်းကစား စားပွဲဝိုင်းတွင် လူအများအပြား စုရုံးနေကြဆဲ ဖြစ်သည်။ ချန်ရှီဘေးတွင် ရင်ဘတ်ထဲတွင် ငွေအချောင်းပေါင်းများစွာရှိသော အမျိုးသမီးသည် သူမရင်ဘတ်ထဲမှ ငွေကိုထုတ်ကာ လောင်းကစား စားပွဲပေါ်တွင် လောင်းကြေးထပ်ခဲ့သည်။ သူမ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ရင်ဘက်တွေက နိမ့်ချည်မြင့်ချည်ဖြင့်။

"ကိုးကို လောင်းမယ်!"

ချန်ရှီ လူအုပ်ထဲမှ ထွက်လာစဥ် စီးထူဝမ်း အသံကို ကြားလိုက်ရသည်။

"မြန်မြန် ထွက်သွား.... ကျုပ်တို့မှာ အခွင့်အရေး ရှိသေးတယ်!"

ချန်ရှီသည် လှုပ်ရှားနေသော လူအုပ်ကြီးနောက်သို့ လိုက်ကာ ကင်းကောင်၏ တစ်ဖက်သို့ ရောက်လာသည်။ ကင်းကောင်ကြီးသည် လူစုလူဝေးကို တားဆီးရန် သူ၏လက်များကို ဆန့်တန်းထားသည်။ ချန်ရှီက သူ့လက်​​မောင်း​အောက်​သို့ ​ခြေတစ်​လှမ်းဆုတ်​ကာ လှည့်​ကြည့်​လိုက်​သည်​။ သူဘယ်ဘက်လက်သီးကို ဆုပ်ထားပြီး လှည့်ကြည့်လိုက်တာနဲ့ တုရှန်းရှိုရဲ့ ခေါင်းနောက်ကို လှမ်းထိုးလေ၏။

ဦးခေါင်းနောက်ဘက်ရှိ ယွိကျန် အမှတ်သည် နတ်ကွန်း ခန္ဓာကိုယ်မှ ထွက်လာသည့် နေရာဖြစ်သည်။ ထိုနေရာကို တံဆိပ်ခတ်ထားလျှင် နတ်ကွန်းနှင့် နတ်သန္ဓေသားကို တံဆိပ်ခတ်ထားနိုင်သောကြောင့် ကျင့်ကြံသူရဲ့ နတ်ကွန်းဟာ ခန္ဓာကိုယ်ထဲမှ မထွက်နိုင်ပေ။

ချန်ရှီသည် တုရှန်းရှိုရဲ့ ဦးခေါင်းနောက်ကျောကို ကြာပွတ်လက်သီးဖြင့် ထိုးပြီးနောက် အခြား ကင်းကောင်ကြီး၏ လက်မောင်းအောက်မှ ချော်ထွက်ကာ လောင်းကစားအိမ်မှ ထွက်လာခဲ့သည်။

တံခါးဝမှ ဖြတ်သွားသောအခါ တံခါးစောင့်တပ်သား လေးယောက်က သူ့ကို ကြည့်လာကြသည်။ ပထမတော့ သူတို့ အံ့သြသွားကြ၏။ ချန်ရှီရဲ့ ကိုယ်ပိုင်လက္ခဏာကို မှတ်မိနေတာ ထင်ရှားသည်။

ချန်ရှီ သူတို့၏ မျက်လုံးများကို မြင်လိုက်သောအခါတွင် သူ့မည်သူမည်ဝါ ဖြစ်ကြောင်း သိသွား​စေသော်လည်းလောင်းကစားအိမ်မှ ထွက်သွားပြီ​ပြီး ဖြစ်သည်။

စီးထူဝမ်းဆီက အသံထွက်လာသည်။

"ဟုတ်တယ်... မြန်မြန်ထွက်သွား! တုရှန်းရှိုမှာ အငယ်အနှောင်း တစ်ယောက်ရှိမှန်း ငါသိတယ်... သူ့သခင်မနဲ့ အိပ်တဲ့အခါ ဒီအကောင်ကြီးတွေ သူတို့အနားမှာ ရှိနေမှာ မဟုတ်ဘူး.. မင်း ကုတင်အောက်မှာ အရင်ပုန်းနေလို့ရတယ်...."

ချန်ရှီက ခေါင်းယမ်းပြီး ပြောလိုက်သည်။

"ကောင်းကင်လုပ်သား! လူကြီးမင်းတု ဆုံးပြီ"

"သေပြီလား?"

စီးထူဝမ်း အံ့အားသင့်သွားသည်။

"သူဘယ်တုန်းကသေတာလဲ"

"အခုပဲ.."

ချန်ရှီ ခြေလှမ်းအနည်းငယ် လှမ်းပြီး အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

ကင်းကောင်ကြီး နှစ်ကောင် ပြေးထွက်လာကာ ၎င်းတို့၏ အခြေတည် ဝိညာဉ်များကို မြှင့်တင်လိုက်သည်။ မီးလုံးကြီးတွေလို တောက်ပနေသော သူတို့၏ မျက်လုံးများမှ နတ်အလင်းရောင်ကို ပစ်လွှတ်ကာ ပတ်ပတ်လည်ကို ရှာဖွေနေလေသည်။ အခြား နှစ်ကောင်က လောင်းကစားအိမ်ထဲရှိ တုရှန်းရှိုဆီသို့ ပြေးသွားကြသည်။

တုရှန်းရှိုကတော့ သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် ရပ်နေ၏။ သူ့လက်ကို မြှောက်လိုက်ပြီး ခေါင်းနောက်ကို ထိလိုက်ရာ သူ့ခေါင်းနောက်ဘက်က တစ်စုံတစ်ခုကို ထိမိသွားသလို ခံစားလိုက်ရသည်။ ၎င်းက ပျော့ပျောင်းသော ဦးခေါင်းခွံပင်။

သူ အံ့အားသင့်သွားသည်။

"ငါ တစ်သက်လုံး သတိထားနေခဲ့ပေမယ့် ထောင်ချောက်ထဲ ကျနေတုန်းပဲ..."

ဦးခေါင်းနောက်ဘက်တွင် ကျန်ရစ်သော်လည်း အရိုးများအားလုံး ကျိုးပဲ့သွားခဲ့​ပြီ။ ချန်ရှီက လှည့်၍ သူ၏လက်သီးချက်ဖြင့် နတ်ကွန်း၊ ဦးနှောက်နှင့် နတ်သန္ဓေသားအားလုံးကို အမှုန့်ဖြစ်အောင် ထုချေလိုက်သည်။

တုရှန်းရှို မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသေးပေမယ့် သူ့ခန္ဓာကိုယ်က အရှေ့သို့ တဖြည်းဖြည်း လဲကျသွားခဲ့သည်။

All Chapters